``မကွေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန မှ ကြီးမှူး၍ ကောက်ကွက်ဖွဲ့စည်းခြင်းနှင့် အဆောက်အဦးစာရင်းတင်ခြင်း သင်တန်းဖွင့်´´

မကွေးမြို့ အထက(၁)ကျောင်း၊ ပန်းဟေ၀န်ခန်းမတွင် မေ(၂၉)ရက် မှ မေ(၃၀)ရက်နေ့အထိ မကွေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန မှ ကြီးမှူး၍ ကောက်ကွက်ဖွဲ့စည်းခြင်းနှင့် အဆောက်အဦးစာရင်း တင်ခြင်း သင်တန်းဖွင့်ကြောင်း သတင်းရရှိသည်။ အဆိုပါသင်တန်းမှာ ၂၀၁၄ ခုနှစ်တွင် လူဦးရေနှင့် အိမ်အကြောင်းအရာတို့ကို ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူတွင် စာရင်းကောက်ယူကြမည့် ပညာရေးဌာနမှ ဆရာများ လက်တွေ့အသုံးချနိုင်အောင် သက်ဆိုင်ရာ (လ.၀.က)မှ ရပ်ကွက်/ကျေးရွာ နယ်မြေတာဝန်ခံများက ကောက်ကွက်များဖွဲ့စည်းပေးခြင်း၊ အဆောက်အဦးမြေပုံများကို မှန်ကန်တိကျအောင်ကြိုတင်ပြင်ဆင် ရေးသားပေးနိုင်စေရန် အတွက် သင်တန်းပေးခြင်းဖြစ်ကြောင်း၊ ၎င်း သင်တန်းအား မကွေးတိုင်းဒေသကြီး ဦးစီးမှူး ဦးထွန်းဝေ အမှာစကားပြောကြားဖွင့်လှစ်၍ သင်တန်းမှူးများအဖြစ် မကွေးခရိုင်(လ.၀.က) ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမြင့်နှင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်ဦးစီးဌာနမှူးများ မှ သင်တန်းပို့ချပေးကြောင်း၊ သင်တန်းသူ သင်တန်းသားများမှာ မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရုံး၊ ခရိုင်ရုံးများ၊ မြို့နယ်ရုံးများမှ (လ.၀.က) တိုက်နယ်မှူးများ(၂၅၂)ဦးတက်ရောက်ကြ ကြောင်း၊ မြန်မာနိုင်ငံတွင် မကွေးတိုင်း ဒေသကြီးအတွင်း၌ ပထမဆုံးအကြိမ်အဖြစ် စတင်ဖွင့်လှစ်ပေးကြောင်း တိုင်းဦးစီးမှူး ဦးထွန်းဝေ မှ ရှင်းလင်းပြောကြားသည်။
 

0 comments: