အခြေခံစာတတ်မြောက်ရေးလှုပ်ရှားမှု ပြည်သူ့အောင်ပွဲအခမ်းအနားကျင်းပ




မကွေး   မေ     ၁၅
          မကွေးတိုင်းဒေသကြီး အခြခံစာတတ်မြောက်ရေးလှုပ်ရှားမှု ပြည်သူ့အောင်ပွဲ အခမ်းအနားအား မေလ(၁၅)ရက်နေ့ နံနက်(၉)နာရီက မကွေးတက္ကသိုလ် ဘက်စုံခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေမှ အဖွင့်အမှာစကားပြောကြားပြီး မကွေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေးကျော်မှ လုပ်အားပေးကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုစကားပြောကြားပါသည်။

          ဆက်လက်၍ ၂၀၁၄-ခုနှစ်၊အခြေခံစာတတ်မြောက်ရေးတွင် လုပ်အားပေးသွားရောက်ခဲ့သည့် ကျောင်းသူတစ်ဦးက လုပ်အားပေးအတွေ့အကြုံများ ရှင်းလင်းပြောကြားပြီး အခြေခံစာတတ်မြောက်ရေးတွင် သင်ယူခဲ့သည့် နတ်မောက်မြို့နယ်မှ ပြည်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားပါသည်။

          ထို့နောက် ၂၀၁၄-ခုနှစ် အခြေခံစာတတ်မြောက်ရေးလုပ်အားပေးသွားရောက်ခဲ့သည့် ကျောင်းသား/ ကျောင်းသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေမှ ဂုဏ်ပြုလက်မှတ်များပေးအပ်ချီး မြှင့်ပြီး အခြေခံစာတတ်မြောက်ရေးတွင် စာတတ်မြောက်သွားသည့် သင်ယူသူများကိုယ်စား မင်းဘူးမြို့နယ်နှင့် နတ်မောက်မြို့နယ်များမှ သင်တန်းသူတစ်ဦးစီအား သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

          အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာ ၀န်ထမ်းများ ၊မကွေးတက္ကသိုလ်မှ ဆရာ/ဆရာမများနှင့် လုပ်အားပေး သွားရောက်ခဲ့သည့် ကျောင်းသား/ကျောင်းသူ(၃၇၁)ဦးနှင့် ၊ အခြေခံစာတတ်မြောက်ရေးတွင် စာတတ်မြောက်သွားသည့် မင်းဘူးမြို့နယ်နှင့် နတ်မောက်မြို့နယ်များမှ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
တင်ထွန်းဦး
သတင်းပေးပို့သူ    -    ဦးတင်ထွန်းဦး(တိုင်းဒေသကြီးပြန်/ဆက်)

စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။

ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်စာတွင် ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း) ဖောင့်ဖြင်သာ မေးလ်ဖြင့်ပို့ပါခင်ဗျာ
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) ပါ ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ။)

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: