ဖေဖော်ဝါရီ(၂၀)ရက် နံနက်(၁၀း၃၀)နာရီမှ နေ့(၁၂)နာရီအချိန်ခန့်ထိ ချောက်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ အုတ်ဖိုရပ်ရှိ အလုပ်သမားအပန်းဖြေရိပ်သာ၌ သွေးမေတ္တာပရဟိတအသင်း(ရန်ကုန်)၏ ချောက်မြို့နယ်ဆိုင်းဘုတ် တင်ပွဲနှင့် ရုံးခန်းဖွင့်ပွဲကျင်းပကြောင်း သတင်းရရှိသည်။
၎င်းပွဲသို့ သွေးမေတ္တာပရဟိတအသင်း(ချောက်မြို့ရုံးခွဲ)မှ နာယကရွှေပုံတောင်တောရဆရာတော် ဘဒ္ဒ န္တ တိက္ခသာရနှင့် အဖွဲ့ဝင်ဆရာတော်များ၊ သွေးမေတ္တာပရဟိတအသင်း(ရန်ကုန်) နာယကဆရာတော် အရှင် ဆန္ဒာဓိက(မန္တလေး)၊ သွေးမေတ္တာပရဟိတအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးမြတ်ကျော်၊ ချောက်မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးထင်အောင်၊ ရုပ်ရှင်သရုပ်ဆောင် နိုဗယ်ကျော်ကျော်၊ ချောက်မြို့ရုံးခွဲ ဥက္ကဋ္ဌ ဦးသန်းမြင့်နှင့် အဖွဲ့ဝင်များ ချောက်မြို့နယ်နိုင်ငံရေးပါတီများ (NDF), (NLD)ပါတီတို့မှ ဥက္ကဋ္ဌများ၊ လူမှုရေး အသင်းဖွဲ့များ နှင့် ချောက်မြို့ စက်မှုလက်မှုကျောင်းမှ ကျောင်းသား ကျောင်းသူများ စုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ကြောင်း သိရသည်။
၎င်းသွေးလှူသင်းကြီးမှ သွေးလှူခြင်းမှာ ဒုတိယ၊ သာသနာပြုလုပ်ငန်းသည် ပထမအချက် ဖြစ်ကြောင်း၊ အသင်းတွင် လူမျိုး၊ ဘာသာပေါင်းစုံ၊ နိုင်ငံရေးပေါင်းစုံ၊ စီးပွားရေးလုပ်ငန်းပေါင်းစုံ၊ ဆင်းရဲ ချမ်းသာမရွေး လူမျိုးပေါင်းစုံပါဝင်ပြီး မိမိနှစ်သက်ရာ ဘာသာကို သာသနာပြုစေလိုခြင်းဖြစ်ကြောင်း၊ ရန်ကုန်ရုံးချုပ်တွင် ရုံးခွဲပေါင်း(၁၄)ခုရှိပြီး နေ့စဉ်ကလေး(၃၀)ဦးအား အရေးပေါ်သွေးလှူဒါန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်နေပါကြောင်း၊ ရန်ကုန်မြို့တွင်နေ့စဉ်သွေးပုလင်းပေါင်း(၃၅၀)ခန့်လိုအပ်လျှက်ရှိရာ အမျိုးသားသွေးလှူ ဘဏ်မှ သွေးပုလင်း(၂၀၀)ခန့်သာ လှူဒါန်းနိုင်ပြီး ကျန်သွေးပုလင်း(၁၅၀)အား ပရဟိတအသင်းများမှ လှူဒါန်းပေးနေခြင်းဖြစ်ကြောင်း၊ ရန်ကုန်မြို့တွင် လူမှုရေးအဖွဲ့(၆၀)ခန့်စုပေါင်းကာ လူမှုရေးကွန်ရက်ဖွဲ့စည်းထား ကြောင်း၊ ချောက်မြို့တွင်းလည်း ဖွဲ့စည်းထားစေလိုကြောင်း သွေးမေတ္တာပရဟိတအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးမြတ်ကျော်မှ ပြောကြားသည်။
ထို့နောက် ချောက်မြို့မှ မနောဖြူလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ၊ ရွှေပါရမီအခမဲ့ဆေးခန်း ဘဏ္ဍာရေးမှူး၊ YMCA ချောက်ရုံးခွဲ ဥက္ကဋ္ဌ၊ ညောင်ဦးမြို့နယ် သစ္စာအောင်လူမှုရေးအသင်း ဥက္ကဋ္ဌ၊ ချောက်မြို့နယ် ကြက်ခြေနီအသင်း ဒုတပ်ရင်းမှူး၊ စလေတိုက်နယ် ကြက်ခြေနီအသင်း တို့မှ ကျေးဇူးတင်စကားပြောကြားကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment