ငဖဲမြို့တွင်( cpp ) အပိုင်းပိုက်လိုင်းကြောင်းပြင်ပ မြေဇာကျသီးနှံထောက်ပံ့ကြေးများ ပေးအပ်



ငဖဲ      ဇွန်      ၁၃
          မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်အတွင်း အရှေ့တောင်အာရှ ရေနံနှင့်သဘာဝဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်း  ( KP-၁၃၀ မှ KP-၁၄၀ )အထိ( CPP) အပိုင်း ပိုက်လိုင်းလမ်းကြောင်းပြင်ပ မြေဇာကျသီးနှံ ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ဇွန်၁၀ရက် နံန်က(၁၀း၀၀)နာရီက ငဖဲမြို့နယ်အထွေထွေအုပ် ချုပ်ရေးမှူးရုံးအစည်းအဝေး ခန်းမကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းဇော်က အဖွင့်အမှာစကားပြောကြားပြီး မင်းဘူး ခရိုင်မြေစာရင်းဦးစီးမှူး ဦးခင်မောင်ဝင်းမှ သီးနှံနတ်နာကြေးကိစ္စရပ်များနှင့် ပတ်သက်၍ အသေးစိတ်ရှင်း လင်းပြောကြားခဲ့သည်။ထို့နောက် ငဖဲမြို့နယ်အတွင်း ပိုက်လိုင်းလမ်းကြောင်းပြင်ပ မြေဇာကျသီးနှံနတ်နာ ကြေး( KP - ၁၃၀ မှ KP - ၁၄၀ )ထိ ( CPP ) အပိုင်းတွင် ကျေးရွာပေါင်း(၁၄)ရွာ တောင်သူ(၁၄၈)ဦး ဧရိယာ( ၁၀၆.၀၃ ) ဧက လျော်ကြေးငွေကျပ်သိန်းပေါင်း(၄၂၃၃၇၇၇၉၀)ကို တောင်သူများထံပေးအပ်ခဲ့ပြီး အခမ်းအနားသို့မလာရောက်သည့် ခရီးလွန်တောင်သူများကို ဆက်လက်ပေးလျှော်သွားမည်ဇြစ် ကြောင်းသိရသည်။ 

အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကယ်စားလှယ် ဦးတင်ညွန့် ခရိုင်မြေစာရင်းဦးစီးမှူး ဦးခင်မောင်ဝင်း မြိုကနယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုများ (NOGE)မှ ဒု-အထွေထွေဌာနမန်ဆနေဂျာ ဦးစောရန်ရှင်း အဖွဲ့ခေါင်းဆောင်ဦးအောင်ကိုကိုစိုး (မြေယာနှင့်သီးနှံနတ်နာကြေးပေးရေးအဖွဲ့) CPPကုမ္မဏီမှ တာဝန်ရှိပုဂ္ဂိုလ်များ မြို့နယ်/ရပ်ကျေးစီမံခန့်ခွဲရေးကော်မတီများနှင့် လျှော်ကြေးရတောင်သူများ တက်ရောက်ခဲ့ ကြကြောင်း သိရှိရသည်။

သန်းနိုင်ဦး (ငဖဲ)
 

0 comments: