``ပွင့်ဖြူမြို့နယ်တွင် မြန်မာ့သဘာဝဓာတ်ငွေ့ပိုက်လိုင်းယိုစိမ့်၍ မီးလောင်မှုဖြစ်ပွား´´
ဖေဖော်ဝါရီ(၉)ရက် နေ့(၁၂)နာရီအချိန်ခန့်တွင် ပွင့်ဖြူမြို့နယ်၊ ကံသာကြီးအုပ်စု၊ ဗောဓိကုန်းကျေးရွာ အရှေ့တောင်ဘက်(၁)မိုင်ခန့်အကွာ၌ မြန်မာ့သဘာဝဓာတ်ငွေ့ပိုက်လိုင်းယိုစိမ့်၍ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ(၉)ရက် နေ့(၁၂)နာရီအချိန်ခန့်တွင် ပွင့်ဖြူမြို့နယ်၊ ကံသာကြီးအုပ်စု၊ ဗောဓိကုန်း ကျေးရွာ အရှေ့တောင်ဘက်(၁)မိုင်ခန့်အကွာ၌ ဗောဓိကုန်းရွားသား ဦးမောင်မောင်လွင်(၄၂)၏ လယ်ကွက်ထဲရှိ ကမ်းနီ-လမ်းရွာသို့ပို့လွှတ်ပေးသော မြေအောက်ရှိ (၁၀)လက်မပိုက် မြန်မာ့သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းမှ ဓာတ်ငွေယိုစိမ့်မှုဖြစ်ကြောင်း၊ထိုစဉ် ၎င်းလယ်ကွက်အတွင်းရှိ စပါးရိုးပြတ်များမီးလောင်ရာမှ တဆင့် ဓာတ်ငွေ့ ယိုစိမ့်မှုနေရာသို့ကူးစက်၍ အမြင့်တစ်ပေခန့် မီးတောက်လောင်နေကြောင်း၊ ထိုကိစ္စအား သတင်းရရှိ၍ မင်းဘူးမြို့ မန်းရေနံမြေမှ ဓာတ်ငွေ့ပို့လွှတ်မှုကိုပိတ်ပေးရကြောင်း၊ ထို့နောက် မန်းရေနံအထွေထွေမန်နေဂျာ ဦးမြင့်ဆွေ နှင့်အဖွဲ့ဝင်(၅)ဦး၊ ပွင့်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ဆွေဦးနှင့်အဖွဲ့(၅)ဦး၊ ပွင့်ဖြူမြို့မရဲစခန်းမှူးနှင့် ရဲတပ်ဖွဲ့ ၀င်တို့က မီးလောင်ရာနေရာသို့ နေ့လည်(၂)နာရီအချိန်ခန့်တွင် သွားရောက်၍ နေ့လည်(၂း၃၀)နာရီ အချိန်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း၊ ၎င်းပိုက်လိုင်းအား ဖာထေးပြုပြင်ပြီး ညနေ(၆)နာရီအချိန်ခန့်တွင် ပြီးစီးခဲ့ကြောင်း၊ ဆုံးရှုံးမှု ထိခိုက်မှုတစ်စုံတစ်ရာမရှိကြောင်း ဒေသခံတစ်ဦးမှ ပြောသည်။
ဝိုင်းအောင်
Artikel ``ပွင့်ဖြူမြို့နယ်တွင် မြန်မာ့သဘာဝဓာတ်ငွေ့ပိုက်လိုင်းယိုစိမ့်၍ မီးလောင်မှုဖြစ်ပွား´´ ini dipublish oleh shwelannwelanwinkyi pada hari Monday, February 10, 2014. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan ``ပွင့်ဖြူမြို့နယ်တွင် မြန်မာ့သဘာဝဓာတ်ငွေ့ပိုက်လိုင်းယိုစိမ့်၍ မီးလောင်မှုဖြစ်ပွား´´
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment