``သတင်းထောက်အောင်သူငြိမ်း(ခ) ကဗျာဆရာ ဧဇံ နှင့် မစုယဉ်နှင်း တို့၏ မင်္ဂလာဧည့်ခံပွဲ´´



``သတင်းထောက်အောင်သူငြိမ်း(ခ) ကဗျာဆရာ ဧဇံ နှင့် မစုယဉ်နှင်း တို့၏ မင်္ဂလာဧည့်ခံပွဲ´´

၂-၃-၂၀၁၁၊ ဗုဒ္ဓဟူးနေ့ မင်္ဂလာအချိန်၊နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး မကွေးမြို့၊ ကပ်ကျော်ကမ္ဘာအေး ၀ိပဿနာဓမ္မရိပ်သာကျောင်းမှာကျင်းပသော မောင်အောင်သူငြိမ်း+မစုယဉ်နှင်း တို့၏ မင်္ဂလာဆွမ်းကျွေးပွဲ သို့ အမှတ်တရ သွားရောက်သတင်းရယူခဲ့ပါသည်။ SHADE ဂျာနယ်၊ မကွေးရုံးခွဲ၏ ပထမဆုံးအကြိမ် တက်ရောက်ချီးမြှင့်ပေးသော မင်္ဂလာပွဲဖြစ်၏။ ယင်းမင်္ဂလာပွဲသို့ မကွေးမြို့နယ်စာနယ်ဇင်း ဥက္ကဋ္ဌ မကွေးဝင်းမြင့်နှင့်အမှုဆောင်အဖွဲ့၊ ပန်းချီဆရာများ၊ ဂျာနယ်ပေါင်းစုံမှ တာဝန်ခံသတင်းထောက်များ၊ စာရေးဆရာ၊ကဗျာဆရာများ၊ ပညာရေးကောလိပ်နှင့် ကျောင်းပေါင်းစုံမှ ဆရာ၊ဆရာမများ၊ ဖိတ်ကြားထားသော နှစ်ဘက်မိဘများ၏ ဆွေမျိုးမိတ်သင်္ဂဟများဖြင့် စီကားသိုက်မြိုက်စွာ တက်ရောက်ကြပါသည်။
သတိုးသား မောင်အောင်သူငြိမ်းသည် (ELEVEN MEDIA GROUP) (Weekly Eleven News ဂျာနယ်မှ မကွေးသတင်းတာဝန်ခံ သတင်းထောက်) တစ်ဦးဖြစ်ကြောင်းသိရ၏။ မောင်အောင်သူငြိမ်း+မစုယဉ်နှင်း တို့၏ မင်္ဂလာဆွမ်းကျွေးဧည့်ခံပွဲမှာ ကျောင်းထိုင်ဆရာတော် စာရေးဆရာ သာကီနွယ်သွေး (မကွေး)၏ ကပ်ကျော်ကမ္ဘာအေးကျောင်း တွင် ကြွလာသမျှ ပရိတ်သတ်အား အလှူကြီးပေးနေသလို ကြက်သားဒန်ပေါက်များဖြင့် (အလှစားမဟုတ်၊အ၀စား) ဧည့်ခံကျွေးမွေး နေကြောင်း ထူးခြားစွာ မြင်တွေ့ခဲ့ပါသည်။(များသောအားဖြင့် မင်္ဂလာဆောင်ပွဲများသည် လက်ဘက်ရည်နှင့်ကိတ်မှုန့်ဖြင့်သာဧည့်ခံကျွေးမွေးလေ့ရှိကြ၏။)
သတိုးသားမောင်အောင်သူငြိမ်း နှင့် သတိုးသမီးမစုယဉ်နှင်းတို့သည် အသက်ရာကျော်ရှည်ကြပြီး အိုအောင်၊မင်းအောင် ရာသက်ပန်ပေါင်းသင်းနိုင်ကြပါစေကြောင်း၊ SHADE ဂျာနယ်မှ ဆုမွန်ကောင်းတောင်း၍ ဂုဏ်ပြုမှတ်တမ်းတင် သတင်းရယူခဲ့ပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
 

0 comments: