`မကွေးမြသလွန်ဘုရားအရှေ့ဘက်လမ်းမှာ မဆင်မခြင်ယာဉ်မောင်းနှင်ကြ၍ လူ(၁)ဦးသေ´

မကွေး၊ မတ်လ(၂၂)။
မကွေးမြို့၊ မြသလွန်စေတီတော် ဘုရား၏ အရှေ့ဘက် အတက်/အဆင်းလမ်းတွင် ၂၀၁၂ ခု၊ မတ်လ(၂၂)နေ့၊ နေ့လည်(၃)နာရီမှာ မြသလွန်ဘုရားပေါ်သို့ သဲချ၍ ပြန်ဆင်းလာခဲ့သော ထော်လာဂျီ ဖောကား(အပြာ)ရောင် ယာဉ်/…..၊ ယာဉ်မောင်း ကိုဝင်းမြင့်ဦး၊ (သာယာကုန်း/နံကပ်ကျွန်းကျေးရွာနေသူ) နှင့် ဘုရားဖူးရန်တက်လာသော ဘုရားဖူးကား ဒိုင်နာယာဉ်အမှတ်……၊ ယာဉ်မောင်း ကိုတင်အောင်ဇော် မောင်းနှင်လာသော ယာဉ်နှစ်စီးတို့မှာ ပန်ရစ်တောင်ခြေရင်း၌ မျက်နှာချင်းဆိုင် တိုက်ကြကြောင်းသိရသည်။ ဘုရားဖူးယာဉ်ဒိုင်နာကားပေါ်တွင် ယာဉ်မောင်းနှင့်အတူ အမျိုးသမီး(၁၁)ဦးနှင့် အမျိုးသား (၁၃)ဦး၊ စုစုပေါင်း(၂၅)ဦး စီးနှင်းလိုက်ပါလာကြ၏။ ယင်း ဘုရားဖူးကားပေါ်မှ ကိုစိန်လင်း(ခ) ဖိုးကူး အမျိုးသားတစ်ဦး သေဆုံးသွားပြီး ဒဏ်ရာ ရရှိသူ(၂၃) ဦးရှိကြောင်းသိရသည်။
၎င်း ယာဉ်တိုက်မှုကို မကွေးမြို့၊ အမှတ်(၁)ရဲစခန်းမှ မဆင်မခြင်မောင်းနှင်ကြသော ဒိုင်နာယာဉ်မောင်း တင်မောင်ဇော် နှင့် ထော်လာဂျီ ဖောကား ယာဉ်မောင်း ၀င်းမြင့်ဦး တို့ကို (ပ) ၅၈/၁၂ ပုဒ်မ ၃၃၇/၃၃၈/၃၀၄(က) ဖြင့် အမှုဖွင့်၍ အရေးယူထားကြောင်း သတင်းရရှိသည်။
 

0 comments: