မကွေးတိုင်းဒေသကြီး မကွေးမြို့တော်ခမ်းမမှာ ပထမအကြိမ် ICT ပြပွဲ





မကွေးတိုင်းဒေသကြီး မကွေးမြို့တော်ခမ်းမမှာ ပထမအကြိမ် ICT ပြပွဲ
၂၀၁၂ ခု၊ မတ်လ(၁၀)ရက်နေ့မှ မတ်လ(၁၂)ရက်နေ့အထိ (၃)ရက်တိတိ နေ့စဉ်နံနက်(၇)နာရီမှ ည(၉)နာရီအထိ မကွေးမြို့ မြို့တော်ခမ်းမတွင် ကျင်းပကြောင်းသိရ၏။ မကွေးတိုင်းဒေသကြီး မကွေးမြို့တွင် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် ကွန်ပျူတာပညာရှင်များအသင်း နှင့် ကွန်ပျူတာလုပ်ငန်းရှင်များအသင်း တို့အား စတင်ဖွဲ့စည်းခဲ့ကြောင်းသိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း ကွန်ပျူတာအသင်းများဖွဲ့စည်းခဲ့ပြီး ယခုကျင်းပသော ICT 2012 EXPO MAGWAY အိုင်တီ ပစ္စည်းများဈေးရောင်းပွဲတော်သည် ပထမဆုံးအကြိမ်အဖြစ် ကျင်းပကြသည်။ ကွန်ပျူတာ လက်တော့ပ်များနှင့် အိုင်တီ ဆက်စပ်ပစ္စည်းများ အရောင်းပြခန်းပေါင်း (၂၀)ခန့်ပါဝင်ကြောင်း မြင်တွေ့ရ၏။ မိန်းစပွန်ဆာများမှာ MYANMAR KAIDO CO., LTD နှင့် အမေထွားပဲဆီသန့်စက်ရုံ တို့ဖြစ်ကြောင်းသိရသည်။ ယင်း ပြပွဲအား မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖုန်းမော်ရွှေနှင့် အစိုးရ၀န်ကြီးများအဖွဲ့မှ တက်ရောက်ဖွင့်လှစ်ပေး ကြောင်း သတင်းရရှိခဲ့ပါသည်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: