၂၀၁၂ ခု၊ မတ်လ(၂၃)ရက်နေ့ နေ့လယ်(၂း၅၀)နာရီအချိန်တွင် ကံမရဲစခန်းမှ တရားလို ဒုရဲအုပ် ၀င်းဇော် တာဝန်မှူးကျစဉ်မှာ လူတစ်ဦး သေဆုံး၍ ကံမဆေးရုံသို့ရောက်ရှိနေကြာင်း သတင်းရ၍ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရ၏။ ဖြစ်စဉ်မှာ ကံမမြို့နယ် ပယ်ကျရွာ၏ အနောက်ဘက်၊ မန်းကျီးတောင်ပေါ်တွင် ကျောက်မှုန့်များကို ကားပေါ်သို့တင်နေစဉ် ကျောက်မှုန့်ပုံပြိုကျ၍ အလုပ်သမားများဖြစ်ကြသော ခင်မောင်ထွန်း အား နဖူးတွင် ပေါက်ပြဲဒါဏ်ရာတစ်ချက်ရ၏။ နောက် အလုပ်သမားတစ်ဦး မျိုးဝင်းထွန်း၊ (အောင်လံမြို့နယ်တွင်နေသူ) မှာ ကျောက်မှုန့်ပုံ ပြိုကျ၍ ပိမိပြီး ၎င်း၏ မျက်နှာညာဘက်တွင် ညိုမဲသော ဒါဏ်ရာကို တွေ့ရပြီး ၀ဲဘက် မျက်လုံးတွင်လည်း ညိုမဲသော ဒါဏ်ရာ၊ ညာဘက်ကျောပြင်တွင်လည်း ညိုမဲသော ဒါဏ်ရာ ဒါက်ချက်များဖြင့် နေရာတွင် သေဆုံးသွားကြောင်း ပြောကြား၍ စစ်ဆေးခဲ့ရသည်ဟု သတင်းရရှိသည်။ ထို့ကြောင့် ဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ် မဟုတ်အား ပြန်လည် စစ်ဆေးရန်အတွက် ကံမမြို့နယ် ရဲစခန်းတွင် သေမှု သေခင်းအမှုအမှတ် ၁/၁၂ ဖြင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိခဲ့ပါသည်။
Myanmar Gazette Aug-Sept 2025
2 days ago
0 comments:
Post a Comment