
မင်းဘူး ဖေဖော်ဝါရီ ၈
(၆၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော မင်းဘူးမြို့နယ် ဆင်ခေါင်းကျေးရွာ စက်ရေတွင်းသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၈)နာရီက ကျင်းပ ပြုလုပ်ရာ အခမ်းအနားတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်သူမှ စက်ရေတွင်းသစ်တူးဖော်ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဒေသခံပြည်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားပါသည်။
ထို့နောက် စက်ရေတွင်းသစ်ဖွင့်ပွဲအထိမ်းအမှတ် ဖဲကြိုးအား တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်တင်၊ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စက်ရေတွင်းသစ်တွင် ဒေသခံပြည်သူများ သောက်သုံးရေ ခပ်ယူနေမှုနှင့် မြေအောက်ရေတင်နေမှုအခြေအနေတို့အား ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါ ဆင်ခေါင်းကျေးရွာသည် နွေရာသီအခါ သောက်သုံးရေ ရှားပါးလှ၍ မြေအောက်ရေတူးဖော်ရန် အခက်အခဲရှိသည့်အတွက် တိုင်းဒေသကြီးအစိုးရ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေကျပ်(၁၅၂)သိန်း အကုန်အကျခံ၍ မြေအောက် အနက်ပေ(၄၀၀)မှ ရေအား အင်ဂျင်စက်များဖြင့်တင်ယူကာ ဂါလံ(၅၀၀၀)ဆန့်အုပ်ရေလှောင်ကန်နှင့် ခံယူဖြန့်ဝေပေးလျက်ရှိရာ ဒေသခံပြည်သူများ ရာသီမရွေး သန့်ရှင်သော သောက်သုံးရေ ဖူလုံးစွာရရှိပြီဖြစ်၍ ၀မ်းသာပျော်ရွှင် လျက်ရှိကြောင်းသိရှိရသည်။
တင်ထွန်းဦး(IPRD)
သတင်းပေးပို့သူ - ဦးတင်ထွန်းဦး
0 comments:
Post a Comment