`ကြားဖြတ်ရွေးချယ်ပွဲမှာ မဲထည့်နိုင်ရန် နိုင်ငံသားကတ်ပြားများ ပေးနေပြီ´


`ကြားဖြတ်ရွေးချယ်ပွဲမှာ မဲထည့်နိုင်ရန် နိုင်ငံသားကတ်ပြားများ ပေးနေပြီ´
လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ မိုးပွင့်အဆင့်(၂) စီမံချက်အရ ၆-၃-၂၀၁၂ နေ့တွင် မကွေးခရိုင်၊ ချောက်မြို့နယ် လင်းတစ်ကိုင်းကျေးရွာ မူလတန်းလွန်ကျောင်း မှာ နိုင်ငံသားကတ်များ ပေးအပ်ပွဲ ကျင်းပကြောင်း သတင်း ရရှိသည်။ ယင်း ပွဲတွင် မကွေးတိုင်းဒေသကြီးဦးစီးဌာနမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးလှဒေါင်း အမှာစကားပြောကြားဖွင့်လှစ်သည်။ယခုလာမည့် ၂၀၁၂ ခု၊ ဧပြီလ(၁)ရက်နေ့တွင် ကျင်းပတဲ့ ကြားဖြတ်ရွေးချယ် တင်မြောက်ပွဲအတွက်ကျန်နေသော ပြည်သူများ မဲပေးနိုင်ရန် အထူးစီစဉ်ဖြင့် ဆောင်ရွက်ပေးကြောင်းသိရ၏။ လင်းတကိုင်း ကျေးရွာအုပ်စုအတွက် နိုင်ငံသားကတ် များ ရရှိသူ(၁၇၀)ဦးနှင့် ဆယ်ကန်ကျေးရွာအုပ်စုအတွက် နိုင်ငံသားကတ်များ ရရှိသူ(၅၀)ဦး တို့အတွက် မကွေးခရိုင်ဦးစီဌာနမှူး ဦးသန်းအောင်နှင့် ချောက်မြို့နယ်ထွေ/အုပ်ရုံး ဒု ဦးစီးမှူး ဦးအောင်သူ တို့က ပေးအပ်၍ လင်းတကိုင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးဥာဏ်ဝင်းအောင်နှင့် ကျောင်းအုပ် ဆရာမကြီးတို့မှ လက်ခံရယူကြကြောင်း သတင်းရယူ ခဲ့ပါသည်။

ဝိုင်းကြည်အောင်
မြန်မာပို့စ် သတင်းဂျာနယ်မှ ကူးယူဖော်ပြသည်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: