`မီးဘေးရှောင် မလောင်ခင်တား ဆိုသော်လည်း´

`မီးဘေးရှောင် မလောင်ခင်တား ဆိုသော်လည်း´
မကွေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး နှင့်(၁၁-၃-၂၀၁၂) နေ့တွင် မကွေးမြို့စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်မှာ တွေ့ခဲ့ပါသည်။ မီးသတ်ယာဉ်ကားကြီးတစ်စင်း နှင့် မီးသတ်ရဲဘော်များ ၀တ်စုံပြည့်ဖြင့်တွေ့ရ၏။ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး မှ ဤ ဆိုင်မှာ မီးငြှိမ်းသတ်မှု လက်တွေ့ သရုပ်ပြပွဲကျင်းပပြီးသွားကြောင်း၊ `သတင်းမီဒီယာ သမားများက ရောက်လာတာနောက်ကျသွားတယ်..။ ဒီလို မီးဘေးတားဆီးရေးအတွက် မီးသတ်စွမ်းရည် သရုပ်ပြပွဲသတင်းများကို ဂျာနယ်များမှာ ထည့်ပေးစေချင်တယ်..။ ´ ဟု ပြောဆိုပါသည်။ ထို့နောက် ယင်း ပုဂ္ဂလိက စက်သုံးဆီဆိုင် မှ တာဝန်ရှိသူ တစ်ဦးအားခေါ်ပြီး သတင်းသမားများကို စောစောက လက်တွေ့သရုပ်ပြ ရိုက်ထားတဲ့ သတင်းဓာတ်ပုံများ၊ အချက်အလက်များအား ပေးရန်ပြောဆိုခဲ့၏။ ထို့ကြောင့် နောက်နေ့မှာ ယင်း စက်သုံးဆီဆိုင် သို့ သတင်းဓာတ်ပုံသွား တောင်းသောအခါ မရခဲ့ပါ။ စာရေးသူ အိမ်သို့ပို့ပေးမည်ဟု ပြော၍ လိပ်စာ နှင့် ဖုန်းနံပါတ်များ ပေးထားခဲ့ပါ၏။ လုံးဝပို့မပေးပါ။ ယင်း ကာလ(၃)ရက်အကြာတွင် မကွေးမြို့ပေါ်မှ စက်သုံးဆီဆိုင်တစ်ဆိုင်မှာ မီးလောင်မှုဖြစ်၍ မီးသတ်ကားတစ်စီးနဲ့ မီးသတ်ရဲဘော်များအပြည့်ဖြင့် သွားရောက် မီးငြှိမ်းသတ်ရကြောင်း(ရပ်ကွက်ထဲက ကောလဟာလ) သတင်းကိုကြားသိရ၍ ဂျာနယ်သတင်းသမားတစ်ဦးက စာရေးသူထံ သို့ အပြေးအလွှားလာရောက်သတင်းမေးသည်။ ယင်းဂျာနယ်သတင်းသမား အား မဟုတ်ပါကြောင်း ရှင်းလင်းပြောဆိုရ၏။ ပို၍ သေခြာအောင်ဆိုပြီး ထို စက်သုံးဆီအရောင်းဆိုင်သို့ ယင်း သတင်းထောက်နဲ့အတူ စာရေးသူတို့နှစ်ယောက် တတိယအခေါက် သွားရောက်၍ မကွေးတိုင်းဒေသကြီး တိုင်းမီးသတ် ဦးစီးမှူးမှာထားခဲ့တဲ့ မီးသတ်စွမ်းရည်ဖြင့် လက်တွေ့မီးငြှိမ်းသတ်သော ဓာတ်ပုံများကို တောင်းပြန်ပါသည်။ `အေးဗျာ အဲဒီဓာတ်ပုံတွေကို ကူးဖို့အတွက်မြို့ထဲသွားရန် ခိုင်းရမယ့်သူက မရှိဘူးဖြစ်နေပါတယ်။ ကျွန်တော်တို့မှာ အလုပ်တွေက သိပ်ရှုတ်နေတယ် တယ်´ဟု ယင်းစက်သုံးဆီဆိုင်မှ တာဝန်အရှိဆုံးသူ တစ်ဦးက ပြောဆို၍ စာရေးသူတို့ သတင်းသမားနှစ်ဦး ပြန်လာခဲ့ရပါသည်။ မကွေးတိုင်းဒေသကြီး မကွေးမြို့တွင် ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင် အချို့မှာ ပတ်ဝန်းကျင်ရှိ အရပ်လေးမျက်နှာမှ လူနေအိမ်ရပ်ကွက်များ၊ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းများနှင့် အလွန်နီးကပ်နေ၍ `မီးဘေးရှောင် မလောင်ခင် တား၊ မဆိုစကောင်းများ ဖြစ်လိုက်လို့ကတော့ ပြေးချိန်တောင် ရမှာမဟုတ်ဘူးနော်..´။ ဟု ရပ်ကွက်နေ အမျိုးသား(အသက်၆၀)ရှိသူ တစ်ဦးမှ ထိပ်လန့်စွာ ပြောဆိုသံကြားခဲ့ရပါသည်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel `မီးဘေးရှောင် မလောင်ခင်တား ဆိုသော်လည်း´ ini dipublish oleh shwelannwelanwinkyi pada hari Monday, March 19, 2012. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan `မီးဘေးရှောင် မလောင်ခင်တား ဆိုသော်လည်း´
 

0 comments: