တိုကျိုမီးသတ်က နံပတ် ၃ ဓာတ်ပေါင်းဖိုကို ၇ နာရီကြာ ရေပက်ဖျန်းခဲ့



တိုကျိုမီးသတ်က နံပတ် ၃ ဓာတ်ပေါင်းဖိုကို ၇ နာရီကြာ ရေပက်ဖျန်းခဲ့
Posted by admin on March 19, 2011 0 Comment



photo by: http://focus-fen.net/?id=n244913



နံပတ် ၃ ဓာတ်ပေါင်းဖိုကို ရေပက်ဖျန်းမှုကို တိုကျိုမီးသတ်က ၇ နာရီကြာ လုပ်ခဲ့တယ်လို့သိရပါတယ်။ အခက်အခဲမရှိ လုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဖူကူရှီးမားအမှတ် ၁ ဓာတ်အားပေးစက်ရုံကနေ ကီလိုမီတာ ၂၀ ကနေ ၃၀ အတွင်းနေထိုင်ကြသူတွေ ရေဒီယိုဓာတ် သတ္တိကြွမှုကြောင့် ရောင်ခြည်သင့်ခံရမှုကနေ ရှောင်လွှဲနိုင်စေဖို့ ဆောင်ရန်နည်းလမ်းတွေကို ညူကလီယားနဲ့ စက်မှုလုပ် ငန်းဘေးအန္တရာယ်ကာကွယ်ရေးအေဂျင်စီက ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

- အပြင်သွားတဲ့အခါ လမ်းလျှောက်သွားမျိုးထက် မော်တော်ကားနဲ့သွားတာမျိုးကိုလုပ်ပါ။

- အပြင်ထွက်လျှင် မျက်နှာဖုံးစွပ်ပြီးသွားပါ။

- ခန္ဓာကိုယ်ရဲ့အသားအရေကို ထိတွေ့ခြင်းမရှိစေရန် အင်္ကျီလက်ရှည်ဝတ်ပါ။

- မိုးရေမစိုပါစေနဲ့လို့

အဲန်အိပ်ခ်ျကေ ၁၅း၀၀ နာရီသတင်းမှာ ကြေညာသွားပါတယ်။

ကျော်ကျော်စိုး

၁၅း၁၃ နာရီ

မတ်လ ၁၉ ရက် ၂၀၁၁ ခုနှစ်
နေ့သစ် သတင်းအား ကူးယူဖော်ပြပါသည်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: