ဂျပန်ဆူနာမီနှင့် တိုကျိုရှိ မြန်မာများ




ဂျပန်ဆူနာမီနှင့် တိုကျိုရှိ မြန်မာများ

မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ မတ်လ ၁၁ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၃၂ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ဂျပန်နိုင်ငံ တိုကျိုမြို့၏ အရှေ့ဘက် ၃၇၃ ကီလိုမီတာကို ဗဟိုပြု၍ သောကြာနေ့ မွန်းလွဲ ၂ နာရီ ၄၆ မိနစ်တွင် ရစ်ချတ်စတာစကေး ၈.၉ ပြင်းအားရှိ ငလျင်ကြောင့် အမြင့်
equark

ဆူနာမိထိခိုက်သော နေရာတခုဖြစ်သည့် ဆန်ဒိုင်းအဝေးပြေးလမ်းမကြီးကို စီစီတီဗီ သတင်းဌာနက ရိုက်ကူးပြီး မတ်လ ၁၁ ရက်၊ ၂ဝ၁၁ ခုနှစ် ရုပ်သံထုတ်လွှင့်ချက်မှ ရယူထားသော ဓာတ်ပုံဖြစ်သည်။ ရစ်ချတ်တာစကေး ၈.၉ အင်အားရှိ ငလျင်လှုတ်ပြီးနောက် ဆူနာမိရေလှိုင်းကြီးများက သင်္ဘောများကို ကမ်းပေါ်ရောက်အောင် တွန်းထုတ်ပစ်ခဲ့သလို ကားများကို လမ်းများပေါ်မှ ဆွဲငင်ခေါ်သွားတော့သည်။
၁ဝ မီတာခန့်ရှိ ဆူနာမီရေလှိုင်းကြီးများ ဖြစ်ပေါ်လာပြီး နှစ်ပေါင်း ၁၄ဝ အတွင်း ဂျပန်နိုင်ငံအတွက် အဆိုးဝါးဆုံးဟု ရိုက်တာ သတင်းဌာနက ထုတ်ပြန်သည်။

ဟာဝိုင်ရီကျွန်းရှိ ပစိဖိတ် ဆူနာမီသတိပေးဌာနက အဆိုပါ ဆူနာမီရေလှိုင်းများသည် ဂျပန်၊ ရုရှ၊ မာကပ်ကျွန်းများနှင့် မြောက်ပိုင်း မာရီယာနပ်စ်တို့တွင် ရိုက်ခတ်နိုင်ကြောင်း သတိပေးထားပြီး၊ သတိထားစောင့်ကြည့်ရမည့် နိုင်ငံများတွင် ဂူအမ်ကျွန်း၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ပါပူဝါနယူးဂီနီနှင့် အမေရိကန် ဟာဝိုင်အီကျွန်းတို့ ဖြစ်ကြသည်။

နာရိတာ လေဆိပ်ကိုလည်း ပိတ်ထားရပြီး၊ ဖူကူရှီးမားတွင် အိမ်ခြေ ၄ သန်းခန့် မီးပျက်နေသည်။ အဓိက လျှပ်စစ်ဓာတ်အားပေးသည့် စက်ရုံမှာ မီးလောင်ကျွမ်းလျက်ရှိပြီး၊ ပျက်စီးဆုံးရှုံးမှု နည်းနိုင်သမျှ နည်းအောင် လုပ်ဆောင်ရန် လိုအပ်ကြောင်း ဂျပန်ဝန်ကြီးချုပ်က ပြည်သူများကို တိုက်တွန်းထားသည်။

ငလျင်ပြင်းအား ၈.၈ မဂ္ဂနီကျူ လှုပ်ခတ်ခဲ့ပြီးနောက် ဆူမီနာ ဒဏ်ခံနေရသော ဂျပန်။ (ဓါတ်ပုံ - AFP)

ငလျင်ပြင်းအား ၈.၈ မဂ္ဂနီကျူ လှုပ်ခတ်ခဲ့ပြီးနောက် ဆူမီနာ ဒဏ်ခံနေရသော ဂျပန်။ (ဓါတ်ပုံ - AFP)


