``မကွေးမြို့ တွင် ကလျာဏမိတ္တဖောင်ဒေးရှင်း(ရန်ကုန်) မှ ဗုဒ္ဓဘာသာလူငယ်များ အမြင့်ဖွင့် ဆင့်ပွားသင်တန်းပေး´´

``မကွေးမြို့ တွင် ကလျာဏမိတ္တဖောင်ဒေးရှင်း(ရန်ကုန်) မှ ဗုဒ္ဓဘာသာလူငယ်များ အမြင့်ဖွင့် ဆင့်ပွားသင်တန်းပေး´´ မကွေးမြို့တွင် ဇွန်လထဲမှာ NGO ပရဟိတ လူငယ်များကိုရွေးချယ်ပြီး သင်တန်း(၂)ခုဖွင့်လှစ်ကြောင်း၊ မင်္ဂလာရန်အောင် ကျောင်းမှာ ငြိမ်းဖောင်ဒေးရှင်း(မြစ်ကြီးနား) မှ ငြိမ်းချမ်းရေးတည်ဆောက်ခြင်းသင်တန်း နှင့် မကွေးမြို့ အောင်မင်္ဂလာရပ် ဝေယံဘုံမြင့် ကျောင်းမှာ ကလျာဏမိတ္တဖောင်ဒေးရှင်း(ရန်ကုန်) မှ ဗုဒ္ဓဘာသာအမြင့်ဖွင့် ဆင့်ပွားသင်တန်းပေး ကြောင်း သတင်းရရှိသည်။ အဆိုပါသင်တန်း ဗုဒ္ဓဘာသာအမြင့်ဖွင့်သင်တန်းကို ကလျာဏမိတ္တဖောင်ဒေးရှင်း(ရန်ကုန်) က အကုန်အကျခံ၍ ဆင့်ပွား သင်တန်းပေးကြောင်း၊ သင်တန်းမှူး(၄)ဦးနှင့် သင်တန်းသား(၂၉)ဦး ဖြင့် ဇွန်(၂၅)ရက်နေ့မှ ဇွန်(၂၉)ထိ ငါးရက်တိတိ နေ့စဉ် နံနက်(၉)နာရီ ညနေ(၄း၃၀)နာရီ သင်တန်းပေးကြောင်းသိရသည်။ သင်တန်း၏ ရည်ရွယ်ချက်မှာ (၁) ဗုဒ္ဓဘာသာလူငယ်များ အသိပညာဖွံဖြိုးတိုးတက်လာစေရန် (၂) မိမိတို့ပတ်ဝန်းကျင် လူထုဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို တက်ကြွစွာလုပ်ကိုင် ဆောင်ရွက်နိုင်ရန် (၃) သင်တန်းသားအချင်းချင်း နည်းပညာနှင့် ကွန်ယက်ချိတ်ဆက်မှု အားကောင်းလာစေရန် ဖြစ်ကြောင်း၊ မကွေးမြို့မှသင်တန်းမှူး(၂)ဦးသည် ကလျာဏမိတ္တဖောင် ဒေးရှင်း ရန်ကုန်မြို့တွင် သင်တန်းတက်၍ ဆင့်ပွားသင်တန်း ပေးခြင်း ဖြစ်ကြောင်း၊ နောက်ထပ်ရောက်လာသော သင်တန်းမှူး(၂)ဦးတွင် သံဃာတော်တစ်ပါး နှင့်ဆရာတစ်ဦးပါဝင်ကြောင်း သင်တန်းမှူးများသည် အခြားပြည်နယ်များမှ လာရောက်၍ ဆင့်ပွားသင်တန်းပေးခြင်းဖြစ်ကြောင်း၊ ငြိမ်းဖောင်ဒေရှင်း (မြစ်ကြီးနား) အဖွဲ့နှင့် သီးခြားစီ သင်တန်းဖွင့် လှစ်ခြင်းဖြစ်ကြောင်း၊ ဇွန်(၂၇)ရက်နေ့တွင် သင်တန်းမှူး ဒေါ်ခိုင်မေဖူးအောင် က ပြောသည်။
 

0 comments: