အများပြည်သူ ဒစ်ဂျစ်တယ်စာကြည့်တိုက် စက်များတပ်ဆင်ဖွင့်လှစ်




မကွေး     မေ     ၂၁
          အများပြည်သူကို ဗဟိုပြု ၀န်ဆောင်မှုပေးသောအနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာနမှ ပြည်သူအများ အချိန်ပြည့် အသိပညာဗဟုသုတများ တိုးပွားရရှိစေရန် ရည်ရွယ်၍ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အသွင်း သဏ္ဍာန်အမျိုးမျိုးဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူအများ လူစည်းကားရာနေရာများ(သို့မဟုတ်) အချိန်စောင့်ဆိုင်း၍နေရသော နေရာများတို့တွင် B00k Corner စာပေရေချမ်းစင်ကြီးများ၊Mini Book Corner စာပေရေချမ်းစင်အငယ်များအား တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်နှင့် ကျေးရွာများအထိ ဖွင့်လှစ်ပေးလျက်ရှိသည်။

          ဆက်လက်၍ ခေတ်မီနည်းပညာများဖြင့် တိုးတက်လျက်သော ယနေ့ လူနေမှုအဆင့်အတန်းနှင့်အညီ ခရိုင်ရုံးစိုက်ရာမြို့နယ်များတွင် Free Wifi များတပ်ဆင်ဖွင့်လှစ်ပေးထား၍ အင်တာနက်ကို ပြည်သူများ အခမဲ့ အချိန်ပြည့် အသုံးပြုနိုင်အောင်ဆောင်ရွက်ပေးလျက်ရှိရာမှ ထပ်မံ၍ Public Digital Library Service  စက်များ တိုးမြှင့် တပ်ဆင်ဖွင့်လှစ်ပေးလျက်ရှိသည်။

          မကွေးခရိုင်ရုံတွင် တပ်ဆင်ထားသည့်  Public Digital Library Service စက်မှာ စာအုပ်ပေါင်း (၆၁၁၈)အုပ်အား ဘာသာရပ်အလိုက်ခွဲ၍ ထည့်သွင်းပေးထားပြီး အင်တာနက်လိုင်းတပ်ဆင်ရန်မလိုဘဲ Mobile Device ဖြစ်သည့် Lap top , ipad, Tablet, Android phone များနှင့် Note book များရှိ Wifi switch ကို on ထား၍ အသုံးပြုနိုင်သည်။ Download Access နှင့် Read-only Access ပေးထားသောစာအုပ်(၂)မျိုး သတ်မှတ် ထားရှိပြီး မိမိဖတ်ရှုလိုသောစာအုပ်များကို Download လုပ်၍ အားလပ်သည့်အချိန်မှ ဖတ်ရှုနိုင်သည်။ စက်တပ် ဆင်ထားသည့်နေရာမှ အတားအဆီးမရှိပါက မီတာ(၆၅၀) အတွင်း Wifi စနစ်အသုံးပြု၍ စာအုပ်များ ဖတ်ရှုနိုင် ရန် ဆောင်ရွက်ပေးထားကြောင်းသိရှိရသည်။

တင်ထွန်းဦး
သတင်းပေးပို့သူ    -    ဦးတင်ထွန်းဦး(တိုင်းဒေသကြီးပြန်/ဆက်) 

စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။

ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်စာတွင် ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း) ဖောင့်ဖြင်သာ မေးလ်ဖြင့်ပို့ပါခင်ဗျာ
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) ပါ ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ


Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: