
မင်းဘူး ဖေဖော်ဝါရီ ၂၄
မင်းဘူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မင်းဘူးမြို့မဈေးကြီး မီးဘေးကြိုတင်ကာကွယ်ရေး အတွက် ဇတ်တိုက်လေ့ကျင့်မှုကို ယမန်နေ့ နေ့လည်(၂း၀၀)နာရီက ဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ၊အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများ၊ ခရိုင်မီးသတ်တပ်ဖွဲ့မှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့မဈေး ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့မဈေးအရံမီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား(၁၂၀)ဦးဖြင့် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့သည်။

(ပုံ)
အဆိုပါဇာတ်တိုက်လေ့ကျင့်မှုမှ အမှုဆောင်အရာရှိက တခြားမြို့ကဈေးကြီးတွေ မီးလောင် တာကြားရတော့ကျွန်တော်တို့မြို့မဈေးကိုလည်း မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ် တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ယခုလိုဇာတ်တိုက်လေ့ကျင့်ခြင်းဖြစ်ကြောင်း ၊ ဈေးသူဈေးသားများ ကလည်း ဇာတ်တိုက်လေ့ကျင့်မှုမှာ စိတ်အားထက်သန်စွာပါဝင်ခဲ့ကြောင်း၊ မင်းဘူးမြို့မှာ အခြားမြို့ များထက်အပူချိန်လွန်ကဲ၍ မီးဘေးကြိုတင် ကာကွယ်ရေးအတွက် အထူးဂရုစိုက်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်ကို သိရှိရသည်။
တင်ထွန်းဦး(IPRD)
သတင်းပေးပို့သူ - ဦးတင်ထွန်းဦး(တိုင်းဒေသကြီးပြန်/ဆက်)
0 comments:
Post a Comment