``မေတ္တာရှင်ဆရာတော်(ရွှေပြည်သာ) ၏ နှလုံးသားဝယ် ဘုရားတည် ဘာသာယဉ်ကျေးမှုစာမေးပွဲ မှ ဆုရသူများကို မကွေးမြို့ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းတွင် ဆုပေးပွဲကျင်းပ´´

မကွေးမြို့ မြို့ပတ်လမ်း မကွေးတိုင်းကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း နှင့် မင်္ဂလာရန်အောင်ကျောင်းတွင် မေတ္တာရှင်ဆရာတော်(ရွှေပြည်သာ) အရှင်ဇ၀န၏ တရားစာအုပ်များမှ မေးခွန်းများဖြင့် ဇွန်(၁)ရက်နေ့တွင် စာမေးပွဲဖြေဆို ကြရ သည်။ အသက်(၁၄)နှစ်၏အထက် အကြီးတန်း နှင့် အသက်(၁၄)နှစ်၏အောက် အငယ်တန်းဟု ခွဲခြားဖြေဆိုရကြောင်း သတင်းရရှိသည်။ (၁၄)နှစ်အထက် လူငယ်များကို မေတ္တာရှင်ဆရာတော် အရှင်ဇ၀န ရေးသားသော (၁)အရှုံးမရှိသော ဒဿန (၂) မေတ္တာဖြင့်စီးပွားရှာခြင်း စာအုပ်နှစ်အုပ်ထဲမှ မေးခွန်းများကို ဖြေဆိုကြရန် တစ်လခန့် ကြိုတင်၍ အသိပေးကြေငြာထားသည်။ ဖြေဆိုရန်လျှောက်ထားသူ(၅၇၀)ဦး မှ လာရောက်ဖြေဆိုသူ(၃၄၄)ဦး ဖြေဆိုကြောင်းသိရသည်။ ၎င်း ဖြေဆိုသူများမှ ခုံအမှတ်(ဘကသ/၃၄၅) (အဘ)ဦးသုစိန် ၏ သမီး မပိုးအိစံ က (ပထမဆု ငွေကျပ်သုံးသိန်း)။ ခုံအမှတ်(ဘကသ/၁) (အဘ)ဦးစိုးမြင့် ၏ သမီး မသင်းသင်းကြူ က (ဒုတိယဆု ငွေကျပ်နှစ်သိန်း)။ ခုံအမှတ်(ဘကသ/၄၉) (အဘ)ဦးကျော်လွင် ၏ သမီး မပိုးအင်ကြင်းငယ်က (တတိယဆု ငွေကျပ်တစ်သိန်း)။ ဆုငွေသုံးသောင်းကျပ်ဖြင့် အထူးဆု(၁၀)ဆု၊ ဆုငွေနှစ်သောင်းကျပ်ဖြင့် အထူးဆု(၁၀) တို့အသီးသီးဆွတ်ခူးရရှိကြောင်းသိရသည်။ အလားတူ ဇွန်(၁)ရက်နေ့တွင် မကွေးမြို့ မင်္ဂလာရန်အောင်ဘုန်းကြီးကျောင်း၌ (၁၄) နှစ်အောက် လူငယ်များအတွက် မေတ္တာရှင်ဆရာတော် အရှင်ဇ၀န ရေးသားသော (၁)သရဏဂုံအစွမ်း အံ့မခန်း ဖြစ်ရပ်ဆန်းများ (၂) သီလအစွမ်း အံ့မခန်း စာအုပ်နှစ်အုပ်ထဲမှ မေးခွန်းများကို ဖြေဆိုကြရန် လျှောက်ထားသူပေါင်း(၅၆၉)ဦးမှ လာရောက်ဖြေဆိုသူ (၄၂၀)ဦးဖြေဆို ကြောင်းသိရသည်။ ၎င်း ဖြေဆိုသူများမှ ခုံအမှတ်(ဘသ/၁၂၇) (အဘ)ဦးမြင့်လွင် ၏ သမီး မသဲနုဆည်းဆာ က (ပထမဆု ငွေကျပ်သုံးသိန်း)။ ခုံအမှတ်(ဘသ/၂၃၈) (အဘ)ဦးဘိုခိုင် ၏ သား မောင်အောင်ခိုင်ဦး က (ဒုတိယဆု ငွေကျပ်နှစ်သိန်း)။ ခုံအမှတ်(ဘသ/၂၄၂) (အဘ)ဦးကျော်နိုင် ၏ သမီး မရတနာခင် က (တတိယဆု ငွေကျပ်တစ်သိန်း)။ ဆုငွေသုံးသောင်း ကျပ်ဖြင့် အထူးဆု(၁၀)ဆု၊ ဆုငွေနှစ်သောင်းကျပ်ဖြင့် အထူးဆု(၁၀) တို့အသီးသီးဆွတ်ခူးရရှိကြောင်း သိရသည်။ ဇွန်(၁၅)ရက်နေ့ ည(၉)နာရီအချိန် မကွေးမြို့ မြို့ပတ်လမ်း မကွေးတိုင်းကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းမှာ ရွှေရောင်လက်များလစဉ်ပရဟိတလူမှုကူညီရေးအဖွဲ့(မကွေး)၏ တစ်နှစ်ပြည့်အထိမ်းအမှတ် အထူးတရားပွဲ၌ အထက်ပါ ဆုရရှိသူ လူငယ်မောင်မယ်များကို မေတ္တာရှင်ဆရာတော် (ရွှေပြည်သာ) အရှင်ဇ၀န ကိုယ်တိုင် ချီးမြှင့်ကြောင်း၊ အဆိုပါ စာမေးပွဲများကို ရွှေရောင်လက်များလစဉ်ပရဟိတလူမှုကူညီရေးအဖွဲ့(မကွေး)မှ ဦးဆောင်၍ ကျင်းပခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။
 

0 comments: