``ရပ်ရွာလူထုအခြေပြုဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးဆောင်ဆွေးနွေးသူများသင်တန်း မကွေးတိုင်းဒေသကြီးမှာ ဖွင့်လှစ်´´

(ဒီသင်တန်းများကြောင့် ၂၀၁၁ ခုနှစ်က ယောချောင်း၊ကျောချောင်း ရေကြီးမှုကို လက်တွေ့အသုံးချနိုင်) မကွေးတိုင်းဒေသကြီး မကွေးဟော်တယ်တွင် ဇွန်(၃)ရက်နေ့ နံနက်(၉)နာရီအချိန်မှာ ရပ်ရွာလူထုအခြေပြုဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးဆောင်ဆွေးနွေးသူများသင်တန်းဖွင့်လှစ်ကြောင်း သတင်းရရှိသည်။ အဆိုပါသင်တန်းကို စင်ကာပူနိုင်ငံ လခြမ်းနီ(ကမ္ဘာ့ကြက်ခြေနီအဖွဲ့) မှ စပွန်ဆာဖြစ်ကြောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဘေးဒုက္ခစီမံခန့်ခွဲရေးဌာန နှင့် မကွေးတိုင်းဒေကြီးကြက်ခြေနီတပ်ဖွဲ့တို့မှ ဦးဆောင်ကြီးကြပ်ကျင်းပကြောင်း၊ Community Based Disaster Risk Management Facilitator Course ထိုသင်တန်းကို ဇွန်(၃)ရက်နေ့မှ ဇွန်(၉)ရက်နေ့အထိ နံနက်(၉)နာရီမှ ညနေ(၄း၃၀)နာရီအထိ (၇)ရက်ပို့ချမည်သိရသည်။ သင်တန်းသားများမှာ ဆိပ်ဖြူမြိုနယ် ကျေးရွာများမှ(၁၅)ဦး၊ သရက်မြို့နယ် ကျေးရွာများမှ(၁၅)ဦး စုစုပေါင်းသင်တန်းသား(၃၀)ဦးတက်ရောက်ကြောင်း၊ သင်တန်းဆရာများမှာ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဘေးဒုက္ခစီမံခန့်ခွဲရေးဌာန ဒုတိယ ဌာနမှူး ဦးအောင်သောင်းရွှေ နှင့် သင်တန်းမှူး(၄)ဦး ဖြစ်ကြောင်း၊ အဆိုပါသင်တန်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်း တက်ရောက် ဖွင့်လှစ်ပေးပြီး သင်တန်းသား နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ စုစုပေါင်း(၅၀)ဦးခန့်တက်ရောက် ကြကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်းမှာ ယခုလို သင်တန်းများကို၂၀၀၉ ခုနှစ်မှစတင်၍ မြို့နယ်(၄)မြို့နယ်တွင်ဖွင့်လှစ် ပေးခဲ့ပြီးဖြစ်ကြောင်း၊ အခြားတိုင်း နှင့်ပြည်နယ်များတွင် တစ်ကြိမ်စီသာ ဖွင့်လှစ်ပေးခဲ့ရသေးကြောင်း၊ အဆိုပါသင် တန်းများ၏ အကျိုးကျေးဇူးကြောင့် ၂၀၁၁ ခုနှစ်ထဲတွင် ပခုက္ကူမြို့နယ် နှင့် ဆိပ်ဖြူမြို့နယ်အတွင်း ယောချောင်း၊ကျောချောင်း ရေကြီး၍ သာဘာဝ ရေဘေးဒုက္ခကျရောက်ခဲ့စဉ်မှာ ကြိုတင်ပြင်ဆင်ကူညီပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက် အသုံးပြုနိုင်ခဲ့ကြ ကြောင်း ဒုတိယ ဌာမှူး ဦးအောင်သောင်းရွှေမှ မြန်မာပို့စ် ကို ပြောသည်။
 

0 comments: