Showing posts with label ဝေဖန်ရေးကဏ္ဍ. Show all posts
Showing posts with label ဝေဖန်ရေးကဏ္ဍ. Show all posts

အောက်ခြေတပ်ဖွဲ့ဝင် တစ်ဦး၏ ရင်ဖွင်သံ

Myo Min Thu with ဂိုဏ်း စတား. အောက်ခြေတပ်ဖွဲ့ဝင် တစ်ဦး၏ ရင်ဖွင်သံ
==============================
မေး- သူငယ်ချင်း ရဲလုပ်နေရတာ ပျော်လား
ဖြေ- မပျော်ပါဘူး သူငယ်ချင်းရာ
မေး- ဘာလို့လဲဟ
ဖြေ-
ငါတို့က မင်းတို့လို ပြည်သူလည်း ကြောက်ရ တယ် အထက်အကြီးအကဲတွေလည်း ကြောက်ရတယ် မီဒီယာလည်း ကြောက်ရတယ် ဥပဒေနဲ့မလွတ်ကင်းတဲ့ အလုပ်အကိုင် လုပ်တဲ့လူတွေလည်း ကြောက်ရတယ်

ပြည်သူကို ကြောက်ရတယ်ဆိုတာက ...
အခုနောက်ပိုင်း ငါတို့ရဲတွေ လုံခြုံရေးယူနေတဲ့ အချိန် တွေဆိုရင် တစ်ချို့လူရမ်းကားတွေက( ငါလိုးမ ရဲတွေ လီးပဲ)စသည့်ဖြင့် ဆဲဆိုတာတွေကို ဘာမှ ပြန်မပြောရဲ ခေါင်းငုံ့ခံနေရတာ ဘာမှပြန်မပြောတာလဲ ကောင်းပါတယ် သူငယ်ချင်း ပြန်ဆဲ မယ်ဆိုရင် ပြည်သူကကျွေးထားတဲ့ ထမင်းစားပြီး ခွေးစကားပြောတယ် ထမင်းကျွေးတဲ့လက်ကို ပြန်ကိုက်တယ် အဲဒီလို အပြောခံရဦးမယ် သူငယ်ချင်း မကြားချင်ယောင်ဆောင်ပြီး သည်းခံလိုက်တာ အကောင်းဆုံးပဲလို့ တွေးလိုက်တယ်...
အထက်လူကြီးကို ကြောက်ရတယ်ဆိုတာက...
မဟုတ်မခံ ခွန်းတုန့်ပြန်က
မှန်သော်လည်းရှုံး လူကြီးမုန်း၏
မှန်မှန်မှားမှား ခေါင်းငုံ့ထားမှ
မှားသော်လည်းမရှုံး လူကြီးပြုံး၏...ဆိုတဲ့
စကားစုလေးအတိုင်းပဲ ငါ ပြောတဲ့အတိုင်းလုပ်
ငါခိုင်းတာလုပ် ငါ့ကိုပြန်မပြောနဲ့ ပါးရိုက်လိုက်မယ် ဒီလိုတွေ ပြောနေတော့ ငါတို့ သူတို့ကို ကြောက်နေရတာပေါ့ သူငယ်ချင်း ငါတို့က သူတို့လက်ခုတ်ထဲက ရေလိုပါပဲ သူတို့လိုအပ် တဲ့အခါ သောက်လျှင် သောက်မယ် လက်ဆေးလျှင် ဆေးမယ် ခြေဆေးရေအဖြစ် အသုံးပြုရင် ပြုမယ် မလိုအပ်တဲ့အခါ ဗွက်အိုင်ထဲကရေ(မသန့်ရှင်းသောရေ)လိုပဲ လက်လည်း မဆေးချင်တော့ဘူး ခြေလည်း မဆေးချင်တော့ဘူး ဗွက်အိုင်ထဲကရေဆိုတော့ ဆင်းမသွားဘူး ခွကျော်တော့တာပေါ့ သူငယ်ချင်း
ငါတို့ကို ဆရာတစ်ယောက်က ပြောဘူးတယ်
အထက်ကပေးလာမှာက ဒုက္ခတွေ
မင်းတို့ရလာမှာက နောင်တတွေတဲ့
အရင်က ငါမယုံခဲ့ဘူး အခုတော့...
တကယ်မှန်တယ် သူငယ်ချင်း
အထက်လူကြီးတွေက ကိုယ့်တပည့်သားသမီး ဒုက္ခရောက်နေလို့ ရေနစ်သူကို ၀ါးကူထိုးပေး မယ်ထင်ခဲ့တာ အခုတော့ မီးလောင်ရာ လေပင့် ပေးနေတယ်ဆိုတာ ငါနားလည်သဘောပေါက်သွားပြီ သူငယ်ချင်း ငါတို့ အောက်ခြေရဲတွေကသာ ကိုယ့်အထက်လူကြီးကို တစ်ချို့လူတွေ မကောင်းကြောင်းပြောရင် မခံနိုင်တာ သူတို့တွေ ကောင်းလားမကောင်းလား အစက ငါတို့မသိခဲ့ဘူး အခုတော့ ကွက်ကွက်ကွင်းကွင်း သိသွားပြီ ရသမျှဘေးပေါက် အကုန်အိတ်ထဲထည့် စခန်းအတွက်/ရုံးအတွက် ဘာလေးတွေပြုပြင်ပေးရမလဲ ဘာတွေလိုအပ်လဲ သူတို့တွေ တစ်ခါမှ မစဉ်းစားကြဘူး ကိုယ့်လစာထဲက စိုက်ရတာလဲမဟုတ် ကိုယ့်မိသားစုအတွက်ပဲ စဉ်းစားကြပါ အောက်ခြေရဲတွေက မိသားစုမရှိပါဘူး တစ်ကောင်ကြွက်တွေပါ တင်ပြစရာတွေရှိမှန်း သိလို့ ၁လတစ်ကြိမ် အစည်းအဝေးမပြောနဲ့ ၁နှစ်နေလို့ တစ်ကြိမ်မလုပ်ဘူး သူငယ်ချင်း ကြာတော့ အောက်ခြေရဲတွေက စိတ်ညစ်လို့ အရက်သောက် အရက်သမားလုံးလုံးဖြစ် အလုပ်ကိုလည်း အလေးမထားတော့ဘူး ဖြစ်ချင်ဖြစ်ဆိုပြီး လုပ်ချင်ရာလုပ်တော့တာပဲ သူငယ်ချင်း
ရဲတပ်ဖွဲ့ နာမည်ပျက်ရချင်းအစက အထက်လူကြီးတွေ မကောင်းခဲ့လို့ပဲလို့ ငါပြောချင်တယ်...
မီဒီယာ(တစ်ဖက်သတ် မီဒီယာများအတွက်သာ) ကိုကြောက်ရတယ်ဆိုတာက...
သမ္မတ ဦးသိန်းစိန်လက်ထက်
တစ်ချို့သော ဆန္ဒပြမှုတွေမှာ မီဒီယာတွေ အနေဖြင့် ဖြစ်စဉ်အစအဆုံး Videoမှတ်တမ်းတင်ထားပေးပါလို့ တောင်းဆိုချင်ပါတယ် သူတို့လိုချင်တဲ့ ဓာတ်ပုံကိုရိုက်ပြီး ပြည်သူနဲ့ရဲသွေးကွဲအောင် မုန်းလောက်စေတဲ့ စာတွေရေးတင်ကြတယ် ဒါဟာ ရေရှည်မှာ မကောင်းပါဘူး သူတို့မလိုလား တဲ့သူ နိုင်ငံအုပ်ချုပ်နေတော့ ပြည်သူတွေကို မုန်းသထက်မုန်းအောင် ရေးသားနေကြတာတွေ အားလုံးတွေ့ကြမှာပါ လူအများစုက သတင်းတွေ့တာနဲ့ အမှားအမှန်မခွဲခြားတော့ဘူး ဟာ...တော်တော်မိုက်ရိုင်းတဲ့ အစိုးရပါလား... တော်တော်မိုက်ရိုင်းတဲ့ ရဲပါလားဆိုပြီး သူများယောင်လို့ လိုက်ယောင်နေကြတာတွေ အများကြီးပါ ဆန္ဒပြမှုတွေမှာ ရဲက ကြားခံနယ်ပါ အစိုးရနဲ့ ပြည်သူ/ လုပ်ငန်းရှင်နဲ့အလုပ်သမား ဘယ်ဘက်နေနေ အမုန်းခံရမှာပါ နောက်ဆုံးအမုန်းတွေ အပြစ်တွေက ငါတို့ရဲတွေပေါ်ပဲ အကုန်ကျရောက်လာတာပါ သူငယ်ချင်း လက်ပံတောင်းမှာ ငါတို့ရဲတွေနာမည်ပျက်ခဲ့ရတာ ငါတို့ပေးဆပ်ရတာနဲ့ မတန်ပါဘူးကွာ ငါတို့အတွက် တစ်ခုမှ မပါခဲ့ဘူး အစိုးရက ဒီနေရာ လုံခြုံရေးယူဆို ငါတို့ ယူရမှာပဲလေ ငါတို့မှာ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး ငြင်းဆန်ပိုင်ခွင့်မရှိဘူး မဖြစ်သင့်တာတွေဖြစ်မလာအောင် ငါတို့ကို ခြံစည်းရိုးအဖြစ် အသုံးပြုခဲ့တာပါ
အထက်ကခိုင်းတာ မလုပ်ရင် အလုပ်ဖြုတ် ထောင်ကျ အမုန်းကခံရဦးမယ် အထက်ကခိုင်းတာ လုပ်တော့ ပြည်သူက မုန်း ငါတို့ရဲဘ၀က အမုန်းခံလူသားတွေပါ အခု NLDပါတီ တက်လာပါပြီ လက်ပံတောင်းတောင်မှာ ဆန္ဒပြတာတွေ ရှိနေတယ် သတင်းစာတွေထဲမှာ ဖော်ပြတာတွေ မတွေ့ရသလောက်ပါပဲ ဒါတွေဟာ ဘာသလောလဲလို့ တစ်ဖက်သတ်မီဒီယာတွေကို မေးချင်ပါတယ် ဦးသိန်းစိန်လက်ထက်ကဆိုရင် သတင်းစာတွေထဲမှာ ပလူပျံနေပါပြီ အရင် သမ္မတတုန်းက ခင်ဗျားတို့ လိုချင်တာတွေ ဖြစ်ချင်တာတွေ ဆန္ဒပြ တောင်းဆိုကြတယ် မရဘူးမဟုတ်လား အခုတောင်းဆိုကြပါ ခင်ဗျားတို့ ယုံကြည်လို့တင်မြှောက်ထားတာပဲ ခင်ဗျားတို့ တောင်းဆိုတာတွေ လိုက်ရောပေးမှာပါ ရဲတပ်ဖွဲ့လည်း ခင်ဗျားတို့နဲ့အမုန်းပွားစရာ မလိုတော့ဘူးပေါ့ အခုတော့ ရဲတွေပဲ အကောင်းပြောနေတယ် အမေစုကြောင့်တဲ့ ငါတို့ရဲတွေက အရင်ကတည်းက ကောင်းပါတယ် မကောင်းသတင်း ဖွတဲ့သူတွေကြောင့် အမုန်းခံနေရတာပါ...
ဥပဒေနှင့်မလွတ်ကင်းတဲ့ အလုပ်အကိုင် လုပ်တဲ့လူကို ကြောက်ရတယ်ဆိုတာ...
ဥပဒေနှင့်မလွတ်ကင်းတဲ့ အလုပ်အကိုင် လုပ်တဲ့လူကို ကြောက်တာမဟုတ်ဘူး သူငယ်ချင်း သူနဲ့ပိုင်ရာဆိုင်ရာကိုကြောက်တာ ထိုသူအများစုသည် သက်ဆိုင်ရာဌာန အကြီးအကဲတွေကို ငွေပေးပြီး လုပ်နေကြသူတွေ ဥပဒေနဲ့မလွတ်ကင်းတဲ့ အလုပ် လုပ်နေတာသိလျှက်နဲ့ သူတို့ကို ဖမ်းဖို့ နေနေသာသာ စကားတောင် ကောင်းကောင်းမပြောရဲဘူး သူတို့နဲ့တွေ့ရင် ငါတို့က မင်းတို့လူကြီး ပိုက်ဆံပေးပြီးမှ လုပ်တာ မင်းက ဘာလုပ်ချင်လို့လဲ နာမည်ပြော ကိုယ်ပိုင်အမှတ်ပြော မင်းလူကြီးကို ဖုန်းဆက်တိုင်မယ် စခန်းရောက်တော့ ခရီးဦးကြို ဆဲတော့တာပဲ မင်းက ဘာတာဝန်နဲ့သွားတာလဲ ဘယ်သူက သွားခိုင်းတာလဲ မအေလိုးတွေ ကိုယ့်စခန်းထဲ ကိုယ်မနေဘူး
တာဝန်မဲ့ အဆင့်ဆင့်သတင်းမပို့ပဲ လျှောက်သွားတဲ့အတွက် မင်းတို့ ဖြေရှင်းချက်ရေး အဘ ကျွန်တော်တို့က... ဟေ့ကောင် ဘာမှပြောမနေနဲ့ ငါ့ဆီဖုန်းဆက်လို့ အကုန်သိပြီးပြီ မင်းတို့က ဖမ်းမလို့ဆို မင်းတို့က ဖမ်းရအောင် ဘာဆောက်ဆင့်လဲ မအေလိုးတွေ ကိုယ့်ဆောက်ဆင့်ကိုယ်သိ အော်...တပ်ဖွဲ့စိတ် ခေါင်းဆောင်စိတ်ဓါတ် အပြည့်အ၀ ပါလားနော် မကောင်းတဲ့သူဘက်က မားမားမတ်မတ် ရပ်တည်ပေးနေပါလား အေးလေ သူ့ကို ပေးကျွေးထားတာကို အထက်လူကြီးတွေက ဒီကောင် ငါ့အလုပ်ထဲဝင်ရှုပ်နေတယ် ထည့် သင်တန်း ထည့် တပ်ရင်း တပ်ဖွဲ့ကို သစ္စာဖောက်တာ ခင်ဗျားတို့ဆိုတာ ခင်ဗျားတို့သိထားပေးပါ☆☆☆☆☆
READMORE
 

မကွေးမြို့က အမျိုးစောင့်ဥပဒေထောက်ခံရေးနှင့် မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကြီး မှ သတင်းသမားတစ်ဦး၏ ပေးစာ




မကွေးမြို့မြသလွန်စေတီတော်၏ ဘုရားပွဲတော်ဈေးကွင်းတွင် မ.ဘ.သ ဗဟိုမှ ဆရာတော်များ၊ ဥပဒေ ပညာရှင် ဦးအေးပိုင်နှင့် ကုလားနိုင်မင်း ဦးနေမျိုးဝေတို့က ဦးဆောင်၍ အမျိုးစောင့်ဥပဒေထောက်ခံရေးနှင့် မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကြီး သို့ နေ့လည်(၂)နာရီမှာ ကျွန်တော် တက်ရောက်ခဲ့ပါတယ်။ တက်ရောက်သူ သုံးထောင်ခန့်ရှိမယ်ထင်ပါတယ်။ အဲဒီပွဲကို ကျွန်တော်တို့ မင်းဘူးမြို့က ဆရာဦးကျော်ဝင်းမြင့်နဲ့ ကျေးရွာသူ ကျေးရွာသားတွေ သုံးဘီးများ ကားများနဲ့ လာရောက်တာတွေ့မြင်ရပါတယ်။ ဒီလောက်နေပူဒဏ်ပြင်းနေချိန်မှာ ဒီလူတွေလာရောက်ကြတာ အမျိုးစောင့်ဥပဒေထောက်ခံရေးနှင့် မျိုးချစ်စိတ် ဓါတ်ရှင်သန်ထက်မြက်ရေးအတွက် တစ်ခဲနက်လာကြလို့ အံ့သြစရာကောင်းလှပါတယ်။

