`ယင်းချောင်းတစ်လျှောက် အာလူးစိုက် တောင်သူများ´




`ယင်းချောင်းတစ်လျှောက် အာလူးစိုက် တောင်သူများ´
မကွေးမြို့နယ် ယင်းချောင်းတစ်လျှောက် အာလူးစိုက်သော ကျေးရွာများမှာ ဖုတ်ကုန်းကျေးရွာအုပ်စုမှ လျှောင်တော်ဦးရွာ၊ စည်ပင်သာရွာ၊ ညောင်ပင်သာရွာ၊ ရွာသစ်ရွာ၊ သံမံတလင်းရွာ၊ ရှားပင်လှရွာ၊ တမို့ရွာ၊ သြဇာကုန်းရွာ၊ အုန်းတွဲရွာ၊ ယင်းဆိပ်ရွာ၊ သရက်လေးပင်ရွာ၊ ကျားပစ်အင်းရွာ၊ တပ်ကုန်းရွာ၊ အင်းနက်ရွာ၊ စသည့် တို့ဖြစ်သည်။ ယင်းချောင်းဘေးရွာများ တစ်လျှောက်တွင် အားလူးစိုက်ပျိုးကြကြောင်းသိရသည်။ အာလူးမျိုးများကို ရှမ်းပြည်အောင်ပန်း မြို့များမှ အာလူးတစ်ပိသာ(၅၀၀ိမှ ၇၀၀ိ ဈေးထိ) ၀ယ်ယူစိုက်ပျိုးကြ၏။ စိုက်ပျိုးချိန်မှာ ဒီဇင်ဘာလထဲတွင် စတင်စိုက်ပျိုးပြီး မတ်လထဲမှာ အားလူးများဖော်ယူကြသည်။ စိုက်ပျိုးချိန်ရက်ပေါင်း (၇၅)ရက်ခန့်ကြာအောင် စိုက်ပျိုးကြရ၏။ တစ်ဧကလျှင် အာလူးပိဿာ (၃၅၀)လောက် မျိုးချစိုက်ပျိုးရ၏။ ပိဿာ(၁၀၀) ကျစိုက်ပျိုးရင် မျိုးဘိုး၊ မြေသြဇာဘိုး၊ လုပ်သားခများ စုစုပေါင်း (၂သိန်းခွဲ) လောက်ကုန်ကျပါသည်။ ယင်းချောင်းဘေးမှ အာလူးများကို ရန်ကုန်မြို့ ဘုရင့်နောင်ပွဲရုံသို့ ကားဖြင့် သွားရောက်ရောင်းချကြသည်။ ၁၀ ဘီးကားတစ်စင်းလျှင် ပိဿာချိန်(၆၀၀၀) ခန့်တင်၏။ အာလူးစိုက်ပျိုးသူများ တစ်ဦးတည်း မတတ်နိုင်ကြလျှင် နှစ်ဦး မှ သုံးဦးအထိ စုပေါင်း၍ ကားငှါးပြီး တင်ပို့ကြ၏။ ကားခမှာ မကွေးမြို့နယ်၊ ယင်းချောင်း တစ်လျှောက်ရွာများမှ ရန်ကုန်ပွဲရုံအထိ အာလူးတစ်ပိဿာ(၅၅)ကျပ်နှုန်းပေးရသည်။အာလူးရောင်းဈေးကတော့ ဘုရင့်နောင် ပွဲရုံမှာ ယနေ့ဈေး တစ်ပိဿာ(၅၀၀) ကျပ်ခန့်ရှိမည်ဟု ခန့်မှန်းပြောကြားသည်။ အာလူးထွက်နှုန်းမှာ မနှစ်ကနှင့် ယှဉ်ရင် ဒီနှစ်မှာ အထွက်နှုန်းကောင်းကြောင်း သိရသည်။(ထွက်သောနှုန်းအား မပြောပါ။ အပြင်မှာ စုံစမ်းကြည့်၏။ ပိဿာတစ်ရာစိုက်လျှင် (၂၀၀၀)ပိဿာခန့် ထွက်ကြောင်းသိရသည်။) ယခင်နှစ်က မိုးဖျက်၍ ယင်းချောင်း တစ်လျှောက်မှ အာလူး၊ စိုက်ခင်းများပျက်စီးခဲ့ရကြောင်း သိရ၏။
`ဒီနှစ်ကတော့ ရာသီဥတုကလည်းကောင်းပါတယ်။ ဒါကြောင့် အာလူးများလည်း အထွက်နှုန်းကောင်းကြပါတယ်။ ယခုအာလူးဖော်ပြီးတာနဲ့ ကြက်သွန်ထွက်ပါ့မယ်။ ကြက်သွန်ခင်းတွေလည်း ကောင်းကြပါတယ်ဗျာ..။´ ဟု အာလူး၊ ကြက်သွန်စိုက်ပျိုးသူ ဦးရွှေညို (ခ) စာရေးဆရာ ဗန်မော်ရွှေညို (တပ်ကြပ်ကြီး- စစ်မှုထမ်းဟောင်းအဖွဲ့ဝင်) ဖြစ်သူ လျှောင်တော်ဦးရွာသားမှ အထက်ပါအတိုင်းပြောကြား၍ သတင်းရယူခဲ့ပါသည်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel `ယင်းချောင်းတစ်လျှောက် အာလူးစိုက် တောင်သူများ´ ini dipublish oleh shwelannwelanwinkyi pada hari Monday, March 19, 2012. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan `ယင်းချောင်းတစ်လျှောက် အာလူးစိုက် တောင်သူများ´
 

0 comments: