ကိုငြိမ်း(မန္တလေး)နှင့်မရီရီစိုး တို့၏မင်္ဂလာသတင်း

ကိုငြိမ်း(မန္တလေး)နှင့် မရီရီစိုး တို့၏ မင်္ဂလာဆောင်ပွဲ

သတင်း
ရွှေလမ်းငွေလမ်းဝင်းကြည်


(၁၃-၇-၂၀၀၉)ခုနေ့ ညနေ(၅)နာရီတွင် ကျွန်တော့်ထံ စာရေးဆရာ မကွေးဝင်းမြင့် ရောက်လာ၏။ မန္တလေးမှ စာရေးဆရာ ကိုငြိမ်းရောက်နေကြောင်း ယခုသွားတွေ့ရန်လာခေါ်ပါသည်။ မကွေးမြို့ နေရဉ္စာ လက်ဘက်ရည်ဆိုင်မှာ ဆုံကြ၏။ဆိုင်တွင် ကြိုတင်ရောက်နေသောစာရေးဆရာ ကိုဆွေ(ဒသနိက)မှ မိတ်ဆက်ပေးပါသည်။

““ယခုပွဲကတော့ ကိုငြိမ်း(မန္တလေး) အသက်(၆၅)နှစ် နှင့် မရီရီစိုး အသက်(၄၅)နှစ်တို့ရဲ့ မင်္ဂလာဧည့်ခံပွဲလေး ဖြစ်ပါတယ်..ယခုအချိန်ကလေးမှာတင် မကွေးမြို့နယ်တရားရုံးမှာ လက်ထပ်စာချုပ်ရေးထိုးလာတဲ့ အသစ်စက်စက် ပူပူနွေးနွေး ဇနီးမောင်နှံလေးများဖြစ်ပါတယ်။ လက်ထပ်စာချုပ်ကို စာရေးဆရာ တရာရုံးချုပ်ရှေ့နေ ဦးအောင်ကျော်စိုး(မောင်မွန်မြတ်-ကျေးလက်)က ကူညီဆောင်ရွက်ပေးပါတယ်။ မင်္ဂလာအခန်းနေရာထိုင်ခင်းကိုတော့ ပန်းချီဆရာ ဦးမျိုးညွန့်(မကွေး) ပိုင်ဆိုင်တဲ့ ရွှေဧည်သည် ဧည့်ရိပ်သာမှာ စီစဉ်နေရာချထားပေးပါတယ်။ကြွရောက်လာကြတဲ့ စာပေညီအကိုများကို ဒီဆိုင်မှာလေးလေးစားစား ကပ်ပြီးဖိတ်ရတာဖြစ်လို့ ကျန်ရှိသူများကို တောင်းပန်ပါရစေ။ ဘိတ်သိပ်ဆရာ ကျွန်တော်ပြောကြားခဲ့တဲ့အတိုင်း ကိုငြိမ်း(မန္တလေး)နှင့် မရီရီစိုး တို့ကို ဇနီးမောင်နှံ၊ အကြင်လင်မယားအဖြစ် မကွေးစာရေးဆရာအုပ်စုမှ အသိအမှတ်ပြုပေးတော်မူကြပါခင်ဗျား…”””

မင်္ဂလာပွဲကို တက်ရောက်သူများမှာ သတိုးသားသတိုးသမီး၏ မိဘ(သို့မဟုတ်) အိမ်ရှင် ပန်းချီဆရာ ဦးမျိုးညွန်(မကွေး)။ မကွေးစာနယ်ဇင်း ဥက္ကဌ မကွေးဝင်းမြင့်။ သတင်းထောက် မကွေးလှမြင့်။ စာရေးဆရာ မောင်မွန်မြတ်(ကျေးလက်)။ ကဗျာဆရာ လွမ်းရ(မကွေး)။ စာရေးဆရာ ဦးဆွေ(ဒသနိက) နှင့် စာရေးသူတို့ တက်ရောက်ခဲ့ကြပါသည်။

စာရေးဆရာ မကွေးဝင်းမြင့်မှ ကိုငြိမ်းအား အမှတ်တရစာရေးခိုင်းပါသည်။


ကိုငြိမ်း(မန္တလေး) နှင့် မရီရီစိုး


ကျွန်တော် ကိုငြိမ်း(မန္တလေး)
ရတနာပုံ FC ကနေ
မကွေး FC ကို
ပြောင်းရွေ့ ကြေးမဲ့
ခေတ္တပြောင်းရွေ့ခဲ့ပါတယ်..။

ကိုငြိမ်း(မန္တလေး)

မှတ်တမ်းတင် သတင်းဓာတ်ပုံများရိုက်ကြ၏။ ကိုငြိမ်း(မန္တလေး)+မရီရီစိုးတို့၏ ဧည့်ခံမင်္ဂလာပွဲသည် ညနေ(၆း၃၀)တွင် ကျင်းပပြီးခဲ့ကြပါသည်။
မင်္ဂလာဇနီးမောင်နှံ အသက်ရာကျော်ရှည်ကြပြီး..ရိုးမြေကျ ပေါင်းသင်းနိုင်ကြပါစေသော်…။


မှတ်ချက်။ ။ သတင်းဓာတ်ပုံများ တင်မရ၍ သီးခံခွင့် လွှတ်ကြပါရန်။


ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊ဇူလိုင်လ(၁၄)ရက်၊နံနက်(၈း၄၅)တွင် ရေး၏။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel ကိုငြိမ်း(မန္တလေး)နှင့်မရီရီစိုး တို့၏မင်္ဂလာသတင်း ini dipublish oleh shwelannwelanwinkyi pada hari Monday, July 13, 2009. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan ကိုငြိမ်း(မန္တလေး)နှင့်မရီရီစိုး တို့၏မင်္ဂလာသတင်း
 

0 comments: