``မကွေးမြို့မီဒီယာဆန္ဒပြပွဲ၌ သတင်းယူသော သြစတြေးလျ နိုင်ငံသားတစ်ဦး ပြည်နှင်ဒဏ်ပေးခံရ´´




၂၀၁၄၊ မေ(၇)ရက်နေ့တွင်  မကွေးမြို့မီဒီယာဆန္ဒပြပွဲ၌ သတင်းယူသော သြစတြေးလျနိုင်ငံသားတစ်ဦးကို မေ(၈)ရက်နေ့မှာ မြန်မာပြည်မှ ထွက်ခွါသွားရန် ပြည်နှင်ဒဏ်ပေးခံရကြောင်း သက်ဆိုင်ရာမှ သတင်း ထုတ်ပြန် ချက်အရ သတင်းရရှိသည်။

          သြစတြေးလျ နိုင်ငံသား Mr. Angus Roberts Watson သည်  (Passport No. 8993681.  Visa No. 03986) နှင့် မြန်မာပြည်တွင်းသို့ ၂၀၁၄ ဧပြီ(၂၃)ရက်မှ ဇူလိုင်(၂၂)ရက်နေ့အထိ သုံးလအတွင်း (Business) စီပွားရေးကိစ္စအထောက်အထားဖြင့် လာရောက်ခြင်းဖြစ်ကြောင်း၊ မကွေးမြို့သို့ မေ(၇)ရက်နေ့ နံနက်ပိုင်းတွင် ရောက်ရှိ၍ မကွေးမြို့၊ နတ်မောက်လမ်းရှိ ထိန်ထိန်သာ ဟိုတယ်၌ တည်းခိုကြောင်းသိရသည်။

          ၎င်း သြစတြေးလျနိုင်ငံသား Mr. Angus Roberts Watson နှင့်အတူ ရန်ကုန်အခြေစိုက်ရုံးDVB သတင်းထောက် ဦးဇေယျ တို့နှင့်ရောက်ရှိလာပြီး မေ(၇)ရက်နေ့တွင်  မကွေးမြို့မီဒီယာဆန္ဒပြပွဲ၌ အစ အဆုံးလိုက် လံ သတင်းယူကြောင်း သိရှိရသည်။ နိုင်ငံခြားသားသတင်းထောက်အကြောင်းကို DVB သတင်းထောက် ဦးဇေယျ ကိုမေးမြန်းကြည့်ရာ..

`` သြစတြေးလျ နိုင်ငံသားပါ၊ DVB ကပါ၊ သူက ဟိုဒင်းလေ ကိုဇော်ဖေရဲ့ Documentary (အထောက်အထား) လာရိုက်တာ၊ လူ့အခွင့်အရေးအဖွဲ့ကပါ..။´´ ဟု  ဦးဇေယျ ကပြောသည်။

 ၎င်းနိုင်ငံခြားသားကို ဆန္ဒပြသူများက ခေါ်ယူစုရုံးပြီး ဆိုင်းဘုတ်တစ်ခုကိုင်စေ၍ အမှတ်တရဓာတ်ပုံရိုက် ယူခဲ့ကြကြောင်း၊ သူသည် မီဒီယာဆန္ဒပြအဖွဲ့၏ လမ်းကြောင်း အစ/အဆုံး သတင်းမှတ်တမ်းတင်နေကြောင်း သတင်းရရှိသည်။

          မေ(၈)ရက်နေ့ညပိုင်းတွင် Mr. Angus Roberts Watson ကို ဗီဇာစည်းကမ်းဖောက်ဖျက်၍ မြန်မာပြည်မှ ထွက်ခွါသွားရန် ပြည်နှင်ဒဏ် ပေးခံရကြောင်း၊ သက်ဆိုင်ရာမှ သတင်း ထုတ်ပြန်ချက်အရ သတင်းရရှိသည်။

ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀


စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။

ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
 
http://magwaymedia.blogspot.com
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်စာတွင် ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း) ဖောင့်ဖြင်သာ မေးလ်ဖြင့်ပို့ပါခင်ဗျာ
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) ပါ ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ။)


 

0 comments: