၂၀၁၄၊ မေ(၉)ရက်နေ့တွင် မကွေးမြို့နယ်
ကြာကန်ကျေးရွာ၌ သိမ်းဆည်းခံယာမြေပိုင်ရှင် တောင်သူ များက မေ(၂၁)ရက်နေ့မှာ ဆန္ဒပြခွင့်ရရှိရန်
လျှောက်ထားခဲ့ကြောင်း လျှောက်ထားသူ ကြာကန်ကျေးရွာသား ကဗျာဆရာ ကိုဇော်မင်းထိုက်ထံမှ
သတင်းရရှိသည်။
``ဒီနေ့ မေ(၉)ရက်နေ့က မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူးဆီကို
သိမ်းဆည်းထားတဲ့ လယ်ယာမြေများ လျော်ကြေးအမြန် ပေးရေး ဆန္ဒထုတ်ဖော်ခွင့် တင်ခဲ့ပါတယ်။
မေ(၂၁)ရက်နေ့ နံနက်(၉)နာရီကနေ နေ့(၁၁)နာရီအထိ အင်အား (၂၀၀)ဦးနဲ့ တင်ထား တယ်။ အဲဒီနေ့
ခွင့်ပြုမိန့် ရရ မရရ ဆန္ဒပြကြမှာပါ။´´ဟု ကိုဇော်မင်းထိုက် က ပြောသည်။
အဆိုပါ ကြာကန်ကျေးရွာအုပ်စုရှိ သိမ်းဆည်းခံယာမြေတောင်သူများ၏ ယာမြေများကို
မကွေး-နတ်မောက် မြန်မာ့မီးရထားလမ်းဖောက်လုပ်ခြင်း၊ ရေနံသဘာဝဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းခြင်း
လုပ်ငန်းများမှ အသုံးပြုရန် သိမ်းဆည်းခဲ့သော ယာမြေများအတွက် ယနေ့အထိ လျော်ကြေးငွေများမရကြောင်း၊
ထို့ကြောင့် မေ(၂၁)ရက် နေ့မှာ သက်ဆိုင်ရာမှ ခွင့်ပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ တောင်သူအင်အား
နှစ်ရာဦးခန့်ဖြင့် ဆန္ဒထုတ်ဖော်ကြ မည်ဖြစ်ကြောင်း ကိုဇော်မင်းထိုက်က ထပ်မံရှင်းပြသည်။
ဝိုင်းကြည်အောင်
မကွေးမြို့၊
ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။
ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
https://www.facebook.com/myaylatmedia
0 comments:
Post a Comment