
ငဖဲ ဖေဖော်ဝါရီ ၁၀
မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်သည် မိုးတွင်းကာလများတွင် မြို့မကျောင်းတွင်းရပ်ကွက်ရှိ မန်းချောင်းအနီး အိမ်ခြေ (၈၀)ခန့်သည် နှစ်စဉ် ရေလျှံရေလွမ်းမိုးခြင်းကို ကြုံတွေ့နေရသည်ဖြစ်ရာ မြို့နယ် ဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီ၏ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ရန်ချမှတ်ပေးထားသော ကျပ်သိန်း(၁၀၀၀)မှ ကျောက်ထု ရေကာတာ ပြုလုပ်ဆောင်ရွက်ရန် ငွေကျပ်(၄၀)သိန်းခွဲဝေချထားငွေနှင့် ပြည်သူလူထု ထည့်ဝင်ငွေ များဖြင့် ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ယခုအခါ (၇၅%)ခန့်ပြီးစီးနေကြောင်း ၊အဆိုပါရေကာတာသည် အလျား(၂၀၀)ပေ၊အနံ(၄)ပေ၊အမြင့်(၆)ပေရှိ ကျောက်ထုရေကာတာဖြစ်ပြီး မိုးတွင်းရာသီများအတွက် အဆိုပါရပ်ကွက်များအတွင်း မန်းချောင်းရေ ၀င်ရောက်မှုအား ကာကွယ်နိုင်၍ ကျန်းမာရေး နှင့် သွားလာရေးများအတွက် များစွာ အထောက်အကူပြုနိုင်ပြီးဖြစ်ကြောင်း သိရှိရသည်။
တင်ထွန်းဦး(IPRD)
သတင်းပေးပို့သူ ဦးတင်ထွန်းဦး
0 comments:
Post a Comment