``မန်းရွှေစက်တော်ဘုရားပွဲတော် ဖွင့်ပွဲနေ့တွင် ဂေါပကအဖွဲ့သစ် ပြန်လည်ရွေးချယ်ပေးရန် သာသနာရေးဝန်ကြီးသို့ တိုင်ကြားထားသူ ဈေးသည်များက သတင်းစာရှင်းလင်းပွဲပြုလုပ်´´
ဖေဖော်ဝါရီ(၄)ရက်နေ့ နံနက်ပိုင်းတွင် မန်းရွှေစက်တော်ဘုရားပွဲတော် ဖွင့်ပွဲအပြီး ဂေါပကအဖွဲ့ပြန်လည်ရွေး ချယ်ဖွဲ့စည်းပေးရန် နှင့် ရွှေစက်တော်ဘုရားမှ လေလံ/တင်ဒါ၊ ဘဏ္ဍာရေးရှင်းတမ်းကိစ္စများကို တိုင်ကြားထားသူ နယ်လှည့် ဈေးသည် (၇၃)ဦး အဖွဲ့က ရွှေစက်တော်ပဌာန်းကျောင်းဆောင်၌ သတင်းမီဒီယာများအား ဖိတ်ကြား၍ သတင်းစာ ရှင်းလင်းပွဲပြုလုပ် ကြောင်း သတင်းရရှိသည်။
၎င်းသတင်းစာရှင်းလင်းပွဲပြုလုပ်ရသော ရည်ရွယ်ချက်များမှာ ဂေါပကအဖွဲ့အသစ်ပြန်လည် ဖွဲ့စည်း ပေးရန် သာသနာရေးဝန်ကြီးထံသို့(၁၄-၁၁-၂၀၁၃)နေ့က တိုင်စာ(၃)လကြာပြီးဖြစ်သော်လည်း တစ်စုံတစ်ရာ ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိခြင်း။ ဘုရားဖူးများ ဈေးနှုန်းသက်သာ၍ စိတ်ချမ်းသာစေရန်၊ ဈေးဆိုင်ခန်းများ အား အချိန်မီမပြီးစီးဘဲ သတ်မှတ်ထားသောနှုန်းဖြင့် ငွေများယူထားသော်လည်း အဆင့်မမီခြင်း။ ဘုရားပွဲတော်ဖွင့်ပွဲအမှီ တည်းခိုခမ်း(တည်းကျောင်း) များမပြီး၍ ဘုရားဖူးများအဆင်မပြေခြင်း၊ တည်းကျောင်းခ ဈေးနှုန်းများ သိန်းဂဏန်းအထိဈေးမတက်ဘဲ သင့်လျှော်သောဈေးနှုန်းများဖြစ်စေရန်။ ( ဘဏ္ဍာတော်ထိမ်း ငွေစာရင်းတမ်းကိစ္စ ၊ လေလံ/တင်ဒါကိစ္စနှင့် စီမံခန့်ခွဲမှု အားနည်းခြင်း စသော လေးချက်အားရည်ရွယ်၍ ရှင်းလင်းကြောင်း ဦးဆောင်သူ(၁၂)ပွဲဈေးသည်များ ကိုယ်စား ဦးအေးကို နှင့် ဦးနေမျိုးကျော်တို့ မှပြောသည်။
မန်းရွှေစက်တော်ဂေါပကအဖွဲ့ကို မင်းဘူး၊ စကု၊ ငဖဲ မြို့များက သြ၀ါဒစရိယ နာယကဆရာတော် သံဃာတော် (၅)ပါးရွေးချယ်ပြီး ကြီးကြပ်ဆောင်ရွက်ပေးရန်၊ အုပ်ချုပ်သူအစိုးရအဖွဲ့အစည်းဝန်ထမ်းမပါသောအဖွဲ့ ဒေသခံများမှ နာယကဂုဏ် (၆)ပါးနှင့် ပြည်စုံသူများအား အများဆန္ဒဖြင့်ရွေးချယ်ရန်၊ ဂေါပကအဖွဲ့ဝင်များသည် ရာဇ၀တ်မှုခင်း ကင်းရှင်းသူများဖြစ်ရန်၊ ဥပသကာအရည်အခြင်းနှင့်ပြည့်စုံသူဖြစ်ရန်၊ အနယ်နယ်အရပ်ရပ်က (၁၂)ပွဲဈေးသည်များထဲမှ ကိုယ်စားလှယ်များ ပါဝင်ရွေးချယ်ပေးရန်၊ စီမံခန့်ခွဲမှုအတွက်၊ ဆောက်လုပ်ရေး၊ စာရင်းကိုင်များအတွက် အငြိမ်းစားဝန်ထမ်းများပါဝင်ကြပြီး မန်းရွှေစက်ဂေါပက အဖွဲ့အသစ်အား ပြန်လည်ရွေး ချယ်ပေးရန် လိုလားကြောင်း တောင်းဆိုကြသည်။
`` ကျွန်တော်တို့က ဒီကိစ္စကို ၂၀၁၃ နိုဝင်ဘာ(၁၄)ရက်နေ့မှာ သာသနာရေးဝန်ကြီးဌာနကို ဒေသခံဈေးသည်နဲ့ နယ်လှည့်ဈေးသည်(၇၃)ဦးက တိုင်ကြားခဲ့ပြီး ဒီဇင်ဘာ(၆)ရက်နေ့က မင်းဘူး/စကုမြို့နယ်သာသနာရေးဦးစီးမှူးက စစ်ဆေးပြီးသော်လည်း ယနေ့ဘုရားပွဲတော်စတင်တဲ့အထိ ဘာမျှ အကြောင်းပြန်ခြင်း လုပ်ဆောင်မပေးပါဘူး၊ ဒါကြောင့် ဒီကိစ္စကို ယနေ့ဖွင့်ပွဲမှာ ဆန္ဒပြမယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်။ ဆန္ဒထုတ်ဖော်ခွင့် ကြိုတင်ပြီး တရားဝင် လျှောက်ထားရန် စီစဉ်ခဲ့ပေမယ့် ခရိုင်အုပ်ချုပ်ရေးမှူးက မန်းရွှေစက်တော် ဂေါပက ဥက္ကဋ္ဌ ဖြစ်နေတော့ ခွင့်ပြုမည် မထင်လို့ မတင်ခဲ့ဘဲ ယခု သတင်းစာရှင်းလင်းပွဲ လုပ်ရပါတယ်။´´ ဟု ဦးအေးကို(ဆင်ခေါင်းရွာ) က ပြောသည်။
``ယခုလိုဖြစ်နေရတာ မန်းရွှေစက်တော် ဂေါပက ဥက္ကဋ္ဌ က၊ မင်းဘူးခရိုင် ဥက္ကဋ္ဌ (အုပ်ချုပ်ရေးမှူး) ဖြစ်နေလို့ပါ။ နိုင်ငံတော်သမိုင်းဝင်(က)အဆင့် ဘုရားဂေါပကအဖွဲ့ကို ခရိုင်/မြို့နယ်အုပ်ချုပ်ရေးဌာန ၀န်ထမ်းတွေနဲ့ ၀င်ရောက် လုပ်ကိုင်နေကြတာ မဖြစ်သင့်ပါဘူး၊ မန်းရွှေစက်တော်ဘုရားပွဲ လေလံ တင်ဒါ(၅၂)မျိုးထဲက (၅)မျိုးကို ချန်ထားပြီး ခရိုင်ဥက္ကဋ္ဌ ကပေးချင်သူကို ပေးနေသလိုဖြစ်နေပါတယ်။ ဆိုင်းခန်း၊ တည်းကျောင်း မြေနေရာလေလံများကို အမှန်တစ်ကယ် လုပ်ကိုင်လိုသူများမရရှိကြဘဲ လေလံရသူ အဆင့်ဆင့်ထံမှ တဆင့်ခံဈေးကြီးပေးလို့ ပြန်လည် ၀ယ်ယူပြီး လုပ်ကိုင်နေကြရပါတယ်။ တံတား၊ တည်းကျောင်း၊ဆိုင်ခန်းစတဲ့ လေလံ၊ တင်ဒါအမျိုးမျိုးက နှစ်စဉ်သိန်း ပေါင်း(၇၀၀၀) ကျော်ခန့်ရရှိတဲ့အပြင် နှစ်ဆယ်ရာခိုင်နှုန်းကို ခရိုင်အုပ်ချုပ်ရေးမှူး၏ အမိန့်ဖြင့် အပိုဆောင်းပေး နေရပါတယ်။ ၂၀၁၄၊ ယခုနှစ်မှာ တစ်ဆယ်ရာခိုင်နှုန်းသာ ပေးရတယ်လို့သိရတယ်။ အပိုပေးတဲ့ငွေတွေကို မြို့နယ်အတွက်(လူမှုရေးအထောက် အကူများ) လိုအပ်တဲ့ မီးဘေး၊ရေဘေးဖြစ်လာရင် အသုံးပြုတယ်ဆိုတာလဲ မဖြစ်သင့်ပါဘူး၊ မြို့နယ်ပြုပြင်ရေးအတွက် လိုအပ်ငွေက အစိုးရက လုပ်ပေးရမှာပါ။ ဒီတော့ ကျွန်တော်ပြောချင် တာက ကျွန်တော်တို့ တိုင်ကြားထားခဲ့တဲ့စာကို သာသနာရေးဝန်ကြီးဌာနကလည်း ယနေ့အထိ ဘာမှ ဆောင်ရွက် ပေးခြင်း မရှိ၊ ရွှေစက်တော်ဂေါပက ကလည်း ယခင်ကလိုဘဲ ဆက်လက်ဆောင်ရွက်မြဲ ဆောင်ရွက်နေပါတယ်။ ဒါကြောင့် ယခုနှစ်ပွဲတော်လာ ဈေးသည်အားလုံးနဲ့ လက်မှတ်ထိုးပြီး သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဆီကို ဒုတိယ အကြိမ်ထပ်မံတင်ပြ တောင်းဆိုပါ့မယ်။ ယခုကျင်းပနေတဲ့ ပွဲတော်(၇၂)ရက်အတွင်းမှာ ဘာမျှအကြောင်း မပြန်ဘူး၊ ကျွန်တော်တို့နဲ့ တွေ့ဆုံပြီး ညှိနှိုင်းမှုတစ်စုံတစ်ရာ မပြုလုပ်ဘူးဆိုရင်တော့ (ဘုရားဖူး များကို စိတ်အနှောက်အယှက်မဖြစ်စေရအောင်) ဒီမိုကရေစီနည်းလမ်းအရ ဆန္ဒပြခွင့် တရားဝင်လျှောက် ထားမယ်၊ အဲ သက်ဆိုင်ရာက ခွင့်ပြုချက် ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ကျွန်တော်တို့နဲ့အတူ ရွှေစက်တော် ဘုရားပွဲတော် အတွင်းရှိ ဈေးသူ ဈေးသားအားလုံးက ဆွမ်းဆန်းစိမ်းလောင်းလှူပွဲနေ့မှာသော်၎င်း ဆန္ဒဖော်ထုတ် သွားကြမှာပါခင်ဗျာ..။ ´´ဟု ဒေသခံ ဦးနေမျိုးကျော်(စကု) က ပြောသည်။
၂၀၁၄ ဇန်န၀ါရီ(၇)ရက်နေ့က ရွှေစက်တော်ဘုရားပွဲတော် သြ၀ါဒစရိယ ဆရာတော်ကြီးများနှင့် ရွှေစက်တော်ဘုရားဂေါပကအဖွဲ့တို့ သြ၀ါဒခံယူပွဲကျင်းပခဲ့ကြောင်း၊ ၎င်းပွဲ၌ ရွှေစက်တော်ဘုရားပွဲတော် နယ်လှည့် ဈေးသည်များအမည်ခံ၍ ဒေသခံများနှင့် သတင်းမီဒီယာများမှ ရွှေစက်တော်ဘုရားပွဲတော်နှင့် ဘဏ္ဍာတော်ထိမ်း ဂေါပကအဖွဲ့အား မဟုတ်မမှန် လုပ်ကြံရေးသားနေကြကြောင်း သတင်းထောက် တင်ထွန်းဦး က အစိုးရ သတင်း စာတွင် ဖော်ပြထားသည်။ ဖေဖော်ဝါရီ(၂)ရက်နေ့ကလည်း ရွှေစက်တော်ဘုရားဂေါပက ဥက္ကဋ္ဌအဖွဲ့မှ တိုင်ကြား ထားသူဈေးသည်များအဖွဲ့မပါသော သတင်းမီဒီယာအချို့နှင့် ရှင်းလင်းပွဲပြုလုပ်ကြောင်း သတင်း ရရှိသည်။
Artikel ``မန်းရွှေစက်တော်ဘုရားပွဲတော် ဖွင့်ပွဲနေ့တွင် ဂေါပကအဖွဲ့သစ် ပြန်လည်ရွေးချယ်ပေးရန် သာသနာရေးဝန်ကြီးသို့ တိုင်ကြားထားသူ ဈေးသည်များက သတင်းစာရှင်းလင်းပွဲပြုလုပ်´´ ini dipublish oleh shwelannwelanwinkyi pada hari Thursday, February 6, 2014. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan ``မန်းရွှေစက်တော်ဘုရားပွဲတော် ဖွင့်ပွဲနေ့တွင် ဂေါပကအဖွဲ့သစ် ပြန်လည်ရွေးချယ်ပေးရန် သာသနာရေးဝန်ကြီးသို့ တိုင်ကြားထားသူ ဈေးသည်များက သတင်းစာရှင်းလင်းပွဲပြုလုပ်´´
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment