မင်းဘူး ဖေဖော်ဝါရီ ၁၃
မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်အတွင်းရှိ ကျေးရွာများသည် တောင်ကုန်း တောင်တန်းများ အပေါ် မှီတင်းနေထိုင်ကြသည့်အားလျှော်စွာ သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာရရှိစေရေးအတွက် ကျေးလက်ဖွံ့ဖြိုးရေး စိမ်စမ်းရေ သွယ်တန်းခြင်းလုပ်ငန်းကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ကျေးလက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ခွင့်ပြုငွေ ကျပ်(၃၀)သိန်းနှင့်ဒေသခံပြည်သူများထည့်ဝင်ငွေများဖြင့် လင်းတဲကျေးရွာ တွင် အရှည် (၁၃၀၀၀)ပေ၊(၂)လက္မ ရေပိုက်ဖြင့် ကျေးရွာအရောက် ရေသွယ်တန်းခြင်း လုပ်ငန်းကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီဖြစ်သည်။
ယခင်က ၀ါးလုံးများဖြင့် ရေကို ခက်ခဲစွာ သွယ်တန်းရယူရာမှ ယခုအခါ အိမ်ထောင်တစ်စုချင်းအလိုက် (၀.၅)လက္မ ပိုက်ပျော့များဖြင့် နေအိမ်ပေါ်အရောက် ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်၍ လင်းတဲကျေးရွာသူ/ရွာသားများ ၀မ်းမြောက်ပျော်ရွှင်လျှက်ရှိကြသည်။
တင်ထွန်းဦး(IPRD)
သတင်းပေးပို့သူ - ဦးတင်ထွန်းဦး
0 comments:
Post a Comment