SHADE Journal | အတွဲ(၆)၊ အမှတ်(၆)

  • အမည် : SHADE Journal | အတွဲ(၆)၊ အမှတ်(၆)
  • ဖတ်ရန် : နိပ်ပါ
  • Download ရယူရန်။ အတွဲ(၆)| အမှတ်(၆)
  • ရက်စွဲ : 1.2.212 မှ 7.1.2012
 

SHADE Journal | အတွဲ(၆)၊ အမှတ်(၅ )

  • အမည် : SHADE Journal | အတွဲ(၆)၊ အမှတ်(၅ )
  • ဖတ်ရန် : နိပ်ပါ
  • Download ရယူရန်။ အတွဲ(၆)| အမှတ်(၅)
  • ရက်စွဲ : 25.1.2012 မှ 31.1.2012
 

SHADE Journal | အတွဲ(6)| အမှတ်( ၄ )

  • အမည် : SHADE Journal | အတွဲ(6)| အမှတ်( ၄ )
  • ဖတ်ရန် : နိပ်ပါ
  • Download ရယူရန်။ အတွဲ(6)| အမှတ်( ၄ )
  • ရက်စွဲ : 24.1.2012
 

`မကွေးမြို့နယ် NLD နာယက ဦးအောင်စိုး( ၁၉၉၀ ခု လွှတ်တော်ကိုယ်စားလှယ်) ဖြင့် တွေ့ဆုံခြင်း။´



`မကွေးမြို့နယ် NLD နာယက ဦးအောင်စိုး( ၁၉၉၀ ခု လွှတ်တော်ကိုယ်စားလှယ်) ဖြင့် တွေ့ဆုံခြင်း။´

မကွေး။ ဇန္န၀ါရီလ(၂၀)ရက်။

၂၀၁၂၊ ဇန္န၀ါရီလ(၂၀)ရက်၊ နေ့လယ်(၂)နာရီခန့်အချိန်၊ မကွေးမြို့၊ မဲထီလမ်း၊ မြင်သာရပ်ကွက်၊အမှတ်(၂၃၂) ရှိ မကွေးမြို့နယ် NLD ပါတီရုံးသို့ သွားရောက်သတင်းယူခဲ့ပါတယ်။ ယခင် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရ အရွေးချယ်ခံထားရသော လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးအောင်စိုး နဲ့ တွေ့ပါတယ်။ အသက်ကို မေးကြည့်တော့ (၈၅) နှစ်ရှိပြီးဖြစ်ကြောင်းသိရပါတယ်။ ယခု NLD ရုံးဖွင့်ထားသောအိမ်သည် ဦးအောင်စိုးရဲ့ ကိုယ်ပိုင်အိမ် ဖြစ်ပြီး NLD ပါတီရုံးမှာ မကွေးမြို့တွင် စတင်ဖွင့်လှစ်ခဲ့စဉ်ကအတိုင်း ယခုအချိန်အထိ စေတနာ့ဝန်းထမ်းအဖြစ် ဖွင့်လှစ်ခဲ့ပါကြောင်း၊ယခု တင်ထားတဲ့ NLD ပါတီဆိုင်းဘုတ်ကြီးက ယနေ့အထိ မည်သူကမှ လာရောက်ချထားခြင်း မခံခဲ့ရပါကြောင်း ဦးအောင်စိုးမှ ဂုဏ်ယူပြောဆိုပါတယ်။ ယခု မကွေးမြို့နယ် NLD ပါတီမှာ နာယက အဖြစ် တာဝန်ထမ်းဆောင်နေကြောင်း၊ ယခု NLDရုံး ပြန်ဖွင့်ပြီးမှ NLD ယာယီ အမှုဆောင်အဖွဲ့ (လူဟောင်းများသာ) ဖြစ်ပါတယ်။ အသစ် ပြန်လည်ဖွဲ့စည်းထားခြင်း မရှိသေးပါကြောင်း၊ ယခင်ပါတီဝင်များကတော့ မကွေးမြို့နယ်မှာ အမာခံစာရင်းလက်ကျန်အရ (၇၀၀၀) ခန့်စာရင်းရှိကြောင်း၊ ယခုပါတီ ၀င်အသစ်များ အဆိုပြုလွှာတွေ မတင်ရ သေးပါဘူး။ ပါတီဝင် အဆိုပြုလွှာများ ပုံစံ(၁၀၀၀) ရောက်လာပါကြောင်း၊ အခြားလိုအပ်နေတဲ့ မြို့နယ်များကိုလည်း ခွဲဝေ ပေးထားရကြောင်း၊ မကြာမှီမှာ ပါတီဝင်အဆိုပြု လွှာများကို မြို့နယ်ရုံးမှာ စီစစ်လက်ခံသွားပြီး NLD အဖွဲ့ချုပ် ဗဟိုရုံးသို့ ဆက်လက် ပေးပို့ သွားမည်ဖြစ်ကြောင်း၊ ပါတီဝင်သူ အသစ်များကိုတော့ အားလုံးကို လက်ခံသွားမည်ဖြစ်ပြီး ကျွန်တော်အပါဝင် NLD ပါတီဝင် လူဟောင်းများကိုတော့ သေသေချာချာ ပြန်လည် စီစစ်ပြီးမှသာ NLD အဖွဲ့ချုပ် ဗဟိုမှ လက်ခံမှာ ဖြစ်ကြောင် အသိပေး အကြောင်းကြားထားပါတယ်။ ၂၀၁၂၊ ဇန္န၀ါရီလ(၁၃)ရက်နေ့ နိုင်ငံတော်အစိုးရသစ် မှ လွတ်ငြိမ်းချမ်းသာခွင့်အရ အကျဉ်းထောင်များက လွှတ်ပေးသော နိုင်ငံရေးအကျဉ်းသားများတွင် မကွေးမြို့နယ်က တစ်ယောက်မှ မပါကြောင်း၊ မရှိကြောင်း သိရပါတယ်။

မကွေးမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ် လောင်း တင်သွင်းဖို့ မည်သူကို ရွေးချယ်ထားပါသလဲ မေးကြည့်ရာ ၊ မကွေးမြို့နယ် မှ ဦးမြင့်ဦး ကို ရွေးချယ်ပေးပြီး NLD အဖွဲ့ချုပ် ဗဟိုသို့ တင်ပြထားကြောင်း ဖြေဆိုပါတယ်။ ဒါပေမယ့် NLD မှ လွှတ်တော်ကိုယ်စားလှယ် အတည်ပြု ကြေငြာထားတဲ့ စာရင်းမှာ ဦးမြင့်သိန်း (မကွေးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း) အမည်ကို တွေ့မြင်ရပါတယ်။ ဒီကိစ္စကို မကွေးမြို့နယ် NLD နာယက ဦးအောင်စိုး (၁၉၉၀ ခုနှစ်မှ လွှတ်တော်ကိုယ်စားလှယ်) အား မေးမြန်းခဲ့ပါ တယ်။

မေး။ ။ ဦးအောင်စိုး ခင်ဗျား ကျွန်တော်တို့အပြင်သတင်း နဲ့ အင်တာနက်သတင်းတွေမှာ ကြားနေရတဲ့ ကိစ္စကိုမေးမြန်းခွင့်ပြုပါ။ ဦးအောင်စိုး တို့ NLD ပါတီက ဒီမိုကရေစီလို့ ကြွေးကြော်နေပြီး ယခု ကြားဖြတ်ရွေးချယ်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများ ရွေးချယ် တင်သွင်းတဲ့အခါမှာ အောက်ခြေမြို့နယ်များမှ ရွေးချယ်ပေးသူများကို မထည့်ဘဲ NLD အဖွဲ့ချုပ် ဗဟိုက တိုက်ရိုက်ရွေးချယ်သွားတဲ့ အပေါ် ဘယ်လို သဘောထား အမြင်ရှိပါသလဲခင်ဗျာ.။

ဖြေ။ ။ ဟုတ်ကဲ့ ကျွန်တော်တို့ အောက်ခြေက အဆိုပြုတင်ပြနိုင်ခွင့် ရှိပါတယ်။ ကျွန်တော်တို့ အဆိုပြုတဲ့အထဲမှာ ဦးမြင့်သိန်း(ချောက်မြို့နယ်)က မကွေးတိုင်းဒေသကြီးတာဝန်ခံ၊ ဦးမြင့်ဦး မကွေးမြို့နယ်တာဝန်ခံ တို့လည်းပါကြပါတယ်။ ဒါပေမယ့် ဗဟိုက အတည်ပြုသူသာလျှင် အတည်ဖြစ်ပါတယ်။ NLD အဖွဲ့ချုပ် ဗဟိုကလည်း အမှန်တကယ် ဖြစ်သင့် ဖြစ်ထိုက်တဲ့သူများရဲ့ နောက်ကြောင်းရာဇ၀င်တွေကို သေချာလိုက်လံစုံစမ်းပြီးမှ ရွေးချယ်တာဖြစ်တယ်လို့သိရပါတယ်။ ဒီကိစ္စကို ဗဟိုက ကျွန်တော်တို့ကို ကြိုတင်အကြောင်းကြား ထားပါတယ်။
ဟု ဦးအောင်စိုး( ၁၉၉၀ ခုနှစ်၊ NLD လွှတ်တော်ကိုယ်စားလှယ်) မကွေးမြို့နယ် NLD ပါတီ နာယက မှ ပြောကြားချက်ကို သတင်းရယူပါခဲ့ပါတယ်။

http://8888newgenerations.blogspot.com/ မှ စာရင်းအရ အောက်ပါစာရင်းအား ဖော်ပြပါသည်။
Power 48 for Myanmar New Year 1374.

ရန်ကုန်တိုင်း......
၁။ ဒေါ်အောင်ဆန်းစုကြည်ေ...ကာ့မှူးမြို့ နယ် ၊ ပြည်သူ့လွတ်တော်
၂။ ဒေါ်စုစုလွင် သုံးခွမြို့ နယ် ၊ ပြည်သူ့လွတ်တော်
၃။ ဒေါက်တာမျိုးအောင် ဒဂုံမြို့ သစ် ၊ ဆိပ်ကမ်းမြို့နယ် ၊ ပြည်သူ့လွတ်တော်
၎။ ဒေါ်ဖြူဖြူသင်း မင်္ဂလာတောင်ညွန့်မြို့နယ် ၊ ပြည်သူ့လွတ်တော်
... ၅။ ဦးဖြိုးမင်းသိန်း လှည်းကူးမြို့နယ်၊ ပြည်သူ့လွတ်တော်
၆။ ဒေါက်တာမေ၀င်းမြင့် မရမ်းကုန်းမြို့နယ် ၊ ပြည်သူ့လွတ်တော်

ပဲခူးတိုင်း.....
၇။ ဦးအောင်စိုးမြင့် တောင်ငူမြို့နယ် ၊ ပြည်သူ့လွတ်တော်
၈။ ဦးစိန်ထွန်း ထန်းတပင်မြို့နယ် ၊ ပြည်သူ့လွတ်တော်
၉။ ဦးမြင့်ဦး သနပ်ပင်မြို့နယ် ၊ ပြည်သူ့လွတ်တော်
၁၀။ ဦးကျော်မင်း လက်ပံတန်းမြို့နယ် ၊ ပြည်သူ့လွတ်တော်
၁၁။ ဦးမင်းဦး ထန်းတပင်မြို့နယ် အမျိုးသားလွတ်တော်မဲဆန္ဒနယ် (၇)
၁၂။ ဦးမျိုးခိုင် တိုင်းဒေသကြီး မဲန္ဒနယ် အမှတ် (၂)

မန္တလေးတိုင်း.....
၁၃။ ဦးအုန်းကြိုင် မဟာအောင်မြေမြို့ နယ် ၊ ပြည်သူ့လွတ်တော်
၁၄။ ဦးဝင်းထိန် မိထ္တီလာ ၊ ပြည်သူ့လွတ်တော်

မွန်ပြည်နယ်....
၁၅။ ဒေါ်ခင်ဌေးကြွယ် မော်လမြိုင်မြို့နယ် ၊ ပြည်သူ့လွတ်တော်

ရှမ်းပြည်နယ်....
၁၆။ ဒေါက်တာ ဒေါ်သန်းငွေ ကလောမြို့နယ် ၊ ပြည်သူ့လွတ်တော်
၁၇။ ဦးစိုင်းမြင့်မောင် အမျိုးသား လွတ်တော် မဲဆန္ဒနယ် အမှတ် (၃)

ဧရာဝတီတိုင်း....
၁၈။ ဦးဝင်းမြင့် ပုသိမ်မြို့နယ် ၊ ပြည်သူ့လွတ်တော်
၁၉။ ဦးစိန်ဝင်းဟန် (ခ) ဦးစိန်ဝင်း မအူပင်မြို့နယ် ၊ ပြည်သူ့လွတ်တော်
၂၀။ ဦးမန်းဂျော်နီ မြောင်းမြမြို့နယ် ၊ ပြည်သူ့လွတ်တော်
၂၁။ ဦးသိမ်းဆွေ မဲဆန္ဒနယ် အမှတ် (၁၀) ၊ အမျိုးသားလွတ်တော်
၂၂။ ဒေါက်တာလှမြတ်သွေး ရေကြည်မြို့နယ် ၊ တိုင်းဒေသကြီး လွတ်တော်

ကချင်ပြည်နယ်....
၂၃။ ဒါရှီလဆိုင်း ဖါးကန့်မြို့နယ် ၊ ပြည်သူ့လွတ်တော်
၂၄။ ဒေါ်ခင်ကြည် မိုးကောင်းမြို့နယ် ၊ ပြည်သူ့လွတ်တော်
၂၅။ ဦးဘမြင့် ဗန်းမော်မြို့နယ် ၊ ပြည်သူ့လွတ်တော်

စစ်ကိုင်းတိုင်း...
၂၆။ ဦးခင်မောင်သိန်း စစ်ကိုင်းမြို့နယ် ၊ ပြည်သူ့လွတ်တော်
၂၇။ ဒေါ်ခင်စန်းလှိုင် ပုလဲမြို့နယ် ၊ ပြည်သူ့လွတ်တော်
၂၈။ ဒေါ်ခင်မွေးလွင် မင်းကင်းမြို့နယ် ၊ ပြည်သူ့လွတ်တော်
၂၉။ ဒေါက်တာမြင့်နိုင် (မဲဆန္ဒ ၃) (ကန့်ဘလူ ၊ ကျွန်းလှ ၊ ရေးဦး ၊တန့်ဆည်) အမျိုးသားလွတ်တော်
၃၀။ ဦးစောလှိုင် (မဲဆန္ဒ ၇) ဗန်းမောက် ၊ ကောလင်း ၀န်းသို ၊ ပင်လယ်ဘူး အမျိုးသား လွတ်တော်

တနင်္သာရီတိုင်း.....
၃၁။ ဒေါ်တင်တင်ရီ ကျွန်းစုမြို့နယ် ၊ ပြည်သူ့လွတ်တော်
၃၂။ ဦးအောင်စိုး လောင်းလုံမြို့နယ် ၊ ပြည်သူ့လွတ်တော်

မကွေးတိုင်း....
၃၃။ ဦးမြင့်သိန်း မကွေးမြို့နယ် ၊ ပြည်သူ့လွတ်တော်
၃၄။ ဒေါက်တာတင်ဌေး ရေစကြိုမြို့နယ် ၊ ပြည်သူ့လွတ်တော်
၃၅။ ဦးမြင့်အောင် မြိုင်မြို့နယ် ၊ ပြည်သူ့လွတ်တော်
၃၆။ ဦးပိုက်ကို ပခုက္ကူမြို့နယ် ၊ ပြည်သူ့လွတ်တော်
၃၇။ ဒေါက်တာအောင်မိုးညို ပွင့်ဖြူမြို့နယ် ၊ ပြည်သူ့လွတ်တော်
၃၈။ ဦးအောင်ကြည်ညွန့် (မဲဆန ၄ တောင်တွင်းကြီး) အမျိုးသားလွတ်တော်

မန္တလေးတိုင်း....
၃၉။ ဒေါက်တာဇော်မြင့်မောင် ကျောက်ပန်းတောင်းမြို့နယ် ၊ ပြည်သူ့လွတ်တော်
၄၀။ ဦးပေါခင် နွားထိုးကြီးမြို့နယ် ၊ ပြည်သူ့လွတ်တော်
၄၁။ဒေါ်ခင်သန္တာ တံတားဦးမြို့နယ် ၊ ပြည်သူ့လွတ်တော်
၄၂။ ဦးကျော်သီဟ ပြင်ဦးလွင် ၊ ပြည်သူ့လွတ်တော်
ဧရာဝတီတိုင်း.....
၄၃။ ဒေါ်မြင်မြင့်စန်း ၀ါးခယ်မမြို့နယ် ၊ ပြည်သူ့လွတ်တော်
၄၄။ ဦးကျော်မြင့် မြန်အောင်မြို့နယ် ၊ ပြည်သူ့လွတ်တော်
နေပြည်တော်
၄၅။ ဦးဇေယျာသော် ပုဗ္ဗသီရိမြို့နယ် ၊ ပြည်သူ့လွတ်တော်
၄၆။ ဒေါ်စန္ဒာမင်း ဇဗ္ဗူသီရိမြို့နယ် ၊ ပြည်သူ့လွတ်တော်
၄၇။ ဦးမင်းသူ ဥတ္တရသီရိမြို့နယ် ၊ ပြည်သူ့လွတ်တော်
၄၈။ ဦးနိုင်ငံလင်း ဒက္ခိဏသီရိမြို့နယ် ၊ ပြည်သူ့လွတ်တော်
 

မကွေးမြို့ မြို့တော်ခန်းမ မှ လူသုံးကုန်ပစ္စည်းများ ကုန်စည်ပြပွဲကြီး




မကွေးမြို့ မြို့တော်ခန်းမ မှ လူသုံးကုန်ပစ္စည်းများ ကုန်စည်ပြပွဲကြီး
မကွေး ဇန္န၀ါရီ (၂၀)။
မကွေးမြို့၏ Electronics နှင့် လူသုံးကုန်ပစ္စည်းများပြပွဲကြီးကို ယနေ့(၂၀-၁-၂၀၁၂) မှ (၂၄-၁-၂၀၁၂)နေ့အထိ မကွေးမြို့ မြို့တော်ခန်းမတွင် (၅)ရက်ဖွင့်လှစ်မည်ဖြစ်ကြောင်းသတင်းရရှိခဲ့ပါသည်။ ယင်းပွဲကိုစီစဉ်သောကုမ္ပဏီမှာ WINNER ဖြစ်ကြောင်း သိရ၏။ ထို့ကြောင့် ယင်းကုမ္ပဏီမှ ဒါရိုက်တာ ဒေါ်ယုယုဟန် နဲ့တွေ့ဆုံမေးမြန်းသတင်းယူခဲ့ပါသည်။
သည်ပွဲကို ရွှေမြန်မာတိုင်းရင်း ဆေးဝါးထုတ်လုပ်ရေးမှ Min Sponsor အဖြစ် အဓိက ကူညီပံ့ပိုးထားပြီး New Star Electronics(TZE) မှ Audio Sponsor ကလည်း ကူညီပံ့ပိုးထားသည်။ အဆိုပါပွဲတွင် ရန်ကုန်၊ မန္တလေးနှင့် မကွေးမြို့များမှ ကုမ္ပဏီကြီးများ လုပ်ငန်းရှင်ကြီးများဖြစ်ကြသော Asia Metal Industry Co.;Ltd မှ မီးခံသေတ္တာအမျိုးမျိုး။ Royal Ayerwaddy Co.,Ltd မှ View sonic ကွန်ပျုတာ လက်တော့ပ် အမျိုးမျိုး ။ IEM Co.,Ltd မှ မီးအားမြှင့်စက် အမျိုးမျိုး။ Yi Mon Electronics မှ Solar Lamps အမျိုးမျိုး။ Mega Life Sciences Co.,Ltd မှ E-nat Ferrovit, Babi Mild ပစ္စည်းအမျိုးမျိုး။ Asia Light Co.,ltd မှ Happy Cow နို့ဆီ။ Myanmar Mikro Co.,Ltd မှ ရယ်ဒီငါးသေတ္တာများ။ Fidre Glass ရေတိုင်ကီများ။ ရွှေချင်းလုံကုမ္ပဏီ လီမီတက်မှ Mother’s Love လက်ဖက်ခြောက်များ။ Angel Pearl Trading Co., Ltd မှ AQUOS အလှကုန်များ။ ဇီဝသဘာဝ မြေသြဇာများ ကိုလည်း အထူးဈေနှုန်းချိုသာစွာဖြင့် ရောင်းချပေးကြောင်း သတင်းရရှိပါသည်။

WINNER ကုမ္ပဏီမှ ယခု ကုန်စည်ပြပွဲကြီးကို မကွေးမြို့တော်ခန်းမတွင် ဒုတိယအကြိမ် လာရောက်ကျင်းပ ပေးကြောင်း၊ ယခုလို ပွဲမျိုးကျင်းပပေးရခြင်းကြောင့် မကွေးမြို့မှ ၀ယ်ယူအသုံးပြုသူများအတွက် ဈေးနှုန်းများ သက်သက် သာသာဖြင့် ၀ယ်ယူအသုံးပြုနိုင်အောင် (အထူးလျှော့ဈေး) များဖြင့် စီစဉ်ပေးထားကြောင်း ပြောဆိုပါသည်။

ဖျော်ဖြေရေး အစီးစဉ်များမှာလည်း လူရွှင်တော် ရွှေဖလား နှင့်အဖွဲ့ မှ လူရွှင်တော်သုံးဦးတို့ဖြင့် အလှည့်ကြ ကပြပေးနေကြသည်။ ကုန်ပစ္စည်း များကိုလည်း မော်ဒယ်အလှမယ်များဖြင့် အလှည့်ကျ တင်ဆက်ပေးနေကြောင်း သတင်းရရှိခဲ့ပါသည်။
 

ရွှေည၀ါဆရာတော်ကို ကျောင်းတိုက်မှတစ်လအတွင်း ထွက်ခွာရန် တိုင်းသံဃာ့နာယကအဖွဲ့ကဆုံးဖြတ်



ရွှေည၀ါဆရာတော်ကို ကျောင်းတိုက်မှတစ်လအတွင်း ထွက်ခွာရန် တိုင်းသံဃာ့နာယကအဖွဲ့ကဆုံးဖြတ်
by 7Day News Journal on Thursday, January 19, 2012 at 3:31am
ရန်ကုန် - ဇန်န၀ါရီ ၁၉
ရွှေည၀ါဆရာတော်ကို သာဓုကျောင်းတိုက်မှ တစ်လအတွင်းထွက်ခွာပေးရန် တိုင်းသံဃာ့နာယကအဖွဲ့ကယနေ့မွန်းလွဲ ၂နာရီခွဲတွင်ဆုံးဖြတ်ချက်ချခဲ့ကြောင်း 7 Day News သတင်းထောက်ကသတင်းပေးပို့သည်။
ဇန်န၀ါရီ ၁၉ရက်မှ ဖေဖ၀ါရီ ၁၉ရက်အတွင်း ကျောင်းတိုက်မှထွက်ခွာပေးရန်နှင့်ကျောင်းမှ မထွက်ခွာမီ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ငြိမ်းချမ်းစွာနေထိုင်သွားရန်လည်း နာယကအဖွဲ့ကမိန့်ကြားခဲ့သည်။
ထိုဆုံးဖြတ်ချက်ကို တိုင်းသံဃာ့နာယကအဖွဲ့ဥကဌဆရာတော်နှင့် အကျိုးတော်ဆောင်အဖွဲ့ဝင်ဆရာတော် များစုစုပေါင်း သံဃာတော်၁၀ပါးက ယနေ့အစည်းအဝေးပြုလုပ်ကာဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ထိုအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှလူမှု့ရေးဝန်ကြီးနှင့် တိုင်းသာသနာရေးမှူးတို့တက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။

http://8888newgenerations.blogspot.com/ မှဖော်ပြပါသည်။
 

ဗုဒ္ဓဘာသာမှာ သံဃာတော်အချင်းချင်း အာဏာပြ



« ရွှေညဝါဆရာတော် ကျောင်းတိုက်မှ ထွက်ခွာပေးမည်ဟု ဝန်ခံလက်မှတ်ထိုးလိုက်ပြီ »
ရွှေည၀ါဆရာတော်နဲ့ အင်တာဗျူး
Thursday, January 19, 2012 zarny win 8 comments


ဒီကနေ့ ညနေပိုင်းက တွေ့ရတဲ့ ရွှေည၀ါဆရာတော် (ဓာတ်ပုံ-ဧရာဝတီ)

ရွှေည၀ါ ဆရာတော်နဲ့ ဧရာဝတီသတင်းထောက် လင်းသန့် အင်တာဗျူး ဖြစ်ပါတယ်။
ဒီညနေ ၄း၀၀ ၀န်းကျင်မှာ အင်တာဗျူးတော့ ဆရာတော်က ဒီအင်တာဗျူးကို တခြားသတင်းသမားများ သတင်းဌာနများကို လက်ဆင့်ကမ်းဖို့ မိန့်ခဲ့ပါတယ်။



Posted in: Interview,အင်တာဗျူး,အသံဖိုင်
http://www.irrawaddyblog.com/2012/01/blog-post_4185.html မှ ဖော်ပြပါသည်။
 

ကုလားတွေ ကလေးများကို ရှေ့တန်းတင်ပြီး တောင်းဆိုလာ




ရန်ကုန်မှ ကလေးများ ကျောင်းမပိတ်ရန် ဆန္ဒပြ
Yangon Press International ဓာတ်ပုံသတင်း
ဇန်န၀ါရီ ၁၈၊ ၂၀၁၂

သာကေတ ၃ ရပ်ကွက်ရှိ အစ္စလာမ်ဘာသာ စာသင်ကျောင်း ၃ ကျောင်း ပိတ်သိမ်းရန် ရပ်ကွက်နေထိုင်သူ အချို့က စာတင်ခဲ့ပြီးနောက် ဇန်န၀ါရီ ၁၇ ရက်နေ့တွင် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ လာရောက်ကြရာ စာသင်ကျောင်းမှ စာသင်သားများက ငြိမ်းချမ်းရေး မြတ်နိုးပါ၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုပါ အစရှိသည့် ကြွေးကြော်သံ ဆိုင်းဘုတ်များ ကိုင်ဆောင် ဆန္ဒပြခဲ့ကြသည်။
http://moemaka.blogspot.com/ မှကူးယူဖော် ပါသည်။
 

လောကဇာတ်ခုံ နိမ့်တုံ မြင့်တုံ





ဓာတ်ပုံများအား http://komoethee.blogspot.com/ မှ ကူးယူဖော်ပြပါသည်။

လောကကြီးမှာ
တရားသံဝေဂတွေ ရနိုင်ကြပါစေ..။
 

သတင်းဂျာနယ်များ စိစစ်ရေးမတင်ဘဲ ဖြန့်ချိ


သတင်းဂျာနယ်များ စိစစ်ရေးမတင်ဘဲ ဖြန့်ချိ

By featured, ဧရာဝတီ on January 16, 2012 3:01 pm in သတင်း / no comments, Hits: 3,156


ပြန်လည် လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများ အကြောင်း သတင်းနှင့် ဓာတ်ပုံများကို စာပေစိစစ်ရေး မတင်ဘဲ ထုတ်ဝေလိုက်ကြရာ ဂျာနယ်များ စောင်ရေပြတ်လပ်သည်အထိ ၀ယ်လိုအား ထိုးတက်သွားကြောင်း သတင်းရရှိသည်။

ယခုတပတ် စိစစ်ရေးမတင်ဘဲ ဖြန့်ချိသည့် သတင်းဂျာနယ်များ

သတင်းဂျာနယ်အများစုက ဇန်နဝါရီ ၁၂ ရက်နေ့တွင် ပြန်လည်လွတ်မြောက်ခဲ့သော ကိုမင်းကိုနိုင် အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင် များ၊ စစ်ထောက်လှမ်းရေး ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့်တို့၏ ပြောစကား၊ မှတ်ချက်၊ သတင်းနှင့် ဓာတ်ပုံများကို မျက်နှာဖုံးတွင် တင်ကြပြီး ယင်းသို့ အသုံးပြုရန် စာပေစိစစ်ရေး၏ ခွင့်ပြုချက်ကို မယူဘဲ ထုတ်ဝေကြခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဒီတကြိမ်လည်း ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်တဲ့အချိန်တုန်းကလိုပဲ ဂျာနယ်တွေအားလုံးက စာပေစိစစ်ရေးကို မတင်ကြဘူး၊ ကိုယ်သဘောနဲ့ကိုယ် ဂျာနယ် မျက်နှာဖုံးတွေကို စိတ်ကြိုက် ဝေေ၀ဆာဆာ ထုတ်ဝေတယ်။ စာပေ စိစစ်ရေး တင်ရင်လည်း ခွင့်မပြုမှာစိုးတာရယ်၊ နောက်တချက်က ပုံနှိပ်ဖို့၊ ဖြန့်ဖို့ အချိန် မမီမှာ စိုးတာကြောင့် ကိုယ့်သဘောနဲ့ကိုယ် လုပ်လိုက်ကြတာ” ဟု ပြည်တွင်း သတင်း အယ်ဒီတာတဦးက ပြောသည်။

ဂျာနယ်အများစုတွင် ခွပ်ဒေါင်းအလံများကို ပြန်လည် တွေ့မြင်လာရခြင်းက ထူးခြားချက်တရပ် ဖြစ်ကြောင်း သတင်းသမား များက သုံးသပ်သည်။

“ကျောင်းသားတွေရဲ့ ခွပ်ဒေါင်းအလံကို စာပေစိစစ်ရေးတင်ရင် သေချာတယ် လုံးဝ ခွင့်ပြုမှာမဟုတ်ဘူး။ ဒါပေမယ့်လည်း မီဒီယာ သမားတွေက အတွေးကိုယ်စီနဲ့ပဲ ခွပ်ဒေါင်းအလံပါတဲ့ သတင်းဓာတ်ပုံတွေ တော်တော် များများသုံးကြတယ်။ ဒါကလည်း တကယ့်ထူးခြားချက်။ နောက်တခုက အားလုံးက ညီညီညွတ်ညွတ်နဲ့ စာပေစိစစ်ရေးကို ဂရုမစိုက် ကြတော့ဘူး။ ဖြစ်လာရင် ရှင်းမယ်၊ လက်မှတ်ထိုးလိုက်မယ် ဆိုတဲ့ စိတ်တွေနဲ့ အားလုံးက လုပ်ကြတယ်။ အဲဒီတော့ ဘယ်ဂျာနယ်ကို ဖတ်ဖတ် အတော်ကို ဖတ်လို့ကောင်းနေတယ်” ဟု ၀ါရင့် သတင်းထောက်တဦးက ရှင်းပြသည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်စဉ်က သတင်းဂျာနယ် အများစုသည် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံများကို ပုံကြီးချဲ့ကာ မျက်နှာဖုံးဓာတ်ပုံ များအဖြစ် စာပေစိစစ်ရေး၏ ခွင့်ပြုချက် မယူဘဲ ထုတ်ဝေခဲ့ ကြသည့်အတွက် သတင်းဂျာနယ် ၉ စောင်ကို စာပေစိစစ်ရေးက တပတ် ထုတ်ဝေခွင့် ရပ်ဆိုင်းခြင်းဖြင့် အရေးယူခဲ့သည်။

လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသားများ၏ သတင်းနှင့် ဓာတ်ပုံများကို လွတ်လွတ်လပ်လပ် ဝေေ၀ဆာဆာ ထုတ်ဝေ ကြသည့်အတွက် ပြည်သူများက ယခုအပတ်ထုတ် သတင်းဂျာနယ်များ အလုအယက် ၀ယ်ယူခဲ့ကြပြီး ဂျာနယ်များမှာ ဈေးကွက်တွင် ရှာမရ သည်အထိ ပြတ်လပ်သွားကြောင်း သတင်းရရှိသည်။

“ဂျာနယ်တွေအားလုံး ရောင်းကောင်းတယ်။ အားလုံးက ကိုမင်းကိုနိုင်ပုံ၊ ဦးခင်ညွှန့်ပုံ၊ ၈၈ ကျောင်းသားတွေရဲ့ ဓာတ်ပုံတွေကို အဖုံးတင် ထုတ်ကြတာများတယ်။ ဦးခင်ညွှန့်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတယ် ဆိုတဲ့ သတင်းတွေကြောင့်လည်း အတော်ကို ဂယက်ရိုက်ပြီး လူတွေ ၀ယ်ဖတ်ကြတယ်” ဟု လမ်း ၃၀ အနီးမှ ဂျာနယ်လက်လီလက်ကား ဖြန့်ချိရေး လုပ်ငန်း ပိုင်ရှင်တဦးက ရှင်းပြသည်။ ဂျာနယ်များ ပြတ်လပ်သွားသည့် အတွက် တချို့ဂျာနယ်များကို ဈေးတင် ရောင်းချမှုရှိကြောင်း သိရှိရသည်။

စာပေစိစစ်ရေးကို ဂရုမစိုက်ဘဲ ဂျာနယ်များက ညီညီညွတ်ညွတ်ဖြင့် ကိုယ့်တာဝန် ကိုယ်ယူစနစ်ဖြင့် ထုတ်ဝေမှုသည် အလေ့အထကောင်း ဖြစ်သည်ဟု ပြည်တွင်း သတင်းသမားများက သုံးသပ် ပြောဆိုကြသည်။

“ဒါက ကောင်းတဲ့ အမူအကျင့်ပဲ။ ဒီမိုကရေစီစနစ်မှာ လူတိုင်းလွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့် ရှိရမှာ ဖြစ်တဲ့အတွက် သတင်းသမားတွေက ကိုယ့်အခွင့်အရေးကိုယ် ညီညီညွတ်ညွတ်နဲ့ လုပ်ကြတာ ကောင်းတယ်။ စာပေစိစစ်ရေးက ဘယ်လိုမှ အရေးယူဖို့ မလွယ်ဘူး။ အရေးယူ ခဲ့ရင်လည်း ဦးသိန်းစိန် အစိုးရ မျက်နှာ ပျက်ပါလိမ့်မယ်။ အဲဒီတော့ စည်းစည်းလုံးလုံးနဲ့ ဆက်လုပ်ကြဖို့ လိုပါတယ်” ဟု ၀ါရင့်သတင်းစာ ဆရာက ပြောသည်။

ပြန်ကြားရေး ၀န်ကြီးဌာနသည် သတင်း ဂျာနယ်များမှအပ တခြားသော အမျိုးအစားစာပေ၊ စာနယ်ဇင်းများကို ထုတ်ဝေပြီးမှ တင်ပြရသည့် ထုတ်/ တင် စနစ်ဖြင့် ထုတ်ဝေခွင့် ပြုထားပြီး ဇန်န၀ါရီလ ၂၆ ရက်နေ့တွင် ပြန်လည်ကျင်းပမည့် လွှတ်တော် အစည်းအဝေးများတွင် သတင်း မီဒီယာ ဥပဒေကြမ်းကို ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက တရားဝင် တင်သွင်းမည် ဖြစ်သည်။

http://burma.irrawaddy.org/archives/4894 မှ ကူးယူဖော်ပြပါသည်။
 

ဦးခင်ညွန့် ရုပ်ရှင်ရိုက်မည်လော


ဦးခင်ညွန့် ရုပ်ရှင်ရိုက်မည်လော

ဗိုလ်ချုပ်မှူးကြီး ၂ ဦး အုပ်ချုပ်မှုကာလအတွင်း နိုင်ငံရေးလှုပ်ရှားမှုများအား နှိမ်နင်းရာတွင် အဓိက တာဝန် ယူခဲ့သော ဦးခင်ညွန့် ၇ နှစ်ကြာ ထိန်းသိမ်းခံရပြီးပြန်လွတ်လာစဉ် ရုပ်ရှင်လောကမှ ထိပ်သီးများနှင့် ဤသို့ တွေ့ရလေသည်။

မှတ်တမ်းရုပ်ရှင်များဖြင့် လူသိများသည့် ဒါရိုက်တာမင်းထင်ကိုကိုကြီး နှင့် ကြည်ဖြူရှင်၊ လူရွှင်တော် ဇာဂနာ၊ သရုပ်ဆောင် ဇင်ဝိုင်းတို့နှင့် အမှတ်တရ ရိုက်ကူးထားသော ဤဓာတ်ပုံကို ဖေ့စ်ဘုတ် သုံးသူ အများအပြား စိတ်ဝင်စားနေကြသည်။

"ဦးခင်ညွန့်နဲ့အမှတ်တရပေါ့ဗျာ" ဟု ဇာဂနာက သူ့ ဖဘ တွင် မှတ်ချက် ပြုထားလေသည်။

နာမည်ကျော်စစ်ထောက်လှမ်းရေးအကြောင်း မှတ်တမ်းရုပ်ရှင်ရိုက်ကူးရန် စကားပြောဆိုခြင်းလော သို့တည်းမဟုတ် ဦးခင်ညွန့်ကိုယ်တိုင် ရုပ်ရှင်လောကသို့ ၀င်မည်လော ဆိုသည်ကို မသိရသေးပေ။

(ဓာတ်ပုံ - ဇာဂနာ ဖဘ)
Posted in: Photo,ဓာတ်ပုံ
http://www.irrawaddyblog.com/2012/01/blog-post_8268.html မှ ဖော်ပြထားပါသည်။
 

`အောင်ဘာလေထီ သိန်း(၁၅၀၀) ဆုဖြင့် မည်သူတွေ ချမ်းသာလာကြမည်နည်း´



`အောင်ဘာလေထီ သိန်း(၁၅၀၀) ဆုဖြင့် မည်သူတွေ ချမ်းသာလာကြမည်နည်း´

အောင်ဘာလေထီ ကို(၂၇၇ကြိမ်)မှစ၍ သိန်း(၁၅၀၀) ဆုကြီး တစ်ဆုထပ်တိုးပြီး ယခင်ဆုသိန်း(၁၀၀၀) ဆု အပါ အခြားဆုများ ထပ်တိုးတယ်။ အက္ခရာလိုင်း (၃)လိုင်းထပ်တိုးတယ်။ (၂၇၆ကြိမ်)မှာ `က´ အက္ခရာမှ `မ´ အက္ခရာအထိ(၂၅)လုံးပါ။ (၂၇၇ကြိမ်)ကစပြီး`က´မှ `လ´အက္ခရာထိ(၂၈)လုံးတိုးထားတယ်။ ယခင်ထက် အက္ခရာ(၃)လိုင်း တိုးလိုက်တော့ ထီစောင်ရေ(၂၇)သိန်းတိုးလာပါ တယ်။ ၀ယ်အား(ထီထိုးအား)များလာရင်လည်း နောက်ထပ် အက္ခရာလိုင်းတွေကို ထပ်မံတိုးသွားမယ်လို့ ကြားသိရပါတယ်။ အစိုးရထုတ်ဈေးကတော့ ထီတစ်စောင်(၂၀၀)ကျပ်သာတဲ့။ အစိုးရက ထီဈေးနှုန်းမတက်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ လုပ်သားပြည်သူတွေကတော့ ထီဖွင့်ခါနီးရင် ထီတစ်စောင် (၄၀၀ိ/၅၀၀ိ)ကျပ် သေချာပေါက်ပေးပြီး ထိုးကြရမယ်ထင်ပါတယ်။ ယခုလဆန်းပိုင်းကို ထီတစ်စောင်(၃၀၀ိ/၃၅၀ိ)ထိုး နေရပါပြီ။ ထီဆိုင်သူဌေးကြီးများနဲ့ ထီလက်မှတ် ၀ယ်ယူခွင့်ရထားသူ (အခွင့်ထူးခံ) လူတန်းစားများသာ ပိုပြီး ပိုပြီး ချမ်းသာလာကြပါမည်။ အစိုးရထုတ်တဲ့ အောင်ဘာလေထီ ကို အပြင်မှ အမြတ်ပေးပြီး ကံစမ်းရတယ်ဆိုတာကိုက မကောင်းပါဘူး။ ဆင်းရဲနွမ်းပါးသူများ လျှော့ကျစေချင်ရင် အစိုးရထီကို အစိုးရက ထုတ်တဲ့ဈေးနဲ့ သာ ရောင်းပေးရပါမည်။ ထီဆုကြီး သိန်း(၁၅၀၀) ဆုနဲ့ တစ်လမှာ သူဌေးငယ်တစ်ဦး မွေးထုတ်မယ့် အစား အဲဒီထီသိန်း(၁၅၀၀) ဆုကြီးအစား လက်ရှိယူနစ်ဆု သိန်း(၁၀၀)ဆုများ အပြင် နောက်ထပ်သိန်း(၁၀၀) ဆုများ (၁၅)ဆုတိုးပေးလိုက်ရင်မကောင်းဘူးလား။ ဒါဆိုရင် တစ်လ တစ်လမှာ သိန်းတစ်ရာ ယူနစ်ဆုများ (၃၀) လောက်ဖြစ်သွားမယ်။ တစ်လ တစ်လမှာ သိန်း(၁၀၀)ဆုရကံထူးရှင်များ(၃၀)ဦးလောက် အိမ်တွင်းစီးပွားရေးလုပ်ငန်းလေး တစ်ခုခုကိုတော့ သေချာပေါက် ထူထောင်နိုင်ဖို့ အရင်းအနှီးများရသွားကြမယ်။ အဲဒီသိန်းတစ်ရာယူနစ်ဆုတွေထဲမှ အနည်းဆုံး တစ်သိန်းဆုရှင်တွေအများ ကြီးထွက်လာမယ်လေ..။ ယနေ့ခေတ် တစ်သိန်းဆု ဟာ မိသားစု တစ်စုရဲ့ မီးဖိုချောင်တော့ တစ်လလောက် အထောက်အကူရမယ်လို့ ထင်ပါတယ်။ ဒီအကြောင်းကို လက်ပွှေ့ထီရောင်းသက် အနှစ်(၃၀) လောက် ရှိသူတစ်ဦးက အကြံပေးပြောကြားတာပါ။ သူ ပြောတာကို သေချာစဉ်းစားကြည့်လိုက်တော့ ဟုတ်နေပါတယ်။ ထီ တစ်စောင် (၂၀၀) ကျပ်နဲ့လည်း ထီထိုးလို့ရမယ်၊ သိန်း(၁၀၀) ယူနစ်ဆုတွေကလည်း တစ်လ တစ်လ(၃၀)ဆု လောက်ဆိုရင် အောက်ခြေလူတန်းစားတွေအတွက်တော့ ချောင်လည်သွားကြမယ်ထင်ပါတယ်။ ယခုတော့ နှစ်လုံး သုံးလုံးကလည်း မြန်မာတစ်ပြည်လုံးမှာ ပိတ်ထားတယ်ဆိုပေမယ့် ပြန်ပြီးလုပ်တဲ့ နေရာတွေမှာ ထိုးလို့ရနေကြပြန်ပါပြီ..။

ဒါ ဘာကြောင့်လည်းဆိုတော့ အစိုးရ အောင်ဘာလေထီက အစိုးရထုတ်ဈေးနဲ့ ထီထိုးလို့မရဘဲ ဈေးကြီးနေလို့ပါ။ လူများများ ထီပေါက်မယ်၊ လစဉ် လစဉ် ထောက်ပံ့မှုရပြီး ပေါက်တဲ့ သူ အရေအတွက်များ များလာအောင် သိန်း(၁၀၀) ယူနစ်ဆုတွေကို များများထည့်ပေးရင်တော့ ထိုင်း နိုင်ငံက နှစ်လုံးထီ သုံးလုံးထီကို အောင်နိုင်ပါလိမ့်မည်။ သူတို့ထီလို (၅၀ိ)ဖိုးကအစ ဈေးနည်းနည်းနဲ့ ကြိုက်သလောက် ထိုးလို့ရအောင် အစိုးရအောင်ဘာလေထီကိုလည်း ဆောင်ရွက် စီမံသင့်ကြပါပြီ..။ ယခုတော့ဗျာ တစ်ခါလာလည်း မဲပြာပုဆိုး ဂျာနယ်အစောင်စောင်တွေက အောင်ဘာလေထီ ဈေးကြီးနေပြီ ဘယ်လောက်အော်အော် ဘယ်လောက်ရေးရေး ဘာမှ ထူးမလာကြပါဘူး။ အစိုးရအောင်ဘာလေထီ အခွန်ဌာနကလည်း ပြည်သူ့ငွေတွေနဲ့ လခယူပြီး ပြည့်သူ့ဝန်ထမ်းစစ်စစ်တွေက အစိုးရထုတ်တဲ့ အောင်ဘာလေထီ တစ်စောင် ထုတ်ဈေး(၂၀၀)ကျပ်နဲ့ အများပြည်သူ တစ်ဦးချင်းဆီကို မရောင်းနိုင်ပါဘူး လို့ လွှတ်တော်မှာ ပြန်လည်ဖြေကြား ထားတဲ့ အသံကို ကြားလိုက်ရပါတယ်။ အခြား ကုန်ဈေးနှုန်းများကို ခေါ်ယူညှိနှိုင်းပြီး ဈေးနှုန်းကိုထိမ်းထားနိုင်သလို ထီဈေးနှုန်းကိုလည်း ထိမ်းထားသင့်ပါတယ်။ ထီဈေးနှုန်းကို မထိမ်းနိုင်ဘူး ဆိုရင်တော့ အောင်ဘာလေထီ ဟာ ပြည်သူလူထု ကြီးပွားချမ်းသာရေးမဟုတ်ဘဲ ထီဆိုင်သူဌေးကြီးများနဲ့အတူ ထီတကယ်မရောင်းကြဘဲနဲ့ ထီထုတ်ယူခွင့်ပါမစ်များကို လက်ဝါးကြီးအုပ်၊ နှစ်ပြတ်၊ လပြတ်၊ တစ်သက်တာ နဲ့ ထုတ်ယူပြီး တဆင့်ပြန်လည်ရောင်းစားထားကြတဲ့ အခွင့်ထူးခံလူတန်းစား လူတစ်စုသာ ဆက်လက်ချမ်းသာသွားကြပါဦးမည်..။ ဒီမိုကရေစီခေတ်ကြီးကို တကယ်လျှောက်လှမ်းမယ်ဆိုရင် ပြည်သူလူထု ၀မ်းဝရေး ဆင်းရဲနွမ်းပါးမှု လျော့ချရေးကို အောင်ဘာလေထီ ဌာနမှ ထိထိရောက်ရောက်ကူညီနိုင်အောင် ပြန်လည်ကြည့်ရှုသင့်ပါပြီ..။
 

ဒီမိုကရေစီလှုပ်ရှားမှုတွင် ဒေါ်အောင်ဆန်းစုကြည်နောက် ဒုတိယအထင်ရှားဆုံး ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်



ဒီမိုကရေစီလှုပ်ရှားမှုတွင် ဒေါ်အောင်ဆန်းစုကြည်နောက် ဒုတိယအထင်ရှားဆုံး ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်အား သရက်နှင့်အောင်လံရှိ ထောင်နှင့်ချီသောပြည်သူများက ကြိုဆိုကြ


PDF Print
Friday, 13 January 2012 13:03
AddThis Social Bookmark Button
mkn
ဒီမိုကရေစီလှုပ်ရှားမှုတွင် ဒေါ်အောင်ဆန်းစုကြည်နောက် ဒုတိယအထင်ရှားဆုံး ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်အား သရက်နှင့်အောင်လံရှိ ထောင်နှင့်ချီသောပြည်သူများက ကြိုဆိုခဲ့ကြကြောင်း သတင်းရရှိပါသည်။
ယနေ့ နံနက်ပိုင်းတွင် သရက်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသော ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်သည် သရက်မြို့မှ ဧရာဝတီမြစ်ကို ကူးကာ အောင်လံမှတစ်ဆင့် ရန်ကုန်မြို့သို့ ပြန်လာနေကြောင်း သတင်းရရှိပါသည်။ သရက်မြို့မှ ထွက်ခွာလာသော ကိုမင်းကိုနိုင်အား ဧရာဝတီမြစ်ကမ်းဘေးတွင် ထောင်နှင့်ချီသော ပြည်သူများက ကမ်းလုံးပြည့်မျှ ကြိုဆိုခဲ့ကြကြောင်း သိရှိရသည်။ ထို့အပြင် ပြည်သူအချို့သည် ဧရာဝတီမြစ်အတွင်း စက်လှေများဖြင့် ကြိုဆိုခဲ့ကြကြောင်းလည်း သိရသည်။
“ကျွန်တော်တို့ တိုင်းပြည်မှာ အခြေအနေတွေအများကြီး ပြောင်းလဲလာပြီး လူတွေ ပျော်ပျော်ရွှင်ရွှင် ရဲရဲဝင့်ဝင့်နဲ့ ကြိုဆိုနေကြတာကို တွေ့ရပါတယ်။ လွတ်လွတ်လပ်လပ်နဲ့ တိုင်းပြည်အတွက် အများကြီး လုပ်နိုင်မှာပါ” ဟု ထောင်ချီသော ပြည်သူများ၏ ကြိုဆိုမှုကို မြင်တွေ့ရပြီးနောက် ကိုမင်းကိုနိုင်က ပြောကြားခဲ့ခြင်းဖြစ်ပါသည်။
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်သည် သရက်ထောင်မှ လွတ်မြောက်ပြီး မီဒီယာများနှင့် တွေ့ဆုံစဉ်ကလည်း "ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့မှာပါ။ တွေ့ဖြစ်အောင် တွေ့မှာပါ။ သူရဲ့အလုပ်တွေကိုလည်း ကျွန်တော်ဝိုင်းကူလုပ်မှာပါ။ ရှေ့ဆက်လုပ်ကြမယ့် အလုပ်တွေကို လက်တွဲဆောင်ရွက်ကြဖို့ပါပဲ။ ကျွန်တော်တို့ သမိုင်းကိုတော့ အတတ်နိုင်ဆုံး အလှဆုံးဖြစ်အောင် နောက်ပြီး ကျွန်တော်တို့မျိုးဆက်ရဲ့ ဂုဏ်သိက္ခာလည်း ရှိအောင် ကျွန်တော်တို့ အတတ်နိုင်ဆုံးရေးခဲ့ပြီ ကျွန်တော်တို့ ကိုယ်ကောင်းစိတ်ဓါတ် အကျင့်ကောင်းတွေကို နောက်လူငယ်တွေကို ပြန်ပြီးတော့ မျှဝေခဲ့မယ်။ အခုပြန်လာတာဟာ ဒေါင်းတွေက အိုးဝေသံပေးပြီး ပြန်လာတာပါ။ ရှေ့ဆက်ပြီး ဒီမိုကရေစီ အရေးတွေကို အားနဲ့ ခွန်နဲ့ ဆက်လုပ်သွားမှာပါ။ အခု ကျွန်တော်ဘုရာဖူးဦးမှာပါ။ ပါတီအနေနဲ့တော့ ကျွန်တော်မစဉ်စားထားပါဘူး၊ သို့သော်လည်း ပါတီလုပ်မှ နိုင်ငံရေး လုပ်တာမဟုတ်ပါဘူး။ ဘယ်ကပဲလုပ်လုပ်ပါ၊ အပြင်ကလုပ်လို့လည်း ရပါတယ်။ ကျွန်တော်တို့ အရင်ကတည်းက ပါတီအနေနဲ့ လုပ်တာမဟုတ်ဘူး။ အဲဒီအတွက်တော့ အစီအစဉ်မရှိဘူး။သို့သော် ဒီမိုကရေစီ အရေးအတွက်တော့ ရှိသမျှအားနဲ့ ကျွန်တော် အလုပ်လုပ်သွားမှာ ဖြစ်ပါတယ်။ NLDနဲ့ကတော့ အရင်လိုပါပဲ။ လက်တွဲတော့မပျက်ပါဘူး။ ဒါပေမယ့် ကျွန်တော် ၀င်ဖို့ မ၀င်ဖို့သာ ရှိပါတယ်။ ဂျာနယ်တွေအနေနဲ့ လူကြီးတွေကို ပြန်ပြောပေးကြပါ။ ကျွန်တော်တို့ ဂျာနယ်တွေ ဖတ်ပါတယ်လို့။ Eleven ကရော ပါလားမသိဘူး။ ဒေါက်တာ သန်းထွဋ်အောင်ကို ပြောပေးပါဗျာ ကျွန်တော်တို့် ၁ ခြောက်လုံး အခွေကြည့်ရတယ်လို့ Congratulation လုပ်လိုက်ပါနော်။ Appreciate လုပ်ပါတယ်လို့ " ဟု ပြောကြားခဲ့ပါသည်။
သရက်မြို့မှ ပြန်လည်ထွက်ခွာလာသော ကိုမင်းကိုနိုင်သည် ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ရှိ နေအိမ်(အမှတ်-၄၇၂/ခ၊ ဇာနည် (၁၃) လမ်းအထက်၊ ၉ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်)သို့ ပြန်လည်ရောက်ရှိမည် ဖြစ်ကြောင်းသိရသည်။ ကိုမင်းကိုနိုင်လွတ်မြောက်မှုကို စောင့်မျှော်ခဲ့ကြသော ပြည်သူများနှင့် မိတ်ဆွေများသည် ၎င်း၏နေအိမ်ရှေ့တွင် သွားရောက်စောင့်ဆိုင်း ကြိုဆိုကြရန် ပြင်ဆင်နေကြကြောင်းလည်း သိရှိရသည်။
(နောက်ဆုံးရသတင်းနှင့် ဓါတ်ပုံများကို ဆက်လက်ဖော်ပြပေးသွားပါမည်)
Posted by Moe Thu
http://niknayman-niknayman.blogspot.com/2012/01/blog-post_9408.html ကူးယူဖော်ပြပါသည်။
 

၇ နှစ်အကြာ ဦးခင်ညွန့်




၇ နှစ်အကြာ ဦးခင်ညွန့်
Friday, January 13, 2012 zarny win 1 comment

Eleven မီဒီယာ ဖေ့စ်ဘုတ်မှာတော့ ဦးခင်ညွန့် ပြောဆိုချက်များကို အခုလို တွေ့ရပါတယ် -

" နေကောင်းပါတယ်။ ကျန်းမာရေးလည်းကောင်းပါတယ်။ ပျော်တော့ပျော်တာပေါ့။ မိသားစုလည်းပျော်တယ်၊ လွတ်ပေမယ့်လည်း ကျန်တဲ့ တပည့်တွေရှိနေသေးတယ်။ ဟိုမှာ မလွတ်သေးတာပေါ့ကွယ်။ ကျန်တဲ့ တချို့လွတ်သင့်လွတ်ထိုက်တဲ့လူတွေလည်း ရှိနေသေးတယ်။ အားလုံးလွတ်ရင်တော့ ပိုကောင်းတာပေါ့။ အားလုံးမိသားစုတွေနဲ့ဆုံကြတဲ့အချိန်မှာ ပိုကောင်းတာပေါ့။ သူတို့ကြီးပဲ ဒီလို လွတ်မြောက်လာတာ တစ်ကိုယ်ကောင်းဆန်တယ်လို့တော့ စိတ်ထဲမှာ ဖြစ်မိတယ်။ အားလုံးလွတ်ရင်ကောင်းမယ်။ လွတ်ပါစေလို့ပဲ ဆုတောင်းတယ်။ အချိန်ကာလတစ်ခုမှာ လွတ်လိမ့်မယ်လို့ ထင်ပါတယ်။ လက်ရှိအစိုးရကလည်း တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက်နေမှာဆိုတော့ လွတ်လိမ့်မယ်လို့ထင်ပါတယ်" ဟု ဦးခင်ညွန့်(ဗိုလ်ချုပ်ကြီးဟောင်း) က မီဒီယာများသို့ ပြောကြားခဲ့သည်။

12:14 PM
"လက်ရှိအစိုးရကကောင်းတယ်လေ။ ကောင်းတယ်ဆိုတာက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပြီးပြီ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေ၊ လက်ရှိသမ္မကြီးရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေ ၊ နှစ်ဦးစလုံးရဲ့ဆောင်ရွက်မှုတွေဟာ တိုင်းပြည်အနာဂတ်အတွက် ကောင်းမယ်လို့ မြင်ပါတယ်" ဟု ဦးခင်ညွန့်(ဗိုလ်ချုပ်ကြီးဟောင်း) က မီဒီယာများသို့ ဆက်လက်ပြောကြားခဲ့သည်။
http://www.irrawaddyblog.com/2012/01/blog-post_3402.html
တဆင့်ဖော်ပြပေးပါသည်။
 

အိုးဝေ ... အိုးဝေ ...


ဘားအံမှ လွတ်လာသော ဘလော်ဂါ နေဘုန်းလတ်


မုံရွာထောင်မှ လွတ်လာသူများ - မျက်မှန်တပ်ထားသူ ဒီငြိမ်းလင်း


ကော့သောင်းထောင်ကအထွက် ကိုပြုံးချို (ဓာတ်ပုံ - ကော့သောင်း NLD)


ဘူးသီးတောင်ထောင်က လွတ်လာတဲ့ ကိုဌေးကြွယ်

သရက်ထောင်က လွတ်လာတဲ့ ၈၈ မျိုးဆက် ခေါင်းဆောင် မင်းကိုနိုင်


အိုးဝေ ... အိုးဝေ ...
Friday, January 13, 2012 zarny win 1 comment
http://www.irrawaddyblog.com/2012/01/blog-post_527.html
 

SNLD ခေါင်းဆောင် ခွန်ထွန်းဦး


တောင်ငူထောင်က ထွက်လာတဲ့ ခွန်ထွန်းဦး (ဓာတ်ပုံ - Messener သတင်း ဂျာနယ်)


ဇနီးဖြစ်သူနဲ့ ပြန်လည်တွေ့ဆုံနေတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ခွန်ထွန်းဦး (ဓာတ်ပုံ - 7Day သတင်း ဂျာနယ်)

SNLD ခေါင်းဆောင် ခွန်ထွန်းဦး
Friday, January 13, 2012 zarny win No comments
http://www.irrawaddyblog.com/2012/01/snld.html
 

လက်ရှိအစိုးရကလည်း စစ်အစိုးရ မဟုတ်တော့ဘူး



လက်ရှိအစိုးရကလည်း စစ်အစိုးရ မဟုတ်တော့ဘူး
Friday, January 13, 2012 Khet Htan No comments

(ဓာတ်ပုံ - ဧရာဝတီ)

(ဆဲဗင်းဒေး သတင်းဂျာနယ်ရဲ့ ဖေ့စ်ဘုတ်ကနေ ကူးယူပါတယ်)

`အခုလွတ်လာတဲ့အတွက် စိတ်ထဲမှာပျော်တော့ပျော်တာပေါ့။ မိသားစုတွေလည်း ပျော်တယ်။ ဆွေမျိုးသားချင်းတွေလည်း ပျော်ကြတယ်။ ဒါပေမဲ့ ကျန်တဲ့တပည့်တွေရှိသေးတယ်။ မလွတ်သေးတဲ့ တပည့်တွေနဲ့ လွတ်သင့်လွတ်ထိုက်သူတွေ ကျန်သေးတယ်။ အားလုံးလွတ်ရင်တော့ပိုကောင်းတာပေါ့။ လွတ်ပါစေလို့လည်း ဆုတောင်းတယ်။ ကျွန်တော်တို့ချည်းပဲ လွတ်မြောက်လာတယ်ဆိုတော့ တစ်ကိုယ်ကောင်းဆန်တယ်လို့ စိတ်ထဲမှာ မထင်စေချင်ဘူး။ လက်ရှိအစိုးရကလည်း တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက်နေတာဖြစ်တဲ့အတွက်ကြောင့် အချိန်ကာလ တစ်ခုအတွင်းမှာ အားလုံး လွတ်မယ်လို့ထင်ပါတယ်။´

လက်ရှိအစိုးရအပေါ် သုံးသပ်ပေးပါ။

`လက်ရှိအစိုးရက ကောင်းပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ပြီးပြီ။ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေ လက်ရှိသမ္မတကြီးရဲ့ဆောင်ရွက်ချက်တွေ ဒီနှစ်ခုစလုံးဟာ တိုင်းပြည်အနာဂတ်အတွက် ကောင်းမယ်လို့ထင်ပါတယ်´

ရှေ့ဆက်ပြီး ဘာလုပ်ဖို့ရှိသလဲ။

`အိမ်မှာပဲ မိသားစုတွေနဲ့ အေးအေးဆေးဆေးနေချင်သေးတယ်။ သားတွေနဲ့မတွေ့ရတာ ၇နှစ်ရှိပြီ။ အခုမှ သားကြီးနဲ့တွေ့ရတာ´

နေအိမ်အကျယ်ချုပ်အတွင်း ဘာတွေလုပ်နေလဲ။

`ဘုရား၊ တရားပဲလုပ်တယ်။ ပြီးတော့ မာလီလုပ်တယ်။ ခြံထဲမှာ သစ်ပင်တွေ စိုက်တယ်။ ပန်းပင်တွေ စိုက်တယ်´

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီးတော့ သုံးသပ်ပေးပါ။

`ဒေါ်အောင်ဆန်းစုကြည်က အခု ရွေးကောက်ပွဲဝင်မယ်။ ပြီးရင် လွှတ်တော်ထဲရောက်မယ်။ သိပ်ကောင်းတာပေါ့။ လွှတ်တော်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်လို ပြောရဲဆိုရဲ ပြောတတ်ဆိုတတ်တဲ့ သူတစ်ယောက် ရောက်သွားရင် နောင်အနာဂတ်မှာ တိုင်းပြည်အတွက် တကယ် အကျိုးရှိတဲ့ပုဂ္ဂိုလ် ပါတော့ကောင်းပါတယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ကိုင်ပုံတွေကိုထောက်ခံပါတယ်´

၂၀၁၅ မှာ နိုင်ငံရေးပါတီဖွဲ့ပြီး နိုင်ငံရေးလုပ်ဖို့ အစီအစဉ်ရှိပါသလား။

`၂၀၁၅ မှာ နိုင်ငံရေးပါတီဖွဲ့ဖို့လည်း မရှိပါဘူး။´

ပြည်သူတွေကို ဘာများပြောချင်ပါသလဲ။

`တိုင်းပြည်အနာဂတ်အတွက် ကောင်းမယ်လို့ထင်တယ်။ လက်ရှိအစိုးရကလည်း စစ်အစိုးရမဟုတ် တော့ဘူး။ ဒီမိုကရေစီအစိုးရဆိုတော့ ဒီမိုကရေစီရဲ့ကျင့်စဉ်နဲ့သွားတော့မယ်။ ပြည်သူကလည်း ဒီမို ကရေစီကျင့်စဉ်တွေနဲ့ လုပ်ရပ်တွေကိုပဲ အားပေးနေတယ်။ လိုလားနေတယ်။ အဲဒီ့လိုလားချက်တွေ အတိုင်း ဖြစ်လာမယ်လို့ထင်တယ်။ တစ်ဖက်ကလည်း ဒေါ် အောင်ဆန်းစုကြည်က ပူးပေါင်းပါဝင်နေပြီလေ။ အဲဒါ အားပဲ။ အဲဒီ့အားတွေပေါင်းလိုက်ရင် တိုင်းပြည် အနာဂတ်က ကောင်းလာမယ်လို့ထင်တယ်´

`ရှေ့ဆက်တော့ အေးအေးဆေးဆေးပဲနေဦးမယ်။ ဘာမှ မစဉ်းစားသေးဘူး။ နောက်တစ်ခုက တိုင်းပြည်အတွက် ငြိမ်းချမ်းရေးပဲရစေချင်တယ်။ အခုလည်း လုပ်တော့လုပ်နေကြပါတယ်။ လက်ရှိသမ္မတကြီးရဲ့ ဆောင်ရွက် ချက်တွေက အင်မတန်ကောင်းတဲ့ဆောင်ရွက်ချက်တွေဖြစ်တယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အားနဲ့ ပေါင်းလိုက်ရင် တိုင်းပြည်အနာဂတ်က ပိုကောင်းလာမယ်´

၁၉၈၈ ကနေ ၂၀၀၄ ကာလအတွင်း အပစ်အခတ်ရပ်စဲရေးမှာ one of the key player အဖြစ် ပါဝင်ခဲ့တဲ့အခါ အဲဒီ့အကြောင်းနဲ့ ဒီဘက်အပိုင်းမှာ လုပ်နေတဲ့ ခြားနားချက်လေး။

`အဲဒါတွေက ပြန်လေ့လာရဦးမယ်။ အပြင်နဲ့ အဆက်အသွယ်ပြတ်နေတာ။ အပြင်မှာ ဘယ်လိုအခြေ အနေတွေဖြစ်နေတယ်ဆိုတာ မသိသေးဘူး။ နောင်တစ်ချိန်မှာ တိုင်းပြည်အတွက် ကောင်းတဲ့ဦးတည် ချက်မရှိဘဲ မကောင်းတဲ့ဦးတည်ချက်တွေဖြစ်လာရင် အစိုးရပဲဖြစ်ဖြစ် အဖွဲ့အစည်းပဲဖြစ်ဖြစ် နိုင်ငံတ ကာက လုပ်ဆောင်လာရင် မီဒီယာကတစ်ဆင့် လူထုဘက်ကနေ ရပ်တည်မှာပါ။´

http://www.irrawaddyblog.com/2012/01/blog-post_2680.html တဆင့်ကူးယူဖော်ပြပါသည်။
 

ဦးခင်ညွန့်






ဒီနေ့ လွတ်ငြိမ်းချမ်းသာသွားတဲ့ ဦးခင်ညွန့်နဲ့ သား ဇော်နိုင်ဦး (ဓာတ်ပုံများ - ဧရာဝတီ ဘလော့မှ ဖော်ပြပေးပါသည်။
 

ယနေ့ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးသည့် စာရင်း

Friday, January 13, 2012
ယနေ့ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးသည့် စာရင်း

ဆုံဆည်းရာ၊ ၁၃ ရက် ဇန်န၀ါရီလ ၂၀၁၂ (ပို့စ်တင်ချိန် မြန်မာစံတော်ချိန် ၉ နာရီ)
ဇန်န၀ါရီလ ၁၃ ရက် ၂၀၁၂ ခုနှစ် မြန်မာစံတော်ချိန် ၉ နာရီ ၃၀ မိနစ် အချိန်အထိ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးတဲ့ စာရင်းကို အကျဉ်းထောင် အလိုက်ဖော်ပြထားပါတယ်။ ဆက်လက်ပြီးတော့လည်း နိုင်ငံရေးအကျဉ်းသား လွှတ်ပေးတဲ့ စာရင်းကို အချိန်နဲ့တပြေးညီ ဖော်ပြပါ့မယ်ခင်ဗျား....။

ကလေးထောင်
(၁) ဦးစိုင်းညွန့်လွင်

ကျောက်ဖြူထောင်
(၁) စိုင်းလှအောင်
(၂) ဒုဗိုလ်မှူးကြီးဟောင်း စိုးညွန့် (စစ်ထောက်လှမ်းရေးဟောင်း)
- နိုင်ငံရေး အကျဉ်းသား ၉ ဦး

ဘားအံထောင်
(၁) နေဘုန်းလတ် (ခ) နေမျိုးကျော်
(၂) ညဏ်လင်း
(၃) သန့်စင်အောင်
(၄) ကျော်ကျော်နိုင်
(၅) နန္ဒစစ်အောင်
(၆) ပြည့်ဖြိုးအောင်
(၇) ဦးညီပု (၁၉၉၀ လွှတ်တော်ကိုယ်စားလှယ်)

တောင်ငူထောင်
(၁) ဦးခွန်ထွန်းဦး
(၂) ဗိုလ်မှူးကြီးဝင်းမြင့် (စစ်ထောက်လှမ်းရေးဟောင်း)
(၃) ဒုဗိုလ်မှူးကြီးဝင်းမြင့် (စစ်ထောက်လှမ်းရေးဟောင်း)
(၄) ဗိုလ်ကြီးထိန်ဝင်း (စစ်ထောက်လှမ်းရေးဟောင်း)
(၅) ဗိုလ်မှူးကျော်ကျော်ထွန်း (စစ်ထောက်လှမ်းရေးဟောင်း)

- ၁၃ ဦးတွင် ၁၃ ဦးလုံး လွှတ်

တောင်ကြီးထောင်
(၁) ကိုဂျင်မီ (၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်)
(၂) ကိုမြအေး (၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်)
(၃) ကိုဇော်သက်ထွေး
(၄) ကိုကျော်ကိုကို
(၅) ကိုဇော်မင်းဦး
(၆) ကိုဇော်ဝင်း
(၇) ကိုအောင်ကျော်ကျော်
(၈) သူရစိုး
(၉) မန်းဇော်ထွေး
(၁၀) ကိုမောင်ကံ

လားရှိုးထောင်
(၁) ကိုမင်းဇေယျာ
(၂) ကိုမင်းဟန်
(၃) မဟန်နီဦး

ဘူးသီးတောင်ထောင်
(၁) ကိုဌေးကြွယ် (၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်)
(၂) ကိုစည်သူမောင်
(၃) ကိုသန့်စင်မျိုး
(၄) ကိုအောင်ဇော်ဦး
(၅) ကိုကျော်ဝင်းဆန်း
(၆) မောင်မောင်လတ်
(၇) ဦးပြည်ကျော်
(၈) ကျော်မင်း
(၉) ကိုဝဏ္ဏပံသ
(၁၀) ကိုထွန်းညို

စစ်တွေထောင်
(၁) ဒေါက်တာသက်လွင်
(၂) ကိုသန်းတင်(ခ)ကိုကြီးသန်း
(၃) ပြည့်ဖြိုးလှိုင်
(၄) အောင်အောင်ကျော်(ဧရာဝတီ)
(၅) ဇေယျာဦး(ဧရာဝတီ)
(၆) ဦးပုရစ်
(၇) ကျော်ဇင်ဝင်း
(၈) ဒေါပုံနေနေ

မြစ်ကြီးနားထောင်
(၁) သီဟသက်ဇင်
(၂) ကျော်ဝင်း
(၃) ကြည်စိုး
(၄) ဇေယျာအောင်
(၅) မျိုးမင်းသန်း
(၆) ဦးဝီရသူ

မုံရွာထောင်
(၁) ဒီငြိမ်းလင်း

မြောင်းမြထောင်
(၁) ဦးဂမ္ဘီရ
(၂) ကိုကံမြင့်
(၃) ကပ်လန်ခွ
(၄) စန္ဒာမင်း

မြင်းခြံထောင်
(၁) မသက်သက်အောင်

မိုင်းဆတ်ထောင်
(၁) ကိုကိုကြီး (၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်)
(၂) ကရင်လေး စောနေထူး

ရွှေဘိုထောင်
(၁) ကိုသက်ဇော်
(၂) မီးမီး (ခ) သင်းသင်းအေး

ဗန်းမော်ထောင်
(၁) ဦးဘမြင့် (အန်အယ်ဒီ အလုံမြို့နယ်)
(၂) ဒေါ်မာမာဦး (၈၈ မျိုးဆက်)
(၃) ကိုကျော်စွာဋ္ဌေး
(၄) ဒေါက်တာဝင့်သူ

သရက်ထောင်
(၁) ကိုမင်းကိုနိုင် (၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်)
(၂) မင်းခေါင်ထွဋ်
(၃) တင်ထွဋ်ပိုင်
(၄) မင်းသိန်းထွန်း
(၅) သူရအောင်
(၆) ကိုကိုလှိုင်
(၇) ဂျော်လီထွန်း
- ၉ ဦးလွှတ်၊ ၉ ဦးကျန်

သာယာဝတီထောင်
(၁) မနီလာသိန်း
(၂) မကြည်ကြည်ဝါ
(၃) ဘိုဘို
(၄) ဦးရဲမြင့်
(၅) လွင်မိုးမြင့်
(၆) အောင်သန်း(ခေါ်)အောင်မိုး
(၇) ခင်လှိုင်(ခ)ဖိုးဆောင်း
(၈) ကျော်အောင်
(၉) ၀င်းထိုက်(ခ)ဦးရာဇဓမ္မ
(၁၀) ဆရာရဲ
- ၁၀ဦးတွင် ၁၀ဦးလွှတ်

Posted by ကိုဈာန် at 9:31 AM 0 comments
http://soneseayar.blogspot.com/ မှ တဆင့်ဖော်ပြပေးပါသည်။
 

ဖားအံထောင် လွတ်စာရင်း

ဖားအံထောင် လွတ်စာရင်း

၁။ဥာဏ်လင်း၊
၂။နေမျိုးကျော်(နေဘုန်းလတ်)၊
၃။သန်စင်အောင်၊
၎။ကျော်ကျော်နိုင်၊
၅။နန္ဒစစ်အောင်၊
၆။ပြည့်ဖြိုးအောင်
တို့လွတ်ပါတယ်။

မြောင်းမြ ထောင် လွတ်စာရင်း

၁။စန္ဒာမင်း၊
၂။ကိုကံမြင့်၊
၃။ကပ်လန်ခွာ

တို့လွတ်ပါတယ်

၁။ဦးဂမ္ဘီရ၊
၂။ဦးစိုင်းညွန်လွင်၊
တို့လဲ လွတ်ပါတယ်။


မြစ်ကြီးနားထောင် လွတ်စာရင်း

၁။သီဟသက်ဇင်၊
၂။ကျော်ဝင်း၊
၃။ကြည်စိုး။
၎။ဇေယျာအောင်၊
၅။မျိုးမင်းသန်း၊
၆။ဦးဝီရသူ
တို့လွတ်ပါတယ်။

တောင်ကြီးထောင် လွတ်စာရင်း

၁။ ဂျင်မီ၊
၂။မြအေး၊
၃။ဇော်သက်ထွေး၊
၎။ကျော်ကိုကို၊
၅။ကိုမောင်ကံ၊
၆။ဇော်မင်းဦး၊
၇။ကိုဇော်ဝင်း၊
၈။ကိုအောင်ကျော်ကျော်၊
၉သူ၇စိုး။
၁၀မန်းဇော်ထွေး။

တို့အားလုံးလွတ်ကြပါတယ်။


ဘူးသီးတောင် ထောင် လွတ်စာရင်း

၁။ ဌေးကြွယ်
၂။စည်သူမောင်၊
၃။သန့်စင်မျိုး၊
၎။အောင်ဇော်ဦး၊
၅။ကျော်ဝင်းဆန်း၊
၆။မောင်မောင်လတ်၊
၇။ဦးပြည်ကျော်၊
၈။ကျော်မင်း
တို့လွတ်ပါတယ်။

ကျန်ရှိသောစာရင်းများအားဆက်လက်ဖော်ပြပေးပါမည်.။
http://komoethee.blogspot.com တဆင့်ဖော်ပြပါသည်။
 

YPI က ထုတ်ပြန်တဲ့ နိုင်/ကျဉ်း လွတ်စာရင်း


YPI က ထုတ်ပြန်တဲ့ နိုင်/ကျဉ်း လွတ်စာရင်း
Friday, January 13, 2012 Sithu Linn No comments





Yangon Press International

နိုင်ငံရေး အကျဉ်းသား လွတ်မြောက်မှု စာရင်း နံနက် ၇ နာရီ ၁၅ မိနစ်

လားရှိုးထောင်မှ ကိုမင်းဇေယျာ၊ ကိုမင်းဟန်၊ မဟန်နီဦးတို့ အပါအ၀င် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်မည်ဟု မိသားစုဝင် အတည်ပြု၊

ဘူးသီးတောင် အကျဉ်းထောင်မှ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဋ္ဌေးကြွယ် အပါအ၀င် ၉ ဦးလွတ်မြောက်မည်ဟု အတည်ပြုနိုင်ပြီး ၁ ဦးကျန်ရှိမည်ဟုလည်း သိရသည်။
လက်ရှိပြုစုထားသည့် စာရင်းအရ ဘူးသီးတောင် ထောင်တွင် နိုင်ကျဉ်း ၁၀ ဦးထိန်းသိမ်းထားသည်ကို သိရသည်။

ကျောက်ဖြူထောင်မှ နိုင်ငံရေး အကျဉ်းသား ၉ ဦးနှင့် စစ်ထောက်လှမ်းရေး ဒုဗိုလ်မှူးကြီးဟောင်း စိုးညွန့်တို့ လွတ်မြောက်သည်ဟု အကျဉ်းဦးစီးမှ အတည်ပြုပြောဆိုသည်။

မြင်းခြံထောင်မှ နိုင်ငံရေး အကျဉ်းသား ကျား ၁၁၊ မ ၂ ဦး တို့လွတ်မြောက်သည်။ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ၆၅ နှစ်ခွဲ ချမှတ်ခံထားရသူ မသက်သက်အောင် လည်း ယင်းတို့အနက်ပါဝင်သည်ဟု အကျဉ်းဦးစီးဋ္ဌာနကို လှမ်းမေးမြန်းသည့် မသက်သက်အောင် ခင်ပွန်း ကိုချစ်ကိုလင်းက အတည်ပြုပြောဆိုသည်။

လွတ်မြောက်သည့် စာရင်းထဲ မပါဝင်သူအချို့စာရင်းလည်း ရရှိထားရာ ရှမ်းတိုင်းရင်းသား ၆ ဦး ကရင် ၂ ၊ သရက်ထောင်မှ ကိုသန်းဇော် ပါဝင်သည်။



~

Posted in: အချက်အလက် http://www.irrawaddyblog.com/2012/01/ypi.html
 

တောင်ကြီးထောင်က လွတ်တဲ့သူများစာရင်း

တောင်ကြီးထောင်က လွတ်တဲ့သူများစာရင်း
တောင်ကြီးထောင်မှ ဂျင်မီ၊မြအေး၊ဇော်သက်ထွေး၊ကျော် ကိုကို၊ကိုမောင်ကံ၊ဇော်မင်းဦး၊ကိုဇော်ဝင်း၊ကိုအောင်ကျော်ကျော်၊သူ၇စိုး။မန်းဇော်ထွေးတို့အားလုံးလွတ်ကြပါတယ်။

http://komoethee.blogspot.com/ မှတဆင့်ကူးယူဖော်ပြပါသည်။
 

အကျဉ်းထောင်အသီးသီးမှ လွတ်မြောက်လာသူများစာရင်း



အကျဉ်းထောင်အသီးသီးမှ လွတ်မြောက်လာသူများစာရင်း
ထောင်မှလွတ်မြောက်လာသူများစာရင်း
၁ ကိုမင်းကိုနိုင်

၂ ဦးခင်ညွှန်(ထောက်လှမ်းေ-ဟောင်း)

၃ ဦးကိုကိုကြီး

၎ ဦးခွန်ထွန်းဦး

၅ ကိုဋ္ဌေးကြွယ်

၆ ဘန်ဒိတ်ထွန်း

၇ မမီးမီး

၈ ဦးဂမ္ဘီရ

၉ မနီလာသိန်း

၁၀ ကိုဥာလင်း

၁၁ မသက်သက်အောင်

၁၂ ကိုဇော်ဇော်မင်း

၁၃ ကိုဂျင်မီ

၁၄ ကိုမျိုးအောင်နိုင်

၁၅ ကိုသန်းတင်

၁၆ ကိုလှမျိုးနောင်

၁၇ ကိုသက်ဇော်

၁၈ အံ့ဖွယ်ကျော်

၁၉ ဒေါက်တာ မင်းထွန်း

၂၀ ကိုဇေယျာ

၂၁ ကိုမြအေး

၂၂ ကိုသန်းတင်

၂၃ ကိုသက်ဇော်

၂၄ ကိုပြုံးချို

၂၅ ကိုဇော်သက်ထွေး

၂၆ မန္ဒနာမင်း

၂၇ ဦးညီပု

၂၈ ဦးစိုးင်းညွှန့်လွင်

၂၉ကိုနေဘုန်းလတ်(နေမျိုးကျော်)

၃၀ မင်းဟန်

၃၁ မဟန်နီဦး

၃၂၊ သန်စင်အောင်

၃၃ ၊ကျော်ကျော်နိုင်

၃၄ နန္ဒစစ်အောင်

၃၅ ၊ပြည့်ဖြိုးအောင်

၃၆ ဦးဘမြင့် ဒေါ်မာမာဦး

၃၇ ကိုကျော်စွာဋ္ဌေး

၃၈ ဒေါက်တာဝင့်သူ၊

၃၉ ကရင် စောနေထူး

၄၀စစ်ထောက်လှမ်းရေး ဒုဗိုလ်မှူးကြီးဟောင်း စိုးညွန့်

၄၁ ဦးစိုင်းလှအောင်

၄၂ ကိုကျော်ဝင်း

၄၃ ကိုသီဟသက်ဇင်
၄၄ ဦးထွန်းညို
၄၅၊ ဦးပြည်ကျော်
၄၆ ဒေါက်တာသက်လွင်
၄၇ ကိုသန်းတင်(ခ)ကိုကြီးသန်း၊
၄၈ ကိုပြည့်ဖြိုးလှိုင်၊
၄၉ ကိုအောင်အောင်ကျော်၊
၅၀ ကိုဇေယျာဦး(ဧရာဝတီ)၊
၅၁ ဦးပုရစ်
၅၂ ၊စည်သူမောင်
၅၃ သန့်စင်မျိုး၊
၅၄ အောင်ဇော်ဦး
၅၅ ၊ကျော်ဝင်းဆန်း
၅၆ ၊မောင်မောင်လတ်
၅၇ ၊ဦးပြည်ကျော်
၅၈ ကို၊ကျော်မင်း
၆၀ စည်သူဇေယျ
၆၁ကျော်ကိုကို
၆၂၊ ကိုမောင်ကံ၊
၆၃ ကိုဇော်မင်းဦး
၆၄ ၊ကိုဇော်ဝင်း
၆၅ ကိုအောင်ကျော်ကျော်
၆၆ ကိုသူ၇စိုး
၆၇ မန်းဇော်ထွေး
၆၈ ကြည်စိုး
၆၉ ဇေယျာအောင်၊
၇၀ ကိုမျိုးမင်းသန်း
၇၁ ၊ဦးဝီရသူ
၇၂ ဒေါက်တာ တင်မင်းထွဋ်
၇၃ ရဲမြတ်ဟိန်း
၇၄ မျိုးကျော်ဇင်
၇၅ ကိုအောင်သူ
၇၆ အောင်ကျော်ဦး
၇၇ ကိုဝေလင်း
၇၈ ကိုမြင့်စိုး
၇၉ ကိုရဲမြင့်
၈၀ မျိးမင်းဇော်
၈၁ ကိုသီဟ
၈၂ ကိုညွှန့်အောင်
၈၃ ဦးအုန်းသန်း
၈၄ ကိုကျော်ဇင်လင်း
၈၅ ဒေါ် ၀င်းမြမြ
၈၆ မတင်တင်မြ၈၇ ဦါ်ဘမြင့်
၈၈ ဒေါက်တာဝင်းသူ
၈၉ ဆရာဇော်
၉၀ အောင်အောင်ရှဲ
၉၁ ဂျက်နက်ခိုင်
၉၂ကို ထွန်းထွန်းဦး
၉၃ ကိုထွန်းထွန်းနိုင်
၉၄ ကိုမြတ်ကို (GW)

ဆက်လက်ဖော်ပြပေးပါမည်......
at 13:48 0 comments Links to this post
http://komoethee.blogspot.com/ မှ တဆင့်ကူးယူဖော်ပြပေးပါသည်။ ဤ သတင်းမှ လွတ်လာသော စာရင်းအား ဆက်လက်ဖော်ပြပေးသွားပါမည်။
 

ငါးထောင်တန်ဖုန်း အဆက်…(လွတ်ငြိမ်းချမ်းသာခွင့်နဲ့အတူ ပျော်နိုင်ကြပါစေ)

ငါးထောင်တန်ဖုန်း အဆက်…


ယနေ့ ပြည်သူတွေ စိတ်အဝင်စားဆုံးသတင်းမှာ ဒေါ်အောင်ဆန်းစုကြည် ဘယ်ကဝင်ပြိုင်မှာလဲဆိုသည့် သတင်းမဟုတ်၊ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဘာတွေပြောသွားလဲဆိုသည့် သတင်းလည်းမဟုတ်၊ မာစီးဒီးလို တန်ဖိုးကြီးကားတွေ သွင်းခွင့်ပြုလိုက်ပြီဆိုသည့် သတင်းကလည်း သာမန်လက်လုပ်လက်စား တွေအတွက် စိတ်ဝင်စားစရာ သတင်းမဟုတ်ပေ။ သို့သော် ပြည်သူလူထု အများစု သိချင်နေကြသည့် သတင်းတစ်ခု အရပ်တကာထဲတွင် ဟိုးဟိုးကျော်နေပြီ။
ငါးထောင်တန် ဖုန်းကဒ်များ ရောင်းချတော့မည့်သတင်းမှာ အင်တာနက်စာမျက်နှာများမှ ပုံနှိပ်ဂျာနယ်များပေါ် အထိ ရောက်ရှိလာသည်။ ရွှေပြည်တံခွန် ကုမ္ပဏီမှ မိုဘိုင်ဆင်းကဒ် တစ်ကဒ်လျှင် ငါးထောင်ကျပ်နှင့် ရောင်းချပေးနိုင်မည့် Proposal ကို နိုင်ငံတော်သမ္မတကြီးထံ တင်ပြထားသည်ဟု အဆိုပါကုမ္ပဏီ၏ ထိပ်တန်းအရာရှိကြီးတစ်ဦးက မီဒီယာများကို ဖိတ်ခေါ်၍ အသိပေးလိုက်သည်။ သမ္မတကြီးမှ ခွင့်ပြုသည်နှင့်တပြိုင်နက် စတင်ဖြန့်ချိတော့မည်ဟုလည်း အသိ ပေးလိုက်သည်။ ဈေးနှုန်းနှင့် ခေါ်ဆိုခမှာ မြန်မာ့ဆက်သွယ်ရေးမှ GSM, CDMA, ကမ်းရိုးတမ်းတွေထက် အံသြဖွယ်ကောင်းလောက်အောင် နည်းပါးသော်လည်း စီးပွားရေးအရ တွက်ခြေကိုက်သည့်အပြင် အရှိန်ရလာလျှင် ဆင်းကဒ်ဖိုး ငါးထောင်ကိုပင် ယူတော့မည်မဟုတ်ဘဲ ခေါ်ဆိုခကိုသာ ကောက်ခံတော့မည်ဟုလည်း ၎င်းအရာရှိကြီးက ဆက်လက်ပြောကြားလိုက်သေးသည်။ ခေါ်ဆိုခပင်လျှင် ဒေသတွင်း နိုင်ငံများနှင့် ယှဉ်လျှင်များပြားနေသေးကြောင်းလည်း ဝန်ခံသွားခဲ့သည်။
ပြည်သူတွေအနေဖြင့် ထိုကိစ္စ အမှန်တကယ် အကောင်အထည်ဖော်လာရန် ဆုတောင်းနေကြရပါသည်။ မည်သည့်နိုင်ငံတွင်မှ မပေးရသည့် ဖုန်းဈေးနှုန်းနှင့် ကြီးမြင့်လှသော ခေါ်ဆိုခတွေကို ဆင်းရဲသောပြည်သူတွေ ပေးဆောင်နေကြရသည်။ စီးပွားရေးလုပ်ငန်းတွေမှာလည်း မလိုလားအပ်သည့် အပိုကုန်ကျစရိတ်( Transaction Cost) တွေကြောင့် ဒေသတွင်းနိုင်ငံတွေနှင့် ယှဉ်ပြိုင်ရောင်းချနိုင်စွမ်းမရှိ ဖြစ်နေရသည်။ Transaction Cost တွေ လျော့ချရမည့် ကိစ္စကို တိုင်းပြည်အခြေပြုမိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားခဲ့သည့် သမ္မတကြီးအနေဖြင့်လည်း ယခုကိစ္စကို သဘောတွေ့လိမ့်မည် ထင်ပါသည်။
ပြည်ပန်းညိုချိုပါလျှက် ဆားကဖျက်ဆိုသကဲ့သို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထိုကိစ္စကို အနှုတ်လက္ခဏာဆောင်သည့်အမြင်ဖြင့် ရှုမြင်သည်။ ဆက်သွယ်ရေးမပါဘဲ လုပ်၍မရကြောင်း မီဒီယာများကို အသိပေးသည်။ ဆက်သွယ်ရေးကဏ္ဍမှာ နိုင်ငံတော်ကသာ လုပ်ခွင့်ရှိသည့် ကိစ္စဟူ၍လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ကိုးကားပြောဆိုပြန်သည်။ မြန်မာ့ဆက်သွယ်ရေး၏ ကွန်ယက်ပေါ် ဖြတ်သန်းခြင်းမရှိဘဲ မြန်မာ့ဆက်သွယ်ရေးမှ ဖုန်းများနှင့် ချိတ်ဆက်၍မရ၊ နိုင်ငံတကာ ဖုန်းများနှင့် ချိတ်ဆက်၍မရဟူ၍လည်း နည်းပညာပိုင်းအရ မဖြစ်နိုင်ပါဟူ၍လည်း ငြင်းဆိုလိုက်သေးသည်။ အကယ်၍ ပုဂ္ဂလိက လုပ်ငန်းက ကိုယ်ပိုင် ဆက်သွယ်ရေး ပစ္စည်များ၊ တိုင်များ၊ ဂြိုလ်တုများနှင့် လုပ်ကိုင်မည်ဆိုလျှင် မြန်မာ့ဆက်သွယ်ရေးမှ ဖုန်းများကို မည်သူမျှ သုံးကြတော့မည်မဟုတ်ပေ။ အစိုးရမှာ တပ်မတော် အစိုးရကို ဆက်ခံသော အစိုးရဖြစ်၍ လုံခြုံရေးအမြင်အရဆိုလျှင်လည်း ထိုပုဂ္ဂလိကကုမ္ပဏီများမှာ နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေမည့် ကိစ္စရပ်များ အတွက် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီပြီးဖြစ်ပါလိမ့်မည်။ အမေရိကန် ပြည်ထောင်စုကဲ့သို့ နိုင်ငံကြီးများပင်လျှင် ၉/၁၁ အရေးအခင်းအပြီးတွင် တယ်လီဖုန်းများ ကြားဖြတ်နားထောင်သည့်ကိစ္စကို ပြုလုပ်ခဲ့ရသည်ဖြစ်ရာ လုံခြုံရေးအမြင်ဖြင့် ကြည့်လွန်းသော အစိုးရအနေဖြင့် ထိုကိစ္စကို ပူပန်စရာမလိုပါဟုသာ ဆိုရပေလိမ့်မည်။
သို့ရာတွင် အစိုးရဘက်မှ တစ်စုံတစ်ရာ သဘောထားထုတ်ပြန်ချက်မရှိသေးဘဲ မြန်မာ့ဆက်သွယ်ရေးကသာ ထိုကိစ္စကို ငြင်းဆိုနေခြင်းဖြစ်ရာ မည်သို့ ဆက်ဖြစ်မည်ဆိုသည်မှာ စိတ်ဝင်စားစရာကောင်းနေပေသည်။ ခြစားမှုများလွန်းသော ကဏ္ဍများကို ပြုပြင်ပြောင်းလဲရေးလုပ်ရန်မှာ လွယ်ကူသည့် ကိစ္စ မဟုတ်ပေ။ ဆိုရလျှင် မြန်မာ့ဆက်သွယ်ရေးသာ မဟုတ်၊ အစိုးရ၏ လုပ်ငန်းတော်တော်များများတွင် ခြစားမှုတွေမှာ သူ့နည်းသူ့ဟန်နှင့် ရှိနေကြပြီး ဖြစ်ပါသည်။ မြန်မာ့ဆက်သွယ်ရေးကို ဥပမာပေးရလျှင်ပင် မြန်မာစာ၊ ရုက္ခဗေဒ စသည်ဖြင့် လုပ်ငန်းသဘောသဘာဝနှင့် မည်သို့မျှဆက်စပ်ခြင်းမရှိသည့် ဝန်ထမ်းတွေ အမြောက်အများရှိနေသည်။ သို့ရာတွင် ပြန်တမ်းဝင်ဝန်ထမ်းအဖြစ်မဟုတ်ဘဲ အကူ၊ နေ့စား ဝန်ထမ်းအဖြစ်၊ အချို့ဆိုလျှင် လခမရဘဲ လုပ်အားပေးအဖြစ် ဝင်ရောက်လုပ်ကိုင်နေကြခြင်းဖြစ်သည်။ သက်ဆိုင်ရာအရာရှိကြီးများ၏ နီးစပ်မှုဖြင့် ထိုသို့ ဝင်ရောက်နေကြသည့် ဝန်ထမ်းတွေ မနည်းမနောရှိပါသည်။ သူတို့၏ ရည်ရွယ်ချက်မှာလည်း ဖုန်းပွဲစားလုပ်ခြင်း၊ ဖုန်းဘီလ်ဆောင်ခြင်း၊ ပီစီအို တည်ထောင်ခြင်း၊ လိုင်းပြင်ခြင်း စသည်ဖြင့် ကြားပေါက်ရမည့် ကိစ္စတွေ အတွက်သာ ထိုကဲ့သို့ လစာကို မက်မောခြင်းမရှိဘဲ ဝင်ရောက်လုပ်ကိုင်နေကြခြင်းဖြစ်သည်။ ထိုသို့ဆိုလျှင် မြန်မာ့ဆက်သွယ်ရေး၏ ခြစားမှု မည်မျှကြီးမားနေသည်ကို ခန့်မှန်း နိုင်ကြပါလိမ့်မည်။ ထို့ကြောင့် မြန်မာ့ဆက်သွယ်ရေး ရှုထောင့်မှကြည့်လျှင် လုပ်ငန်းအတွကသာမက၊ ဝန်ကြီးအစ၊ အရာရှိအလယ် အောက်ခြေဝန်ထမ်းအဆုံး ကိုယ်ကျိုးစီးပွား ထိခိုက်နိုင်ကြသည်ဖြစ်၍ ယခုကိစ္စကို လက်မခံနိုင်ကြသေးခြင်း ဖြစ်ပါလိမ့်မည်။
ဥပမာပေးရလျှင် ကြေးနန်းပို့သည့် ခေတ်ကုန်သွားပြီဖြစ်၍ ကြေးနန်းကဏ္ဍမှာ နှစ်စဉ်အရှုံးပေါ်လျှက်ရှိသည်။ ထို့ကြောင့် ကြေးနန်းဝန်ထမ်းတွေ အလုပ်ပြုတ်မည့်အရေးမှ အကာအကွယ်ပေးနိုင်ရန် ကြေးနန်းဝန်ထမ်းများကို အင်တာနက်၊ အီးမေးလ်သင်တန်းများပေး၍ မြန်မာ့ဆက်သွယ်ရေး၏ အများပြည်သူ သုံး အင်တာနက်စခန်းများ၊ အင်တာနက်ကြေးနန်း ဝန်ဆောင်မှုလုပ်ငန်းများကို ပြုလုပ်ကြရသည်။ အစိုးရရှုထောင့်မှကြည့်လျှင် အစိုးရဝန်ထမ်းများ အစုလိုက် အပြုံလိုက် အလုပ်ပြုတ်မည့်အရေးကို ထည့်သွင်းစဉ်းစားရခြင်းလည်း ရှိနိုင်ပါသည်။ သို့ရာတွင် ပုဂ္ဂလိကဆက်သွယ်ရေး ကုမ္ပဏီများ အပြိုင်အဆိုင် ပေါ်လာသည် နှင့်အမျှ အလုပ်အကိုင် အခွင့်အလမ်းများလည်း ပေါ်ပေါက်လာမည်ဖြစ်ရာ ထိုကိစ္စမှာ စိုးရိမ်ပူပန်ဖွယ်မရှိနိုင်ပါ။ သို့ရာတွင် ထိုက်တန်သော လုပ်ခလစာနှင့် လုပ်ရမည်ဖြစ်၍ လိုအပ်သည်ထက် အခွင့်အရေးပိုယူလွန်းသော ဝန်ထမ်းများအတွက်မူ ဆက်သွယ်ရေးကုမ္ပဏီများထက် မြန်မာ့ဆက်သွယ်ရေးကို ပို၍ ဖက်တွယ် လိုကြပါလိမ့်မည်။ အထူးသဖြင့် အကျိုးအမြတ်များစွာရရှိနေသာ ထိပ်တန်းအရာရှိများက ပိုပါလိမ့်မည်။ စီမံကိန်း ဒါရိုက်တာရာထူး၊ ညွှန်ကြားရေးမှူးရာထူး စသူတို့မှာ အများအားဖြင့် တပ်မတော်မှ အငြိမ်းစားများဖြစ်လေ့ရှိပြီး နည်းပညာအကြောင်း နကန်းတစ်လုံးမျှ နားမလည်သူတွေလည်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတွင် ရှိနေပါသေးသည်။ ထိုကဲ့သို့ ပုဂ္ဂိုလ်မျိုးတွေကို ငဲ့ညာနေလျှင် ကျန်သန်းခြောက်ဆယ်သော ပြည်သူတို့၏ ဘဝကို မညှာတာရာ ရောက်ပေလိမ့်မည်။ ယနေ့ခေတ်မှာ မိမိကိုယ်ကို တာဝန်ခံရသောခေတ်ဖြစ်ရာ လုပ်ငန်းအမှန်တကယ် တတ်ကျွမ်းခြင်းမရှိလျှင်၊ ခေတ်နှင့်အညီ လိုက်ပါနိုင်ခြင်းမရှိလျှင် ကျန်ရစ်ခဲ့မည်မှာ လည်း ဓမ္မတာပင်ဖြစ်ပါသည်။
စာရေးသူတို့ နိုင်ငံအနေဖြင့် ထိုကိစ္စအပေါ် အသစ်အဆန်းဖြစ်နေသော်လည်း ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် ဆက်သွယ်ရေးနှင့် သတင်းပျံ့နှံ့ စီးဆင်းမှုတို့မှာ အဓိကမောင်းနှင်အားဟုဆိုရမည်ဖြစ်ရာ ဆက်သွယ်ရေးအတွက် တယ်လီဖုန်းနှင့် အင်တာနက်တို့ကို ကောင်းနိုင်သမျှ ကောင်းအောင် လုပ်နေကြ ရသည်။ ဆရာကျော်ဝင်း၏ စာအုပ်များထဲက စကားနှင့်ဆိုရလျှင် ယခင်က တစ်နိုင်ငံနှင့် တစ်နိုင်ငံ မည်သည့်နိုင်ငံ၏ ဒုံးပျံက ပိုမြန်သလဲ ပြိုင်ကြရင်းမှ ယခုအခါတွင် ကွန်ပျူတာချိပ်စ်တွေ ဘယ်လောက်မြန်သလဲ၊ ထိုနိုင်ငံ၏ အင်တာနက်ဒေါင်းလုပ် ဘယ်လောက်မြန်သလဲဆိုတာတွေနှင့် ပြိုင်လာကြရပြီဖြစ်သည်။ မြန်မာနိုင်ငံ အနေဖြင့်လည်း ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဟု တလျှောက်လုံး ကြွေးကြော်ကြုံးဝါးနေခဲ့စေကာမူ လျှပ်စစ်မီး၊ အင်တာနက်၊ တယ်လီဖုန်းတို့ကို ယနေ့တိုင် အဆင်ပြေပြေလုပ်ဆောင်ပေးနိုင်ခြင်း မရှိသေးသည်ကို တွေ့ရသည်။ ထိုကဏ္ဍကြီးသုံးခုမှာ နိုင်ငံဖွံ့ဖြိုးရေးအတွက် အဓိကအကျဆုံးသော လုပ်ငန်းကြီး သုံးရပ်လည်း ဖြစ်ပါသည်။ ပြုပြင်ပြောင်းလဲရေးများသည် ကနဦးပိုင်းတွင် အခက်အခဲများနှင့် ရင်ဆိုင်ရလေ့ရှိသော်လည်း ရေရှည်တွက် အကျိုးများ သည့် ကိစ္စရပ်များဖြစ်ကြောင်းကို မော်တော်ကားအသစ်များ လဲလှယ်ခွင့်ပြုခဲ့သည့် ဖြစ်ရပ်က သက်သေပြခဲ့ပြီးဖြစ်ပါသည်။ ထို့ကြောင့် ယခုကဲ့သို့ ဈေးနှုန်း သက်သာသော ဖုန်းများကိစ္စလည်း မကြာမီ အကောင်အထည်ပေါ်လာဖွယ် ရှိပါသည်။ လက်ဝါးကြီးအုပ်ရုံမျှမက အမြတ်ကြီးပါစားလိုသော ခရိုနီများနှင့် ကိုယ်ကျိုးစီးပွား ကြည့် လွန်းသော အုပ်စုများမှလွဲ၍ လူတိုင်းနှစ်သက်လက်ခံသောကိစ္စပင် ဖြစ်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားရမည် မှန်သော်လည်း မြစ်ဆုံကဲ့သို့ သော ကိစ္စ၊ ဝန်ကြီးများရုံးကိစ္စ၊ မော်တော်ယာဉ်တင်သွင်းခွင့် စသည့် ကိစ္စရပ်များသည် နိုင်ငံတိုးတက်ရေးကို လိုလားသော သမ္မတကြီးနှင့် အစိုးရထိပ်တန်း ပုဂ္ဂိုလ်ကြီး များထံမှ တိုက်ရိုက်လာသည်ကို မမေ့မလျော့ရှိကြရန်လည်း လိုအပ်သည်ဟု ဆိုရပေလိမ့်မည်။



Credit to …

http://www.thithtoolwin.com/2012/01/blog-post_12.html
မန္တလေး ဂေဇက်မှ တဆင့်ကူးယူဖော်ပြပါသည်။
 

`အောင်ဘာလေထီ သိန်း(၁၅၀၀) ဆုဖြင့် မည်သူတွေ ချမ်းသာလာကြမည်နည်း´


`အောင်ဘာလေထီ သိန်း(၁၅၀၀) ဆုဖြင့် မည်သူတွေ ချမ်းသာလာကြမည်နည်း´

အောင်ဘာလေထီ ကို(၂၇၇ကြိမ်)မှစ၍ သိန်း(၁၅၀၀) ဆုကြီး တစ်ဆုထပ်တိုးပြီး ယခင်ဆုသိန်း(၁၀၀၀) ဆု အပါ အခြားဆုများ ထပ်တိုးတယ်။ အက္ခရာလိုင်း (၃)လိုင်းထပ်တိုးတယ်။ (၂၇၆ကြိမ်)မှာ `က´ အက္ခရာမှ `မ´ အက္ခရာအထိ(၂၅)လုံးပါ။ (၂၇၇ကြိမ်)ကစပြီး`က´မှ `လ´အက္ခရာထိ(၂၈)လုံးတိုးထားတယ်။ ယခင်ထက် အက္ခရာ(၃)လိုင်း တိုးလိုက်တော့ ထီစောင်ရေ(၂၇)သိန်းတိုးလာပါ တယ်။ ၀ယ်အား(ထီထိုးအား)များလာရင်လည်း နောက်ထပ် အက္ခရာလိုင်းတွေကို ထပ်မံတိုးသွားမယ်လို့ ကြားသိရပါတယ်။ အစိုးရထုတ်ဈေးကတော့ ထီတစ်စောင်(၂၀၀)ကျပ်သာတဲ့။ အစိုးရက ထီဈေးနှုန်းမတက်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ လုပ်သားပြည်သူတွေကတော့ ထီဖွင့်ခါနီးရင် ထီတစ်စောင် (၄၀၀ိ/၅၀၀ိ)ကျပ် သေချာပေါက်ပေးပြီး ထိုးကြရမယ်ထင်ပါတယ်။ ယခုလဆန်းပိုင်းကို ထီတစ်စောင်(၃၀၀ိ/၃၅၀ိ)ထိုး နေရပါပြီ။ ထီဆိုင်သူဌေးကြီးများနဲ့ ထီလက်မှတ် ၀ယ်ယူခွင့်ရထားသူ (အခွင့်ထူးခံ) လူတန်းစားများသာ ပိုပြီး ပိုပြီး ချမ်းသာလာကြပါမည်။ အစိုးရထုတ်တဲ့ အောင်ဘာလေထီ ကို အပြင်မှ အမြတ်ပေးပြီး ကံစမ်းရတယ်ဆိုတာကိုက မကောင်းပါဘူး။ ဆင်းရဲနွမ်းပါးသူများ လျှော့ကျစေချင်ရင် အစိုးရထီကို အစိုးရက ထုတ်တဲ့ဈေးနဲ့ သာ ရောင်းပေးရပါမည်။ ထီဆုကြီး သိန်း(၁၅၀၀) ဆုနဲ့ တစ်လမှာ သူဌေးငယ်တစ်ဦး မွေးထုတ်မယ့် အစား အဲဒီထီသိန်း(၁၅၀၀) ဆုကြီးအစား လက်ရှိယူနစ်ဆု သိန်း(၁၀၀)ဆုများ အပြင် နောက်ထပ်သိန်း(၁၀၀) ဆုများ (၁၅)ဆုတိုးပေးလိုက်ရင်မကောင်းဘူးလား။ ဒါဆိုရင် တစ်လ တစ်လမှာ သိန်းတစ်ရာ ယူနစ်ဆုများ (၃၀) လောက်ဖြစ်သွားမယ်။ တစ်လ တစ်လမှာ သိန်း(၁၀၀)ဆုရကံထူးရှင်များ(၃၀)ဦးလောက် အိမ်တွင်းစီးပွားရေးလုပ်ငန်းလေး တစ်ခုခုကိုတော့ သေချာပေါက် ထူထောင်နိုင်ဖို့ အရင်းအနှီးများရသွားကြမယ်။ အဲဒီသိန်းတစ်ရာယူနစ်ဆုတွေထဲမှ အနည်းဆုံး တစ်သိန်းဆုရှင်တွေအများ ကြီးထွက်လာမယ်လေ..။ ယနေ့ခေတ် တစ်သိန်းဆု ဟာ မိသားစု တစ်စုရဲ့ မီးဖိုချောင်တော့ တစ်လလောက် အထောက်အကူရမယ်လို့ ထင်ပါတယ်။ ဒီအကြောင်းကို လက်ပွှေ့ထီရောင်းသက် အနှစ်(၃၀) လောက် ရှိသူတစ်ဦးက အကြံပေးပြောကြားတာပါ။ သူ ပြောတာကို သေချာစဉ်းစားကြည့်လိုက်တော့ ဟုတ်နေပါတယ်။ ထီ တစ်စောင် (၂၀၀) ကျပ်နဲ့လည်း ထီထိုးလို့ရမယ်၊ သိန်း(၁၀၀) ယူနစ်ဆုတွေကလည်း တစ်လ တစ်လ(၃၀)ဆု လောက်ဆိုရင် အောက်ခြေလူတန်းစားတွေအတွက်တော့ ချောင်လည်သွားကြမယ်ထင်ပါတယ်။ ယခုတော့ နှစ်လုံး သုံးလုံးကလည်း မြန်မာတစ်ပြည်လုံးမှာ ပိတ်ထားတယ်ဆိုပေမယ့် ပြန်ပြီးလုပ်တဲ့ နေရာတွေမှာ ထိုးလို့ရနေကြပြန်ပါပြီ..။

ဒါ ဘာကြောင့်လည်းဆိုတော့ အစိုးရ အောင်ဘာလေထီက အစိုးရထုတ်ဈေးနဲ့ ထီထိုးလို့မရဘဲ ဈေးကြီးနေလို့ပါ။ လူများများ ထီပေါက်မယ်၊ လစဉ် လစဉ် ထောက်ပံ့မှုရပြီး ပေါက်တဲ့ သူ အရေအတွက်များ များလာအောင် သိန်း(၁၀၀) ယူနစ်ဆုတွေကို များများထည့်ပေးရင်တော့ ထိုင်း နိုင်ငံက နှစ်လုံးထီ သုံးလုံးထီကို အောင်နိုင်ပါလိမ့်မည်။ သူတို့ထီလို (၅၀ိ)ဖိုးကအစ ဈေးနည်းနည်းနဲ့ ကြိုက်သလောက် ထိုးလို့ရအောင် အစိုးရအောင်ဘာလေထီကိုလည်း ဆောင်ရွက် စီမံသင့်ကြပါပြီ..။ ယခုတော့ဗျာ တစ်ခါလာလည်း မဲပြာပုဆိုး ဂျာနယ်အစောင်စောင်တွေက အောင်ဘာလေထီ ဈေးကြီးနေပြီ ဘယ်လောက်အော်အော် ဘယ်လောက်ရေးရေး ဘာမှ ထူးမလာကြပါဘူး။ အစိုးရအောင်ဘာလေထီ အခွန်ဌာနကလည်း ပြည်သူ့ငွေတွေနဲ့ လခယူပြီး ပြည့်သူ့ဝန်ထမ်းစစ်စစ်တွေက အစိုးရထုတ်တဲ့ အောင်ဘာလေထီ တစ်စောင် ထုတ်ဈေး(၂၀၀)ကျပ်နဲ့ အများပြည်သူ တစ်ဦးချင်းဆီကို မရောင်းနိုင်ပါဘူး လို့ လွှတ်တော်မှာ ပြန်လည်ဖြေကြား ထားတဲ့ အသံကို ကြားလိုက်ရပါတယ်။ အခြား ကုန်ဈေးနှုန်းများကို ခေါ်ယူညှိနှိုင်းပြီး ဈေးနှုန်းကိုထိမ်းထားနိုင်သလို ထီဈေးနှုန်းကိုလည်း ထိမ်းထားသင့်ပါတယ်။ ထီဈေးနှုန်းကို မထိမ်းနိုင်ဘူး ဆိုရင်တော့ အောင်ဘာလေထီ ဟာ ပြည်သူလူထု ကြီးပွားချမ်းသာရေးမဟုတ်ဘဲ ထီဆိုင်သူဌေးကြီးများနဲ့အတူ ထီတကယ်မရောင်းကြဘဲနဲ့ ထီထုတ်ယူခွင့်ပါမစ်များကို လက်ဝါးကြီးအုပ်၊ နှစ်ပြတ်၊ လပြတ်၊ တစ်သက်တာ နဲ့ ထုတ်ယူပြီး တဆင့်ပြန်လည်ရောင်းစားထားကြတဲ့ အခွင့်ထူးခံလူတန်းစား လူတစ်စုသာ ဆက်လက်ချမ်းသာသွားကြပါဦးမည်..။ ဒီမိုကရေစီခေတ်ကြီးကို တကယ်လျှောက်လှမ်းမယ်ဆိုရင် ပြည်သူလူထု ၀မ်းဝရေး ဆင်းရဲနွမ်းပါးမှု လျော့ချရေးကို အောင်ဘာလေထီ ဌာနမှ ထိထိရောက်ရောက်ကူညီနိုင်အောင် ပြန်လည်ကြည့်ရှုသင့်ပါပြီ..။
 

SHADE Journal | အတွဲ(၆)၊ အမှတ်(၃)

  • အမည် : SHADE Journal | အတွဲ(၆)၊ အမှတ်(၃)
  • Download ရယူရန်။ အတွဲ(၆)၊ အမှတ်(၃)
  • ရက်စွဲ : 11.1.2012
 

၅၀၀၀ တန် ဆင်းမ်ကဒ် ရောင်းချမည်ဆိုခြင်းမှာ ဥပဒေ အရရော၊ နည်းပညာအရပါ မဖြစ်နိုင်ဟု မြန်မာ့ဆက်သွယ်ရေးမှပြောကြား



၅၀၀၀ တန် ဆင်းမ်ကဒ် ရောင်းချမည်ဆိုခြင်းမှာ ဥပဒေ အရရော၊ နည်းပညာအရပါ မဖြစ်နိုင်ဟု မြန်မာ့ဆက်သွယ်ရေးမှပြောကြား

Published on January 10th, 2012 by သက်နိုင်စိုး in ပြည်တွင်းမိုဘိုင်းဖုန်းဆိုင်ရာသတင်းများ
Share


အခုလ ပထမအပတ်က ပြည်သူလူထုကြား ပြန့်နှံ့သွားတဲ့ မိုဘိုင်းဖုန်း ဆင်းမ်ကဒ် တစ်ကဒ်ကို ကျပ် ၅၀၀၀ နဲ့ ရောင်းချဖို့ ကုမ္ပဏီတစ်ခုက စီစဉ် ဆောင်ရွက်နေခြင်းမှာ ဥပဒေ အရရော နည်းပညာ အရပါ လောလောဆယ် မဖြစ်နိုင်ဘူးလို့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ဒီကနေ့ ဇန်နဝါရီ ၉ ရက်က ပြောကြားပါတယ်။ တနင်္လာနေ့ မွန်းလွဲ ၁ နာရီက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ကြေးနန်း ဆက်သွယ်ရေးနှင့် စာတိုက် သင်တန်းကျောင်းမှာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက လက်ရှိပေးနေတဲ့ ဝန်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအပြီး တွေ့ဆုံမေးမြန်းရာမှာ သတင်းအချက်အလက်နှင့် နည်းပညာဌာန အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက အဲဒီလို ဖြေကြားခဲ့တာပါ။

“ကျွန်တော်တို့ နားလည်တာတော့ ဥပဒေအရဆိုရင် ကျွန်တော်တို့ ဆက်သွယ်ရေးနဲ့ပဲ ပေါင်းလုပ်ရမှာပါ။ နိုင်ငံတော်ကသာ လုပ်ခွင့်ရှိတဲ့ လုပ်ငန်းတွေရှိတယ်။ ဥပမာ- သစ်တောထွက် ပစ္စည်းတို့၊ တွင်းထွက်ပစ္စည်းတို့၊ ပို့ဆောင်ရေးလုပ်ငန်းတို့၊ ဆက်သွယ်ရေးလုပ်ငန်းတို့ လျှပ်စစ်တို့ စတာတွေက နိုင်ငံတော်ကသာ လုပ်ခွင့်ရှိတဲ့ လုပ်ငန်းတွေဆိုပြီး အခြေခံဥပဒေမှာကို ပြဋ္ဌာန်းထားတာ။ အဲဒီလုပ်ငန်းတွေကိုပဲ နိုင်ငံတော်နဲ့ အများပြည်သူ အကျိုးစီးပွား အလို့ငှာဆိုတဲ့ တစ်ပိုဒ်ရှိတယ်။ Private (ပုဂ္ဂလိက) ကုမ္ပဏီတွေနဲ့ ပေါင်းလုပ်မယ်ဆိုရင်လည်း ခွင့်ပြုတယ်။ ဒါပေမယ့် ပေါင်းလုပ်ရမယ်။ အခု ကျွန်တော်တို့ GSM သန်း ၃၀ စီမံကိန်း လုပ်သလိုမျိုး ပေါင်းလုပ်ရမယ်” လို့ အခြေခံဥပဒေကို ကိုးကားပြီး ပြောပါတယ်။

သတင်းစာ ရှင်းလင်းပွဲ လုပ်နေစဉ်အတွင်း သတင်းစာဆရာများက အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာလည်း မြန်မာ့ဆက်သွယ်ရေး အနေနဲ့ ၎င်းတို့နဲ့ ဆက်သွယ်ခြင်းမရှိဘဲ ဖြစ်ပေါ်လာတဲ့ ကိစ္စဖြစ်လို့ တစ်စုံတစ်ရာ ထင်မြင်ချက် မပေးလိုကြောင်း၊ နည်းပညာအရ မိုဘိုင်းကွန်ယက် တစ်ခုဖြစ်ဖို့ တည်ဆောက်ရာမှာ နေ့ချင်းညချင်း မဖြစ်နိုင်ကြောင်း၊ မြန်မာ့ဆက်သွယ်ရေး ဖုန်းမဟုတ်ဘဲ မြန်မာ့ဆက်သွယ်ရေးက ချပေးထားတဲ့ ဖုန်းတွေနဲ့ ဘယ်လိုကွန်ယက် ချိတ်ဆက် ခေါ်ဆိုမယ် ဆိုတာကို နားမလည်နိုင်ကြောင်း၊ အလားတူ မြန်မာ့ဆက်သွယ်ရေးရဲ့ မိုဘိုင်းကွန်ယက်ထဲ မဖြတ်ဘဲ နိုင်ငံတကာနဲ့ ချိတ်ဆက်နိုင်မှာ မဟုတ်ကြောင်း စသဖြင့် နည်းပညာအရ မဖြစ်နိုင်သေးတဲ့ အခြေအနေတွေကို မိုဘိုင်းဌာန အင်ဂျင်နီယာချုပ် ဦးသိန်းဝင်းနဲ့ သတင်းအချက်အလက်နှင့် နည်းပညာဌာန အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးတို့က ရှင်းပြပေးပါတယ်။

ဆင်းမ်ကဒ် တစ်ကဒ်ကို ကျပ် ၅၀၀၀ နဲ့ ရောင်းချပေးပြီး မြို့တွင်း ၂၅ ကျပ်၊ နယ်ဝေး ၃၀ ကျပ်နဲ့ GSM ဖုန်းတွေ ရောင်းချပေးနိုင်ဖို့ ရွှေပြည်တံခွန် ကုမ္ပဏီက ကြိုးစားနေတဲ့အကြောင်း အခုလ ဇန်နဝါရီ ၃ ရက်က သတင်း ထုတ်ပြန်ခဲ့တာပါ။ အဆိုပါ သတင်းထုတ်ပြန်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံးကို လုပ်ငန်းလုပ်ကိုင်ခွင့် တင်ထားဆဲ အခြေအနေသာဖြစ်လို့ လက်ရှိ အခြေအနေမှာ လုပ်ကိုင်ခွင့် မရသေးဘူးလို့လည်း ဆိုတယ်။ အခုလို တကယ် လုပ်ကိုင်ခွင့်မရသေးဘဲ သတင်း ထုတ်ပြန်မှုမျိုးတွေ ဆက်လုပ်ကြမယ်ဆိုရင် ပြည်သူလူထုအတွက် အခက်တွေ့နိုင်ကြောင်း အွန်လိုင်း Developer တစ်ဦးက သူ့အမြင်ကို ပြောပါတယ်

Ref:http://news.yatanarpon.com.mm/news/news-48675
ပို့စ်ရေးသားသူအမည်: သက်နိုင်စိုး

http://www.myanmarmobileapp.com/?p=4576 မှ တဆင့်ကူးယူဖော်ပြပါသည်။
 

ကျပ် ၅၀၀၀ တန်ဖုန်း ရောင်းချပေးမည့် ဦးလွင်နိုင်ဦး နှင့် တွေ့ဆုံခြင်း

(ဓာတ်ပုံ Google မှတဆင့်ကူးယူဖော်ပြပါသည်။)

ကျပ် ၅၀၀၀ တန်ဖုန်း ရောင်းချပေးမည့် ဦးလွင်နိုင်ဦး နှင့် တွေ့ဆုံခြင်း

ကျပ်၅၀၀၀တန်ဖုန်းရောင်းချပေးမည့် ရွေပြည်တံခွန်ကုမ္မဏီ

ငွေကျပ် ငါးထောင်ရှိရုံဖြင့် ဂျီအက်စ်အမ်မိုဘိုင်းလ်ဖုန်း ၀ယ်ယူသုံးစွဲနိုင်မည်ဖြစ်ကြောင်း ဇန်န၀ါရီလ ၃ ရက်နေ့က ရန်ကုန်မြို့ ပါ့ခ်ရွိုင်ရယ်လ် ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် မိုဘိုင်းလ်ဖုန်းဝန်ဆောင်မှုပေးမည့် ရွှေပြည်တံခွန်ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးလွင်နိုင်ဦးက ပြောကြားခဲ့သည်။ အဆိုပါ သတင်းနှင့် ပတ်သတ်ပြီး The Messenger ဂျာနယ်က ဦးလွင်နိုင်ဦးနှင့် ဆက်သွယ်မေးမြန်းထားချက်များကို ဖော်ပြလိုက်ပါသည်။

၃-၁-၂၀၁၂ နေ့ ပါ့ခ်ရွိုင်ရယ်လ်မှာ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ၅၀၀၀ တန် ဂျီအက်စ်အမ်ဖုန်းတွေကို ဒီနှစ်ထဲမှာ စတင်ချပေးမယ်လို့ အသိပေးပြောခဲ့တဲ့အပေါ်မှာ ပြည်သူတွေဘက်က မယုံမရဲ ဖြစ်နေကြတာတွေ ရှိနေပါတယ်။ အဲဒီအပေါ်မှာ ရွှေပြည်တံခွန်အနေနဲ့ ဘယ်လို ဖြေရှင်းပေးနိုင်ပါမလဲ။

ကျွန်တော်တို့ နိုင်ငံတော် သမ္မတရုံးကို ပရိုပိုဆယ်လ် တင်ထားပါတယ်။ ခွင့်ပြုချက်ရပြီဆိုတာနဲ့ မတ်ခ်ျလမှာ စတင်မိတ်ဆက်ပြီး ဇွန်လလောက်မှာ ရောင်းချပေးသွားနိုင်မှာပါ။ ဒီပရိုပိုဆယ်ကို တင်ထားကတည်းက ကျွန်တော်တို့မှာ Business Plan ရှိပါတယ်။ အဲဒါကြောင့်မလို့ ပြည်သူကို အသိပေးလိုက်တာပါ။

ပရိုပိုဆယ်လ်ကို ဘယ်အချိန်က တင်ခဲ့တာပါလဲ၊ ရွှေပြည်တံခွန်လိုပဲ ဒီဖုန်းကိစ္စကို ပရိုပိုဆယ်လ်တင်ထားတဲ့ တခြား ပုဂ္ဂလိက လုပ်ငန်းရှင်ရော ရှိပါသေးသလား

ပရိုပိုဆယ်လ်က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာမှာ စတင်ခဲ့တာပါ၊ တခြား လုပ်ငန်းရှင်တွေ တင်မတင်တော့ ကျွန်တော်တို့ မသိပါဘူး။ ဒါပေမဲ့ တင်တယ်ဆိုရင် ကျွန်တော်တို့ ကြိုဆိုပါတယ်။ ကျွန်တော်တို့က ငါးထောင်ရောင်းနိုင်ရင် သုံးထောင်၊ နှစ်ထောင်နဲ့ ရောင်းနိုင်မဲ့သူမျိုးရှိရင် ကြိုဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး လုပ်ချင်တဲ့ လုပ်ငန်းရှင်များ ရှိရင်လည်း ကျွန်တော်တို့နဲ့ လာဆွေးနွေးနိုင်ပါတယ်။

ဂျီအက်စ်အမ်ဖုန်းတွေကို မြန်မာငွေ ငါးထောင်လောက်နဲ့ ခြောက်လအတွင်း စရောင်းပေးမယ်ဆိုတော့ လိုအပ်တဲ့ အခြေခံလိုအပ်ချက်တွေ အဆောက်အဦးတွေကိုရော ဘယ်လိုစီစဉ်ထားပါသလဲ။

အခြေခံအဆောက်အဦးတစ်ခု၊ Infrastructure တစ်ခု တည်ဆောက်ရတာ ဘယ်လိုအခြေအနေမျိုးမဆို လေးငါးနှစ် ဆောက်ရမလား၊ နှစ် ၂၀ စီမံကိန်းနဲ့ သွားရမလားလို့ စဉ်းစားကြမြဲပါ။ တကယ်က အဲလောက် မလိုပါဘူး။ လိုအပ်တဲ့ တာဝါတွေကို ခွင့်ပြုချက်ရတာနဲ့ သုံးလနဲ့ ခြောက်လအတွင်းမှာ ပြီးအောင် ဆောက်လို့ရပါတယ်။ ခက်ခဲတဲ့ ကိစ္စမဟုတ်ပါဘူး။

အခု ငါးသိန်းဖုန်းတွေမှာတောင် လိုင်းကျပ်တဲ့ ပြဿနာတွေရှိနေတော့ တကယ်လို့ ဖုန်းတွေများလာရင် အဲဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲ။

လိုင်းကျပ်တယ်ဆိုတဲ့ ပြဿနာက အင်မတန်သေးငယ်တဲ့ ပြဿနာပါ။ အဲဒါက အသုံးပြုတဲ့ Band Width အပေါ်မူတည်ပါတယ်။ နည်းပညာပဲလိုအပ်ပါတယ်။ ဖြေရှင်းနိုင်တဲ့ နည်းပညာတွေ ကျွန်တော်တို့မှာ အများကြီးရှိပါတယ်။

ဖြေရှင်းနိုင်တဲနည်းပညာတွေထဲက ပညာရပ်အသုံးအနှုန်းနဲ့ မဟုတ်ဘဲနဲ့ လူအများစုနားလည်နိုင်မဲ့ ဖြေရှင်းနည်း တစ်ခုကို ဥပမာ ပြောပြလို့ရနိုင်မလား။

ဥပမာပြောရရင် ဖုန်းလိုင်း ငါးလိုင်း သုံးခွင့်ပြုထားတယ်။ ကျွန်တော်က လေးလိုင်းပဲ သုံးမယ် တစ်လိုင်းကို emergency အတွက်ထားမယ်ဆိုရင် လိုင်းကျပ်တဲ့ ပြဿနာမရှိနိုင်ပါဘူး။ ငါးလိုင်း သုံးရမဲ့နေရာမှာ ခြောက်လိုင်း သုံးရင်၊ ထပ်ပွားရင်တော့ လိုင်းကျပ်တဲ့ ပြဿနာက ရှိနေမှာပါပဲ။ ငါးလိုင်း သုံးရမှာကို ငါးလိုင်းပဲ သုံးမယ်၊ ထပ်မပွားဘူး၊ ကွာလတီကို ထိန်းထားမယ်ဆိုရင် ပြဿနာမရှိပါဘူး။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကလဲ ငါးသိန်းထက်လျှော့တဲ့ မိုဘိုင်းဖုန်း သန်းသုံးဆယ် ငါးနှစ် စီမံကိန်းကို အကောင်အထည်ဖော်နေပါတယ်။ ခု ရွှေပြည်တံခွန်က လုပ်တဲ့ ငါးထောင်တန် ဖုန်းကိစ္စကရော မြန်မာ့ ဆက်သွယ်ရေးနဲ့ လုပ်ဆောင်မှာပါလား။

မဟုတ်ပါဘူး။ ကျွန်တော်တို့က ပုဂ္ဂလိက သတ်သတ် လုပ်မှာပါ။ နိုင်ငံတော် သမ္မတရဲ့ ပရိုင်းဗိတ်၊ ပတ်ဗလစ်၊ ပါတနာရှစ် ဆိုတဲ့ 3 Ps ကို တဘက်တလမ်းက ပါဝင်တဲ့သဘောပါ။ ကျွန်တော်တို့ရဲ့ ငါးထောင်တန်ဖုန်းကိစ္စဟာ မြန်မာ့ ဆက်သွယ်ရေးနဲ့ မဆိုင်ပါဘူး။

ခွင့်ပြုချက်ရခဲ့ရင် ဖုန်းအလုံးအရေအတွက် ဘယ်လောက်နဲ့ စတင်ရောင်းချမယ်လို့ ရည်ရွယ်ထားပါသလဲ။ ဘယ်ဒေသတွေမှာ အရင်ရောင်းချမှာပါလဲ။

ကျွန်တော်တို့ Sim Card တစ်သန်း စရောင်းပါ့မယ်။ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းဒေသကြီးတွေကို ပထမဦးစားပေး အရင်ဆုံးရောင်းချပါ့မယ်။ ဘာကြောင့်လဲ ဆိုတော့ ဧရာဝတီတိုင်းဆိုတာ ကျွန်တော်တို့ နိုင်ငံရဲ့ စပါးကျီပါ။ အဲဒီဒေသက လူတွေ တိုးတက်ဖို့လိုတယ်။ ခုဆိုရင် အင်ဖော်မေးရှင်း စီးဆင်းမှု နှေးကွေးတဲ့အတွက် တကယ်အလုပ်လုပ်သူတွေ၊ ထုတ်လုပ်သူတွေက နစ်နာနေရတယ်။ ဈေးကွက်မှာ ဖြစ်နေတဲ့ ဈေးအတိုင်း တကယ်ထုတ်လုပ်သူတွေက မရဘူး၊ ပွဲစားကုန်သယ် ကြားခံအဆင့်ဆင့်ကြောင့်မလို့ ရသင့်ရထိုက်တဲ့ ဈေးနှုန်းတွေ မရဘူးဖြစ်နေတယ်။ သူတို့မှာသာ ဖုန်းရှိရင် ဆက်သွယ်ရေးလွယ်ကူသွားမယ်ဆိုရင် ဒီကိစ္စတွေနဲသွားမယ်။ ကျွန်တော်တို့ရဲ့ စပါးကျီဒေသက လူတွေ တိုးတက်ရင် ကျွန်တော်တို့ တစ်နိုင်ငံလုံး ထမင်းဝမှာပဲ။

အခု အနည်းဆုံး မြန်မာငွေ ငါးသိန်းပေးမှ ရနိုင်တဲ့ ဂျီအက်စ်အမ်ဖုန်းတွေကို ငွေ ငါးထောင်ထဲနဲ့ ရောင်းမယ်ဆိုတော့ ရွှေပြည်တံခွန်အနေနဲ့ စီးပွားရေးအရ တွက်ခြေကိုက်မှုရော ရှိပါရဲ့လား။

ဒီဖုန်းတွေရဲ့ တန်ဖိုးက ဒီလောက်နဲ့ရောင်းလို့ရလို့ ရောင်းတာပါ။ တကယ်ရောင်းနိုင်လို့ ရောင်းတာပါ။ ကျွန်တော်တို့က ထူးပြီး လုပ်ပေးရတာမရှိပါဘူး။ ဆင်းရဲမွဲတေမှု လျှော့တယ်ဆိုတာ လူတွေကို ပိုက်ဆံပေးလို့ ကောင်းသွားတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ပြည်သူတွေမှာ ဒီဆက်သွယ်ရေးလေး တစ်ခုလွယ်ကူအဆင်ပြေသွားမယ်ဆိုရင် သူ့အပေါ်က ရလာမဲ့အကျိုးကျေးဇူးက အများကြီးပဲ။ အဲဒါကိုလဲ နိုင်ငံတော် သမ္မတနဲ့ နိုင်ငံ့အကြီးအကဲတွေက သိတယ်။ အဲဒါကြောင့် လမ်းဖောက်ပေးတယ်။ ဘာကြောင့် ကျွန်တော်တို့က ရဲရဲမလျှောက်ရမှာလဲ။ အမှန်တကယ်က ငါးထောင်ဆိုတာတောင် များတယ်။ အလကားပေးသင့်တာ။ ဖုန်းခေါ်ဆိုခ တစ်မိနစ်ကို အစိတ်ဆိုတာကလဲ များတယ်။ နိုင်ငံတကာမှာ လေးကျပ်ခွဲ ငါးကျပ်လောက်ပဲ ရှိတာ။ ဒါတွေက ကျွန်တော်တို့ ပြည်သူတွေ အားလုံးခံစားရမဲ့ အခွင့်အရေးတွေပါပဲ၊ ကျွန်တော်တို့ ထူးပြီး လုပ်ပေးရတာမရှိဘူး။ ကျွန်တော်တို့ ပြောချင်တာက ဖုန်းဆိုတာ ဇိမ်ခံပစ္စည်းမဟုတ်ဖူး၊ စားစရာလည်း မဟုတ်ဖူး၊ လူတိုင်းလူတိုင်း ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စတွေမှာ အသုံးပြုဖို့ လိုအပ်တဲ့အရာ၊ ကြားခံပစ္စည်းတစ်ခုပဲ။

အခု ရွှေပြည်တံခွန်က နိုင်ငံတော် သမ္မတရုံးကို ပရိုပိုဆယ်လ်တင်ထားတုန်း အဆင့်ပဲ ရှိသေးတယ်။ ခွင့်ပြုမယ် မပြုဘူး မသိရသေးဘဲနဲ့ လူထုကို အသိပေးလိုက်တဲ့အပေါ်မှာရော ဘယ်လိုသဘောထားနဲ့ အသိပေးလိုက်တာပါလဲ။ လိုအပ်တဲ့ Infrastructure တွေက အသင့်ဖြစ်ပါပြီလား။

အဆင်သင့် မဖြစ်သေးပါဘူး။ ကျွန်တော်တို့ ဒီလုပ်ငန်းကို လုပ်နေတယ်ဆိုတာ ပြည်သူကို အသိပေးတာပ။ ကျွန်တော်တို့မှာ Business Plan ရှိပါတယ်။ ဒီနေ့ ခွင့်ပြုရင် မနက်ဖြန်စလုပ်မယ်။ စမယ်ဆိုတာနဲ့ ဘယ်လို စလုပ်မယ်ဆိုတာ Master Plan ရှိပါတယ်။ ခုချိန်မှာတော့ ပြောဖို့ စောနေပါတယ်။ တခုခု ထူးခြားတာနဲ့ သတင်းစာရှင်းလင်းပွဲ ထပ်လုပ်ပြီးတော့ အခုလိုပဲ အသိပေးပါမယ်။

ကနဦးပေးသွင်းရမှာက မြန်မာငွေကျပ် ငါးထောင်၊ ဖုန်းခေါ်ဆိုခက ၂၅-၃၀ ဆိုတော့ အင်တာနက် အသုံးပြုခကရော ဘယ်လို ပေးဆောင်ရမှာပါလဲ။ အင်တာနက် အသုံးပြုဖို့ကိုသီးသန့် ထပ်ပေးဖို့ လိုပါသလား။

အင်တာနက် အသုံးပြုခက လုပ်ခွင့်ရတာနဲ့ ထပ်ထုတ်ပြန်ပါ့မယ်။ အသေးစိတ်ထုတ်ပြန်ပါ့မယ်။ အင်တာနက် ဆားဗစ်အတွက် ထပ်ပြီး ထည့်ဖို့မလိုပါဘူး။ အဲဒါကျတော့ လူလည်ကျလွန်းရာ ကျနေပါတယ်။ ဥပမာပြောရရင် ကားဝယ်တာ ဘီးပါလား၊ စီယာတိုင်ပါလားလို့ မေးနေတာနဲ့ တူနေတယ်။ ဖုန်းဝယ်ပါပြီဆိုမှ အင်တာနက်ဆားဗစ်လည်း တစ်ပြိုင်တည်းပါပါတယ်။ 3G ဆိုပြီးတော့ အင်တာနက်ထပ်သုံးရင် ဘယ်လောက် ထပ်ဖြည့်ရမယ်ဆိုတာကျတော့ ကျွန်တ်ာတို့ မလုပ် ပါဘူး။

မြန်မာငွေကျပ် ငါးထောင်နဲ့ ဂျီအက်စ်အမ် ဆင်းကဒ်ဝယ်လို့ရတယ်ဆိုတဲ့ သတင်းအပေါ် မယုံမရဲဖြစ်နေကြတဲ့ ပြည်သူတွေကို ရွှေပြည်တံခွန်အနေနဲ့ ဘာများ ထပ်ဖြည့် ပြောချင်ပါသလဲ။

ဒီအခွင့်အရေးဟာ ပြည်သူတိုင်းရရမဲ့ အခွင့်အရေးဖြစ်ပါတယ်။ ကျွန်တော်တို့က Magician တွေ မဟုတ်ပါဘူး။ ကျွန်တော်တို့ ပတ်ဝန်းကျင်နိုင်ငံတွေမှာ ဖုန်းတစ်လုံးကို ငွေအနည်းငယ်နဲ့ အလွယ်တကူပိုင်ဆိုင်နေရတဲ့ အချိန်မှာ ကျွန်တော်တို့ကတော့ ဖုန်းတလုံးရဖို့ ခက်ခက်ခဲခဲ ကြိုးစားနေရတယ်ဆိုတာ မဖြစ်သင့်တဲ့ကိစ္စပါ။ ဒီအတွက် ကျွန်တော်တို့ ကုမ္ပဏီက ထူးပြီးလုပ်ပေးရတာလဲ မရှိပါဘူး။ ဒီလုပ်ငန်းကို လုပ်ခွင့်ရရင် လုပ်ခွင့်ရတဲ့အတွက် ကျွန်တော်တို့ ဂုဏ်ယူမှာပါ။ နယ်စပ်ဒေသတွေမှာ ဆိုရင် လူတွေက တစ်ဘက်နိုင်ငံက ဖုန်းတွေကို သုံးကြပါတယ်။ အဲဒါ ဘာဖြစ်တယ်လို့ ကျွန်တော်ခံစားရလဲ ဆိုတော့ ကျွန်တော်တို့ နယ်ချဲ့ခံနေရတယ်လို့ ခံစားရတာ။ ကျွန်နော်တို့ ပိုင်နက်ထဲမှာ၊ ကျွန်တော်တို့ သွေးချင်းတွေက သူများနိုင်ငံက ဖုန်းကို သုံးပြီးတော့ သူများနိုင်ငံကို ဖုန်းဖိုးပေးနေရတယ်။ အဲဒါကို ကျွန်တော် မဖြစ်စေချင်ဘူး။ ကျွန်တော်တို့ နိုင်ငံထဲမှာ ကျွန်တော်တို့က ထုတ်တဲ့ဖုန်းတွေပဲ သုံးနိုင်အောင် ကျွန်တော်တို့ လုပ်ရပါမယ်။ နိုင်ငံတော် သမ္မတကြီးကလဲ ဆင်းရဲမွဲတေမှု ပပျောက်ဖို့လိုတယ်။ လူနေမှု အဆင့်အတန်းမြင့်ရမယ်လို့ ပြောခဲ့တယ်။ အဲဒီစကားကို ကျွန်တော်တို့ ဦးထိပ်ထားပါတယ်။ သမ္မတကြီးရဲ့ ဦးဆောင်မှုအောက်မှာ ကျွန်တော်တို့ ပါဝင်ချင်တယ်။ ၀င်ငွေနဲပြည်သူတွေ၊ ကျောင်းသူကျောင်းသားတွေ အတွက် ဆက်သွယ်ရေးမြန်ဆန်လွယ်ကူဖို့ ကျွန်တော်တို့ လုပ်ပေးချင်ပါတယ်။ နိုင်ငံတော် သမ္မတရုံးက ခွင့်ပြုချက်ရတာနဲ့ ကျွန်တော်တို့ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ပါ့မယ်။

ဟုတ်ကဲ့။ ခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

မက်ဆင်ဂျာ ဂျာနယ်
သစ်ထူးလွင် at 1/06/2012 07:30:00 PM

မန္တလေး ဂေဇက်မှ တဆင့်ကူးယူဖော်ပြထားပါသည်။
 

SHADE Journal | အတွဲ(၆)၊ အမှတ်(၂)

  • အမည် : SHADE Journal | အတွဲ(၆)၊ အမှတ်(၂)
  • Download ရယူရန်။ အတွဲ(၆)၊ အမှတ်(၂)
  • ရက်စွဲ : 20.4.2011
 

`` ဆင်းရဲနွမ်းပါးမှု တကယ်လျှော့ကျစေချင်ရင်´´


ဓာတ်ပုံ ပေါ်ပြူလာဂျာနယ်မှ ယူသုံးထားပါသည်။

``ကျွန်တော့် စာအုပ်အငှါးဆိုင်လေးကို စည်ပင်က လုပ်ငန်းလိုင်စင် ခွန် တစ်နှစ်အတွက် (၁၅၀၀၀ိ) နဲ့ စာရွက်စာတမ်းကြေး (၁၀၀၀ိ) တဲ့ဗျာ။ ယခင် မကြာသေးသောခေတ်က စည်ပင်လုပ်ငန်းလိုင်စင်(၃၅၀၀ိ)ပါ။ စည်ပင်ဆိုင်းဘုတ်ခွန်ကလည်း ယခင်ထက် သုံးဆလောက်ကို တက်သွားပါတယ်။ စည်ပင်က အခွန်တွေက လုပ်ငန်းလိုင်စင်ခွန်၊ ဆိုင်းဘုတ်ခွန်၊ ဈေးကောက် စုံနေတာပါဘဲဗျာ..။ စိတ်ပျက်ပျက်နဲ့ အိမ်ပြန်တော့ လျှပ်စစ်ကလည်း မီတာခဈေးက တက်လိုက်ပြန်တယ်။ လက်ရှိတတ်ထားတဲ့ မီတာအဟောင်းက လယ်နေတာ နှေးလို့ဆိုပြီး မီတာအသစ်နဲ့လဲမယ်တဲ့။ မီတာလဲဖို့အတွက် တပ်ဆင်ခ တောင်းနေပြန်တယ်။ ကိုယ့်အိမ်မှာ ကိုယ့်ဘာသာ စောင့်ရှောက်ထားရတဲ့ မီတာကိုလည်း မီတာထိမ်းသိမ်းခ တစ်လ( ၁၀၀၀ိ) တဲ့ဗျာ..။ကျွန်တော့် သား သမီးတွေက အခြားတစ်နယ်မြို့တွေမှာ နေကြတာပါ။ ယခုသူတို့လည်း အိမ်ကို ခဏ အလည်ပြန်လာကြတယ်လေ..။ မီးရထားခ၊ သဘောင်္ခ၊ ကားခတွေကလည်း ဈေးတက်လို့ အဖေတို့ဆီကို အရင်လို တစ်နှစ်တစ်ခေါက် လာပြီး မကန်တော့နိုင်တော့ဘူးတဲ့ဗျာ..။ မှတ်ကရော့။ အဲ ပုဂ္ဂလိက ဓာတ်ဆီဆိုင်တွေကလည်း အရင်ဓာတ်ဆီတစ်ဂါလံ (၂၅၀၀ိ) ကနေ (၃၅၀၀ိ) တက်ပြီး ရောင်းကြတော့မယ်တဲ့။ အိမ်က ဆိုင်ကယ်တွေ ရောင်းပြီး အရင်ကလိုသာ စက်ဘီးလေးကို ပြန်စီးမှ ဖြစ်ပါတော့မယ်ဗျာ..။ အဲ ဆိုင်ကယ်ဆိုလို့ ကျွန်တော်တို့မြို့မှာ ဆိုင်ကယ် ဆပ်ပလိုင်းချက်တွေကလည်း တစ်ပါတ်မှာ (၈)ရက်လောက် လုပ်တယ်လေ..။ ကျွန်တော်တို့ ပြည်သူတွေကလည်း စည်းကမ်းမှ မရှိကြတာ.. ဆယ်ဦးမှာ ဆယ့်တစ်ယောက်လောက်က ဆိုင်ကယ်ဦးထုပ်မပါကြဘူးလေ။ ဆိုင်ကယ်တစ်စီးမှာ လူသုံးယောက်တောင် စီးနေကြတယ်။ ဒါကြောင့် ဒဏ်ကြေးငွေတွေကို အရင်ကထက် ထပ်ပြီး တိုးဆောင်ခိုင်းနေတယ်လို့ သိရပါတယ်ဗျာ..။ ဒါကတော့ စည်းကမ်းမရှိတဲ့သူတွေကို သက်ဆိုင်ရာက လုပ်တာ သဘာဝကြပါတယ်။

ယခု အစိုးရက လုပ်ဆောင်နေတဲ့ အများပြည်သူတွေအတွက် သဘာဝမကျတာကိုလည်း ပြောချင်ပါသေးတယ်။ ပိုက်ဆံရှိတဲ့သူတွေအတွက်တော့ ကားဟောင်းကနေ ကားသစ်တွေ ၀ယ်ခွင့်ပေးနေတယ်။ ကုန်သည်ကြီးတွေအတွက် နိုင်ငံခြား သွင်းကုန် ထုတ်ကုန် အခွန်များကို ကင်းလွတ်ခွင့် ပေးနေကြပါတယ်။ နိုင်ငံခြားအလုပ်သမား ဒေါ်လာစားတွေကိုလည်း ၀င်ငွေခွန် ကင်းလွတ်ခွင့်ပေးတဲ့ အမိန့်ထုတ်သံ ကြားလိုက်ရပါတယ်။ ကျွန်တော်တို့ ပြည်တွင်းမှာ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ ဈေးသည်များ၊ လုပ်ငန်းရှင်အသေးစားများကြတော့ ပြည်တွင်း ၀င်ငွေခွန်တွေကလည်း တစ်နှစ်ထက် တစ်နှစ်တိုးကောက်နေပါတယ်။ ဒီနှစ် ၀င်ငွေခွန်ကို မိမိဘာသာ အမှန် အကန် ဖြည့်ပေးပါ။ ကုန်ကျစားရိတ် နဲ့ မှီခို သား သမီးများ စာရင်းပြပေးပါ။ အဲလိုဆိုရင် အခွန်လျှော့ပေါ့နိုင်ပါတယ်လို့ အခွန်ရုံးက ပြောပါတယ်။ ဒါပေမယ့် အရင်နှစ်ကထက်တောင် ပိုကျသူတွေ များလာပါတယ်။ အဲ ပြည်သူတွေဆီကတော့ မီးရထားခ၊ ကားခ၊ သင်္ဘောခ၊ စာပို့ခ၊ မီတာခွန်၊ ရေခွန်၊ အမှိုက်သိမ်းခွန်၊ ၀င်ငွေခွန်၊ စည်ပင်သာယာက မြေခွန်၊ အိမ်ခွန်၊ ရေခွန်၊ ဈေးဆိုင်များလုပ်ငန်းလိုင်စင်ခွန်၊ ဆိုင်းဘုတ်ခွန်၊ ဘီးခွန်၊ လမ်းကြေး၊ တံတားကြေးနဲ့ ဈေးကောက်ခွန်တွေကို တိုး၍ တိုး၍ ကောက်ခံနေကြပြီးတော့ အစိုးရကနေ ကိုင်တွယ်နေကြတဲ့ အောင်ဘာလေထီ ကိစ္စမှာ ယခင်က နှစ်ကျပ်တန်ထီကို နှစ်ကျပ်နဲ့ ရောင်ခဲ့သလို ယခု အစိုးရကထုတ်တဲ့ဈေး (၂၀၀ိ) နဲ့ မရောင်းချနိုင်တာလည်း သဘာဝ မကျပါဘူး။ ဂျာနယ်တွေက ဘယ်လာက်ရေးရေး ယခုထိဘာမှ ထူးမလာပါဘူး။ ဆင်းရဲသားတွေက (ဆင်းရဲခြင်း လွတ်ကင်းအောင် ဖဲဝိုင်းကလဲ ထောင်မရ၊ နှစ်လုံ သုံးလုံးကလဲထိုးမရ) တော့ အစိုးရ အောင်ဘာလေးထီကိုသာ အားကိုးနေကြရပါတယ်။ ဒါကို ဟိုတစ်လောက သောင်းညွန့်(ဖျာပုံ) ရေးသားလိုက်တဲ့ ဆောင်းပါးကြောင့်ထင်ပါရဲ့ လောင်းကစား ဥပဒေ နဲ့ ငြိလို့ဆိုပြီး အပိုဆုတွေ၊ ကံစမ်းမဲတွေ မပေးရဘူး အမိန့်ထုတ်လိုက်တော့ ထီကုန်သည်ကြီးများနဲ့ ထီဆိုင်ကြီးတွေကတော့ ပိုပြီး ချမ်းသာ စီးပွားဖြစ် တွက်ချေကိုက် သွားကြပါတယ်။ ယခင်က အပိုဆု(သိန်း၅၀၀)ပါ ထီတစ်ဆောင်(၃၅၀ိ/၄၀၀ိ) ။ ယခု အပိုဆု မပါတော့လည်း (၃၀၀ိ) ပေးနေရတာပါဘဲ။ ယခု အောင်ဘာလေထီကို (၂၇၇ကြိမ်) မှစ၍ လက်ရှိသိန်း(၁၀၀၀)ဆုနှင့် အခြားဆုများ အပြင် အောင်ဘလေထီဆုကြီး(သိန်း၁၅၀၀) တစ်ဆုထပ်တိုးလိုက်ပြန်ပါပြီ..။ အစိုးရဈေးကတော့ ထီတစ်စောင်(၂၀၀) ကျပ်သာ ရောင်းချမယ်လို့သိရပါတယ်။ ဒါပေမယ် ထီဆိုင်ကြီးတွေကတော့ ယခင်အပိုဆုပေးခဲ့စဉ်ကလို ထီတစ်စောင် (၄၀၀/၅၀၀)ကျပ် ထိဈေးတင်ပြီး ရောင်းကြပါတော့မယ်။ အဲဒီ ထီဆိုင်ပိုင်ရှင် နဲ့ ထီထုတ်ယူခွင့် ပါမစ်ရတဲ့သူတွေကတော့ ပိုပြီးချမ်းသာလာကြပါတော့မယ်။ အစိုးရက ထုတ်ပေးတဲ့ထီကို ဈေးနှုန်းမတက်အောင် (ထီတစ်စောင် ၂၀၀ိ ကျပ်ထက်မပိုရ) လို့မကန့်သတ်နိုင်ကိုက သဘာဝအကြပါဘူး။ ကျွန်တော်ပြောချင်တာက အစိုးရ၀န်ကြီး ဌာနတွေ နဲ့ ပတ်သက်နေတဲ့ အောင်ဘာလေထီ၊ လောင်စာဆီများ၊ စားသုံးကုန်များ၊ အခြားအခွန်အခများ ကိုတော့ ဈေးမတက်သင့်ပါဘူးဗျာ…။

နိုင်ငံတော်သမ္မတကြီးမှ အဓိက လမ်းညွှန်ထားတဲ့ ` မရှိဆင်းရဲ နွမ်းပါးသူများ ပပျောက် လျော့ကျရေး´ ကို တကယ် ဖော်ဆောင်မယ်ဆိုရင် သမ၀ါယမဌာနနဲ့ စည်ပင်သာယာဌာနတွေက ငွေထုတ်ချေးပေးနေယုံနဲ့ မလုံလောက်ပါဘူး။ လူတိုင်း ရဲ့ အမှန်တကယ်ဝင်ငွေ၊ ထွက်ငွေကို ပြန်ကြည့်ပြီး အခွန်အခ သက်သက်သာသာ နဲ့ လုပ်ငန်းများ၊ ဈေးဆိုင်များကို ရေရှည်ရပ်တည် တိုးချဲ့ လုပ်ကိုင်စားသောက်နိုင်အောင် ၊ အလုပ်လက်မဲ့များမရှိအောင်၊ ကျွန်တော် စောစောက ပြောခဲ့တဲ့ အများပြည်သူလူထု အောက်ခြေကလူတန်းစားတွေမှာ ၀န်ထုပ် ၀န်ပိုးဖြစ်စေမယ့် အခွန်အခ ဈေးတွေကို တစ်နှစ်ထက် တစ်နှစ် တိုး၍ တိုး၍ တက်မနေကြဘဲ၊ နိုင်ငံတော်လည်း သင့်တင်မျှတမယ့် အခွန်ဝင်ငွေလည်းရ ပြည်သူတွေလည်း သက်သက်သာသာနဲ့ အခွန်ထမ်းဆောင်စေပြီး( ရှဥ့်လည်း လျှောက်သာ ပြားလည်း စွဲသာ) ဖြစ်စေချင်ပါတယ်။ နိုင်ငံတကာ စံချိန် စံညွှန်းတွေ၊ အာဆီယံနိုင်ငံတွေ နဲ့ နှိုင်းယှဉ်တွက်ကြည့်ပြီး မီတာခတွေ၊ အခွန်ဈေးနှုန်းတွေကို တိုးကောက်နေတယ် ထင်ပါတယ်။ ဒီလိုဆိုရင်လည်း ကျွန်တော်တို့ မြန်မာပြည်က ပြည်သူ ပြည်သား တစ်ဦးချင်းစီရဲ့ လခ နဲ့ ၀င်ငွေတွေကိုလည်း အခြားနိုင်ငံတွေလိုရသလား၊ ၀င်သလား ဆိုတာကိုလည်း ပြန်ကြည့်သင့်ပါတယ်။ တကမ္ဘာလုံးမှာ စီးပွားရေးကတ်ဆိုက်ပြီး စီးပွားရေးတွေကျနေသော်လည်း ကျွန်တော်တို့ ပြည်တွင်းမှာတော့ အစိုးရနဲ့ သက်ဆိုင်တဲ့ ဈေးနှုန်း၊အခွန်အခတွေက တော့ တစ်နှစ်ထက် တစ်နှစ် တက်၍ တက်၍သာ လာနေပါတယ်။ အဲဒါတွေကို သက်ဆိုင်ရာက ပြန်လည်စီစစ်ပြီး ဆောင်ရွက်ပေးစေချင်ပါတယ်ဗျာ..။

ကျွန်တော်တို့မြန်မာပြည်မှာက အောက်ခြေလူတန်းစားတွေက(၈၅%)လောက်ရှိမယ် ထင်ပါတယ်။ အောက်ခြေလူတန်းစားတွေကို စီးပွားရေး အကြပ်အတည်းဖြစ်အောင်လုပ်နေတာတွေကတော့ အထက်က ပြောခဲ့တဲ့ အခွန် အခတွေ ဖြစ်နေပါကြောင်း မီးမောင်းထိုးပြလိုက်ရပါတယ်။ ဒါကြောင့် ဒီကိစ္စတွေအား ဆရာတို့ သတင်းမီဒီယာ သမားတွေကတဆင့် အစိုးရသိအောင် ပြောပေးကြစမ်းပါ ဆရာတို့ရယ်..။´´

ရွှေလမ်းငွေလမ်းဝင်းကြည်