Showing posts with label ပေးစာကဏ္ဍ. Show all posts
Showing posts with label ပေးစာကဏ္ဍ. Show all posts

အယ်ဒီတာထံ ပေးစာ

2008/9ခုနှစ်တွင်ကန်တူးဖေါ်လုပ်အားခနှင့်မူလတန်းကျောင်းဆောင်ပြုပြင်ရန်အုတ်များအုပ်ချုပ်ရေးအာဏာအလွဲသုံးစားပြု၍၂၀၁၁ခုနှစ်တိုင်ကြားမှုအဖြေမရ၍မကျေးနပ်
မကွေးတိုင်းဒေသဒေကြီးနတ်မောက်မြို့နယ်သစ်လှကျင်းကျေးရွာအုပ်စုဝင်အူကျေးရွာတွင်၂၀၀၈/၉ခုနှစ်
၌ရိုသားသောဒေသခံများအားသောက်သုံးရေးကန်တူး
ဖေါ်လုပ်အားခများမရသောကြောင့်၂၀၁၁ခုနှစ်၈လပိုင်း၂ရက်နေ့တွင်တိုင်ကြားမှုတိုင်ကြားသူ၁၂ဦးအားတာဝန်ရှိသူများစစ်ဆေးခဲ့သော်လဲအဖြေမရသည်မှာယနေ့အချိန်ထိဖြစ်နေသည်

လူမှုကူညီရေးအသင်းတစ်စုမှကန်သစ်ပင်စိုက်ခ(၇၀၀၀၀)ကန်လုံခြုံရေးခြံဝန်းခတ်ခ(၁၀၀၀၀၀)ရေကျော်ပေါက်ဖေါက်ခကျောက်ကျင်း၂၅ကျင်းအတွက်(၃၇၅၀၀၀)ကန်အတက်အဆင်းလှေခါးပြုလုပ်ခ၂၅၀၀၀၀ကျောက်ကျင်း၉၅ကျင်းတစ်ကျင်း၁၅၀၀၀စုစုပေါင်းငွေကျပ်
၁၄၂၅၀၀၀မြေကျင်း၃၀၀ကျင်းတစ်ကျင်း၂၅၀၀စုစုပေါင်းငွေကျပ်၇၅၀၀၀၀ကျပ်တို့ကိုရယကဥက္ကဌဟောင်း
ဦးရဲအောင်သည် ယနေ့အထိ စာရင်းမရှင်းပါ။

ဆက်လက်၍မူလတန်းကျောင်းဆောင်ပြင်မည်ဟုဆိုကာအုတ်လုတ်ငန်းလေးသောင်းပြုလုပ်ရာပြည်သူများ
ထံမှလူလတ်ပိုင်းခြား၍၁အဆင့်၇၀၀၀ိ၂အဆင့်၅၀၀၀ိ
၃အဆင့်၃၅၀၀ိ၎အဆင့်၁၅၀၀ိခွဲတန်းဖြင့်ကောက်ခံ၍
တစ်အိမ်ထောင်ထင်းလှည်းတစ်စီးအိမ်ခြေ၁၂၀ရှိပြီး
အုတ်လေးသောင်းအနက်နှစ်သောင်းမှာကိုယ်ကျိုးသုံး
စွဲသွားသည် ဟုယူဆပါသည်။


သက်ဆိုင်ရာစစ်ဆေးခဲ့သူများကိုဆက်သွယ်ရာရာထူးနေရာဒေသများပြောင်းရွေ့သွား၍ဆက်သွယ်မှုမရခဲ့ပါ
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍
့်သက်ဆိုင်ရာတာဝန်ရှိသူများဖြေရှင်းပေးနိုင်ရန်အတွက်တင်
ပြပါသည်။

ဦးထွန်းရွှေ နှင့်ရွာသားများ
ဝင်အူကျေးရွာ

ပေးပို့သူ
ွှနတ်မောက်သားမြွေဟောက်

READMORE
 

မကွေးတိုင်းဒေသကြီး MPTဆက်သွယ်ရေးမန်နေဂျာကြီးကယ်တော်မူပါ ။

သို့

မကွေးတိုင်းဒေသကြီး MPTဆက်သွယ်ရေးမန်နေဂျာကြီးကယ်တော်မူပါ ။

ကျွန်တော်တို့ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်က မန်းရွှေစက်တော်ဘုရား ရွာသားဈေးသည်တွေပါ။ ဆက်သွယ်ရေးကချပေးတဲ့ MPTဖုန်းတွေကိုသာ သစ္စာရှိရှိ ကိုင်ဆောင်နေကြသူများဖြစ်ပါတယ်။ ကျွန်တော်တို့ရွာသားတွေကိုင်နေတဲ့ ဖုန်းလိုင်းတွေက အောက်ရွှေစက်တော်ချောင်းထဲရောက်ရင် လုံးဝပြောလို့မရတော့ပါဘူး။ ဖုန်းပြောချင်ရင် တောင်ကုန်းတွေသို့ ပြေးပြေးတက်နေရပါတယ်။ MPT တာဝါတိုင် တတ်ဆင်ပြီးတယ်လို့လည်း သိနေရပါတယ်။ အဲဒီတာဝါတိုင်လိုင်းကို ဘုရားပွဲတော်ရက်မှာသာ ဖွင့်ပေးတယ်သိနေရပါတယ်။
ဖုန်းတွေလိုင်းကောင်းအောင် အဲဒီတာဝါတိုင်က MPTလိုင်းကို ဖွင့်ပေးပါရန် လေးစားစွာ တင်ပြလိုက်ရပါတယ်။ ဒီလိုမ မဟုတ်ရင်တော့  ချောင်းကိုပြစ်၍ မြစ်ကိုရှာကြရပါတော့မယ်...၊၊၊၊၊၊

ဦးသန်းထွန်း
ရွှေစက်တော်ဘုရားတွင် ထာဝရနေထိုင်သူဈေးသည်ကြီး
READMORE