မကွေးမြို့ မြို့တော်ခန်းမ မှ လူသုံးကုန်ပစ္စည်းများ ကုန်စည်ပြပွဲကြီး




မကွေးမြို့ မြို့တော်ခန်းမ မှ လူသုံးကုန်ပစ္စည်းများ ကုန်စည်ပြပွဲကြီး
မကွေး ဇန္န၀ါရီ (၂၀)။
မကွေးမြို့၏ Electronics နှင့် လူသုံးကုန်ပစ္စည်းများပြပွဲကြီးကို ယနေ့(၂၀-၁-၂၀၁၂) မှ (၂၄-၁-၂၀၁၂)နေ့အထိ မကွေးမြို့ မြို့တော်ခန်းမတွင် (၅)ရက်ဖွင့်လှစ်မည်ဖြစ်ကြောင်းသတင်းရရှိခဲ့ပါသည်။ ယင်းပွဲကိုစီစဉ်သောကုမ္ပဏီမှာ WINNER ဖြစ်ကြောင်း သိရ၏။ ထို့ကြောင့် ယင်းကုမ္ပဏီမှ ဒါရိုက်တာ ဒေါ်ယုယုဟန် နဲ့တွေ့ဆုံမေးမြန်းသတင်းယူခဲ့ပါသည်။
သည်ပွဲကို ရွှေမြန်မာတိုင်းရင်း ဆေးဝါးထုတ်လုပ်ရေးမှ Min Sponsor အဖြစ် အဓိက ကူညီပံ့ပိုးထားပြီး New Star Electronics(TZE) မှ Audio Sponsor ကလည်း ကူညီပံ့ပိုးထားသည်။ အဆိုပါပွဲတွင် ရန်ကုန်၊ မန္တလေးနှင့် မကွေးမြို့များမှ ကုမ္ပဏီကြီးများ လုပ်ငန်းရှင်ကြီးများဖြစ်ကြသော Asia Metal Industry Co.;Ltd မှ မီးခံသေတ္တာအမျိုးမျိုး။ Royal Ayerwaddy Co.,Ltd မှ View sonic ကွန်ပျုတာ လက်တော့ပ် အမျိုးမျိုး ။ IEM Co.,Ltd မှ မီးအားမြှင့်စက် အမျိုးမျိုး။ Yi Mon Electronics မှ Solar Lamps အမျိုးမျိုး။ Mega Life Sciences Co.,Ltd မှ E-nat Ferrovit, Babi Mild ပစ္စည်းအမျိုးမျိုး။ Asia Light Co.,ltd မှ Happy Cow နို့ဆီ။ Myanmar Mikro Co.,Ltd မှ ရယ်ဒီငါးသေတ္တာများ။ Fidre Glass ရေတိုင်ကီများ။ ရွှေချင်းလုံကုမ္ပဏီ လီမီတက်မှ Mother’s Love လက်ဖက်ခြောက်များ။ Angel Pearl Trading Co., Ltd မှ AQUOS အလှကုန်များ။ ဇီဝသဘာဝ မြေသြဇာများ ကိုလည်း အထူးဈေနှုန်းချိုသာစွာဖြင့် ရောင်းချပေးကြောင်း သတင်းရရှိပါသည်။

WINNER ကုမ္ပဏီမှ ယခု ကုန်စည်ပြပွဲကြီးကို မကွေးမြို့တော်ခန်းမတွင် ဒုတိယအကြိမ် လာရောက်ကျင်းပ ပေးကြောင်း၊ ယခုလို ပွဲမျိုးကျင်းပပေးရခြင်းကြောင့် မကွေးမြို့မှ ၀ယ်ယူအသုံးပြုသူများအတွက် ဈေးနှုန်းများ သက်သက် သာသာဖြင့် ၀ယ်ယူအသုံးပြုနိုင်အောင် (အထူးလျှော့ဈေး) များဖြင့် စီစဉ်ပေးထားကြောင်း ပြောဆိုပါသည်။

ဖျော်ဖြေရေး အစီးစဉ်များမှာလည်း လူရွှင်တော် ရွှေဖလား နှင့်အဖွဲ့ မှ လူရွှင်တော်သုံးဦးတို့ဖြင့် အလှည့်ကြ ကပြပေးနေကြသည်။ ကုန်ပစ္စည်း များကိုလည်း မော်ဒယ်အလှမယ်များဖြင့် အလှည့်ကျ တင်ဆက်ပေးနေကြောင်း သတင်းရရှိခဲ့ပါသည်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: