မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်အတွင်းရှိ
ပွင့်ဖြူမြို့နယ်တွင် နွေစပါးစိုက်ခင်းများ၌ ရွက်လိပ်ပိုးနှင့် ရွက်ကပ်ပိုးများကျရောက်နေ၍
ယခုနှစ် စပါးအထွက်နှုန်းကျဆင်း နိုင်သည်။
ပွင့်ဖြူမြို့နယ် လယ်လှကုန်းကျေးရွာ၊ဥယျာဉ်ကျေးရွာ၊ဘိုးကုန်းကျေးရွာ၊အင်းဒေါင်းကျေးရွာနှင့်
သာဂရ ကျေးရွာတို့ ၀န်ကျင်ရှိ နွေစပါး စိုက်ခင်းများတွင် ရာသီဥတု ပူပြင်းလွန်း၍ ရွက်လိပ်ပိုးနှင့်ရွက်ကပ်ပိုးများ
ကျရောက်လျက်ရှိရာ စပါးပင်များ၏ အရွက်များသည် အ၀ါရောင်သန်းလာရာမှ ခြောက်သွေ့သွားပြီး
ယင်းပိုးများသည် အခြားနီးစပ်ရာ စပါးခင်းများသို့ လျင်မြန်စွာကူးလျက်ရှိသည်။
မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများမှလည်း
ပိုးများကျရောက်ရာ နွေစပါးစိုက်ခင်းများသို့ ကွင်းဆင်းသွားရောက်၍ တောင်သူများနှင့်
တွေ့ဆုံကာ ကာကွယ်နှိမ်နှင်းရေးအသိပညာပေးလုပ်ငန်းများဆောင် ရွက်လျက်ရှိရာ စိုက်ပျိုးရေးတာဝန်ရှိသူတစ်ဦးမှ
ယခင်နှစ်များက မကျရောက်ဘူးကြောင်း၊ယခုနှစ် ရာသီဥတုပူ ပြင်းလွန်းတာနှင့် စပါးစိုက်တောင်သူများကလည်း
စပါးခင်းများအတွင်းမှ ပေါင်းမြက်များ နှိမ်းနင်းမှု အားနည်း ပြီး ဖြစ်ပွားရခြင်းဖြစ်ကြောင်း၊ရွက်လိပ်ပိုးနှင့်
ရွက်ကပ်ပိုးများကို ပင်လုံးပြန့် အာနိသင်ရှိသော ဆေးများဖြစ်သည့် ဂလိုဆိုဒ်၊ အဆီဖိတ်နှင့်
ပါဒန် ဆေးများဖြင့် ကာကွယ် နှိမ်းနင်း၍ ရကြောင်း ယခုနှစ် နွေစပါး အထွက်နှုန်း အနည်းငယ်
ကျဆင်းသွားနိုင်ကြောင်း နှင့် စလင်းမြို့နယ် လင်းဇင်း ဆည်ရေသောက်များမှ မကျီးပင်ပု
ကွင်းများတွင်း ယင်းပိုးများကျရောက်လျက်ရှိကြောင်း ပြောပြချက်အရ သိရှိရသည်။
တင်ထွန်းဦး
သတင်းပေးပို့သူ - ဦးတင်ထွန်းဦး(တိုင်းဒေသကြီးပြန်/ဆက်)
စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။
ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
https://www.facebook.com/myaylatmedia
0 comments:
Post a Comment