“မကွေးမြို့မှ (၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် မကွေးမြို့နယ်NLD ပါတီမှ လွတ်လပ်ရေးကျောက်တိုင် နှင့် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်သို့ အလေးပြု



မကွေး၊ ဇန်န၀ါရီ ၄ ။



မကွေးမြို့၊ မြင်သာရပ်ကွက်၊ မဲထီးလမ်းရှိ မကွေးမြို့နယ်NLD ပါတီရုံးမှ ဥက္ကဋ္ဌ ဦးစိုးမိုး ဦးဆောင်သော အင်အး ၄၀၀ ဦးခန့်တို့သည် ၂၀၁၅၊ ဇန်န၀ါရီ ၄ ရက်၊ နံနက်၉ နာရီအချိန်ခန့်တွင် ၎င်းတို့ရုံးမှ မဲထီး လမ်းအနောက်တိုင်း၊ ဗိုလ်ချုပ်လမ်း တောင်ဘက် အတိုင်း ချီတက်လာပြီး မကွေးမြို့၊ စိုးကောမင်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ လွတ်လပ်ရေးကျောက်တိုင် နှင့် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်သို့ (၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် အလေးပြုကြသည်။ 
 
          အပြန်လမ်းမှာ ဗိုလ်ချုပ်လမ်းမှ လမ်းငါးသွယ်၊ ၎င်းမှ အထက(၁)လမ်းအတိုင်း အရှေ့သို့ချီတက်၍ ကန်သာ ရပ်ကွက် သစ္စာလမ်းအတိုင်း မြောက်အရပ်သို့၊ ၎င်းလမ်းမှ မြင်သာရပ်ကွက် မဲထီးလမ်း အရောက်တွင် မဲထီးလမ်း အနောက်ဘက်သို့ချိုးကွေ့ပြီး  မကွေးမြို့နယ်NLD ပါတီရုံးသို့ နံနက် ၁၀း၃၀ နာရီအချိန်ခန့်မှာ ပြန်လည်ဝင်ရောက်သွား ကြောင်း မြေလတ်မီဒီယာ က သတင်းရရှိသည်။

မြေလတ်မီဒီယာ
သတင်းစဉ်

 


 

0 comments: