
မကွေး ဖေဖော်ဝါရီ ၁၇
မကွေးတိုင်းဒေသကြီး အလုပ်သမားဥပဒေရေးရာများ အသိပညာပေး ဆွေးနွေးပွဲ အခမ်းအနား ကို ဖေဖော်ဝါရီ (၁၇)ရက် နံနက်(၉း၃၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်မှ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာန၏ ဥပဒေများအား ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန အလုပ်ရုံဦးစီးအရာရှိ ဦးစောမြင့်ဌေးမှ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးအသိပညာပေးဆွေးနွေးပြီး မကွေးတိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ဝင်းမှ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနတွင် ဆောင်ရွက်လျက်ရှိသော အလုပ်သမား ရေးရာ ဥပဒေများ ရှင်းလင်းဆွေး နွေးပါသည်။
ထို့နောက် တိုင်းဒေသကြီး အလုပ်သမားရေးရာ ဆက်ဆံရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခိုင်စိုးအေးမှ ၂၀၁၂ခုနှစ် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေ ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးမေးမြန်ရာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားရှင်းလင်းကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲသို့ တိုင်းဒေသကြီးအတွင်းရှိ အလုပ်ရှင်အလုပ်သမား(၂၂၆)ဦး၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာ ၀န်ထမ်း (၁၈) ဦး တက်ရောက် ဆွေးနွေး ခဲ့ကြောင်း သိရှိရသည်။
ဦးတင်ထွန်းဦး
0 comments:
Post a Comment