``ကမ္ဘာ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ဂုဏ်ပြုသော NGO လူငယ်ခုနှစ်ဖွဲ့နှင့် မကွေးစည်ပင်သာယာအဖွဲ့စုပေါင်း အမှိုက်ကောက်သန့်ရှင်းရေးပြုလုပ်´´




မကွေးမြို့၊ စိုးကောမင်းရပ်ကွက်၊ ဆိပ်ကမ်းသာလမ်း၊ နန်းထိုက်သူဟိုတယ်မှ ဆက်သွယ်ရေး ဧည့်ရိပ်သာ အထိ ဧရာဝတီမြစ်ဘေးသို့ စွန့်ပစ်ထားသော အမှိုက်များနှင့် ခြုံနွယ်ပင်များကို ဇွန် ၁၄ရက်၊ စနေနေ့ နံနက်(၇)နာရီ မှ(၉)နာရီအထိ NGO လူငယ်ခုနှစ်ဖွဲ့ အင်အားခုနှစ်ဆယ်ဦး နှင့် မကွေးမြို့နယ် စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်း တစ်ရာ့ငါးဆယ်တို့စုပေါင်း၍ အမှိုက်ကောက် သန့်ရှင်းရေးပြုလုပ်ကြောင်း သတင်းရရှိသည်။


          ပြီးခဲ့သောဇွန်(၅)ရက်နေ့တွင် ကျရောက်ခဲ့သော ကမ္ဘာ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ဂုဏ်ပြု ခြင်း အထိမ်းအမှတ်အဖြစ် NGO လူငယ်ရှစ်ဖွဲ့မှာ Green Network နတ်မောက်စင်တာမှဦးစီးပြီး SVCG, Me Center, ပါရမီသွေး၊ မြစ်ကွေ့ဧရာလူမှုကွန်ယက် နှင့် တက္ကသိုလ်ကျောင်းများမှ နှစ်ဖွဲ့တို့ဖြစ်ကြောင်း နတ်မောက် စင်တာ မှ အင်္ဂလိပ် စာသင်ကျောင်း၊ လူငယ်ဆရာ ကိုမင်းကိုကိုအောင် က မဇ္ဈိမ ကိုပြောသည်။

`` လွန်ခဲ့တဲ့ ကိုးရက်လောက်က ဒီလူငယ်အဖွဲ့က အမှိုက်ကောက်ချင်ပါတယ်လို့ လာပြောတယ်၊ လူငယ်တွေက အမှိုက်ကောက်ပြီး လမ်းဘေးမှာတင် စုပုံထားမယ်ပြောလို့ ဒီလိုဆိုရင် ညီလေးတို့အဖွဲ့နဲ့ ဒို့စည်ပင်သာယာရေး အဖွဲ့လုပ်နေကျဖြစ်တဲ့ စနေနေ့ နံနက်ပိုင်းမှာ စုပေါင်းလုပ်ကြမယ်ဆိုပြီး စီစဉ်ဖြစ်တာပါ။´´ဟု မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေမျိုးနိုင် က မဇ္ဈိမ ကိုပြောသည်။

http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/23108-2014-06-14-16-36-48  ဖော်ပြပေးထားပါသည်။

ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀

စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။

ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်စာတွင် ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း) ဖောင့်ဖြင်သာ မေးလ်ဖြင့်ပို့ပါခင်ဗျာ 
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ)


 

0 comments: