Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

ဒေါင်းကတဲ့နေ့ မောင်စိန်ဝင်း(ပုတီးကုန်း )့

ဒေါင်းကတဲ့နေ့
မောင်စိန်ဝင်း(ပုတီးကုန်း )့
ဘယ်တောမှာ နေနေ
ဘယ်ရေကို ပြောင်းပြောင်း
အရေးအကြောင်းဆို
သွေးမပြောင်းပါဘူး
ရှေးဒေါင်းတို့ရဲ့ သမိုင်းအစဉ်……

တိုင်းပြည်နဲ့ လူမျိုး
ပြည်သူ့အကျိုးဆို အကြောင်းမရွေး
ဒေါင်းသွေးနီ ရဲရဲခွပ်
ညီညွှတ်ခဲ့ ရာဇဝင်……
ပြည်သူတွေနဲ့ ထာဝရမခွဲ
ပြည်သူထဲ အတူနေ
အပူဝေ အတူမျှ
ဒုက္ခအထွေထွေက လွတ်ကြောင်း
ခွပ်ဒေါင်းဟေ့ မာန်ဝင်
ရန်မြင်သမျှ ရင်ဆိုင်တွေ့……
စမ်းကလေးတွေ အေး
ပန်းကလေးတွေ မွှေး
ငှက်ကလေးတွေ တေးဆို
ငြိမ်းချမ်းရေးကို သူတို့ကြိုတော့
မြိုင်ယံညို…ဟိုး…ရိုးအခြေက
အိုးဝေ……အိုးဝေ………
မင်္ဂလာသံ အပေါင်း……ခ……ရအောင်
ဒေါင်း ကတဲ့ နေ့…………့
READMORE
 

မြသလွန် ပွဲတော်



ပွဲတော်
=====
ဝါကျွတ်ပွဲ
ဆင်နွှဲစို့  တူပျော်ပျော်။

မြသလွန်စေတီထူးကို
အတူဖူးမြော်။

ထင်ရှားတဲ့ အညာပွဲတော်
လာခဲ့နော် အလည်တစ်ခေါက်။

မကွေးမြေ  ဧရာကမ်းမှာဖြင့်
အဝေးဆွေ  သေချာလှမ်းလာဖို့
မှန်းကြိုလို့ထောက်။
                  သီဟဇော်(မေတ္တာအိမ်)
READMORE
 

ဂန္ထဝင်မေမေ ကရုဏာမေမေ ကောင်းကင်မေမေ မြင်းမိုရ်မေမေ

Thin Nandi and U Aung Win shared သုခဝိဟာရီ အရှင်ဓမ္မာစာရ's post.မှ ကူးယူဖော်ပြပါသည်.
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
သုခဝိဟာရီ အရှင်ဓမ္မာစာရ added 24 new photos — with ငါကမျိုးချစ်သွေး ရဲမှမိတ်ဆွေလုပ် and 38 others.
ဂန္ထဝင်မေမေ ကရုဏာမေမေ
ကောင်းကင်မေမေ မြင်းမိုရ်မေမေ
**********************************

မေတ္တာအမြုတေ ဒို့ မေမေ
---------------------------
မေမေ့မေတ္တာ ပန်းရွှေကြာနှင့်
ပမာခိုင်းဆို မနှိုင်းလိုပါ
ထိုပန်း နေမှာနွမ်းသောကြောင့်။
မေမေ့မေတ္တာ စမ်းရေပြာနှင့်
ပမာခိုင်းဆို မနှိုင်းလိုပါ
ထိုစမ်း နွေမှာခမ်းသောကြောင့်။
မေမေ့မေတ္တာ လစန္ဒာနှင့်
ပမာခိုင်းဆို မနှိုင်းလိုပါ
ထိုလ တိမ်ဖုံးမသာသောကြောင့်။
မေမေ့မေတ္တာ ထိုအရာကား
နေမှာမနွမ်း နွေမခမ်းနှင့်
တိမ်လွှမ်းမသာ မရှိပါဘဲ
ထာဝရတည်နေ အမြုတေပါတည်း။
သုခဝိဟာရီ အရှင်ဓမ္မာစာရ
Thin Nandi shared သုခဝိဟာရီ အရှင်ဓမ္မာစာရ's post.
READMORE
 

*မဲစာရင်းပိတ်ပြီတဲ့* *မဲစာရင်းမှာ မပါတဲ့ သူတွေ* *မဲ မပေးတော့ဘူးလို့ ဆိုတဲ့သူတွေ* ကျေးဇူးပြု၍ အသက်(၁၈)နှစ် ပြည့်ပြီး သူများ ဖတ်ရန် သီးသန့် *အမေ ပြောသော ရွေးချယ်ခွင့်*

*မဲစာရင်းပိတ်ပြီတဲ့*
*မဲစာရင်းမှာ မပါတဲ့ သူတွေ*
*မဲ မပေးတော့ဘူးလို့ ဆိုတဲ့သူတွေ*
ကျေးဇူးပြု၍ အသက်(၁၈)နှစ် ပြည့်ပြီး သူများ ဖတ်ရန် သီးသန့်
*အမေ ပြောသော ရွေးချယ်ခွင့်*
ရွေးချယ်ခွင့် ရွေးချယ်ခွင့်တဲ့၊အစက
သိပ်ပြီး နားမလည်။ အမေက ရှင်းပြမှ သေ
သေ ချာချာ သိလိုက်ရတယ်။
တစ်နေ့က မနက်စောစော အမျိုးသ
မီးကို ရုံးကို လိုက်ပို့ဖို့ ပြင်ဆင်ရင်းနဲ့ အမေ့
ကို လှမ်းပြီး မေးလိုက်တယ်။
အမေရေ မနက်စာ ဘာစားမလဲလို့
အမေကပြန် အော်ပြောတယ် အဆင်ပြေတဲ့
ဟာ ဝယ်ခဲ့လိုက်တဲ့။
အဲ့ဒါနဲ့ တစ်ဆက်ထဲ ဟင်းချက်ဖို့
ဘာတွေ ဝယ်ခဲ့ရမလဲ၊ ဘာလိုသေးလဲပေါ့။
အမေက တန်းစီပြီးတော့ ရွတ်ပြလေရဲ့။
မှာလိုက်တာတွေမှ စုံတကာကိုစေ့။
ခရမ်းချဉ်သီးက တစ်ပိဿာ
ကြက်သွန်နီက တစ်ပိဿာ
ကြက်သွန်ဖြူက တစ်ပိဿာ
အမဲသားက တစ်ပိဿာ
ချဉ်ပေါင်ရွက်နဲ့ မျှစ်
ပြောင်းဖူးလေးလဲ ဝယ်ခဲ့တဲ့။
ထွက်ခါနီး ထပ်မှာလိုက်သေးတယ်။
နင့်သမီးတွေ စားဖို့ အသီးအနှံလေး တစ်မျိုး
လောက်ပါ ဝယ်ခဲ့တဲ့။
ဟုတ်ကဲ့ ဟုတ်ကဲ့ အမေရေ။
ပြောပြော ဆိုဆိုနဲ့ အမျိုးသမီးကိုခေါ်
ဆိုင်ကယ်နဲ့ တင် ရုံးကို လိုက်ပို့ပေါ့။လမ်းမှာ
မနက်စာ မုန့်ဟင်းခါးလေး ဝင်စား၊အမျိုးသ
မီးကို သူရုံးထဲ ဝင်ထားခဲ့။ ဈေးကို တစ်ခါထဲ
ဝင်မယ်ပေါ့။
ဈေးရှေ့ ရောက်မှ သတိရတာက
အမေမှာတဲ့ ပစ္စည်း စာရင်း မပါခဲ့။ ဒါနဲ့ပဲအိမ်
ကိုပြန်ပြီး စာရင်းစာရွက်လေးယူ ဈေးကိုပြန်
သွား။ ဈေးဝယ်မလို့လုပ်ရင်း ခံတွင်းချဉ်လာ
တာနဲ့ မြန်မြန် ပြီးအောင်လို့ ဝယ်ရမယ့် စာ
ရွက်ကိုင် ဈေးဆိုင်ရှေ့ မတ်တပ်ရပ် ကြက်
သွန်ဖြူ တစ်ပိဿာ၊ ကြက်သွန်နီ တစ်ပိဿာထည့်ထားပေးနော်။ခဏနေ လာယူမယ်။
နောက်တစ်ဆိုင်ပြောင်း ခရမ်းချဉ်သီးသည်၊
အမဲသားသည်၊ပန်းသီးဆိုင် ဆယ်လုံးနော်။
ချဉ်ပေါင်ရွက်နဲ့ မျှစ်လေး တစ်ခွက်စာ ထည့်
ထားပေးပါ။ ပြီးမှ လာယူမယ်။ ဒါဆိုရင် အ
ဆင်ပြေပြီ။ လဘက်ရည်ဆိုင် ခဏ သွားပြီး
ထိုင်လို့ရပြီလေ။
လဘက်ရည်လေးသောက် တွေ့တဲ့
သူငယ်ချင်းနဲ့ ရောက်တတ်ရာရာတွေ ပြော
ကြ ရေနွေးလေး သောက်ကြ။ တစ်ခါထဲကို
အလုပ် နှစ်မျိုးစလုံး ပြီးပြီ။
လဘက်ရည်သောက်ပြီး ကွမ်းယာ
လေး ဝင်ဝယ်။ ကွမ်းလေး တစ်ယာ ငုံ ဈေး
ထဲပြန်ဝင်။ မှာထားတဲ့ ပစ္စည်းလေးတွေယူ
ပိုက်ဆံရှင်း။ အိမ်ပြန်ပေါ့။
အိမ်ရောက်မှ ပြဿနာ တက်တော့
တာ။ အမေက ဝယ်လာတဲ့ ပစ္စည်းတွေကို
ကြည့်ပြီး တပြစ်တောက်တောက် ရေရွတ်
တော့တာပဲ။ ပါလာတဲ့ ပစ္စည်းတွေက ဘာမှ
အဆင်မပြေဘူးတဲ့။ အဲ့ဒါမှ ဒုက္ခ ဈေးသည်
က ထည့်ပေးလိုက်တာကို ယူလာခဲ့တာ။
ကိုယ်တိုင် ရွေးယူခဲ့တာလဲ မဟုတ်တော့ အမေ့ကို ဘာမှ ပြန်မပြောနိုင်။ ဒီလောက်နဲ့ မ
ပြီးသေး၊နောက်ဆက်တွဲတွေက အများကြီး၊
အမေက မီးဖိုထဲကနေ လှမ်းခေါ်တဲ့
အသံ၊ ငါ့သား လာပါအုံးတဲ့။ သိနေတယ် သိနေတယ် အမေက ဆူတော့မှာ။
ဒီမှာကြည့်တဲ့။
အမဲသားက နှစ်ပုံ
ခရမ်းချဉ်သီးက နှစ်ပုံ
ကြက်သွန်ဖြူက နှစ်ပုံ
ကြက်သွန်နီက နှစ်ပုံ
ပါလာသမျှ အားလုံး နှစ်ပုံစီ ပုံထားလေရဲ့။
တစ်ပုံက ကောင်းတာတွေ သုံးလို့ရတယ်။
တစ်ပုံက သုံးလို့ကို မရဘူး။ ဖယ်ပြစ် ရမှာ။
ဒါတွေ အကုန်လုံး မင်းကိုယ်တိုင်
ရွေးလာတာလားတဲ့။
မဟုတ်ဘူး အမေ၊ ဈေးသည်က
ရွေးပြီး ထည့်ပေးလိုက်တာပါ။ ကျွန်တော်က
အကြောင်းစုံ ပြောပြလိုက်တယ်။
အေး အဲ့ဒါပဲတဲ့၊ ကိုယ်တိုင် ရွေးလို့
ရပါရက်နဲ့ မရွေးခဲ့တာ၊ ကိုယ့်ရဲ့ ရွေးချယ်ပိုင်
ခွင့်ကို သူများကို ပေးလိုက်တာ၊ ဒါကြောင့်
ဒီလို သုံးမရတာတွေ၊ အပယ်တွေက မင်းတို့
စီ ရောက်လာတာတဲ့။
အခု ကြည့်လေ၊ မင်းမရွေးခဲ့ဘဲ ပါ
လာတဲ့ ဟာတွေ တစ်ပိဿာကို အစိတ်သား
လောက်ပါတယ်။ ဘယ်လိုမှ သုံးမရဘူး။ အ
ရိ အရွဲနဲ့ အမဲသား၊ အပုတ် အနာအစာနဲ့ ခ
ရမ်းချဉ်သီး၊ အပေါ်ယံ အခွံတွေ အထပ်ထပ်
အထဲက ခြောက်ကပ်ကပ် ကြက်သွန်နီနဲ့
ကြက်သွန်ဖြူ၊ အခွံကို ခွာလဲ အလကားပဲ။
အထဲမှာ ဘာအနှစ်၊ ဘာအဆံမှ မရှိတဲ့ဟာ
တွေလေ။ ဘယ်နေရာ သုံးမလဲ။ သူတို့ သုံး
မရလို့ လွှင့်ပြစ်မဲ့ အမှိုက်ကို ထည့်ပေးတာ
တဲ့။ ငါတို့ကို ဘယ်လိုမှ အကျိုးမပြုဘူးတဲ့။
သူ အကျိုးပြုတာက သူ့ကို ထည့်ပေးလိုက်
တဲ့ ဈေးသည်ကိုဘဲ။
မင်း ယူလာတဲ့ ပစ္စည်းတွေကို တစ်ခု
ခြင်း ချိန်ကြည့်လိုက်တစ်မျိုးကို အစိတ်သား
တော့ ရှိတယ်တဲ့။
ကျွန်တော်က မှားခဲ့တာလေ၊ ဘာမှ
ပြန်ပြီးမပြောရဲပါ။ နားထဲမှာတော့ ကြားနေရ
တယ်၊ပဲ့တင်သံကို အထပ်ထပ် အစိတ်သား
အစိတ်သား
အစိတ်သား
ဘာမှ သုံးမရ
ဘာမှ သုံးမရ
ဘာမှ သုံးမရ
မပြီးသေးပါ၊ အမေက ပြောပြန်ပြီ။
မင်းက မင်းမိသားစုမှာ အိမ်ထောင်
ဦးစီး တစ်ယောက်၊ ဒီအိမ်ရဲ့ ကောင်းကျိုး၊
ဆိုးကျိုး မှန်သမျှ မင်း ဦးစီး ဦးဆောင်နဲ့ ရွေး
ချယ် ရမှာ။ မကောင်းတာ မရွေးနဲ့၊ ကောင်း
တာကိုရွေး၊ မင်း အရွေးမှားရင် အခုလိုဘဲ
သုံးမရတာတွေ ပါလာမယ်။ အရွေးမှန်ရင်
မိသားတစ်စုလုံး အတွက် အသုံး တည့်မယ်။
မင်းရဲ့ ရွေးချယ်မှုက မင်းနဲ့ တိုက်ရိုက် အချိုး
ကြသလို မင်းရဲ့ ကလေးတွေ အတွက်လဲ
သွယ်ဝိုက်ပြီး အချိုးကြတယ်။
မင်း ရွေးချယ် နိုင်လေလေ၊ ရွေးချယ်
ခွင့် ရှိလေလေ၊ သုံးမရတဲ့ အစိတ်သားဟာ
တစ်ဖြေးဖြေး လျော့သွားမှာပါ။
ဒီမယ် ငါ့သား မင်းကို စကားကုန် ပြော
လိုက်မယ်။ မိသားစု တစ်စုချင်းစီက ဦးစီးတဲ့
သူ တစ်ယောက်ချင်းက စပြီး အရွေးမှားပြီ
ဆိုရင်တော့ မိသားစုပေါင်း များစွာရဲ့ အမှား
ကြောင့် အစိတ်သားပေါင်း များစွာက တစ်
ဖြေးဖြးနဲ့ ပိဿာပေါင်းမြောက်များစွာနေရာ
ရလာ လိမ့်မယ်။
အေး အဲ့ဒါက ဥပမာ သေးသေးလေး။
မင်း ကွက်ကွက် ကွင်းကွင်း မြင်အောင် ထပ်
ပြီး ဥပမာ ပေးမယ်။
၂၀၁၅ ရွေးကောက်ပွဲကို မင်းသိလား။
ဟုတ် အမေ၊၊
သိပါတယ်၊၊
မင်း ဘယ်သူ့ကို မဲပေးမလဲ။
ရွေးပြီးပြီလား။
မရွေးရသေးဘူး အမေ။
အေးပါ၊ငါ ထင်ပါတယ်။ ဒီမယ် ငါ့သား
မိသားစု တစ်စုခြင်းစီရဲ့ အနာဂတ်ဟာ
ရွေးကောက်ပွဲမှာ မဲပေးခွင့် ရှိတဲ့ မိသားစုဝင်
တွေမှာ တာဝန် အများကြီး ရှိတယ်။ကိုယ့်ရဲ့
ရွေးချယ်ပိုင်ခွင့် တစ်ခုကို လက်လွှတ်အဆုံး
ရှုံး မခံပဲ အကောင်းဆုံးလို့ သတ်မှတ်ထား
ုတဲ့ အဖွဲ့အစည်း၊ပါတီ တစ်ခုကိုတော့ မှန်ကန်အောင် ရွေးချယ်ရလိမ့်မယ်။
မင်းကိုယ်တိုင်က ရွေးချယ်ခွင့် ရှိပါရဲ့
နဲ့ မရွေးချယ်ခဲ့ရင် အခု မင်း ဈေးဝယ်လာခဲ့
သလို ဘာမှ သုံးလို့မရ ဘာမှ အကျိုးမပြုတဲ့
တန်ကြေးကြီးကြီး ပေးရပြီး အိမ်ထဲထိပါလာ
တဲ့ အစိတ်သားဟာ မင်း မရွေးခဲ့တဲ့အတွက်
ရယ် သူတို့ ထည့်ပေးလိုက်တဲ့ အတွက်ရယ်
အစိတ်သားကနေ တဖြေးဖြေး တိုးလာပြီး
ငါးဆယ်သားလောက် ဖြစ်လာလိမ့်မယ်...
အဲ့ဒီအချိန်ကြမှ ကိုယ် ကိုယ်တိုင်က
မရွေးခဲ့လို့ ကိုယ့်ရဲ့ ရွေးချယ်ပိုင်ခွင့်ကို သူ
များကို ပေးမိတာ မှားလေခြင်း ဆိုပြီး နောင်
တ မရပါစေနဲ့...
ရွေးချယ်ခွင့် ရှိတဲ့ နေရာကနေ ရွေး
ချယ်ခွင့် ရှိတဲ့ အခိုက်မှာ မှန်ကန်သော ရွေး
ချယ်မှုနဲ့ နောင်လာမယ့် အနာဂတ်ကို သား
ကိုယ်တိုင် လမ်းဖောက်ပါ။
သားရေ မင်းရဲ့ စိတ်ဓာတ်တွေကို
ဒီရွေးကောက်ပွဲနဲ့ အတူ အကောင်းဆုံး ပြု
ပြင်လို့ မင်း ဘဝလဲ ပြောင်းလဲချိန်တန်ပြီ။
ရာစုသစ်mgy
READMORE
 

အသက်နဲ့ရင်းတာက တံငါ အသက်ပေးရတော့ ငါး မကြားဝံ့မနာသာ ဈေးဆစ်ကြတာက သူတို့... (သုခရိပ်)

အသက်နဲ့ရင်းတာက တံငါ
အသက်ပေးရတော့ ငါး
မကြားဝံ့မနာသာ ဈေးဆစ်ကြတာက သူတို့...
(သုခရိပ်)
----------------
သူများသွေးနဲ့
ခြေမဆေးသရွေ့...
သူများချွေးနဲ့
ရင်မအေးသရွေ့...
သူများမျက်ရည်နဲ့
ထမင်းမစားသရွေ့...
ဘဝမှာ ကျေနပ်စရာနေနည်းပါ...
(ထက်စုနှင်းဆီ)
----------------
တချို့က ဖြေးဖြေးသွားတယ်
တချို့က ဝေးဝေးသွားတယ်
တချို့က မှန်မှန်သွားတယ်
တချို့က မြန်မြန်သွားတယ်။
----------------
အလုပ်ထဲမှာရော၊ ဘ၀ထဲမှာရော၊ တရားနယ်မှာရော.. စာတွေ့နဲ့ လက်တွေ့ ကွာခြားချက်တွေ များလိုက်တာ...

ပြည့်စုံအောင် ဖေ့စ်ဘုတ်မှ ကူးယူဖော်ပြသည်။

သတင်းတာဝန်ခံ
READMORE
 

သိန်းထွန်းအောင်( အောင်မေတ္တာ ) ၏ ကဗျာများ



တိုင်းပြည်ချစ်သူလား  -  ပြည်ချစ်သူလား


တိုင်းပြည်ချစ်သူ 

တိုင်းပြည်ရဲ့ ရေ မြေ သယံဇာတ
ပစ္စည်းမှန်သမျှချစ်
အကုန်ထုတ် အကုန်လုပ် အကုန်ရောင်း   အကုန်ယူ
ဒါ   -   တိုင်းပြည်ချစ်သူ

ပြည်သူ     ချစ်သူ 

ပည်သူခံစား    ပြည်သူစိတ်ထားနဲ့ထပ်တူ
ပြည်သူကျန်းမာ   ကိုယ်ကျန်းမာ
ပြည်သူဆင်းရဲ    ကိုယ်ဆင်းရဲ
ပြည်သူပျော်ရွှင်   ကိုယ်ပျော်ရွှင် 
 ပြည်သူလိုအပ်ချက်  ကိုယ့်လိုအပ်ချက်   
ဒါ   -    ပြည်သူချစ်သူပါ

သိန်းထွန်းအောင်( အောင်မေတ္တာ )

တူတစ်လက်တန်းဖိုး

ရှင်ဘုရင်က   သံလျက်ကိုင် 
ပန်ရံဆရာကသံလျက်ကိုင်
ဒို့----ဥက္ကဌကြီးက  တူကိုင်
တူရဲ့တန်ဖိုး    အကျိုးရှိရှိ
သုံးပါလေစ    ----   မသိ

သိန်းထွန်းအောင်( အောင်မေတ္တာ )
READMORE
 

ကဗျာပေါင်းစုံ ခံစားချက်



ချစ်လို့ပါ
======

တစ်ခါကဖိုးဖိုး
သွားကျိုးလို့ဆံဖြူ
အမျိုးမှန်အဖိုးဥာဏ်များပုံက
သွားမရှိ ကားရှိပါသတဲ့
ခေါင်းဖြူကျောင်းသူကြည့်သတဲ့
တကယ်တွေးပိုအပြစ်ဖို့စွာ
အငယ်လေးကိုချစ်လို့ပါ ဆိုပြီး
အကိုကြီး ရင်အုံက
ရင်ခုန်သံ တဝုန်းဝုန်း
ခေး.....ကိုမုန်းဘူး သတ်ပစ်တောင။်
ခေး.,(ခလေး).....ရယ်
ရက်စက်နဲ့  ငေါင်။      ။

          ပိုင်  သု ဝေ(ထနောင်းရင်ခွင်)

naingyuwai
11:21 PM (16 hours ago)


to me
             ပတ္တမြားမယ်
              =========
အောင်ဆန်းလိုလူlဤဇမ္ဗူဝယ်
ရည်တူတစ်ယောက်မထွန်းပေါက်။

ထွန်းတောက်မျိုးဆက်l
လျှံရှိန်လက်လို့
ရွှံ့lဗွက်lနွံမှာlစွဲနှစ်ရှာလည်း
ရောင်ဖြာဆပွါးlပတ္တမြားနှယ်
နွံကြားမနစ်lပြည့်သည် ချစ်မို့
ထွန်းသစ်ဖြာလျှက်ပြည်သူ့ထက်။ ။
                ကိုတိုး(ထနောင်းရင်ခွင်)
1V  1.6.2014(Sunday)်
                  ============
naingyuwai@gmail.com

            Uန်းသစ်ပျိုးချိန်
             ==========
                   ပန်းချီချယ်သ
           ရှု တို င်း လှ သ ည့်
                    ယဉ်စွစိတ်ကူး
            သိ ပ် ကို  ထူး သည်
    အ ငုံ ဖူး များ ပွင့် ရာ မြေ။    ။


       ချိုမောင်မောင်ချို(ထနောင်းရင်ခွင်)

naingyuwai@gmail
V09259071471    f b

ကဗျာပန်းများလန်းရာမြေ

==================
အိပ်ပျော်နေသူများအဖို့
အလွမ်းဆိုတာအဘယ်သို့ရှိမှာလဲ
လောကကြီးတစ်ခုလုံး
အေးအေးဆေးဆေးဆိတ်သုဉ်းလို့
ငြိမ်သက်နေတဲ့အသံတွေမှာ
ထိပ်လန့်စွာမပျော်သူတို့
ဒို့အဖို့တော့
အလွမ်းကွာဝေး
အနမ်းနာလေးကိုပွေ့ပိုက်
နခမ်းဒါဏ်ရာတစ်ခု
အဖော်ပြုလို့
ပန်းကဗျာရေးလန်းနေဆဲပါ
အညာမြေကမြေလတ်မီဒီယာ
အချစ်သတင်းကဗျာလေးပါကွယ်။ ။

                  မြရိပ်(ထနောင်းရင်ခွင်)


naingyuai@gmil.com
v09401557956(ခေတ္တပခုက္ကူ)



လိုရာပန်းတိုင်
==========
ကြင်နာယုယlသမုဒယကွယ်
ထိတယ်အာရုံlကာမဂုဏ်တော
သံယောဇဉ်ကြိုးlဒိထက်တိုးတတ်
ရစ်ပတ်တင်းအောင်
သီဖွဲ့နှောင်ခိုက်
ကာမစရိုက်lအမှောင်မိုက်မှ
သည်းလှိုက်ရုန်းဖို့ခက်ပြီမောင်။
မြဲကြိုက်မုန်းလို့မရသည်မောင်။  ။


စိုးစိုးမြင့်-မင်းတုန်း(Thangးyinkh)  @gmail.com



                                မချစ်ခြင်း
                        =============
                             မဟုတ်မခံ
                             ခွန်းတုန့်ပြန်
                          မှန်သော်လည်းရှုံး
                              လူကြီးမုန်း။

                             ကိုဝဝ(Tnyk)
                        =============

naingyuwai@gmail.com
o9256312715(magway)


လေတံခွန်ချစ်လွမ်း
---------------
စက္ကူစွန်ကို အရစ်လွန်မိလို့လား
စက္ကူတခြား ကြိုးတခြား
အလွမ်းအဆွေးကို အနမ်းပေးမိလို့လား
ချစ်သူတခြား ကိုတခြား
အရစ်လွန်ဘီး နဲ့ အလွမ်းကျွံသမား
သနားကမား ဘာမှမခြား။            ။
            ယဉ်ယဉ်ထွေး(ဘွိုင်လာ)
yinyinhtway.boiler@gmail.com

                    ကိုကို
**********************-*******
ညညဆို
ညီမရဲ့အခိုက်ဆုံးအဆိုတော်ကိုကို
မနက်မနက်ဆို
ညီမရဲ့အမိုက်ဆုံးနှိုးစက်ဟာကိုကို
နေ့နေ့ဆို
ညီမနဲ့အလိုက်ဆုံးအတွဲဟာကိုကို
ညနေ နေညို
ဘီယာကိုသောက်lကိုကိုပျောက်
တစ်ယော်က်တည်းထား
ဘယ်ကိုသွား
ရက်စက်အားတဲ့ကိုကိုပါ။            ။
v(ဂစ်တာအထဲကိုသိမ်းထားလိုက်)

                   ခင်မိမိသိမ်း(ထနရခ)
09401224367
%%%%%%%%%%%%%%%%%%
                         =လေ=========================

ကဗျာဆရာ နိုင်ယုဝေ မှ ပေးပို့ပါသည်။


READMORE
 

ကျွန်တော်၏ နံနက်ခင်း မှတ်တမ်းအကျဉ်း

ကျွန်တော်၏ နံနက်ခင်း မှတ်တမ်းအကျဉ်း


* မိုးလင်းတာနဲ့ ဘုရားရှစ်ခိုး
သတင်းအမျိုးမျိုးအား ရှာဖွှေ...။

* လက်တစ်ဖက်က အင်တာနက်ဖွင့်
နားတစ်ဖက်က ရေဒီယိုနားဆင်
မျက်လုံးတစ်လုံးက လမ်းမပေါ်ကိုကြည့်..။

*အင်တာနက်သတင်းက
နိုင်ငံခြားမှာ အချစ် နဲ့ လိင်ဆက်ဆံရေး ကျေင်းဖွင့်သတဲ့
အရွယ်ပြန်ငယ်တဲ့ နတ်ရေကန်များရှိရင် ဆင်းပြီး သွားတက်ချင်လိုက်တာ။

ရေဒီယိုသတင်းက
ရုရှားမှာ ပူတင်းသမ္မတ နဲ့ အစိုးရပေါင်းပြီး မဲခိုးသတဲ့
ကမ္ဘာမှာ အာဏာရူးတိုင်းရဲ့ ဖြစ်ရိုးဖြစ်စဉ်တွေပါ။

လမ်းမပေါ်က မျက်လုံးမြင်ကွင်း
ပဲပြုပ်သည် အချင်းချင်း ဖောက်သည်လုပြီး ဆဲကြ ဆိုကြ
သေမှာကြောက်တဲ့ သူဌေးများက စောစောစီးစီးလမ်းလျှောက်ကြ
ကျောင်းသားလူငယ်များက ကျူရှင်ကျောင်းကို ပြေးတက်ကြ။

*အင်း လူ့ဘ၀မှာ
စားရေး၊ နေရေး၊ သေရေးအတွက်
ရတက်မအေးကြပါ ကလား...။
ဒါပေမယ့် မသွားချင်ပဲ ရောက်ရမှာ က သေခြင်းတရား
သြော်.... အနိစ္စ ဒုက္ခ အနတ္တ....။

* ယခု ပစ္စုပန်တည့်တည့် ရှုကြည့်လိုက်တော့
အင်တာနက် ကော်နရှင် က ကျသ၊ွားလို့....
ကျွန်တော့်မှာတော့ ဒေါပွ၊ ဒေါပွ.....။ ။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၁၊ ဒီဇင်ဘာ(၈)ရက် နံနက်ခင်း။
READMORE
 

ပြေး၍ လိုက်နေမိသော ကျွန်တော်....

ယနေ့ ဘာသတင်းတွေထူးနေပြီလဲ
သိချင်လိုက်တဲ့ကျွန်တော်..။

ယနေ့ ဘလော့မိတ်ဆွေတွေ ဘယ်သူတွေလာသလဲ
သိချင်လိုက်တဲ့ ကျွန်တော်..။

ယနေ့ ဆရာ၊ဆရာဘလော့ဂါတွေ ရေးတဲ့စာတွေ၊ကဗျာတွေ
ဖတ်ချင်လိုက်တဲ့ ကျွန်တော်..။

ယနေ့ ဟောမဲ့ဆရာတော်ကြီးတွေတရားတွေကိုလဲ
နာချင်လိုက်တဲ့ ကျွန်တော်..။

ယနေ့ တိုးတက်နေတဲ့ နည်းပညာတွေကိုလဲ
တတ်ချင်လိုက်တဲ့ ကျွန်တော်..။

ယနေ့နောက်ဆုံးပေါ်ကားတွေ၊တိုက်တွေကိုလဲ
စီးချင်၊ရချင်နေတဲ့ ကျွန်တော်..။

ယနေ့ခေတ်စားနေတဲ့ လက်ဘက်ရည်တစ်ခွက် ငါးထောင်ကျပ်တန်ကိုလဲ
မြင်ချင်၊သောက်ချင်နေတဲ့ ကျွန်တော်..။

ယနေ့ သူများတွေပြောပြာနေကြတဲ့ အများအတွက် ပရဟိတကိုလဲ
ဆောင်ရွက်ချင်လိုက်တဲ့ ကျွန်တော်...။

ယနေ့သူများတွေပြောပြောနေကြတဲ့ မတရားဘူး၊ တရားပါတယ်ဆိုတဲ့
စကားတွေကိုလဲ ကြားချင်လို့ လဘက်ရည်ဆိုင်ကို နေ့တိုင်းသွားနေရတဲ့ ကျွန်တော်..။

အမြင်မှန် သစ္စာတရားကိုသိကြလို့တရားထူး၊တရားမြတ်ကို ကျင့်နေတဲ့မိတ်ဆွေတွေကိုလဲ
အားကျနေပြီး တရားထိုင်ချင်နေတဲ့ ကျွန်တော်....။

အင်း...မဖြစ်တော့ဘူး ငါ့အရေးအတွက် ဒီညတော့ တကယ်တရားထိုင်ပြီး
အမြဲမပြတ် ဖေါက်ပြန် ပျက်စီးနေတဲ့ ရုပ်တရား၊ နာမ်တရားတွေကို မြင်အောင်အားထုတ်တော့မယ်ဆိုတဲ့ ကျွန်တော်....။

ထီကားပေါ်...မြက်လုံးကြောင်တောင်အိပ်ပြီး စဉ်းစားရင်း ကဗျာရေးနေတဲ့ကျွန်တော်
နောက်ခန်းက သားအော်သံကိုကြား..(အဖေရေ..အိပ်ငိုက်မနေနဲ့ ထီလက်မှတ်တွေ သိန်း(၃၀)ဖိုးကျန်နေသေး သတဲ့....။

ကျွန်တော် ဓာတ်စက်ကိုအသံကုန်တင်ပြီး
မင်္ဂလာပါခင်ဗျား..ထီဝါသနာရှင်မိဘပြည်သူများ..နေ့စဉ်ဂဏန်းနှစ်လုံးကိုကြည့်လာရတာ ရိုးအီလာပြီထင်ပါတယ်..
ဟဲ..ဟဲ..မိမိတို့ရဲ့ ကံကြမ္မာ ကံဇာတာတွေ ဘယ်လောက်ကောင်းပြီဆိုတာကို သိရအောင်..ငွေအတွက်အခက်ကြုံနေသူများ..
ကြွေတစ်လှည့် ကြက်တခုံ ဘ၀ကိုချက်ခြင်းလက်ငင်းပြောင်းသွားအောင်..ကျွန်တော့်မော်တော်ယဉ်နောက်ခန်းမှ
အောင်ဘာလေထီ ပေါက်ဂဏန်းများကို လာရောက်ကံစမ်းတော်မူကြပါ....။ ရက်မကြာ မနက်ဖြန်သိန်းတစ်ထောင်ကံထူးရှင်ဖြစ်မှာ မလွဲဧကန်ပါ...။

ဘ၀အတွက် အမောပြေကဗျာလေးပါ...

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊အောက်တိုဘာလ(၆)ရက်၊နံနက်(၁း၅)နာရီ ရေးပါသည်။
READMORE