ဖေဖော်ဝါရီ(၂၀)ရက် နံနက်(၃)နာရီအချိန်ခန့်တွင် မင်းဘူးမြို့နယ် မန်းရေနံမြေအတွင်း၌ ရေနံစိမ်းခိုးသူ တစ်ဦးကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ(၂၀)ရက် နံနက်(၃)နာရီအချိန်ခန့်တွင် မန်းရေနံမြေလုံခြုံရေးဌာနမှ ဒုတပ်ကြပ် ဌေးဇော်နှင့်အဖွဲ့သည် ရေနံမြေအတွင်းလှည့်ကင်းတာဝန်ထမ်းဆောင်နေစဉ် ရေနံတွင်းအမှတ်(၃၃)အနီးအရောက် တွင် ရေနံတွင်းဘူးပလပ်အားဖွင့်၍ တစ်လက်မပိုက်ပျော့ အရှည်(၁၃)လက်မခန့်ဖြင့် ရေနံခိုးထုတ်နေသူ တစ်ဦးကို တွေ့ရှိကြောင်း၊ ထိုသူခိုးအား ၀ိုင်းဝန်းဖမ်းဆီးရာ ၀င်းမြင့်သိန်း(၃၀)နှစ်၊ ကျပန်း၊ အောက်ကျောင်းကျေးရွာ၊ မင်းဘူးမြို့နယ်တွင်နေထိုင်သူ ဖြစ်ကြောင်း၊ ၎င်းနှင့်အတူ ရေနံစိမ်း(၄)ဂါလံစီပါသော အိတ်(၂)အိတ်ပါ ပူးတွဲ ဖမ်းဆီးရမိကြောင်း၊ ရေနံစိမ်းခိုးယူသူ ၀င်းမြင့်သိန်း အား မင်းဘူးမြို့မရဲစခန်းမှ (ပ) ၂၁/၂၀၁၄၊ ပပက ၆(၁)အရ အရေးယူထားကြောင်း သက်ဆိုင်ရာ ရဲမှတ်တမ်းမှ သတင်းရရှိသည်။
0 comments:
Post a Comment