မန္တလေးမြို့၊အနောက်ပြင်၊ခင်မကန်ဆရာတော်ကြီး ဇာတိမြေ နတ်မောက်မြို့နယ်၊ဝမ်းဘဲအင်းကျေးရွာတွင် ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ပွဲနှင့် လှူဒါန်းမှုများ ပြုလုပ်
မကွေးတိုင်းဒေသကြီး၊နတ်မောက်မြို့နယ်၊ဂွေးပင်အုပ်စု၊ဝမ်းဘဲအင်းကျေးရွာတွင် ဇွန်လ၂၂ရက်နေ့နံက်က မန္တလေးမြို့အနောက်ပြင်၊ခင်မကန်တိုက်၊မဟာဇောတိကအုဋ်ကျောင်းဆရာတော် ဘဒ္ဒန္တ ဣန္ဒာစာရ အရှင်သူမြတ်မှ ဝမ်းဘဲအင်းကျေးရွာ မူလတန်းလွန်ကျောင်း ဆောက်လုပ်ရန်အတွက်မတည်ငွေ များ၊နွေရာသီဗုဒ္ဓဘာသာ ယဉ်ကျေး မှုသင်တန်းများနှင့်၂၀၁၃/၂၀၁၄ပညာသင်နှစ်များတွင်အောင်မြင်စွာဖြေဆိုနိုင်ခဲ့ကြသောကျောင်းသားကျောင်းသူ များ အပါအဝင် ဝမ်းဘဲအင်း မူလတန်းကျောင်းတွင် တာဝန်ထမ်းဆောင်လျှက်ရှိကြသောဆရာဆရာမ များအား ထောက်ပံ့ချီးမြှင့်မှုများပြုလုပ်ခဲ့သည်။

ဆရာတော် အနေဖြင့်ဇာတိမြေဖြစ်သော ဝမ်းဘဲအင်းကျေးရွာအား ဘက်စုံဖွံ့ဖြိုးရေးကို အထူးဆောင်ရွက် လျှက်ရှိပြီး ဆရာတော်ကြီး၏ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအောင်မြင်စေရေးအတွက် မန္တလေးမြို့မှ စောင်းကောက်ဖိနပ် လုပ်ငန်းနှင့်ဆေးတို့ဖတ်ကြီးလုပ်ငန်းပိုင်ရှင် မိသားစုများက အဓိကကျသောအခန်းကဏ္ဌများမှပါဝင်လှူဒါန်းနေကြ ကြောင်း သိရသည်။
ဆုချီးမြှင့်ခြင်းအခမ်းအနားတွင် ဝမ်းဘဲအင်းကျေးရွာ မူလတန်းလွန်ကျောင်းဆောက်လုပ်ရေးအတွက်မတည် ငွေ(၁၀)သိန်းကိုဆရာတော်မှပထမဦးစွာလှူဒါန်းချီးမြှင့်သည်။ထို့နောက်ဝမ်းဘဲအင်းကျေးရွာဘုန်းတော်ကြီးကျောင်း တွင် ဖွင့်လှစ်ပို့ချ ခဲ့သည့် နွေရာသီ ဗုဒ္ဓဘာသာအခြေပြုယဉ်ကျေးမှုသင်တန်းများတွင်လည်းကောင်း၊၂၀၁၃/၂၀၁၄ ပညာသင်နှစ်တွင်အောင်မြင်စွာဖြေဆိုနိုင်ခဲ့ကြသောမူလတန်း၊အလယ်တန်းနှင့်လက်ရှိ၂၀၁၄/၂၀၁၅ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျှက်ရှိသောကျောင်းသားကျောင်းသူများကိုလည်းကောင်း၊ဝမ်းဘဲအင်းကျေးရွာ မူလတန်းကျောင်းတွင် တာဝန်ထမ်းဆောင်လျှက်ရှိသော ဆရာ/ဆရာမများကိုလည်းကောင်း အသီးသီးထောက်ပံ့ ချီးမြှင့်မှုများပြုလုပ်သည်။
ဆုချီးမြှင့်ရာတွင် ငွေသားဆုများ၊ဗလာစာအုပ်၊ဘောပင်၊ခဲတံနှင့်ပေတံစသောကျောင်းသုံးပစ္စည်းများ၊ ဂုဏ်ပြုမှတ်တမ်းလွှာများ၊ ဆရာဆရာမများအတွက် တဘက်ထည်များစုစုပေါင်းတန်ဖိုးငွေ(၆၁၀ဝ၀ဝိ/) ခြောက်သိန်းတစ်သောင်းကျပ်ဖိုး ကို နှစ်စဉ်ပြုလုပ်နေကျအတိုင်း မွေးရပ်မြေ တွင် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ပေါ်ဦး(နတ်မောက်)
ဝ၉-၂၅၆၀၄၅၈၃၅
စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။
ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
0 comments:
Post a Comment