ဂျပန်စံတော်ချိန် ည ၉ နာရီ၊ တိုကျို အခြေအနေ
ဒေါက်တာမင်းညို( Burma Office Japan)
“ အခု ပြောနေရင်းနဲ့ နည်းနည်း ထပ်လှုပ်လာတယ်။ အပြင်မှာ အခုဆိုရင် လမ်းမမှာ လူတွေအပြည့်ပဲ။ ကားတွေလည်း တလက်မချင်း ရွေ့နေတာ တကယ်လို့ အကြီးအကျယ် ထပ်လှုပ်လို့ ပြေးမယ်ဆိုရင်တောင် ပြေးစရာမရှိဘူး။ တိုကျို ၁ဝ နေရာလောက်မှာ မီးတွေလောင်နေတယ်။ ငလျင်လှုပ်ပြီးရင် အခန်မသင့်ရင် ဂက်စ်အိုးတွေ ပေါက်တတ်တော့ အခု ကျနော်တို့ ရှီဘူမှာဆိုရင် ဂက်စ်အိုးတွေသိမ်းတဲ့နေရာပေါ့ အဲဒီမှာပေါက်ကွဲပြီး မီးလောင်နေတယ်။ ကျနော် ရောက်တာ အနှစ် ၃ဝ ရှိပြီ တခါမှ ဒီလောက်ပြင်းတဲ့ ငလျင်မျိုး တခါမှ မကြုံဘူးဖူး။ ကျနော်တို့ အဆောက်အဦးမှာ ရှိတဲ့သူတွေ ဘယ်သူမှပြန်လို့မရဘူး။ ရထား၊ ဘတ်စကားတွေပိတ်ထားလို့၊ Taxi လည်းရနိုင်မယ်မထင်ဘူး။ ဒီမှာပဲ တညလုံးနေရတော့မှာပဲ။ အသေအပျောက် စာရင်းတွေလည်း တိုးလာတယ်။ ၄ဝ ကျော်ပြီ”
ဒေါက်တာ မင်းညို
"ကျနော်တို့ သိသလောက်တော့ မီယာဂီမှာက မြန်မာတွေ မရှိသလောက်ပါပဲ။ တကယ်လို့ ရှိတယ်ဆိုရင်တော့ ၂ ရက်လောက်မှပဲ အခြေအနေ သိရမယ်။ မီယာဂီက တိုကျိုနဲ့နီးတော့ ပြင်းပြင်းထန်ထန် ၂ ခါ လှုပ်တယ်။ ကျနော်တို့ ထိုင်ကိုနေလို့မရဘူး။ စားပွဲခုံတွေနဲ့ ဝေးတဲ့ နေရာ ထွက်ရပ်နေရတယ်။ တရုံးလုံး ဘယ်သူမှ မပြန်ကြဘူး။ ထမင်းစားစရာတောင် မရှိမှာစိုးလို့ ၆ နာရီလောက်က စတိုးမှာ သွားဝယ်တာတောင် လူ ၁ဝဝ လောက် တန်းစီဝယ်နေရတယ်။ အခုလောက်ဆို ရှိမှာတောင် မဟုတ်တော့ဘူး။ အစိုးရကိုယ်တိုင်က မပြန်ပါနဲ့၊ ကိုယ်ရှိတဲ့ အလုပ်နေရာမှာပဲ နေပါလို့ ပြောနေတယ်။ ညဘက်တော့ ရုံးမှာပဲ ရှိတဲ့ စားပွဲးကုလားထိုင်နဲ့ပဲ အိပ်ကြရမှာပေါ့”
ဦးဘုန်းလှိုင်
“ကျနော်တို့ တိုကျိုမြို့ပေါ်မှာ တော့ ကားလမ်းတွေ ပိတ်ကုန်ပြီ။ ရထားတွေလည်း ရပ်ကုန်ပြီ။ ကျနော်လည်း လမ်းမှာ ကိုးလိုးကန့်လန့်နဲ့ အိမ်ပြန်ဖို့ ကားလည်း မရှိ၊ တက္ကစီလည်း ငှားလို့ မရနဲ့ အလုပ်ကိုလည်း ဆက်သွားလို့ မရဘူး ဖြစ်နေတယ်”

“အထိအခိုက်ကတော့ ဒီမှာ ဘာမှ ဒီလောက်မရှိသေးဘူး”

“ကျနော်တို့လိုမျိုး ဒီမြို့မှာရှိတဲ့ အလုပ်သွား အလုပ်လာတွေတော့ တော်တော် ဒုက္ခရောက်ကုန်လိမ့်မယ်။ ဒီမှာ မြန်မာတွေက ၆ ထောင်နဲ့ ၇ ထောင်ကြားမှာ ရှိတယ်”
ဦးသန်းဆွေ
“ကျနော်တို့လည်း အခု ဘက်စ်ကားတွေ ဂျန့်ဖြစ်နေတာ၊ မြေပေါ်၊ မြေအောက် ရထားလိုင်းတွေ ရပ်ထားတာနဲ့ လမ်းမှာပဲ ကားထဲမှာပိတ်မိနေတယ်။ အလုပ်ကို ဆက်သွားလို့မရသလို အိမ်ကိုပြန်ဘို့လည်း အခက်အခဲဖြစ်နေတယ်”

“ဖုန်းလိုင်းတွေကလည်း ဒီနိုင်ငံအတွင်းမှာ ဆက်သွယ်လို့မရဘူးဖြစ်နေတယ်။ ကျနော်တို့လည်း ငလျင်လှုပ်လှုပ်ခြင်း ၂ နာရီ ၄ဝ လောက်မှာပဲ အိမ်ကိုပြန်ဆက်သွယ်တယ်မရဘူး။ အခု လမ်းကြောပိတ်မိနေတာ ၄ နာရီလောက်ရှိပြီ ထွက်လို့မရဘူးဖြစ်နေတယ်။ လမ်းပေါ်မှာတော့ ကားတွေပိတ်မိနေတာ အများကြီးပဲ။”

“ကျနော်တို့ ဒီတိုကျိုမြို့နဲ့ အနီးတဝိုက်က မြို့တွေက ဒီမှာပဲအလုပ်လာလုပ်ကြတာဆိုတော့ အခုလိုလိုင်းတွေပိတ်လိုက်တဲ့အခါ သူတို့လည်း ပြန်လို့၊ သွားလို့ မရဘူးဖြစ်နေတယ်။”
ကိုမြတ်သူ
“ ကျနော်တို့ အလုပ်ဆိုင်မှာ ဖန်ခွက်တွေဘာတွေ အကုန်လုံး ကွဲကျကုန်တယ်။ ပန်းကန်တွေဘာတွေ ကွဲကျကုန်တယ်၊ ကျနော်က တိုကျိုမြို့ ရှီဘူယာမှာ အလုပ်လုပ်တာဗျ။ တချို့ဆိုင်တွေဆိုလည်း မဖွင့်တော့ဘူးပေါ့။ ဓာတ်လှေကားတို့ ဘာတို့ဆိုရင်လည်း ရပ်ထားလိုက်တယ် မသုံးတော့ဘူးလေ၊ အန္တရယ်ရှိမှာစိုးလို့။ လူတွေက သွားလိုက်လာလိုက်နဲ့ အပြင်မှာ ရှိတယ်။ ရထားတွေအကုန်လုံး ရပ်သွားပြီးတော့ တော်တော်နဲ့ ပြန်ပြေးဖို့ မလွယ်တော့ဘူးနဲ့ တူတယ်။ ဘာလို့ဆို သံလမ်းတွေ ပြန်ဖြစ်ဖို့အတွက် အချိန်ကြာဦးမယ်နဲ့ တူတယ်”

“ကျနော် ဒီဂျပန်ရောက်တာ အနှစ်၂ဝ လောက် ရှိပြီ။ ဒါလောက် ပြင်းတာ ပထမဆုံးပဲ”

“လိုင်းဖုန်းလောက်ပဲရတယ်။ ဟန်းဖုန်းတွေ တခုမှ သုံးမရတော့ဘူးခင်ဗျ။ ဟော … ဟော အခုပြောနေတုန်းမှာ ထပ်လှုပ်တယ်ဗျ၊ သိသိသာသာပဲ။ ကျနော်က ၉ ထပ်မှာဆိုတော့ သေးသေးလေးတွေကတော့ တောက်လျှောက် မပြတ်ဘူးခင်ဗျ”

တဆင့်ကူးယူဖော်ပြပါသည်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel ဂျပန်ဆူနာမီနှင့် တိုကျိုရှိ မြန်မာများ ini dipublish oleh shwelannwelanwinkyi pada hari Friday, March 11, 2011. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan ဂျပန်ဆူနာမီနှင့် တိုကျိုရှိ မြန်မာများ
 

0 comments: