လက်မထပ်ဘဲအတူနေသူများကိုဥပဒေအရအရေးယူမည့်အပြင်အိမ်ထောင်ရှိသူများထပ်မံလက်ထပ်ပါကထောင်ဒဏ် ၁၀ နှစ်ထိ ချမှတ်မည်

လက်မထပ်ဘဲအတူနေသူများကိုဥပဒေအရအရေးယူမည့်အပြင်အိမ်ထောင်ရှိသူများထပ်မံလက်ထပ်ပါကထောင်ဒဏ် ၁၀ နှစ်ထိ ချမှတ်မည်
--------------------------------------
နိုင်ငံတော်သမ္မတရဲ့ ခွင့်ပြုချက်ဘောထားထောက်ခံချက်နှင့် လွှတ်တော်သို့ တင်သွင်းထားသည့် တစ်လင်တစ်မယား စနစ်ဥပဒေ (၄)ရပ်ကို ပြည်သူလွှတ်တော်က မနေ့က(၂၈-၈-၂၀၁၅)အတည်ပြုလိုက်ပါတယ်
အဆိုပါဥပဒေသည် မည်သူမဆို ဥပဒေ အရ ဖြစ်စေ
အမျိုးဘာသာအရဖြစ်စေ ထိမ်းမြားပြီးသော ယောက်ျား သို့မဟုတ် မိန်းမ သည် ယင်းထိမ်းမြားမှုကို ချန်၍ ထပ်မံထိမ်းမြားပါက ထောင်ဒဏ် (၁၀)နှစ်ထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း ဖော်ပြပါရှိသည်
ယင်းသို့ ထပ်မံထိမ်းမြားခြင်းပြုပါက အလိုမတူသူများ တရားစွဲဆိုနိုင်ပြီး ယင်းဥပဒေကို အတည်ပြုလိုက်တဲ့ နေ့မှ စ၍ အခြားသူတစ်ဦးနှင့်ထိမ်းမြားခြင်းမပြုရ ဟု ဖော်ပြပါရှိတဲ့အတွက်မူလ ထိမ်းမြားပြီးသူများ အကျူံးမဝင်ကြောင်းသိရသည်
ယင်းဥပဒေ ရည်ရွယ်ချက်မှာ အမျိုးသမီးများ မယားပြိုင်အဖြစ် ထားရှိခြင်းမှကာကွယ်ရန်နှင့် မလိုလားအပ်သော အိမ်ထောင်ရေးပြဿနာများ မဖြစ်စေရန် ဖော်ပြပါရှိသည်
ဒါ့အပြင် ပြည်ပရောက်မြန်မာနိုင်ငံသားများ
မြန်မာနိုင်ငံတွင်နေထိုင်စဉ်နိုင်ငံခြားသားနှင့် ထိမ်းမြားထားသူများ
ဧည့်နိုင်ငံသားများနှင့်လည်း သက်ဆိုင်ကြောင်း သိရသည်
ဒါ့အပြင် လက်မထပ်ဘဲ အတူနေသူများ(Living Together)များကိုဥပဒေ အရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရ ရှိသည်
‪#‎ဦးTU‬
 

ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း အကြမ်းဖက်မှုကိုလှုံ့ဆော်သည့် ဖေ့စ်ဘွတ်ခ်ပို့စ်များကို ဖျက်သိမ်းရန်စီစဉ်

ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း အကြမ်းဖက်မှုကိုလှုံ့ဆော်သည့် ဖေ့စ်ဘွတ်ခ်ပို့စ်များကို ဖျက်သိမ်းရန်စီစဉ်
===============================================
ရန်ကုန်၊ သြဂုတ် ၂၅
ရွေးကောက်ပွဲမဲ ဆွယ်ကာလအတွင်း အကြမ်းဖက်မှု ကိုလှုံ့ဆော်သည့် ဖေ့စ်ဘွတ်ခ်ပို့စ်များ ကိုဖျက်သိမ်းရန် အစိုးရတာဝန်ရှိသူ များက ဖေ့စ်ဘွတ်ခ်နှင့်လက်တွဲလုပ် ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း နိုဝင်ဘာ ၈ ရက်နေ့တွင် အထွေထွေရွေးကောက် ပွဲကို ကျင်းပမည်ဖြစ်သည်။
မြန်မာတစ်နိုင်ငံလုံးတွင် မိုဘိုင်း ဖုန်းသုံးစွဲသူများပြားလာခဲ့ပြီး မိုဘိုင်း ဖုန်းများမှ ဖေ့စ်ဘွတ်ခ်သုံးစွဲမှုမှာ ပိုမို များပြားလျက်ရှိရာ အင်တာနက်သုံး စွဲသူများက မဟုတ်မမှန် သတင်းများ အား ဖေ့စ်ဘွတ်ခ်အသုံးပြုကာ လွှင့် တင်ခြင်းဖြင့် ရွေးကောက်ပွဲကာလ မတည်ငြိမ်မှုဖြစ်မည်ကို အစိုးရအနေ ဖြင့် စိုးရိမ်လျက်ရှိကြောင်း သိရသည်။
ပြန်ကြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးရဲထွဋ်က နိုင်ငံ အတွင်း ၂ဝ၁၂ ခုနှစ်နှင့် ၂ဝ၁၃ ခုနှစ် တွင် အကြမ်းဖက်မှုများ ဖြစ်ပေါ်စေ ရန် ဖေ့စ်ဘွတ်ခ်အသုံးပြု လှုံ့ဆော်မှု များရှိခဲ့ကြောင်း၊ ထိုဖြစ်ရပ်များပြီး နောက် ဖေ့စ်ဘွတ်ခ်နှင့် ပူးပေါင်းလုပ် ဆောင်ခဲ့ကြောင်း၊ ထို့ကြောင့် လာမည့် ရွေးကောက်ပွဲကာလတွင် ယင်းကဲ့သို့ လှုံဆော်မှုများ မဖြစ်ပေါ်စေရန် ဖေ့စ် ဘွတ်ခ်နှင့်ပူးပေါင်းရန် ဆောင်ရွက်ခဲ့ ခြင်းဖြစ်ကြောင်း ပြောသည်။
''သတင်းလွတ်လပ်ခွင့်ကို ထိန်း ချုပ်ရန်မဟုတ်ပါဘူး။ ဒါပေမဲ့ အမုန်း တရားတွေဖြစ်ပေါ်စေသော စကားများ ကို တားဆီးဖို့သာဖြစ်ပါတယ်။ အ ကြမ်းဖက်မှုများကို ရွေးကောက်ပွဲ ကာလမှာ တားဆီးဖို့ဖြစ်ပါတယ်''ဟု ပြည်ထောင် စုဝန်ကြီး ဦးရဲထွဋ်က ဆိုသည်။
ယင်းနှင့်ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက အ ဆိုပါအစီအစဉ်သည် မှန်ကန်ကြောင်း၊ ဆက်သွယ်ရေး၊ သတင်းအချက်အ လက်နှင့် နည်းပညာဝန်ကြီးဌာနနှင့် ဖေ့စ်ဘွတ်ခ်အဖွဲ့တို့ ပူးပေါင်းလုပ်နေ ခြင်းဖြစ်ကြောင်း ပြောသည်။
ICT ဖွံ့ဖြိုးရေးအဖွဲ့မှ ပရိုဂရမ် မန်နေဂျာ မထိုက်ထိုက်အောင်က ''အဓိကကတော့ ကျွန်မတို့အမြဲတမ်း လွန်ဆွဲနေတာက အစိုးရက ဖေ့စ် ဘွတ်ခ်ပို့စ်တွေကို ဖျက်မယ်ဆိုရင် ဘယ်လိုအရာကို အန္တရာယ်ရှိတယ် လို့ သတ်မှတ်မှာလဲပေါ့။ ဖေ့စ်ဘွတ်ခ် အဖွဲ့အနေနဲ့လဲ ဘယ်လိုအရာမျိုးကို ဖြုတ်ပေးမလဲပေါ့။ ဖေ့စ်ဘွတ်ခ်မှာ ကလဲ လူ့အဖွဲ့အစည်းနဲ့ မကိုက်ညီ တဲ့ပို့စ်တွေကို ဖျက်ပေးလို့ရတယ် ဆိုတာကလဲရှိတယ်။ အဓိကကတော့ အစိုးရနဲ့ ဖေ့စ်ဘွတ်ခ်တို့ ဘယ်လို သတ်မှတ်မလဲပေါ့။ ကျွန်မတို့မှာက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ကလဲ ရှိနေသလို တစ်ဖက်မှာလဲ တာ ဝန်ယူမှု၊ တာဝန်ခံမှုကလဲ ရှိရမယ် လေ။ အဲဒါမျှတနေဖို့ မျှော်လင့်ပါ တယ်''ဟု ပြောသည်။
နည်းပညာကျွမ်းကျင်သူတစ်ဦး က ''လက်ရှိမှာက ဖေ့စ်ဘွတ်ခ်မှာ အ ကြမ်းဖက်မှုအတွက် လှုံ့ဆော်တဲ့ကိစ္စ တွေပါလာရင် အကောင့်ဖျက်မှာလား၊ ပို့စ်ကိုပဲ ဖျက်မှာလားဆိုတာသိပ်မရှင်း ဘူး''ဟု ပြောသည်။
မြန်မာနိုင်ငံအတွင်း မိုဘိုင်းဖုန်း သုံးစွဲမှုမှာ ၂ဝ၁၄ ခုနှစ်ထက် ၂ဝ၁၅ ခုနှစ်တွင် သုံးစွဲသူ ၅၅ ရာခိုင်နှုန်း ကျော်တိုးပွားလာပြီး မိုဘိုင်းဖုန်းအ သုံးပြုသူများအနက် အများစုသည် ဖေ့စ်ဘွတ်ခ်သုံးစွဲသူများကြကြောင်း သိရသည်။
YM
Ref:CNA
‪#‎DemocracyToday‬ သတင်းစာမှ ကူးယူဖော်ပြသည်။
 

ဦးသိန်းစိန်ကို သမ္မတ ထပ်ဖြစ်ရန် လိုလားသူ ၁၆ ရာခိုင်နှုန်းရှိဟု စစ်တမ်းဆို

Myanmar Online News
ဦးသိန်းစိန်ကို သမ္မတ ထပ်ဖြစ်ရန် လိုလားသူ ၁၆ ရာခိုင်နှုန်းရှိဟု စစ်တမ်းဆို
Tuesday, August 25, 2015
လက်ရှိအစိုးရအဖွဲ့ကို ဦးဆောင်သူ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို လာမည့် သက်တမ်းအတွက် သမ္မတထပ်ဖြစ်ရန် လိုလားသူ ၁၆ ရာခိုင်နှုန်း ရှိကြောင်း အာရှဘာရိုမီတာ ဆာဗေးအဖွဲ့ ပါမောက္ခ Ms. Bridget Welsh က ပြောကြား သည်။
ယခုနှစ် ဇန်နဝါရီလမှ မတ်လအထိ မြို့နယ်ပေါင်း ၃၆ မြို့နယ်မှ ပြည်သူ ၁၆၂၀ ကို မေးမြန်းထားရာ သမ္မတ ဦးသိန်းစိန်ကို နောက်ထပ်သက်တမ်း အတွက် သမ္မတ ထပ်ဖြစ်ရန် ၁၆ ရာခိုင်နှုန်းက ထောက်ခံဖြေကြားခဲ့ကြောင်း ၎င်းက ဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုမူ သမ္မတဖြစ်ရန် လိုလားသူ ၂၆ ရာခိုင်နှုန်း၊ အခြားသူများကို လိုလားသူ ၃ ရာခိုင်နှုန်းနှင့် လုံးဝမဖြေကြားလိုသူ ၅၄ ရာခိုင်နှုန်း ရှိကြောင်း အဆိုပါ စစ်တမ်းအရ သိရှိရသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲအလွန် သမ္မတတာဝန် ထမ်းဆောင်စေရန် လိုလားသူ ပိုများကြောင်း Ms. Bridget Welsh က ထပ်လောင်းပြောကြားသည်။
သြဂုတ်လ ၂၄ ရက်က ရန်ကုန်မြို့ ဖန်တီးရာ ရုံးခန်းတွင် ပြုလုပ်သည့် လာမည့် အစိုးရသစ်လက်ထက် သမ္မတတာဝန် ထမ်းဆောင်ရန် လက်ရှိသမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် မည်သူ့ကို လိုလားကြောင်း မေးမြန်းထားသည့် စစ်တမ်း သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ယင်းသို့ ပြောကြားသည်။
“ဖြေဆိုသူတွေအနက် အများစုကတော့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်စေချင်တယ်တဲ့” ဟု ပါမောက္ခ Ms. Bridget Welsh က ပြောကြားသည်။
ထို့အပြင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ လုပ်ဆောင်ချက်နှင့် ပတ်သက်၍ လုံးဝကျေနပ်သူ ၂၄ ရာခိုင်နှုန်း၊ အနည်းငယ်ကျေနပ်သူ ၅၆ ရာခိုင်နှုန်း၊ အနည်းငယ်ကျေနပ်မှု မရှိသူ ၁၃ ရာခိုင်နှုန်း၊ လုံးဝကျေနပ်မှု မရှိသူ ၇ ရာခိုင်နှုန်း ရှိကြောင်း အဆိုပါစစ်တမ်းတွင် ဖော်ပြထားသည်။
အာရှဘာရိုမီတာ ဆာဗေးအဖွဲ့မှ ပါမောက္ခဖြစ်သူ Mr. Yun-Han က “ဒီစစ်တမ်းနဲ့ ပတ်သက်ပြီး ပြည်သူတွေကြား တိုင်ပင်ဆွေးနွေးနေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု မှတ်ချက်ပြု ပြောကြားသည်။
အမျိုးသားနှင့် အမျိုးသမီးများ နိုင်ငံရေးတွင် ပါဝင်မှု မည်သည်ကို ပိုလိုလားကြောင်း မေးမြန်းချက်တွင်မူ အမျိုးသားများကို ပိုလိုလားကြောင်း ဖြေကြားသော်လည်း လက်ရှိတွင် အမျိုးသမီးများ ပါဝင်ပတ်သက်မှု ၅၀ ရာခိုင်နှုန်းကျော် ရှိပြီး ၎င်းတို့သည် ဒေါ်အောင်ဆန်းစုကြည်ကို နှစ်သက်သူ အများစုဖြစ်ကြောင်း အဆိုပါစစ်တမ်းတွင် ဖော်ပြပါရှိသည်။
နိုဝင်ဘာလအတွင်း ကျင်းပမည့် အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ မေးမြန်းချက်ကိုမူ NLD ကို မဲပေးရန် ရွေးချယ်ထားသူ ၂၄ ရာခိုင်နှုန်း၊ ကြံ့ခိုင်ရေးပါတီကို ရွေးချယ်သူ ၁၅ ရာခိုင်နှုန်း၊ အမျိုးသားညီညွတ်ရေးပါတီ (NUP) ပါတီကို ရွေးချယ်သူ ၅ ရာခိုင်နှုန်း၊ အခြားပါတီများကို ရွေးချယ်သူ ၇ ရာခိုင်နှုန်းနှင့် မဖြေကြားလိုသူ ၅၀ ရာခိုင်နှုန်း ရှိကြောင်း ယင်းစစ်တမ်းအရ သိရသည်။

The Voice Weekly
 

ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ် အစည်း အဝေး(၁/၂၀၁၅) ဒုတိယနေ့ ကျင်းပ ပြုလုပ်

မကွေး၊ ၂၀၁၅ ခုနှစ် ၊ သြဂုတ်လ (၂၆) ရက်
ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်း အဝေး(၁/၂၀၁၅) ဒုတိယနေ့ကို (၂၆.၈.၂၀၁၅) ရက်နေ့ နံနက်(၁၀၀၀)နာရီ အချိန်တွင် မကွေးတိုင်းဒေသကြီး လွှတ်တော်ခန်းမ၌ စတင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးရဲမြင့်၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၆၈)ဦးရှိ သည့်အနက် (၆၄)ဦးတက်ရောက်၍ (၉၄.၁၂) ရာခိုင်နှုန်းတက်ရောက်သဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာ ပါသည်။

ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေး ရာဝန်ကြီးအဖြစ် ခန့်အပ်တာဝန် ပေးအပ်ရန် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ လွှတ်တော်သို့ အဆိုပြုတင်ပြခြင်းနှင့် စပ်လျဉ်း၍ မကွေး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ချက်တစ်စုံတစ်ရာ မရှိပါသဖြင့် မကွေးတိုင်းဒေသကြီး လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅၂ အရ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီး နိုင်ဦး အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးရန် မကွေးတိုင်းဒေသကြီးလွှတ်တော်မှ သဘောတူ ပါကြောင်းနှင့် မကွေးတိုင်းဒေသကြီး လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅၃ အရ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံ အကြောင်းပြန်ကြား မည် ဖြစ်ပါကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။


ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ် အစည်းအဝေး(၁/၂၀၁၅) ဒုတိယနေ့ ရပ်နားကြောင်းနှင့် တတိယနေ့ အစည်းအဝေးကို ၂၀၁၅ ခုနှစ် ၊ သြဂုတ်လ (၂၇)ရက်နေ့ (ကြာသပတေးနေ့) (၁၀၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော် ဥက္ကဋ္ဌက ကြေညာပြီး အစည်းအဝေးကို ( ၁၀၀၇ ) နာရီအချိန်တွင် ရပ်နား ပါကြောင်း သတင်းရရှိပါသည်။

မကွေးသတင်းစုံ
 

ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ် အစည်း အဝေး(၁/၂၀၁၅) ပထမနေ့ ကျင်းပ ပြုလုပ်

မကွေး၊ ၂၀၁၅ ခုနှစ် ၊ သြဂုတ်လ (၂၅) ရက်
ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ် အစည်း အဝေး(၁/၂၀၁၅) ပထမနေ့ကို (၂၅.၈.၂၀၁၅) ရက်နေ့ နံနက်(၁၀၀၀)နာရီ အချိန်တွင် မကွေးတိုင်းဒေသကြီး လွှတ်တော်ခန်းမ၌ စတင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးရဲမြင့်၊ ဒုတိယဥက္ကဋ္ဌနှင့်လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ထို့နောက် ကတိသစ္စာမပြုရသေးသော တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ကတိသစ္စာ ပြု၍ ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုး ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၆၈)ဦးရှိ သည့်အနက် (၆၄)ဦးတက်ရောက်၍ (၉၄.၁၂) ရာခိုင်နှုန်းတက်ရောက်သဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာ ပါသည်။


ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး အဖြစ် ခန့်အပ် တာဝန်ပေးအပ်နိုင်ရန် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်က လွှတ်တော်သို့ ဝန်ကြီးအမည်စာရင်းအား အဆိုပြုတင်ပြခြင်းနှင့် ပတ်သက်၍ ဥက္ကဋ္ဌမှ လွှတ်တော်သို့ကြေညာပြီး ယင်းကိစ္စနှင့်ပတ်သက်၍ ကန့်ကွက် လိုသော လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင် သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။


ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ် အစည်းအဝေး(၁/၂၀၁၅) ပထမနေ့ ရပ်နားကြောင်းနှင့် ဒုတိယနေ့ အစည်းအဝေးကို ၂၀၁၅ ခုနှစ် ၊ သြဂုတ်လ (၂၆)ရက်နေ့ (ဗုဒ္ဓဟူးနေ့) (၁၀၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော် ဥက္ကဋ္ဌက ကြေညာပြီး အစည်းအဝေးကို ( ၁၀၁၀ ) နာရီအချိန်တွင် ရပ်နားပါကြောင်း သတင်းရရှိပါသည်။

 

ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထိပ်တန်းရဲအရာရှိများ နေရာအပြောင်းအရွှေ့များပြုလုပ်ခဲ့တယ်လို့သတင်း ရရှိပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထိပ်တန်းရဲအရာရှိ
အချို့ကိုရဲချုပ်ကယမန်နေ့မှာ နေရာအပြောင်းအရွှေ့များပြုလုပ်ခဲ့တယ်လို့သတင်း
ရရှိပါတယ်။
အဲဒီအပြောင်းအလဲမှာဒုတိယရဲမှုးကြီးအဆင့်ရှိသူတွေ၊ရဲမှုးကြီးအဆင့်ရှိသူတွေ
ပါဝင်ပါတယ်။ဒါ့အပြင် ရဲမှုးကြီးအချို့ကတော့ ရာထူးတိုးသွားခဲ့ပါတယ်။
ခိုင်မာတဲ့ သတင်းရင်းမြစ်တွေရဲ့ပြောဆိုချက်တွေအရ ရာထူးအပြောင်းအလဲတွေ
ထဲမှာအမြန်လမ်းရဲတပ်ဖွဲ့မှုး၊သစ်တောရဲတပ်ဖွဲ့မှုး၊မွန်ပြည်နယ်ရဲတပ်ဖွဲ့မှုး၊
aနပြည်တော်ရဲတပ်ဖွဲ့မှုး၊ရထားရဲတပ်ဖွဲ့မှုး၊ရဲတပ်ရင်းများကွပ်ကဲရေးတပ်ဖွဲ့မှုး
(ရကဖ ၁)တို့အပြင်ယာဉ်ထိန်းရဲတပ်ဖွဲ့မှဒုတိယရဲမှုးကြီးတစ်ဦးတို့ပါဝင်တယ်
လို့သိရပါတယ်။

ယခင်က ရဲမှုးကြီးတွေသာ ကွပ်ကဲခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်
ရဲတပ်ဖွဲ့တို့ကို ရဲမှုးချုပ်အဆင့်ရှိသူတွေက ကွပ်ကဲစေဖို့လည်း အမိန့်ထုတ်ခဲ့
ပါသေးတယ်။လက်ရှိသိရှိထားရသောစာရင်းအရ အမြန်လမ်းရဲတပ်ဖွဲ့မှုးရဲမှုးကြီး
နေ၀င်းကိုရဲမှုးချုပ်အဆင့်ဖြင့်ရထားရဲတပ်ဖွဲ့မှုးအဖြစ်သို့လည်းကောင်း၊ယာဉ်ထိန်း
ရဲတပ်ဖွဲ့မှဒုတိယရဲမှုးကြီးလင်းထွဋ်ကိုရဲမှုးကြီးအဆင့်ဖြင့်ရထားဒုတိယတပ်ဖွဲ့မှုး
အဖြစ်သို့လည်းကောင်း၊သစ်တောရဲတပ်ဖွဲ့မှုး ရဲမှုးကြီးဇော်ထွန်းအောင်ကို
အမြန်လမ်းရဲတပ်ဖွဲ့မှုးအဖြစ်သို့လည်းကောင်း၊နေပြည်တော်ရဲတပ်ဖွဲ့မှုးရဲမှုးကြီး
ကိုကိုအောင်ကို မွန်ပြည်နယ်ရဲတပ်ဖွဲ့မှုးအဖြစ်သို့လည်းကောင်း၊ မွန်ပြည်နယ်
ရဲတပ်ဖွဲ့မှုး ရဲမှုးကြီး မျိုးဆွေဝင်းကို ရဲမှုးချုပ်အဆင့်ဖြင့် ရကဖ (၁) သို့လည်း
ကောင်း၊ရကဖ(၁) ရဲမှုးချုပ်အောင်အောင်ကို ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှုးအဖြစ်သို့
လည်းကောင်း၊ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှုး ရဲမှုးကြီးဝင်းထါန်းကို ရဲမှုးချုပ်အဆင့်ဖြင့် ရဲရေးချုပ်အဖြစ်သို့လည်းကောင်း၊ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှုးရဲမှုးကြီး
ဝင်းနိုင်ကို ရဲမှုးချုပ်အဆင့်သို့ လည်းကောင်း ပြောင်းရွှေ့မှုများရှိနေပါတယ်။
 

မြေလတ်မီဒီယာ APK ပို့စ်တင်ခြင်း ပြတ်တောက်မှုအား တောင်းပန်ပါသည်။ စာမူများပေးပို့ကြရန် ဖိတ်ခေါ်အပ်ပါသည်။


မြေလတ်မီဒီယာ APK  ပို့စ်တင်ခြင်းကို သြဂုတ် ၇ ရက်မှ ၁၃ ရက်နေ့အထိ ပြတ်တောက်ခဲ့ပါသည်။
သို့ပါ၍ စာဖတ်သူများအား လေးစားစွာတောင်းပန်အပ်ပါသည်။

သတင်းပို့စ်တင်သူ ကျွန်တော့်မှာ မြေလတ်ဂျာနယ်(၁၅)ရက်တစ်ကြိမ်ထုတ်ဝေနိုင်ရန်ဆောင်ရွက်ရခြင်း၊ မြေလတ်ဒေသ သတင်းစာ(www. myaylatmedia.com) နှင့် www.winkyi.net တို့ကို တစ်လှည့်ဆီ နေ့စဉ်ဆောင်ရွက် နေရပါသည်။ ဒီကြားထဲ မြန်မာနိုင်ငံသတင်းစာဆရာအသင်း MJA (ညီလာခံ)သို့ သွားရောက်ခဲ့ရပြန်ပါသည်။ ရန်ကုန်ရောက်နေစဉ် လိုအပ်သော စာအုပ်များရှာဖွှေဝယ်ယူခြင်း နှင့် မြေလတ်ဂျာနယ်အတွက် ဒီဇိုင်းပညာအဆင့်မြှင့်တင်ရေးအတွက် လိုအပ်သော ပညာများလေ့လာ သင်ကြားခြင်းများကြောင့် မြေလတ်မီဒီယာ APK  ပို့စ်တင်ခြင်းကို သြဂုတ် ၇ ရက်မှ ၁၃ ရက်နေ့အထိ ပြတ်တောက်ခဲ့ရပါကြောင်း  စာဖတ်သူများအား လေးစားစွာတောင်းပန်အပ်ပါသည်။

မြန်မာနိုင်ငံ၏ ၂၀၁၅ ရွေးကောက်ပွဲကာလ မတိုင်မီ၊ ကျင်းပစဉ်၊ ကျင်းပပြီးကာလသတင်းများနှင့် နေ့စဉ်ဖြစ်ပေါ်နေသော အထူးသတင်းများကို အတတ်နိုင်ဆုံး မပျက်မကွက် ဆက်လက် ဖော်ပြပေးသွားမည်ဖြစ်ပါကြောင်း...။

မြေလတ်မီဒီယာ ဖုန်း-APK နှင့် မြေလတ်နေ့စဉ်သတင်းစာ၊ မြေလတ်ဂျာနယ်များ သို့ သတင်းစုံများဖော်ပြနိုင်ရန် ပြည်တွင်း၊ ပြည်ပ အနယ်နယ်အရပ်ရပ်မှ သတင်းများ၊ လူထုအော်သံများ၊ ကဗျာ၊ ကာတွန်း၊ ဆောင်းပါများကိုလည်း ပေးပို့ကြပါရန် ပြန်လည်ဖိတ်ခေါ်အပ်ပါသည်။
အီးမေးလ်၊ ဖေ့စဘုတ်၊ ဖိုက်ဘာ နှင့် စာတိုက်မှလည်း ပေးပို့နိုင်ကြပါပြီ...။
မှတ်ချက်(ယခင်လို လစဉ်ကြေးငွေ ငါးထောင်ကျပ်သွင်းပေးရန်မလိုပါ)

မှတ်ချက်။  ။ မြေလတ်ဂျာနယ် တွင် ဖော်ပြသော စာမူများကို စာမူခ နှင့် ဂျာနယ်လက်ဆောင်များ ချီးမြှင့်ပေးပါမည်။

သတင်းတာဝန်ခံ

E-mail;   uwinkyi123@gmail.com
Facebook.com/ uwin kyi
Viber;   09-440225100
ရွှေလမ်းငွေလမ်းဝင်းကြည်
အယ်ဒီတာချုပ်
မြေလတ်ဂျာနယ်
အမှတ် ၅၊ ဟိန္ဒူဆိုင်ခန်း၊ ပြည်တော်သာလမ်း
ရွာသစ်ရပ်ကွက်၊ မကွေးမြို့။
 

၂၀၀၄ ခုနှစ်တုန်းက ကိုခင်ညွှန့်ကို ဖြုတ်ချတော့ ကိုရွှေမန်း တာဝန်ယူပြီး သတင်းစာရှင်းလင်းပွဲမှာ နှစ်သိမ့်ခဲ့တဲ့ စကားလေးကို ပြန်တင်ပေးလိုက်ပါတယ်..

၂၀၀၄ ခုနှစ်တုန်းက ကိုခင်ညွှန့်ကို ဖြုတ်ချတော့ ကိုရွှေမန်း တာဝန်ယူပြီး သတင်းစာရှင်းလင်းပွဲ ထွက်ရှင်းခဲ့တာကို အခု မျက်စိထဲမှာ ပြန်မြင်ယောင်လာတယ်..... သတိရလို့ ပြန်ရှာပြီး ကိုရွှေမန်း သတင်းစာရှင်းလင်းပွဲမှာ နှစ်သိမ့်ခဲ့တဲ့ စကားလေးကို ပြန်တင်ပေးလိုက်ပါတယ်..
"ယခုကဲ့သို့ ရှင်းလင်းပြရခြင်းအပေါ် မိမိတို့အနေဖြင့် ဝမ်းမြောက်ဝမ်းသာ မရှိသည့်အပြင် မလုပ်မဖြစ် လုပ်ရသည့် သဘောအနေအထား ဖြစ်ပါကြောင်း၊ ကိုယ့်ကြမ္မာ ကိုယ်ငင်ပြီး နိုင်ငံတော်နှင့် တပ်မတော်အတွက် အလွန်အန္တရာယ်ကြီးသည့် ကိစ္စဖြစ်ပါကြောင်း၊ မည်မျှအတိုင်းအတာအထိ အန္တရာယ်ကြီးသည်ကို ပြောပြရန်အချိန် ကျရောက်ပါက၊ ပြောသင့်ပါက မိမိထပ်မံ၍ ပြောပြမည်ဖြစ်ပါကြောင်း" ကို
နအဖရဲ့ တတိယမြောက် တာဝန်ရှိသူအနေနဲ့ ကိုရွှေမန်း ထွက်ရှင်းခဲ့ရတာကို သတိရမိပါတော့တယ်..........
YoYam Hnine