ပထမလူပြောတဲ့ စကားကို အတည်ပြုပေးကြပါဗျာ.....

ပထမလူပြောတဲ့စကားကို အတည်ပြုပေးကြပါဗျာ….။

ရယ်စရာ
ရွှေလမ်းငွေလမ်းဝင်းကြည်

အညာမိုးကသစ္စာဖေါက်သွားပြီ..အရင်လိုအေးနေအောင်ကိုမရွာတော့တာ။ အိုက်စပ်စပ်ဖြစ်နေကြတယ်..။ မိုးရွာရွာထဲမှာ
ဆရာကိုငြိမ်း(မန္တလေး)ကခေါ်ထားလို့ ဆိုက်ကယ်နဲ့ထွက်လာခဲ့ရပါတယ်။ အဆင့်သင့်ပါပဲ ဆရာကိုငြိမ်းက ဇဗ္ဘူရစ်ရွှေ လဘက်ရည်ဆိုင်မှာစောင့်နေပါတယ်..။အချိန်က ညနေစောင်းပေါ့..။
““ဆရာ ကျနော် နည်းနည်းနောက်ကျသွားပါတယ်နော်..””
ရောက်နေကြသူ စာရေးဆရာများနဲ့ ဆရာငြိမ်းတို့က ကျနော့်ကို ၀ိုင်းကြည့်ပြီး ရယ်မောနေကြပါတယ်..။ဆရာငြိမ်းက
“နောက်ကျမှရောက်လာတဲ့ရွှေလမ်းငွေလမ်းဝင်းကြည်က ယခုအချိန်မှစလို့..၊ ပထမလူပြောတဲ့စကားအတိုင်း အတည်ပြုပေးရပါလိမ့်မယ်…”။

ဝါး..ဟား..ဟား…အသံများနဲ့အော်ဟစ်ရယ်မောနေကြပါတယ်…။ကျွန်တော်ဘာကိုမှ နားမလည်ပါ..
အူကြောင်ကြောင်ဖြစ်နေပါတယ်..။သူတို့က ရယ်စရာမပါပဲ ၀ိုင်းပြီးရယ်နေကြပါတယ်။

“ ဒီလို..ဒီလို..ရွှေလမ်းငွေလမ်းဝင်းကြည်ရေ..ခင်ဗျားကနောက်ကြနေတာကိုး..ကျွန်တော်ကိုငြိမ်း ပြန်ပြောပေးပါ့မယ်…….

အရက်သမားတစ်ယောက်ဗျာ..ရေချိန်လွန်လာပြီး လမ်းမအလယ်မှာ..ထိုးလဲသွားတယ်..။
လူတွေဝိုင်းလာကြတယ်..။ဟာ လုပ်ကြပါအုံးပေါ့..၀ိုင်းကြည့်နေသူတွေထဲက ပထမဆုံးလူတစ်ယောက်က စပြောလိုက်ပါတယ်…
“““အရက်သမားမူးလဲတာများ ဘာမှမဖြစ်ပါဘူးဗျာ..နောက် အရက်တစ်ပက် လောက် ထပ်ဝင်အောင်ပါးစပ်ထဲထိုးထည့်လိုက်ရင်..မကြာခင်ထသွားပါတယ်..””””။
သူပြောတဲ့စကားကိုဘယ်သူကမှအရေးမလုပ်ကြပါဘူး။
နောက်လူနှစ်ယောက်က အတင်းတိုးဝင်လာပြီး….မဖြစ်ဘူး..မဖြစ်ဘူး..။ဘယ်..ဒီလိုထားလို့ဖြစ်ပါ့မလဲဗျာ..
သုံးဘီးခေါ်ပါ..သူ့ကို တိုင်းဆေးရုံကို အမြန်ပို့ကြမယ်။ဆေးရုံကိုပို့ကြမယ်..။

အဲဒီအချိန်မှာ မူးလဲနေတဲ့အရက်သမားက ဘေးကလူတွေပြောနေသံကို ကြားနေရပါတယ်..။
အရက်သမားကစဉ်းစားနေတယ်…ငါ့ကိုသာဆေးရုံကို အပို့ခံလိုက်ရရင်တော့ ဒုက္ခပါပဲ..ဆေးရုံပေါ်ကိုရောက်ရင် အရက်လဲသောက်ရတော့မှာမဟုတ်တော့ဘူး။အရက်ဖြတ်ခိုင်းကြမယ်..။မဖြစ်ဘူး၊ငါ အသာငြိမ်နေရင်တော့ သူတို့က ငါ့ကိုဆေးရုံပို့ကြတော့မှာ.သေချာနေပြီ…..ငါဝင်ပြောမှဖြစ်တော့မယ်……။
ဟိုး..ဟိုး.ဆရာတို့..ခဏလေးနေကြပါဦး…ဟို..ဟို..ပထမစပြောတဲ့လူရဲ့ စကားအတိုင်း ၀ိုင်းပြီးအတည်ပြုပေးကြပါဗျာ.လို့.အော်ပြောဆိုပြီး..
မြေကြီးပေါ်ကို ဘိုင်းကနဲ..အရက်သမားပြန်လဲသွားပါတော့တယ်……။”””””

ဟဲ..ဟဲ..ဟဲ...ကျွန်တော်..သဘောပေါက်သွားပါပြီ……ဆရာငြိမ်းခင်ဗျား..
ယခု အချိန်မှ စလို့ ပထမလူပြောသွားတဲ့စကားကို အတည်ပြုလိုက်ပါတယ်…
ဆရာငြိမ်းတို့ တစ်ဖွဲ့လုံး..အေ၀မ်းစာတော်ဆက်ကို..ဆက်လက်အတည်ပြုထောက်ခံဖို့ ကြွကြပါဗျို့..ကြွကြပါဗျို့………။


ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊ဇူလိုင်လ(၂၀)ရက်၊ ည(၁၁)နာရီ၊မှာ အဲ..အတည်ပြုအပ်ပါသည်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel ပထမလူပြောတဲ့ စကားကို အတည်ပြုပေးကြပါဗျာ..... ini dipublish oleh shwelannwelanwinkyi pada hari Monday, July 20, 2009. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan ပထမလူပြောတဲ့ စကားကို အတည်ပြုပေးကြပါဗျာ.....
 

0 comments: