သေသောသူများကို အသက်သွင်းကြ၏။

သေသောသူများကို အသက်သွင်းကြ၏
ရွှေလမ်းငွေလမ်းဝင်းကြည်

မျက်စေ့ကမှုံ လက်ကတုံ၍
လူ့ဘုံခရီး ခွဲခွါချိန်နီးပြီမို့……
ဟော..အသုဘချဖို့ကားလာနေပြီ….။

လူတိုင်း လူတိုင်း အိုခါမှ သေမည်ထင်နေကြတာ
အိုင်တီခေတ်ကြီးထဲမှာ မမွေးခင်က ကျား/မခွဲခြားသိရ
မွေးဖွားရက်ကလည်း အတိအကျ…။

နေရမည့်အချိန် သေရမည့်ရက်ကို
ဘယ်သူတွေဇာတာမှာ.. အတိအကျ တွက်ထားကြပါသလဲ? ။

အသက်(၁၂၀)ရှည်စေသော်…
ဘိုးစဉ်ဘောင်ဆက်ကစ လောဘတွေနဲ့အော်…
ဟော..သင်္ချိုင်းကုန်းထဲရောက်လာပြီနော်….
ငါတို့လိုက်ပို့တဲ့ ဦးခင်မောင်တိုးကြီးက(၆၄)နှစ်
ဘေးတစ်ဘက်တစ်ချက်စီက အုတ်ဂူတွေမှာ(၄၆)နှစ်တဲ့
ဟေ့ကောင်မရေ ဒီကအပြန် ဒီညနေမှာ..
ဒီဂဏန်းကိုသေချာ အောချလိုက်တော့မယ်နော်………။


ရွှေလမ်းငွေလမ်းဝင်းကြည်
နိဗ္ဘာန်ယာဉ်ပေါ်မှ ကြားကြားသမျှ….
၂၀၀၉ ခု မေလ(၁၀)ရက် နေ့လည်(၃)နာရီတွင်ရေးသည်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel သေသောသူများကို အသက်သွင်းကြ၏။ ini dipublish oleh shwelannwelanwinkyi pada hari Sunday, May 10, 2009. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan သေသောသူများကို အသက်သွင်းကြ၏။
 

0 comments: