လမ်းခင်းပစ္စည်းများအားအိပ်ဖွင့်တင်ဒါစီစစ်ရွေးချယ်ခြင်းအခမ်းအနား ကျင်းပ




မကွေး     ဇွန်     ၁၃
          ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် မကွေးခရိုင် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် လမ်း-တံတားတည်ဆောက်ခြင်း လုပ်ငန်းများအတွက် လိုအပ်သော  လမ်းခင်းပစ္စည်းများအား အိပ်ဖွင့်တင်ဒါစီစစ်ရွေးချယ်ခြင်းအခမ်းအနားကို ဇွန်လ(၁၃)ရက်နေ့ နံနက်(၁၀)နာရီ က မကွေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် ရှေးဦးစွာ တိုင်းဒေသကြီးအင်ဂျင်နီယာမှူးကြီး ဦးကျော်ကျော်မှ အဖွင့်အမှာစကားပြောကြား ပြီး ခရိုင်အုပ်ချုပ်ရေးမှူး အမှာစကားပြောကြားပါသည်။


          ထို့နောက် ခရိုင်အင်ဂျင်နီယာမှူး ဦးဇော်မိုးလွင်မှ လုပ်ငန်းသုံးပစ္စည်းများ တင်ဒါဝယ်ယူရေးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဦးစီးအရာရှိမှ တင်ဒါစည်းကမ်းများအား ဖတ်ကြားရှင်းလင်းပါသည်။
          ဆက်လက်၍ တင်ဒါယှဉ်ပြိုင်သူများမှ တင်ဒါလျှောက်လွှာများပေးအပ်၍ မကွေးခရိုင်အတွင်းရှိ မြို့နယ် (၆)မြို့နယ်မှ တင်ဒါအောင်မြင်သူများကို ရွေးချယ်ပြီး ခရိုင်အုပ်ချုပ်ရေးမှူး မှ နိဂုံးချုပ်အမှာစကားပြောကြား ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

          အဆိုပါတင်ဒါစီစစ်ရွေးချယ်ပွဲအခမ်းအနားသို့ မကွေးခရိုင်အတွင်းရှိ မကွေး၊ချောက်၊ရေနံချောင်း၊မြို့သစ် တောင်တွင်းကြီး၊နတ်မောက်မြို့နယ်များမှ တင်ဒါယှဉ်ပြိုင်လျှောက်ထားသူ(၅၉)ဦးက လမ်းတံတားလုပ်ငန်းခွဲ (၁၅)မျိုးအတွက် ယှဉ်ပြိုင်လျှောက်ထားရာ (၁၅)ဦးအောင်မြင်ခဲ့ကြောင်း သိရှိရသည်။

သူရထွန်း(မကွေး)

စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။

ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
 
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်စာတွင် ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း) ဖောင့်ဖြင်သာ မေးလ်ဖြင့်ပို့ပါခင်ဗျာ 
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ)


 

0 comments: