နောက်ထပ် အင်အားပြင်းငလျင် လာနိုင်ဟု သတိပေး

နောက်ထပ် အင်အားပြင်းငလျင် လာနိုင်ဟု သတိပေး
မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ မတ်လ ၂၅ ရက် ၂၀၁၁ ခုနှစ် ၁၃ နာရီ ၄၉ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။ ။ အင်အားပြင်း ငလျင်တခု ကြာသာပတေးနေ့ညက လှုတ်ခတ်သွားပြီးနောက် ငလျင်ဒဏ်ခံခဲ့ရသော ဒေသတခုဖြစ်သည့် တာချီလိတ်တွင် နောက်ထပ် ငလျင်အန္တရာယ် သတိပေးချက်အား အာဏာပိုင်များက သောကြာနေ့မွန်းလွဲပိုင်းတွင် ထုတ်ပြန်လျက်ရှိသည်။

“ နောက် ၆ နာရီအတွင်း သတိထားနေဖို့၊ ငလျင်ထပ်လှုပ်နိုင်တယ်လို့ ပြောနေတယ်။ ” ဟု မြို့နယ်အာဏာပိုင်များက ကားဖြင့် လိုက်လံကြေညာလျက်ရှိသည်ဟု ဒေသခံတဦးက မဇ္ဈိမသို့ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီတွင် ပြောသည်။

လူ ၅ဝ ခန့် နေအိမ်မပြန်သေးဘဲ ယမန်နေ့ညက တိမ်းရှောင်ခဲ့သော ရှမ်းရိုးမကွင်းထဲတွင် ဆက်လက်ရှိနေသေးသည်ဟု ပြောသည်။

တာချီလိတ်မြို့နယ်အောက်ရှိ တာလီတွင် ငလျင်ဒဏ် ဆိုးဝါးစွာခံရပြီး အနည်းဆုံး ၄ဝ ခန့် သေဆုံးသည်ဟု အရာထမ်းတဦးက ပြောသည်။


တဆင့်ကူးယူဖော်ပြပါသည်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel နောက်ထပ် အင်အားပြင်းငလျင် လာနိုင်ဟု သတိပေး ini dipublish oleh shwelannwelanwinkyi pada hari Friday, March 25, 2011. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan နောက်ထပ် အင်အားပြင်းငလျင် လာနိုင်ဟု သတိပေး
 

0 comments: