
ပွင့်ဖြူ ဖေဖော်ဝါရီ ၁၅
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ (၂၀၁၃-၂၀၁၄) ဘဏ္ဍာနှစ် သဘာဝတောထိန်း ဧရိယာ (၂၀၀၀)ဧကအတွင်း ဓမ္မတာမျိုးဆက်ခြင်း (၂၀၀)ဧက မှ ထွက်ရှိသော ထင်း (၅.၇၀၂၄)တန်အား နီးစပ်ရာ ကျေးရွာဖြစ်သော ကျွဲတံခါးကျေးရွာအတွင်းရှိ အိမ်ထောင်စုများထံ ဖေဖော်ဝါရီလ(၁၅)ရက် နံနက်ပိုင်းက ထင်းများ အခမဲ့ ခွဲဝေပေးခဲ့သည်။(ပုံ)

ယခုကဲ့သို့ ထင်းများအခမဲ့ဖြန့်ဝေပေးခြင်းဖြင့် ဒေသခံကျေးရွာလူထု၏ နေ့စဉ်ထင်းလောင်စာ လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု ဖြစ်စေပြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာန လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဒေသခံများ ပူးပေါင်း ပါဝင်လာစေရေး စည်းရုံး ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း သိရှိရသည်။
တင်ထွန်းဦး (IPRD)
သတင်းပေးပို့သူ ဦးတင်ထွန်းဦး
0 comments:
Post a Comment