လောဘ ဒေါသ မောဟ၏ လမ်းဆုံး

ဒေါသ လောဘ မောဟ၏ လမ်းဆုံး

ကဗျာ
ရွှေလမ်းငွေလမ်းဝင်းကြည်

ငါ..အရာရာကို
ဘာကိုမျှ မကျေနပ်
ဘာကိုမျှ အလိုမပြည့်
ဟိုနေရာစပ်စပ်
ဒီနေရာစပ်စပ်
ငါသိ ငါတတ် ဆရာကြီး..။

ဒါပေမဲ့
အသိပညာတွေကိုလည်း
ထဲထဲဝင်ဝင် မရှိ…
အတတ်ပညာတွေကိုလည်း
ဇဝေ ဇ၀ါ.၀ိုးတိုးဝါးတား…။

စီးပွားရေးလောကမှာ..
ဘာသာရေး အသိုင်းအ၀ိုင်းမှာ..
လူမူရေးနယ်ပယ်မှာ..
သတင်း၊နည်းပညာကွန်ယက်မှာ..
အနုပညာအစုံ ရေလျင်ကြောမှာ..
ဆရာကြီး၊ ဆရာကြီးပါ….။

သြော်..ငါ..ငါ..
လူတွေက မသိကြလို့သာ..
ယခု သေခင်း သေ၀ရောက်တော့မှ
အမှန်တကယ် ထဲထဲဝင်ဝင်
မြင်နေရတာ..အပါယ်ငရဲပါ..တကား။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊ဇူလိုင်လ(၂၆)ရက်၊နေ့(၁း၅၈)နာရီ၊ ရေးသည်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel လောဘ ဒေါသ မောဟ၏ လမ်းဆုံး ini dipublish oleh shwelannwelanwinkyi pada hari Sunday, July 26, 2009. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 1comments: di postingan လောဘ ဒေါသ မောဟ၏ လမ်းဆုံး
 

1 comments:

ဂျာမုန်းဒန် said... | July 27, 2009 at 12:57 PM

ကဗျာလာဖတ်သွားတယ်။
အရေးအသားကောင်းပါတယ်။
အမြဲလာဖတ်မယ်ရှင်။
ခင်တဲ့
ဂျာမုန်း