``မကွေးမြို့ (အထက-၄) RC နှစ်ထပ်ကျောင်းဆောင်သစ် ရွှေတောင် ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီမှ ဆောက်လုပ်လှူဒါန်းပွဲတွင် နိုင်ငံခြားသံအမတ်ကြီး(၆)ဦးတက်ရောက်´´

ဇွန်(၂၉)ရက်နေ့ နံနက်(၉)နာရီတွင် မကွေးမြို့ ရန်ကင်းရပ်ကွက် အထက(၁)လမ်းရှိ အခြေခံပညာအထက်တန်းကျောင်း အမှတ်(၄)၌ ရွှေတောင်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ မှ ဆောက်လုပ်လှူဒါန်းသော RC နှစ်ထပ်ကျောင်းဆောင်သစ်ကို ပေးအပ်လှူဒါန်းပွဲ ကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါကျောင်းဆောင်မှာ အလျားပေ(၂၀၀)၊ အနံပေ(၃၀) (၂)ထပ်ပေါင်းအမြင့်ပေ(၂၂.၆) ဖြစ်ပြီးကာလတန်ဘိုးငွေကျပ်သိန်းပေါင်း (၃၀၀၀)ကျော်ကုန်ကျကြောင်း၊ ထိုကျောင်းဆောင် ကို (၂၀၁၂ သြဂုဏ်လ)တွင်စတင် ဆောက်လုပ်၍ ၂၀၁၃ ဇွန်(၂၅)ရက်နေ့တွင်ပြီးစီးကြောင်း၊ ယနေ့ ဇွန်(၂၉)ရက်နေ့တွင် နိုင်ငံခြားသံအမတ်များ တို့နှင့် အတူ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ပညာရေးဌာနတွင် လိုအပ်နေသော ကျောင်းဆောင်နှင့် ကွန်ပျူတာများ ကျောင်းသုံး ပစ္စည်းများ လှူဒါန်းရ၍ အလွန်ဝမ်းသာမိပါကြောင်း၊ မြန်မာပြည်တွင်းမှာ ယခုလို စာသင်ကျောင်းဆောင်သစ်များ(၇၀)ကျော် နှင့် ဆေးရုံကြီး အဆောက်အဦးပေါင်း(၃)ရုံကိုလည်း ကုမ္ပဏီက လှူဒါန်းပြီးစီးခဲ့ပါကြောင်း၊ မကွေးတိုင်းဒေသကြီးနှင့် အများပြည်သူများ အတွက် လိုအပ်သောနေရာများတွင်လည်းထပ်မံ၍ ကူညီလှူဒါန်းသွားမည်ဖြစ်ကြောင်း၊ ရွှေတောင် ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ ဥက္ကဋ္ဌ ဦးအိုက်ထွန်း မှ ပြောကြားသည်။ ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်း နှင့် ရွှေတောင် ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ ဥက္ကဋ္ဌ ဦးအိုက်ထွန်းတို့မှ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ က (အထက ၄) ကျောင်းဆောင်သစ်ဆိုင်းဘုတ်ကို စက်ခလုပ်နိမ့်၍ ဖွင့်လှစ်ပေးသည်။ အထူးဧည့်သည်တော်အဖြစ် ကွန်ပျူတာ(၂၄)လုံးအလှူရှင် သီရိပျံချီ ဦးဇော်မင်း(ယခင် လျှပ်စစ်ဝန်ကြီး)နှင့် ဇနီးဒေါ်ခင်မြင့်မြင့်မိသားစု ၊ ကွန်ပျူတာ(၄)လုံး လှူဒန်းကြသော မြန်မာနိုင်ငံဆိုင်ရာ (Egypt)အီဂျစ်နိုင်ငံသံအမတ်ကြီး H.E Mr Hany Riao Moawad နှင့် (China)တရုပ်သံအမတ်ကြီး H.E Mr Yang Hou Lan အတူ ကျောင်းသုံးပစ္စည်းများလှူဒါန်းပေးသော နိုင်ငံခြားသံအမတ်(၄)ဦး မြန်မာနိုင်ငံဆိုင်ရာ (Vietnam)ဗီယက်နံသံအမတ်ကြီး H.E Mr Pham Thanh Dung ၊ (Laos)လာအိုနိုင်ငံသံအမတ်ကြီး H.E Mr Nilahath SAYATATH ၊ (Cambodia)ကံမ္ဘေဒီယားနိုင်ငံသံအမတ်ကြီး H.E Mr Sieng Bunvuth ၊ (Bangladesh)ဘင်းဂလားဒစ် နိုင်ငံသံအမတ်ကြီး H.E Mr Maj Gen Anup ၊ မကွေးတိုင်းဒေသကြီး အစိုးရ၀န်ကြီးများ၊ ပညာရေးဌာနမှ အကြီးအကဲများ၊ ကျောင်းသားမိဘများ၊ ဆရာမ ဆရာမ ကျောင်းသား ကျောင်းသူများ စုစုပေါင်း(၇၀၀) ခန့်တက်ရောက်၍ နံနက်(၁၀း၃၀)နာရီတွင် အခန်းအနားပြီးဆုံးကြောင်း သတင်းရရှိသည်။
 

0 comments: