``မကွေးတက္ကသိုလ် RC သုံးထပ်ကျောင်းဆောင်သစ် (၃)ဆောင် ဖွင့်ပွဲကျင်းပ´´

ဇွန်(၂၉)ရက်နေ့ နံနက်(၈)နာရီတွင် ရွှေတောင်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ လက်အောက်ရှိ High Tech Concrete Technology Co.,Ltd မှတာဝန်ယူတည်ဆောက်သော မကွေးတက္ကသိုလ် RC သုံးထပ်ဆောင် ဖွင့်ပွဲအခမ်းအနား ကျင်းပ ကြောင်းသတင်းရရှိသည်။ အဆိုပါဆောက်အဦး(၃)ဆောင်ကို (၁၅-၁၀-၂၀၁၂) နေ့မှစတင်ဆောက်လုပ်၍ (၃၁-၃-၂၀၁၃)နေ့တွင်တည်ဆောက်ပြီးစီးကြောင်း၊ အဆိုပါ RC သုံးထပ်ဆောင် (၃)ဆောင်ကို ငွေကျပ်သိန်းပေါင်း (၁၉၁၅၀)သိန်း ဖြင့်တည်ဆောက်ခဲ့ကြောင်း၊ RC သုံးထပ်ဆောင် တစ်ဆောင်လျှင် အလျှားပေ(၁၉၂)၊ အနံပေ(၃၈)ပေ၊ မြေညီထပ်အမြင့်ပေ(၁၂.၆)၊ ပထမထပ်အမြင့်ပေ(၁၂)၊ ဒုတိယထပ်အမြင့်ပေ(၁၁.၆) ရှိကြောင်း၊ အဆောက်အဦးများ၏ အမျိုးအစား( 3 Storey RC Building) ဖြစ်ကြောင်း၊ စုံစမ်းသိရှိရသည်။ အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် နှင့် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ နှင့် မကွေးတိုင်းဒေသကြီးအစိုးရ၀န်ကြီးများ နှင့် မကွေးတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာအေးကျော် နှင့် နည်းပြဆရာ ဆရာမများ ကျောင်းသူကျောင်းသားများ စုစုပေါင်း(၁၀၀၀)ခန့်တက်ရောက်ပြီး မကွေးတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာအေးကျော်၊ ရွှေတောင်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ ဥက္ကဋ္ဌ ဦးအိုက်ထွန်း၊ မကွေးတိုင်းဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးစောဝင်းမောင်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် သီရိပျံချီ ဦးဘုန်းမော်ရွှေ နှင့် လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်းတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြောင်း၊ အထူးဧည်သည်တော်များအဖြစ် မြန်မာနိုင်ငံ ဆိုင်ရာ နိုင်ငံခြားသံအမတ်ကြီးများ(၆)ဦး တက်ရောက်ကြောင်း၊ အဆိုပါသံအမတ်ကြီးများမှာ (Egypt)အီဂျစ်နိုင်ငံ သံအမတ်ကြီး H.E Mr Hany Riao Moawad ၊ (China)တရုပ်သံအမတ်ကြီး H.E Mr Yang Hou Lan ၊ (Vietnam)ဗီယက်နံသံအမတ်ကြီး H.E Mr Pham Thanh Dung ၊ (Laos)လာအိုနိုင်ငံသံအမတ်ကြီး H.E Mr Nilahath SAYATATH ၊ (Cambodia)ကံမ္ဘေဒီယားနိုင်ငံသံအမတ်ကြီး H.E Mr Sieng Bunvuth ၊ (Bangladesh)ဘင်းဂလားဒစ် နိုင်ငံသံအမတ်ကြီး H.E Mr Maj Gen Anup ၊ တို့တက်ရောက်လေ့လာကြောင်း သက်ဆိုင်ရာမှ စုံစမ်းသိရှိရသည်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: