ရှမ်းပြည်အရှေ့ပိုင်းငလျင် နောက်ဆုံးရ သတင်းများ


Friday, March 25, 2011
ရှမ်းပြည်အရှေ့ပိုင်းငလျင် နောက်ဆုံးရ သတင်းများ
စစ်အစိုးရမီဒီယာများ၏ ယခုကြေညာသွားချက်အရ ရှမ်းပြည်အရှေ့ပိုင်း ငလျင်ကြောင့် ၆၃ ဦးသေ၊ ၁၀၆ ဦး ဒဏ်ရာရ၊ အိမ်အလုံး ၃၉၀၊ ဘုန်းကြီးကျောင်း ၁၄ ကျောင်းနှင့် ဌာနဆိုင်ရာ အဆောက်အအုံ ၉ လုံးတို့ ပျက်စီး
ကြောင်း သိရသည်။

ရှမ်းပြည်အရှေ့ပိုင်းတွင် ဗဟိုပြုသော ငလျင်ကြောင့် ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ ချင်းဆန်မြို့ရှိ ဘုရား ၄ ဆူလည်း ပြိုလဲခဲ့သည်။ ပုံတွင် ထို ၄ ဆူထဲမှ တဆူ ပြိုလဲနေသည်ကို မြင်ရစဉ်။ (ဓာတ်ပုံ - AFP)

x x x x x x x x x x x

ထပ်မံအတည်ပြုနိုင်တဲ့ သတင်းများအရ ငလျင်ကြောင့် မြန်မာပြည်ဘက်မှာ သေဆုံးသူ ၅၀ အထိ ရှိလာပြီလို့ သိရပါတယ်။ ဒဏ်ရာရသူက ၄၀ လောက် ရှိပါတယ်။

ကျိုင်းတုံမြို့၊ တာလေမြို့နယ်အတွင်းမှာရှိတဲ့ လားဟူ ခရစ်ယာန်ဘုရားကျောင်း ပြိုကျမှုကြောင့် ငလျင်ဒဏ်ခိုလှုံဖို့ ရောက်လာသူတွေလည်း သေဆုံးမှုရှိတယ်လို့ ဆိုပါတယ်။ ဘယ်နှဦး ထိခိုက် သေဆုံးတယ် ဆိုတာကို မသိရသေးပါဘူး။

ထိုင်းစံတော်ချိန် ၁၂ နာရီ ၂၀ မိနစ်မှာ တက်လာတဲ့ သတင်းတွေအရ ငလျင်ကြောင့် ၆၀ ကျော်သေပြီး ၉၀ ကျော် ဒဏ်ရာရတယ်ဆိုပြီး မြန်မာ အရာရှိတဦးကို ကိုးကား ဖော်ပြထားပါတယ်။ အဆောက်အအုံ ၂၄၀ လောက်ပြိုကျကြောင်းလည်း သိရပါတယ်။

“တာလေ၊ မိုင်းလင်းနဲ့ တာချီလိတ် မြို့နယ်တွေမှာ သေဆုံးသူ ၆၀ ကျော်နိုင်ပါတယ်၊ ၉၀ လောက် ဒဏ်ရာရပါတယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေက ဒဏ်ခံရတဲ့ ဒေသတွေကို ရောက်နိုင်အောင် ကြိုးစားနေပါတယ်။ ခုထိ မရောက်နိုင်သေးတဲ့ နေရာတွေ ရှိနေပါတယ်” လို့ အဆိုပါအရာရှိက ပြောပါတယ်။

(နောက်ဆုံးရ အချက်အလက်များကို ဆက်လက် ဖော်ပြပါမည်)
တဆင့်ကူးယူဖော်ပြပါသည်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel ရှမ်းပြည်အရှေ့ပိုင်းငလျင် နောက်ဆုံးရ သတင်းများ ini dipublish oleh shwelannwelanwinkyi pada hari Friday, March 25, 2011. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan ရှမ်းပြည်အရှေ့ပိုင်းငလျင် နောက်ဆုံးရ သတင်းများ
 

0 comments: