`မကွေးတိုင်းဒေသကြီးတွင် (၂)သိန်းတန် GSM ဖုန်းများ စတင်ရောင်းချပြီ´





၂၆-၃-၂၀၁၂ နေ့၊ နံနက်ပိုင်းမှစတင်၍ မကွေးမြို့တွင်းမှာ (၂)တန်ဖုန်းများ စတင်ရောင်းချကြောင်း သိရသည်။ မကွေးမြို့ ရန်ဝေးရပ်၊ ပြည်တော်သာလမ်း ပေါ်မှ လူကြီးမင်း ဖုန်းအရောင်းဆိုင် သို့စတင်သွားရောက်သတင်းယူခဲ့သည်။ `ဟုတ်ကဲ့ ကျွန်တော်တို့ လူကြီးမင်း ဖုန်းဆိုင်မှာ ဒီနေ့နံနက်(၉)နာရီက စတင်ရောင်းချပေးပါတယ်။ ယခု လောလောဆယ် တော့ GSM ကတ်တွေကို(၂)သိန်းနဲ့ ရောင်းပါတယ်။ WCDMA , CDMA ကတ်တွေက မရောင်းသေးပါဘူးခင်ဗျာ။ ဟန်းဆက်တွေကတော့ (၃)သောင်းကျော်တန်ကနေ (၆)သိန်းကျော်တန်အထိ အမျိုးမျိုးရောင်းချပေးပါတယ်။ ငွေဖြည့်ကတ် ကတော့ (၁)သောင်းတန်ကတ်နဲ့ (၂)သောင်းတန်ကတ် နှစ်မျိုးရှိပါတယ်။ ဖုန်းလာဝယ်သူတိုင်း နိုင်ငံသားကတ် မိတ္တူ(၃)စုံ နဲ့ ဓာတ်ပုံ(၃)ပုံ ပါရင် ၀ယ်လို့ရပါတယ်။ ယခုလောလောဆယ်မှာ ငွေလက်ငင်းစနစ်နဲ့သာ ရောင်းချပေးပါတယ်။ အရစ်ကျပေး စနစ်နဲ့ မရောင်းချပါဘူး။ ကျွန်တော်တို့ဆိုင်ကို ည(၉)နာရီအထိ ဖွင့်ပြီးရောင်းချပေးသွားမှာပါခင်ဗျာ..´ ဟု လူကြီးမင်းဖုန်း အရောင်းဆိုင်၊ ကိုအောင်အောင် မှပြောကြားသည်။
မကွေးမြို့၊ မြင်သာရပ်၊ ပြည်တော်သာလမ်းမှ အော့ဗစ်ဖုန်းဆိုင်သို့ ၀င်ရောက်မေးမြန်းရာ` ကျမတို့ဆိုင်က (၂၈)ရက်နေ့မှ (၂)သိန်းတန်ဖုန်းတွေကို ရောင်းမှာဖြစ်ပါတယ်´။ဟု ဖြေဆိုပါသည်။ ယင်း အော့ဗစ်ဆိုင်သည် မကွေးမြို့တွင် GSM (၁၅)သိန်းတန်ဖုန်းများကို(ပထမဆုံး) ပေါ်ခါစမှ စတင်ရောင်းချလာခဲ့ပြီး ယနေ့အထိဖွင့်လှစ်ထားသော ဆိုင်ကြီးဖြစ် ပါသည်။ `အဲဒီဆိုင်က ဆက်သွယ်ရေးက (၁၅)သိန်းတန်GSM ဟန်းဖုန်းတွေ စပြီးရောင်းတုန်းက သူ့ဆိုင်မှာ လူတွေ တန်းစီစောင့်နေရတာပါ။ ယခုတော့ ဆက်သွယ်ရေးကတိုက်ရိုက်မရောင်းချတော့ သူ့ဆိုင်မှာ (၂)သိန်းတန်ဖုန်းကို ယနေ့ ၀ယ်မရတာထင်တယ်..။ ကျွန်တော်အိမ်မှာ အဲဒီ(၁၅)သိန်းတန်ဖုန်း(၂)လုံးကို ၀ယ်ထားခဲ့မိတယ်။ တော်တော်နာပါတယ်။ ဒါကြောင့် အဲဒီအရှုံးပြန်ကြေအောင် နောက်ပေါ်မယ်ဆိုတဲ့ (၅၀၀၀ိ)တန်ဖုန်းကိုပဲ စောင့်ဝယ်တော့မယ်ဗျာ…။´ လို့ ဖုန်းဝယ်ထားသူ အသက်(၅၅)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောပါတယ်။ ထို့နောက် ပြည်တော်လမ်းမပေါ်မှ (၂)သိန်းတန်ဖုန်းများ ရောင်းချသောဆိုင်များမှာ ကောင်မွန်စူပါမားကတ်ဖုန်းဆိုင်၊ ဟင်္သာညီနောင်စတိုးဖုန်းဆိုင်၊ ဗိုလ်ချုပ်လမ်းမပေါ်မှ ရွှေဧရာစတိုးဖုန်းဆိုင်၊ မကွေးရှော့ပင်းမောလ်ဖုန်းဆိုင် နှင့် နတ်မောက်လမ်းမပေါ်မှ နီနီ အက်လက်ထရောနစ်ဖုန်းဆိုင် များတွင် (၂)သိန်းတန်GSM ဖုန်းဝယ်ယူသူများဖြင့် စည်ကားနေသည်ကို မြင်တွေ့ရ၏။ `ကျွန်တော်တို့ဆိုင်က ဈေးမှန်၊ ပစ္စည်းမှန်ပါ။ ဘာမှအမြတ်မတင်ပါဘူး၊ မမြတ်ပါဘူး။ (၂)သိန်းနဲ့သာရောင်းပေးတာပါ။ ဆိုင်မှာရှိတဲ့ ဟန်းဆက်တွေရောင်းရအောင်ဆိုပြီး တင်ရောင်းတာပါဗျာ..။´ဟု နီနီဖုန်းဆိုင်ပိုင်ရှင် ဦးသန်းဌေးမှ ပြောကြား၍ သတင်းရရှိသည်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: