၂၀၁၄-ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေနှင့်စပ်လျဉ်းသည့် အခွန်းဆိုင်ရာ ရှင်းလင်းပွဲကျင်းပ




မကွေး       မေ        ၃၀
          နိုင်ငံတော်က ခေတ်စနစ်နဲ့လိုက်လျောညီထွေပြဌာန်းထားတဲ့ ဥပဒေ၊နည်းဥပဒေ၊စည်းမျဉ်း၊အမိန့်ကြော် ငြာစာများနှင့်အညီ နိုင်ငံတော်အတွက် ရသင့်ရထိုက်တဲ့ အခွန်အကောက်များ ပြည့်မီကျော်လွန်စွာ ကောက်ခံ ရရှိရေးမှာ အခွန်ဝန်ထမ်းများနှင့် အခွန်းထမ်းပြည်သူများအကြား နားလည်မှု လွဲမှားခြင်းမရှိစေဘဲ ပြေလည်စွာ ဆက်ဆံကြပြီး အခွန်ထမ်းပြည်သူများက နိုင်ငံတော်အတွက် အခွန်ငွေများကို လိုလားကြည်ဖြူစွာ ပေးဆောင် လာစေရန်နှင့် ဘဏ္ဍာငွေရရှိရေးအတွက်ဖြစ်သော်လည်း အခွန်ကောက်ခံခြင်းဖြင့် ငွေကြေးဖောင်းပွမှုကို  ကြီးကြပ်ထိန်းကွပ်ခြင်း၊ဈေးနှုန်းတည်ငြိမ်မှုအတွက် တစ်ဖက်တစ်လမ်းမှ အထေက်အပံ့ဖြစ်စေခြင်း၊ ဓနအင်အား မျှတစေခြင်း၊စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုစေခြင်း စသည် ရည်ရွယ်ချက်များဖြင့် ၂၀၁၄-ခုနှစ် ၊ပြည်ထောင်စု၏အခွန်အကောက်ဥပဒေနှင့်စပ်လျဉ်းသည့် အခွန်ဆိုင်ရာရှင်းလင်းပွဲအခမ်းအနားကို မကွေးတိုင်းဒေသကြီး ပြည်တွင်းအခွန်းများဦးစီးဌာနမှ ကြီးမှု၍ မေလ(၃၀)ရက်နေ့ နံနက်(၉)နာရီအချိန်က မကွေးမြို့ အဆင့်မြင့် မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာအခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေမှ အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးကျော်ရဲထွန်းမှ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ၊တည်ဆဲဥပဒေများနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခဲ့ပါသည်။


          ထို့နောက် မကွေးမြို့နယ် အခွန်ဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးရွှေမိုးမှ တံဆိပ်ခေါင်းခွန် ဆိုင်ရာဥပဒေများကို ရှင်းလင်းပြောကြားပြီး အခွန်ဆိုင်ရာရှင်းလင်းပွဲသို့ တက်ရောက်လာကြသူများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။


          အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ ၊အခွန်ထမ်းပြည်သူများ အင်အား (၄၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

တင်ထွန်းဦး
သတင်းပေးပို့သူ    -    ဦးတင်ထွန်းဦး(တိုင်းဒေသကြီးပြန်/ဆက်)
ဖုန်း                        0933248014
မှတ်ပုံတင်အမှတ်          ၈/ပဖန(နိုင်)၀၆၉၉၇၈

 

0 comments: