မကွေးမြို့တွင် တက္ကသိုလ်အသီးသီးမှ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ ဆန္ဒပြ
မကွေး၊ ဇန်န၀ါရီ ၂၆ ။
          မကွေးမြို့၊ စိုးကောမင်းရပ်ကွက်၊ တောင်တွင်းကြီးလမ်း၊ သံဃာရာမစာသင်ကျောင်းတိုက်တွင် ၂၀၁၅၊ ဇန်န၀ါရီ(၂၆)ရက်၊ နံနက်(၉)နာရီအချိန်တွင် စုရပ်မှာတက္ကသိုလ်အသီးသီးမှ ကျောင်းသားမျာသမဂ္ဂအဖွဲ့ဝင်များအင်အားတစ်ရာကျော်ခန့်သည်
 ကျောင်းသား ပြည်သူအခြေမခံသောပညာဥပဒေပြင်ဆင်ရေးအတွက် ဆန္ဒပြကြောင်းမြေလတ်မီဒီယာ ကသတင်းရရှိသည်။
          အဆိုပါ ဆန္ဒပြပွဲကို အလုပ်သင်ဆရာဝန် ဒေါက်တာကိုထက်ထက်ဇော်(MBBS) မှ ဦးဆောင်၍ ဒေသခံအာဏာပိုင်ထံသို့ တရားဝင်ဆန္ဒပြခွင့်တင်ပြီး ပြုလပ်ကြောင်းသိရသည်။ မကွေးတက္ကသိုလ်အသီးသီးမှ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ၊ ရေနံချောင်း၊ ချောက်၊ ပခုက္ကူမြို့များမှ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ အင်အားတစ်ရာ့ငါးဆယ့်ခန့်ဖြင့် ဆန္ဒပြကြောင်း ၊ တောင်းဆိုချက်များမှာအမျိုးသားပညာရေးဥပဒေဖျက်သိမ်းပေးရေး၊ (ဒို့အရေး) ။ NNER(ပညာစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်) , အစိုးရအဖွဲ့၊ လွှတ်တော်၊ ကျောင်းသားကိုယ်စားလှယ်များ (၄)ပွင့်ဆိုင် တွေ့ဆုံဆွေးနွေး ပေးရေး (ဒို့အရေး)။  ကျောင်းသားသမဂ္ဂအဖွဲ့များလွတ်လပ်စွာဖွဲ့စည်ရေး (ဒို့အရေး)။ ကျောင်းသား၊ ပြည်သူအခြေမခံသောအမျိုးသားပညာရေးဥပဒေ (အလိုမရှိ)။ စသည့် ဗီးနိုင်းဆိုင်းဘုတ်များ၊ စက္ကူဆိုင်ဘုတ်များကိုင်ဆောင်ကြပြီးကြွေးကြော်သံများအော်ဟစ်တောင်းဆို ဆန္ဒပြကြကြောင်းကိုထက်ထက်ဇော်မှ မြေလတ်မီဒီယာ ကိုပြောသည်။
(ကျွန်တော်တို့ ယခုဆန္ဒပြတာကမကွေးမြိုပေါ်ကတက္ကသိုလ်အသီးသီးမှ သမဂ္ဂအဖွဲ့ဝင်များ နဲ့ ပခုက္ကူ၊ မုံရွာ၊ ချောက်၊ ရေနံချောင်း က ကျောင်းသားတွေပါကြတယ်။ မန္တလေးကချီတက်လာတဲ့ ကျောင်းသားသမဂ္ဂအဖွဲ့တွေ မကွေးမြို့ရောက်လာရင် သူတို့နဲ့အတူအောင်လံ၊ ပြည်၊ ရန်ကုန်အထိ ကျွန်တော်တို့အဖွဲ့လိုက်သွားကြမှာပါ။) ဟု ဆန္ဒပြ ခေါင်းဆောင် ကိုထက်ထက်ဇော် က ပြောသည်။
          နံနက်(၉)နာရီမှ စတင်ထွက်ခွာ၍ တောင်တွင်းလမ်းမအနောက်ဘက်အတိုင်းချီတက်ပြီးမကွေးတက္ကသိုလ်လမ်းမှ
 မြောက်ဘက်သို့ချီတက်၍ လမ်းငါးသွယ်လမ်းဆုံမှ ဗိုလ်ချုပ်လမ်းအတိုင်းဝင်ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံရှေ့အရောက်တွင် ဗိုလ်ချုပ်အားအလေးပြု၍ တစ်မိနစ်ငြိမ်သက်ပြီးဗိုလ်ချုပ်လမ်းမအတိုင်းမြောက်ဘက်သို့ ချီတက်ကြသည်။ ပြည်တော်လမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်အရောက်တွင် ပြည်တော်သာလမ်းမအရှေ့အတိုင်းချီတက်၍ သစ္စာလမ်းဆုံအရောက်မှာသစ္စာလမ်းမမြောက်ဘက်သို့ ချီတက်ကြောင်း၊ သစ္စာလမ်းနှင့် တောင်တွင်းကြီးလမ်းဆုံအရောက်မှာတောင်တွင်းလမ်းမအနောက်ဘက်အတိုင်း
ချီတက်ကြပြီးမူလစုရပ် သံဃာရာမကျောင်းရှေ့တွင် ပြန်လည်ရောက်ရှိပြီးနေ့ ၁၁း၃၀ နာရီအချိန်ခန့်အထိ ဆန္ဒပြပြီးလူစုခွဲရပ်နားကြောင်းမ မြေလတ်မီဒီယာ က သတင်းရရှိသည်။
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
"မြေလတ်ဒေသလုံးဆိုင်ရာ ကျောင်းသား၊ကျောင်းသူမျာ တွေ့ဆုံဆွေးနွေးကြ၍ ဇန်န၀ါရီ ၂၆ ရက်နေ့တွင် မကွေးမြို့မှာ ဆန္ဒပြခွင့် တောင်းဆိုထားကြောင်းသိရ''
မကွေး၊ ဇန်န၀ါရီ ၂၄။
မကွေးမြို့၊ စိုးကောမင်းရပ်ကွက်၊ သံဃာရာမ စာသင်ကျောင်းတိုက်တွင် ၂၀၁၅၊ ဇန်န၀ါရီ ၂၄ ရက်၊ နံနက် ၁၀ နာရီမှ ညနေ ၅နာရီအချိန်ခန့်ထိ ကျောင်းသားများသမဂ္ဂ(မြေလတ်ဒေသ)အဖွဲ့ချုပ် နှင့် NNER တို့ပူးပေါင်း၍ ကျင်းပသော မြေလတ်ဒေသလုံးဆိုင်ရာ ကျောင်းသား၊ကျောင်းသူမျာ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပကြောင်း မြေလတ်မီဒီယာ ဂျာနယ်မှ သတင်းရရှိသည်။   
          အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ မကွေးမြို့မှ တက္ကသိုလ်ပေါင်းစုံမှ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ အင်အား ၂၅၀ ဦးတက်ရောက်ကြောင်း၊ မကွေးမြို့မှ ကျောင်းသားသမဂ္ဂဟောင်းကြီးများ ဦးလှအောင် ပညာရေးဌာန ညွှန်ကြားရေးမှူး (အငြိမ်းစား) ၊ ဆရာကြီး ဦးတင်စိုး(သစ်ရာကောက်)၊ ဦးတင်စိုးဝင်း တို့နှင့် NNER ဦးရဲဝင်း၊ ဦးဇော်မျိုးနိုင်၊ ဒေါ်သုသုအောင် တို့က အမျိုးသားပညာရေးမူဝါဒ နှင့် အစိုးရမှ အတည်ပြုရေးဆွဲထားသော ပညာရေးမူဝါဒ ဥပဒေများ၏ အားနည်းချက်များကို  ဦးဆောင်ဆွေးနွေးကြသည်။
          ဇန်န်ဝါရီ ၂၅ ရက်နေ့တွင် ကျောင်းသား၊ ကျောင်းသူများသီးသန့် တွေ့ဆုံဆွေးနွေးကြ မည်ဖြစ်ကြောင်း၊ ဇန်ဝါရီ ၂၆ ရက်နေ့တွင် အလုပ်သင်ဆရာဝန် ဦးထက်ထက်ဇော်(MBBS) (၂၅)နှစ် မှ ဦးဆောင်ပြီး ကျောင်းသားပေါင်း တစ်ထောင်ခန့်ဖြင့် အမျိုးသားပညာရေးနှင့် ပတ်သက်၍ သဘောဆန္ဒထုတ်ဖော် ဆန္ဒပြရန် ဒေသခံအာဏာပိုင်သို့ ခွင့်ပြုမိန့်တင်ထားကြောင်း မြေလတ်မီဒီယာ က သတင်းရရှိသည်။
မြေလတ်မီဒီယာ
နိုင်ငံတော်သမ္မတနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အသက်တစ်ရာနှင့်အထက် အဘိုးအဘွား ကိုးဦးအား ပူဇော်ကန်တော့
မကွေး၊ ဇန်န၀ါရီ ၁၉။
          မကွေးမြို့၊ မြို့တော်ခမ်းမတွင် ၂၀၁၅၊ ဇန်န၀ါရီ ၁၉ ရက်၊နံနက် ၉နာရီမှ ၉း၃၀ နာရီအချိန်ခန့်မှာ(၆၇)ကြိမ်မြောက်လွတ်လပ်ရေးနေ့ကနိုင်ငံတော် သမ္မတ၏ သက်ကြီးဝါကြီးဂုဏ်ပြုခံပုဂ္ဂိုလ် အသက် တစ်ရာနှစ် နှင့်အထက် အဘိုး၊အဘွားများအားဂုဏ်ပြုလွှာနှင့် ထောက်ပံငွေများချီးမြှင့်ပွဲ ကျင်းပကြောင်း မြေလတ်မီဒီယာ က သတင်းရရှိသည်။
          အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေနှင့်ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီးအမျိုးသမီးရေရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့ ၀င်များ၊ သူနာပြုဆရာမများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဖိတ်ကြားထားသူများတစ်ရာကျော်ခန့်တက် ရောက်ပူဇော်ကန်တော့ကြသည်။
အသက်တစ်ရာနှင့်အထက် ဘိုးဘွားကိုးဦးမှ အဘွားများဒေါ်နွယ်လေးအသက် (၁၀၁)တစ်ရာ့တစ်နှစ်၊ ဆူးကောက်စမ်းရွာ၊ မကွေးမြို့၊ဒေါ်အေးတင် အသက်(၁၀၀)တစ်ရာနှစ်၊ကျောက်မြောင်းရွာ၊ မင်းလှမြို့၊ ဒေါ်စောရှင် အသက်(၁၀၀)တစ်ရာနှစ်၊ ပခုက္ကူမြို့ တို့မှ သုံးဦးသာတက်ရောက်နိုင်ကြသည်။ 
ကျန်အဘိုးအဘွားခြောက်ဦးမှာဒေါ်ခွေးအသက်(၁၁၀)နှစ်၊ မန်ကျီးချိုရွာ၊ နတ်မောက်မြို့၊ ဒေါ်ပုတုအသက်(၁၀၆)နှစ်၊ အောင်မင်္ဂလာရပ်၊ အောင်လံမြို့၊ ဒေါ်လှတင်(၁၀၂)နှစ်၊ မြို့မရပ်ကွက်၊ ကံမမြို့၊ ဒေါ်ဒေါ်ဦးအသက်(၁၀၁)နှစ်၊ ဈေးလယ်စိုးရပ်၊ မကွေးမြို့။ ဦးလှရွှေ အသက်(၁၀၁)နှစ်၊ မဲအိုင်ကျေးရွာ၊ နတ်မောက်မြို့၊ ဦးဘိုးရင် အသက်(၁၀၀) တောင်ပိုင်းရပ်ကွက်၊ ငဖဲမြို့တို့ကိုမကွေးတိုင်းဒေကြီးအစိုးရအဖွဲ့မှ ၀န်ကြီးများကိုယ်တိုင် အိမ်အရောက် သွားရောက် ကန်တော့မည်ဟုသိရသည်။
အဘိုးအဘွားများ(၉)ဦးအား နိုင်ငံတော်သမ္မတ မှချီးမြှင့်ဂုဏ်ပြုလွှာနှင့်အတူငွေကျပ်(၂)သိန်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ (၁)သိန်းနှင့် မကွေးတိုင်းဒေသကြီးအမျိုးသမီးရေရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်းမှ (၅၀၀၀၀)ကျပ်စီလှူဒါန်းကြောင်း၊ အဘိုးအဘွားတစ်ဦးလျှင် ချီးမြှင့်ကန်တော့ငွေများမှာငွေကျပ်(၃၅၀၀၀၀)သုံးသိန်းခွဲစီ ပူဇော်ကန်တော့ကြောင်း မြေလတ်မီဒီယာ က သတင်းရရှိသည်။
ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
၂၀၀၈အခြေခံဥပဒေပုဒ်မ၄၃၆ပြင်ဆင်ရေးပူးပေါင်းကော်မတီ ကိုစွဲဆိုထားတဲ့ပုဒ်မ၄၄၇အမှုနဲ့ပတ်သက်ပြီးဒီကနေ့အပြီးသတ် လျောက်လဲချက်ပေးပြီးဖြစ်ပါတယ်။
၂၀၀၈အခြေခံဥပဒေပုဒ်မ၄၃၆ပြင်ဆင်ရေးပူးပေါင်းကော်မတီ
ကိုစွဲဆိုထားတဲ့ပုဒ်မ၄၄၇အမှုနဲ့ပတ်သက်ပြီးဒီကနေ့အပြီးသတ်
လျောက်လဲချက်ပေးပြီးဖြစ်ပါတယ်။
လာမယ့်၂၉၊၁၊၁၅ရက်နေ့နေ့လည်၁နာရီမှာအမိန့ချမယ်လို
မကွေးမြိုနယ်တရားရုံးကချိန်းဆိုထားပါတယ်။
ကျနော်တိှု့မှာအပြစ်မရှိကြောင်းထွက်ဆိုထားပြီးဖြစ်သလို
လက်ရှိစီမံခန့်ခွဲခွင့်ရှိတဲ့အေးစေတီဂေါပကအဖွဲ့တာဝန်ရှိသူများ
ရဲ့တရားလိုပြသက်သေထွက်ဆိုမှုများမှာလည်းပေါ်လွင်ထင်
ရှားခဲ့ပြီးဖြစ်ပါတယ်။
အမှန်တရားနဲ့တရားမျှတမှုအတွက်ရင်ဆိုင်ရန်အသင့်*****
နေမျိုးကျော်
မကွေးမြို့ ပါရမီသွေး၊ သွေးလှူရှင်အသင်းမှ (၃)နှစ်အတွင်းသွေးပုလင်း လေးထောင်ငါးရာလှူဒါန်းခဲ့ဟုဆို
မကွေး၊ ဇန်န၀ါရီ ၁၇။
မကွေးမြို့၊ ရွာသစ်/ပွဲကြိုရပ်ကွက်၊ အထက ၂ လမ်းရှိ ပါရမီသွေးရုံးခန်းတွင် ၂၀၁၅၊ ဇန်န၀ါရီ ၁၇ ရက်၊ နံနက် ၉ နာရီမှ ၁၀ နာရီအချိန်ခန့်အထိ (၃)နှစ်ပြည့်အခမ်အနားကျင်းပကြောင်း မြေလတ်မီဒီယာ က သတင်းရရှိသည်။
          အဆိုပါအခမ်းအနားသို့ ပါရမီသွေး ကော်မတီဝင်များ၊ အခြား NGO အဖွဲ့များ နှင့် သွေးလှူရှင်များ နှင့် ဖိတ်ကြားထားသောဧည့်သည်တော်များအင်အား ၁၅၀ ဦးခန့်တက်ရောက်ကြသည်။ ၎င်းအခမ်းအနားသည် သုံးနှစ်အတွင်းသွေးလှူဒါန်းခဲ့သောသွေးလှူရှင်များအားအထူးဂုဏ်ပြုဆုများချီမြှင့်ပေးအပ်ကြောင်းသိရသည်။ ပါရမီသွေးလှူရှင်အသင်းကို ၂၀၁၂ ၊ စက်တင်ဘာလတွင် စတင်ဖွဲ့စည်းခဲ့ကြောင်း၊ တစ်ဦးလျှင်လစဉ်တစ်ထောင် ကျပ်အလှူရှင်ပေါင်း ၂၀၀ ဦးခန့်နှင့် ငါးသောင်းအလှူရှင် တစ်ဦးရှိကြောင်းသိရသည်။
(ကျွန်တော်တို့ ပါရမီသွေးလှူရှင်အသင်းကသွေးလိုအပ်သူများနဲ့ သွေးလှူရှင်များကိုချိတ်ဆက်ရှာဖွှေပေးတဲ့ အသင်းပါ။ တချို့လူနာရှင်တွေကသွေးလှူရှင်ကိုတခါတည်းတန်းမရရင် စိတ်ဆိုးကြတယ်၊ သွေးလှူရှင်ရှာရတာအချိန်နည်းနည်းတော့ပေးရပါတယ် ။ သွေးလိုအပ်ရင် ၀၉-၄၀၁၅၅၇၉၁၅  ပါရမီသွေးလှူရှင် အသင်းကိုဖုန်းဆက်နိုင်ပါတယ်၊ အခမဲ့ကူညီဆောင်ရွက်ပေးပါတယ်။)ဟုဦးကျော်ကျော်(ရုံးအဖွဲ့မှူး) က မြေလတ်မီဒီယာ ကိုပြောသည်။
          သုံးနှစ်အတွင်းသွေးလှူရှင်များမှာ ၂၆ ကြိမ်သွေးလှူရှင် မကြည်ပြာ(ပါရမီသွေးအမှုဆောင်)၊ ၁၁ ကြိမ်မြောက် သွေးလှူရှင် ရှစ်ဦး၊ ၉ကြိမ်သွေးလှူရှင် ကိုးဦး၊ ၈ကြိမ်သွေးလှူရှင် နှစ်ဆယ့်ကိုးဦး၊ ၇ကြိမ်သွေးလှူရှင် လေးဆယ့်နှစ်ဦး၊ ၆ကြိမ်သွေးလှူရှင် လေးဆယ့်လေးဦး၊ ၅ ကြိမ်သွေးလှူရှင် နှစ်ဆယ့်ရှစ်ဦး၊ သွေးလှူရှင်ပေါင်း (၁၆၃)ဦးတို့ အသီးသီးဂုဏ်ပြုဆုများချီမြှင့်ကြောင်းမြေလတ်မီဒီယာ က သတင်းရရှိသည်။
ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