          မကွေးဆရာတော် ဦးပါမောက္ခ ဟောပြောနေတဲ့အချိန် ကျွန်တော်ယူနတီသတင်းထောက် တင်ရွှေ (မင်းဘူး)က ဟောပြောစင်နောက်မှာ ဖြတ်ပြီးလမ်းလျှောက်နေချိန်မှာ အမျိုးသမီးရေးရာမှဟု ယူဆရသော အဖွဲ့မှ ဆရာတော်နောက်မှာ ကုလားတစ်ယောက်လမ်းလျှောက်နေပါတယ်လို့ ဖုန်းဆက်သံကြားလိုက်ရပါတယ်။  အဲဒီအချိန် သတင်းထောက် ပိုင်ဇေ(မကွေး) က အဲဒါကျွန်တော်တို့ မီဒီယာအဖွဲ့ကပါလို့ ၀င်ရောက်ပြော ကြားလိုက်တယ်။ အဲဒါကြောင့် ကျွန်တော်မခံလိုက်ရတာပေါ့၊ ဒီလောက်နဲ့ ပြီးသလားဆိုတော့ မပြီးသေးဘူးခင်ဗျ၊ ကျွန်တော်ရယ်၊ ပိုင်ဇေ(မကွေး)၊ ကောင်းသုတ(မင်းဘူး)၊ ဆရာမြင့်ဝေ(မင်းဘူး) နဲ့ ဇော်မိုးထွန်း(မကွေး) တို့ ရပ်နေတဲ့နေရာကို လူတစ်ဦးရောက်လာပါတယ်။
``ခင်ဗျားတို့က ဘယ်ကလဲ၊ ဘာလာပြီးလုပ်တာလဲ´´ ဆိုပြီးမေးပါတယ်။ ကောင်းသုတ(မင်းဘူး)ကလည်း လာမေးတဲ့လူကို ``ခင်ဗျားက ဘယ်သူလဲ၊ ဘာလို့မေး ရတာလဲလို့´´ ပြန်ပြီးမေးခွန်းထုတ်ပါတယ်။  မေးတာကို မဖြေသေးဘဲ  အဲဒီလူက ကျွန်တော့်ကို လက်ညှိးထိုးပြီး သူက ဘာလာလုပ်တာလဲ၊ ဘယ်သူလဲ ဆိုမေးပြန်ပါတယ်။ ကျွန်တော်လည်း ကျွန်တော်က ယူနတီဂျာနယ် သတင်းထောက် တင်ရွှေ(မင်းဘူး)ပါ၊ ခင်ဗျားနာမည်ကရော ဘယ်သူလဲ၊ ဘာသဘောနဲ့မေးရတာလဲ၊ ဘာတာဝန်ယူထားတာလဲ ဆိုပြီး ပြန်မေးပါတယ်။ အဲဒီတော့မှ  သူက ကျွန်တော့်နာမည်း နေမျိုးဝေလို့ ပြန်ဖြေတယ်ဗျာ၊ အမှန်ဖြစ်ရမှာက ကျွန်တော်က နေမျိုးဝေ ပါဆိုပြီးစတင်မိတ်ဆက်ပြီး မှ သူက မေးမြန်ရမှာပါ။ ဒါဆို အားလုံး အိုကေ သွားကြမှာပါ၊ သူလည်း ဗုဒ္ဓဘာသာကိုးကွယ်သူ၊ ကျွန်တော်လည်း ဗုဒ္ဓဘာသာ ထေရ၀ါဒ ကို ကိုးကွယ်ထားတဲ့ ဟိန္ဒူကုလားလူမျိုးတစ်ယောက်ပါဗျာ..။ သူ့ကို အသံကျယ်ကျယ်နဲ့ ကိုနေမျိုးဝေ ရေ လို့ အော်ခေါ်ပြီးပြောတော့ သူက ရှုးရှုး တိုးတိုးဆိုတဲ့သဘောနဲ့ သူ့လက်ညှိုးကို ပါးစပ်ကပ်ပြပြီးပြောတယ်။ သူနဲ့ ပါလာတဲ့ အဖွဲ့ကလူတွေကလည်း ကျွန်တော့်ကို သံသယစိတ်နဲ့ ၀ိုင်းပြီးကြည့်နေတာ ခံလိုက်ရပါတယ်။  ကျွန်တော့်ကို ဒီလိုလူ့အခွင့်အရေး ချိုးဖောက်ခံလိုက်ရပါတယ်။ ကျွန်တော်လည်း ရှက်ရှက်နဲ့ ဆရာတော် သုံးပါး ဟောပြီး ပြန်လာခဲ့ပါတယ်။

          ကိုနေမျိုးဝေကို လေးစားပါတယ်။ ဒါပေမဲ့ သူတို့ဖိတ်ကြားတဲ့ ဖိတ်စာမှာ ကုလားနိုင်မင်း ဦးနေမျိုးဝေလို့ ရေးသားထားပါတယ်။ အဲဒါ စာဖတ်ပရိတ်သတ်တွေ တွေးပြီးကြည့်စေချင်ပါတယ်။ နောက် သူကပြောသေးတယ်ဗျ၊ ဒီလိုဗီနိုင်းဆိုင်းဘုတ်ကြီတွေနဲ့ လုပ်နေတဲ့ပွဲကို ခင်ဗျားတို့ သတင်းသမားတွေက မရေးကြဘူး တဲ့။ သတင်းသမား တစ်ဦးက မေးတဲ့မေးခွန်းကိုလည်း ပြန်မဖြေဘူးဗျာ၊ ကျွန်တော် တင်ရွှေ(မင်းဘူး)ကတော့ လူ့အခွင့်အရေး ချိုးဖောက်ခံလိုက်ရတယ်လို့ ကိုနေမျိုးဝေးကို ပြောချင်ပါတယ်။ ခင်ဗျားပြောသလို မကွေးသတင်းသမားတွေက မညံ့ကြပါဘူးဗျာ..၊ ကိုယ့်သတင်းကို ကိုယ်တိုင်တာဝန်ယူပြီး ရေးသားနေတဲ့သတင်းသမားတွေပါ၊ တာဝန်ယူမှုရှိတဲ့ မီဒီယာခေတ်ဖြစ်နေပါပြီ ကိုနေမျိုးဝေရေ..။

မှတ်ချက်။  ။ နေ့လည်(၂)နာရီမှာအခမ်းအနားစတင်၍ ညနေ(၄)နာရီအချိန်ခန့် တွင် လေပြင်းများ ကျလာသောကြောင့် ဥပဒေပညာရှင် ဦးအေးပိုင်ဟောပြောနေစဉ် ပွဲသိမ်းလိုက်ရကြောင်း သတင်းရရှိသည်။

တင်ရွှေ(မင်းဘူး)
ယူနတီဂျာနယ် သတင်းထောက်။


 
ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်စာတွင် ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း) ဖောင့်ဖြင်သာ မေးလ်ဖြင့်ပို့ပါခင်ဗျာ
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) ပါ ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ


READMORE
 

ဝေဖန်ရေး တတိယဆုရစာမူ -စာဖတ်ပရိသတ် ဆရာဦးမြင့်သူ

ဝေဖန်ရေး တတိယဆုရစာမူ



စာဖတ်ပရိတ်သတ်၊ ဆရာ မြင့်သူ

ဦမြင့်သူ ၊ အိုင်တီ-စာပေ၊ သိင်္ဂါရပ်ကွက်၊ မကွေးမြို့။



၁။ မုန်းချောင်းရေနဲ့ ဆေးပါ့မယ်
ဖုန်းမောင် ယာဉ်မောင်းဘ၀နှင့် မုန်းချောင်းဆည်ကို ရောက်သည်။ ငယ်စဉ် ဆင်းရဲသားဘ၀ ခင်ဝင်းမနှင့်လွဲပြီး မြို့ကိုရောက်။ ယာဉ်မောင်းဘ၀နှင့် ခင်ပပမြိုင်ကိုတွေ့။ လင်မယား ဘ၀ရောက်။ ကလေး (၁)ယောက်ရပြီး ခင်ပပမြိုင် ဖုန်းမောင်ကို ထားခဲ့ပြီး နိုင်ငံခြားရှိ ဆရာနောက်လိုက်သွား။ ဖုန်းမောင် လွမ်းကျန်ရစ်သည့် ဇာတ်လမ်း။
ဇာတ်အဖွင့် (က) တောင်ကွယ်မှာ နေညိုလေတိုင်း ကျမျက်ရည်ဝိုင်းစို့စို့ မှိုင်းမို့မို့ လွမ်းလို့ကျန် ၎င်းအတိုင်း မဖွဲ့ဘဲ လူ့ဘ၀ဆိုသည်မှာ တစ်နေ၀င် တစ်မိုးချုပ်ပြီး ဟိုနေ့ဒီနေ့ဆိုပြီး ဖွင့်စေချင်သည်။ ဇာတ်ဖွင့် စာသားသည် အခန်း(၁)ပင် နောက်ထပ် နောက်ထပ် ရခိုင်ရိုးမ တောင်ကြီးမှာ နေကွယ်လေတိုင်း ကျမျက်ရည် ၀ိုင်းစို့စို့ မှိုင်းမို့မို့ လွမ်းကျန်(၂) ခါထပ်နေသောကြောင့် ဖြစ်သည်။
(ခ) အခန်း(၁) အဆုံး၌ ဖုန်းမောင် အရက်မူးရာမှ အတိတ်ကို ပြန်သတိရပြီး ငယ်စဉ်ဘ၀ပြန်စဉ်းစားသည်။ အခန်း(၂)ကို ကူးသည်။
(ဂ) ဖုန်းမောင် စဉ်းစားခန်းသည် ဇာတ်သိမ်းအထိဖြစ်သည်။ အခန်း(၄) အဆုံးမှာ ဖုန်းမောင်ကို မုန်းချောင်းနဘေးရှိ ၎င်းမောင်းသော ကားရှိရာကို လျှောက်သွားစေပြီး အရက်ပုလင်းယူကာ ချောင်းနံဘေးပြန်ထိုင်ခိုင်း အရက်ဆက်သောက် စေပြီး အလွမ်းတွေကို စမ်းရေထဲမှာ မျှောလိုက်စေနိုင်သည်။ (စာဖတ်သူ၏ ဆန္ဒ)
(ဃ) ဖုန်းမောင်ကို တောသားလူရိုးလူအ အဖြစ် ဇာတ်ကောင်စရိုက် အနည်းငယ် ဖော်ပေးသင့်။


၂။ အငယ်လေးကိုချစ်ခဲ့မိလို့(၁)
(က) ဦးရွှေဝင်းသည် စာရေးဆရာ တစ်ယေက်ဖြစ်သည်။ စာရေးဆရာ၏ စရိုက်သည် ဇာတ်လမ်းအရ ဂုဏ်သိက္ခာမဲ့နေသူ ဖြစ်၍ စာရေးဆရာအစားး အခြားဇာတ်ရုပ်ဖြင့် ဖန်တီးစေချင်သည်။
(ခ) ချစ်စုမသည် ဦးရွှေဝင်းမှာ မယားကြီးရှိသော်လည်း ဓနအားတောင့်၍ဖြစ်စေ၊ ချစ်သည်ထားဦး အသက်အရွယ် လွန်စွာ ကွာခြားအောင် ဖန်တီးထားခြင်းအတွက် စာဖတ်သူမှ ဇာတ်လမ်းအပေး လေးစားမှု လျော့သွားနိုင်သည်။
(ဂ) ဇာတ်အဖွင့်မှာ ဦးရွှေဝင်းသည် ဇာတ်ဆောင်ဖြစ်ရာမှ နောက်ပိုင်းတွင် ဇာတ်ကောင်မှာ ကျွန်တော်ဖြစ်သွားသည်။ ဒါကြောင့် အဖွင့်ကတည်းက ကျွန်တော်နှင့်သာဖွင့်ပါ(သို့) ဦးရွှေဝင်းနှင့် ကျွန်တော်နှင့် မရောသွားပါနဲ့။
(ဃ) အခန်းစဉ် နံပါတ်များ ရှေ့ဝတ္ထုကဲ့သို့ ထည့်ပေးပါ။


၃။ အငယ်လေးကို ချစ်ခဲ့မိလို့(၃)
(က) အငယ်လေးကို ချစ်ခဲ့မိလို့ အဆက်ဖြစ်သည်။ ဆိုင်ကယ်စီးလာသော မိုးကာအကျီဝတ်လူက ချစ်စုမကို ဖက်ပြီးဂျစ်ကားကို မောင်းထွက်သွားသော်အခါ ၎င်းစီးလာသော ဆိုင်ကိုယ်ကို မထားခဲ့ဘဲ ဆိုင်ကယ်နှင့်ပင် ချစ်စုမကို လာခေါ်သွားသင့်သည်။ ဂျစ်ကား ဘယ်သူ့ကားလဲ။ သူများကားဆိုလျှင် ကားသူခိုးအဖြစ်ရောက်ပြီး မိမိပိုင်ဆိုင်ကယ်ပါဆုံးသွားမည်။ ဦးရွှေဝင်း အကြံဖြစ်က ပုံပေါ်ပါစေ။
(ခ) စာမျက်နှာ(၄၁)ကြောင်းရေ (၁၊ ၂၊ ၃) “ ချစ်ဇနီးလေးရယ် ဦးကို စိတ်မဆိုးပါနဲ့ ညီမအကြိုက် ဘာမဆိုအားလုံး စိတ်တိုင်းကျ နေထိုင်ပြောဆိုပါတော့မယ်” ဒီ လောက်နှင့်ဆို တော်သင့်ပြီ။ ဒါဆိုလျှင် စာဖတ်သူ ရိပ်မိပါသည်။ အခန်းဆိုကတည်းက ရိပ်မိပြီ( ဆရာ လက်လွန်သွားမယ်)
(ဂ) ဇာတ်ကောင်အကြောင်းကို စာဖတ်သူသိအောင် ပြောပြနေတဲ့ ပုံသဏ္ဍာန်ထက် တစ်ချို့နေရာတွေမှာ(ဒိုင်ယာလော့)နှင့် ဖော်ပေးလျှင် ပိုကောင်းမည်။
(ဃ) ခင်မောင်ကြည်နှင့် ချစ်စုမတို့ နီးစပ်မှု ရှိသွားခြင်း ပုံဖော်မှု အားနည်းနေသည်။ ခင်မောင်ကြည်သည် ဦးရွှေဝင်း အချစ်ဆုံးသူငယ်ချစ်ဖြစ်၍ ဦးရွှေဝင်၏ မိသားစု တစ်ကွဲ တစ်ပြားဖြစ်နေခြင်းကို မရှုရက်တာကြောင့် ချစ်စုမကို နီးစပ်အောင် လုပ်ပြီး ချစ်စုမကို ခိုးပြေးသွားခြင်းသည် အကောင်းဆုံးဖြစ်မှာမို့ မိမိသာ အနစ်နာခံပြီး ဖန်တီးလိုက်လျောလျှင် ပိုကောင်းမလား။ သူငယ်ချင်းအတွက် အနစ်နာခံခြင်းသဘော.။
(င) သရက်မြို့အိမ်မှာ ဦးရွှေဝင်း၊ ခင်မောင်ကြည်၊ ချစ်စုမ၊ အိမ်ဖော်အတူနေသည့် စာမျက်နှာ(၅၂)ကြောင်းရေ(၉) အိမ်ဖော်က ဂျစ်ကားနှင့် လူတစ်ယောက်တွေ့တယ်။ ကားရပ်ပြီး စကားပြောနေကြောင်း ချစ်စုမကို သူသိသော်လည်း အတူနေသူ ခင်မောင်ကြည်နှင့် ပြောနေကြတယ်ဆိုတာ အတတ်ပြောနိုင်ရပါမည်။
(စ) ဇာတ်သိမ်းဦးရွှေဝင်းသံဝေဂ ရသည်။ ကောင်းပါသည်။


၎။ မုန်းလို့ခေါ်ပါ ကိုကိုရယ်
(က) စေတုတ္ထရာမြို့နယ်၊ မုန်းချောင်းအနီးမှာ နေထိုင်ကြတဲ့ ချင်းအမျိုးသားများ ဓလေ့နှင့် ပတ်ဝန်းကျင်သာယာပုံနှင့် ဇာတ်ဖွင့်လျှင်လည်းကောင်း။
(ခ) ချင်းတိုင်းရင်းသားဖြစ်သောကြောင့် ခင်ဖုန်းအစား ချင်းနာမည် ဥပမာ(ခေါင်းဇီး) စသဖြင့်
(ဂ) ခင်ဖုန်းက မျိုးချစ်ကို ချစ်တဲ့အကြောင်း ပြန်ပြောပြနေသယောင်နှင့် ဇာတ်သိမ်းများ ခင်ဖုန်းဆီက စာဖတ်ပြီး ခံစားသွားရသည့် ဇာတ်လမ်းအနှစ်တစ်မျိုးဖြစ်သွားပြီ။


၅။ ပန်ချင်ပါလျှက် မခူးရက်ပါ။
(က) ပိတောက်ပန်းနှင့် သင်္ကြန်ရနံ့ကို မွှန်းလိုက်ပါ။
(ခ) ဇရာအိုနှင့်ကညာပျို ရှေ့ဇာတ်မှာပါပြီး ဖြစ်လို့ လက်ရှောင်သင့်သည်။
(ဂ) ဇာတ်ဆောင်နှင့်စရိုက် လိုက်ဖက်အောင်ထားသင့်။ ဥပမာ ဦးရေချမ်း ၎င်းအား သီချင်းမဆိုစေပါနှင့် စန္ဒရားတီးခိုင်းစေလိုသည်။
(ဃ) စာမျက်နှာ(၇၂)ကြောင်းရေ (၂) ၀င်းမြတ်မူးမူးရူးရူးနှင့် သွေးဆူနေ၍ မည်သူမည်ဝါ ဝေခွဲမရနိုင်အောင် ဖြစ်သည်။ အမူးသမား ချီးကျွေးတောင် မစားဘူး။ ဘယ်သူဆိုတာသိလောက်ပါတယ်( မယုံရင် တစ်ပိုင်းလောက် ချကြည့်)
(င) စာမျက်နှာ(၇၃) ကြောင်းရေ( ၁၄မှ ၂၀ ထိ) စာသားမဖောင်းပွစေချင်ပါ။ ချစ်နွယ်ကို ပြောဆို ကျောခိုင်းသွားချေပြီ။ ဒီလောက်ဆို လုံလောင်ပါတယ်။ ဒီနေရာမှ အခန်းခွဲပြီး နောက်တစ်ခန်းကို ပြန်ကူးပါ။ ဦးရေချမ်းကို ရုတ်တရက်ဖြစ်သော ရောဂါနဲ့ ဆေးရုံတင်လိုက်ပါ။
(စ) ဦးရေချမ်း ဆေးရုံမှာ ရှိနေသေးတယ်ထင်ပြီး ချစ်နွယ်လာသည်။ သို့သော် ဆင်းသွားပြီ။ ဆေးရုံဆိုသည်မှာ လူဝင်/ထွက် များသည်။ စံပယ်ပန်းထုပ်နှင့် စာကို မထားခဲ့သင့်။ တစ်ယောက်ယောက်နှင့် ပေးခိုင်းလျှင် ကောင်းမည်။
(ဆ) ဦးရေချမ်း A နဲ့ ဆေးရုံမှ ဆင်းပြီး ပျောက်သွားသည် ချစ်နွယ် စာဖတ်၍ လွမ်းလျှက်ကျန်။ ဇာတ်သိမ်းကောင်းပါသည်။


၆။ လေလုပွဲ
(က) အိမ်နီးနားချင်းတို့၏ ဖြစ်လေ့ဖြစ်ထရှိသော ဘ၀ကို သရုပ်ဖော်ထားသော ဇာတ်လမ်းဖြစ်သည်။
(ခ) ဒေါ်မမကြီးကို သူဌေးဂုဏ်မောက်နေသော စရိုက်ကို ပီပြင်အောင် ဖော်ပေးလိုက်ပါ။
(ဂ) ဒေါ်မမကြီး ပြောသည့်(ဒိုင်ယာလော့)များတွင် မာနာသံနှင့် ဖြစ်စေရမည်။ အသံရှည်(ဒီဃရသ)မပါစေဖို့ ဥပမာ စာမျက်နှာ(၈၅) ကြောင်းရေ (၇) ယခုချက်ချင်းမီးပြန်ပိတ်ပေး“ ပါနော်” ဆိုတဲ့ လို စကားရပ်မျိုး မဖြစ်စေချင်ပါ။တိုတောင်း ခက်ထန်သံ ဖြစ်ရပါမည်။
(ဃ) ရှေ့မှ ပါပြီးဖြစ်တဲ့ မပဋာလို ဥပမာမျိုး မပြဘဲ နောက်ထပ် အသစ်ပြန်ယူပါ။ ငိုချင်း တစ်ခုခု။
(င) ဒေါ်မမကြီးတိုက်မှ စတီရီယို သီချင်း(ငါနင့်ကို သတ်ချင်တယ်)ကို ဘမြင့်ကြားလို့ စိတ်မပျက်လိုက်ပါနဲ့။ အရွဲ့တိုက်ပြီး ကက်ဆက်ကို အကျယ်ကြီးဖွင့်ပါ။ (အပေါ်ထပ်နဲ့ အောက်ထပ်ဇာတ်လမ်း)လိုဟာမျိုး။ ပြီးမှ (နှလုံးသားကို အလှဆင်ပါ) ရေဒီယိုတေးနဲ့ ပြန်ကလဲ့စားချေရင်တောင် ကောင်းမလား။ လွမ်းရတာများလို့ ဟာသလေးလည်း ဖတ်စေချင်သည်။


၇။ ရင်နာစရာစကားတွေကို အကြင်နာနားနဲ့ ကြားပါရစေ။
(က) ရင်မောင်းတို့၏ အကျင့်စရိုက်ကို ဖော်ထားသော ဇာတ်လမ်း ဖြစ်သည်။ “ ရောက်ရာ အရပ်မျာမှာ အိမ်ထောင်ကျရစေရဲ့” ဆိုသော ဆုတောင်းနှင့် ပြည့်သူများကဖြစ်သည်။ ကျော်ငွေ မျိုးရိုးမကောင်း၍ ယောက္ခမ သဘောမတူ။ ငယ်ချစ်ကို စွန့်ပြီး မြို့ပေါ်ရောက်တယ်။ ဆီစက်ပိုင်ရှင်ဖြစ်။ မရွှေပိုနဲ့ ညား။ ညားသော်လည်း မရွှေပို အဖေက မျိုးရိုးမကောင်းလို့ သဘောမတူ( သဘောမူဘဲ မနေပါနှင့်။ ဇာတ်လမ်းမှာ ယောက္ခမ ဦးကျော်ဟာ အဓိက မကျသူဖြစ်သည်။)
(ခ) တစ်ခြားမြို့မှ လက်ရှိမြို့ကို ရောက်လာသဖြင့် ကျော်ငွေရဲ့ မျိုးရိုးဖီဇကိုဘယ်သူမှ မသိသည့် ပုံစံနှင့် ထားလိုက်ပါ။ ဒါဆိုလျှင် စာသားဖောင်းပွမှု နည်းသွားပြီး ၎င်းစာသားနေရာမှာ ရသဖော်ပေးလျှင် ပိုကောင်းမည်။ ၀မ်းစာပြည့်သွားမည်။
(ဂ) စာမျက်နှာ(၉၆)မှ စာမျက်နှာ(၁၇၀)ထိ ကျော်ငွေရဲ့ နောက်ကြောင်းပြန်ခြင်းဖြစ်သည်။ နောက်ကြောင်းပြန်တွင် အဓိက ကျော်ငွေ၊ ချင်းမ၊ ယာဉ်နောက်လိုက်မှ လွဲပြီး ဒေါ်ရွှေပို ကြားမ၀င်ပါစေနဲ့။ စာမျက်နှာ(၁၀၅)ကြောင်းရေ (၄)မှာ ဒေါ်ရွှေပို ၀င်လာသည်။ မ၀င်းလည်းရသည်။ စာမျက်နှာ (၁၀၉)မှာ စာရေးမလေးရဲ့ မိခင်ကို ကိုယ်ရေမသန့်ရောဂါနှင့် ကိုကျော်ငွေရဲ့ တဏှာရူး ရောဂါကို နှိုင်းယှဉ်ဖော်ပြသည်။ ကောင်းသည်။
(ဃ) ကိုကျော်ငွေ အသိတရား ရသော အချိန်လွန်သွားပြီး ဗီဇမကောင်းလို့ လောကဓံ၏ ဒဏ်ခတ်ခြင်းကြောင့် ကိုကျော်ငွေ ရူးသွားသည်။ ကောင်းပါသည်။ အရူးပေါက်ကရ ပြောတာ များလွန်းတယ်။ (၂)မျက်နှာ


၈။ ပုဂ္ဂိုလ်မ၍ စားရသည်။
တစ်မျက်နှာ ဇာတ်လမ်းဖြစ်၍ ဆွေးနွေးရန် မရှိပါ။


၉။ အဖြူရောင် ခြားနားချက်
ဆွေးနွေးရန် မရှိပါ။


၁၀။ ဆရာတော်ပေးသော ကလောင်လက်
စာရေးဆရာ၏ ကိုယ်တွေ့ ဖြစ်ရပ်မှန် ဆောင်းပါ။ဆွေးနွေးရန် မရှိပါ။
(က) ၀တ္ထု အခန်းစဉ် နံပါတ် ထည့်ပေးပါ။ နံပါတ်မတပ်ချင်လျှင် သင်္ကတာ(----xxx---) ပေါ်နေပါစေ။
(ခ) အခန်းစဉ် နံပါတ်ကျော်ပြီး ပျောက်နေတာ ရှိသည်။ ဥပမာ “ ရင်နာစရာ စကားတွေကို အကြင်နာနားနဲ့ ကြားပါရစေ” မှာ ( ၅/၆) မပါ ရှိပါ။
(ဂ) တချို့အကြောင်းအရာများသည် စာနှင့် ဆွေးနွေးသည်ထက် ကာယကံရှင်နှင့် ဆွေးနွေးအကြံပြုခြင်းက ပိုပြီး ထိရောက်စေပါသည်။ ယခုဆွေးနွေး အကြံပြုချက်များသည် ဥာဏ်မီသလောက် အတတ်နိုင်ဆုံးကြိုးစားထားသော အကြံပြုချက်ဖြစ်ပါသည်။(ဝေဖန်ခြင်း) မဟုတ်ပါခင်ဗျား။

လေးစားစွာနှင့်
မြင့်သူ
အိုင်တီ- စာပေ
သင်္ဂါရပ်၊ မကွေးမြို့

မူကြမ်းရေးပြီးလျှင် တစ်ယောက်ယောက်ကို ဖတ်ခိုင်းပါ။ ဖတ်ပေးတဲ့သူသည် အလိုအလျောက်(အယ်ဒီတာ) ဖြစ်သွားလိမ့်မည်။





စာအုပ်အဖုံးနှင့် စာအုပ်အမည်

ပင်ကိုယ်ရေးဝတ္ထုတိုများဖြစ်၍ မြန်မာ့ယဉ်ကျေးမှု၊ သမိုင်း၊ လူနေမှုဘ၀၊ ဓလေ့ထုံးတမ်းများကို ဦးတည်ခိုက်ထားရမည်။( ဖော်ပြပါ ဦးတည်ချက်များမှ အကျုံးဝင်သော ၀တ္ထုတိုများဖြစ်သည်။)
အငယ်လေးကို ချစ်ခဲ့မိလို့ အမည်သည် ကာမသဏှာဘက် ဇောင်းပေးထားသည်ကို ထင်စရာ ရှိသဖြင့် ယင်းအစား စာအုပ်အမည်ကို ရွေးချယ်ရန် လိုသည်။
ဇာတ်လမ်းအဖွင့်( နောက်ဆုံး ကျောင်းထိုင်ဆရာတော်ထံ ငွေဝတ္ထုကပ်ပြီး သင်္ကန်း ပရိကရာ တစ်စုံဖြင့်) စာမှာ (သင်္ကန်း ပရိက္ခရာ) ဖြစ်ရပါမည်။ အသေးအဖွဲ့လို့ မထင်ပါနဲ့။ စာဖတ်ပရိတ်သတ်ပြင်ဖတ်မယ်လို့ ပေါ့ပေါ့တန်တန် သဘောထားလျှင် စာအုပ်အပေါ် အထင်သေးသွားမည် ဖြစ်ပါသည်။ (ကိုရင်) ဆိုသည်မှာ လူနာမည် ဖြစ်၍(သမဏေ) လို့(သို့) ရှင်ပြုကို သုံးပါ။

မုန်းချောင်းရေနဲ့ ဆေးပါ့မယ်
စာမျက်နှာ(၁) ကြောင်းရေ(၆)
ရခိုင်ရိုးမ တောင်ကြီးမှာ နေကွယ်လေတိုင်းအစား ရခိုင်ရိုးမှ တောင်ကြီးကို ကျော်၍ နေကွယ်လေတိုင်းဖြစ်သင့်ပါသည်။

စာမျက်နှာ(၂)၊ ကြောင်းရေ(၈)
ရွာနှင့်မြို့လာပြီး လိုင်းဆွဲသော ကားဆရာဟု ရေးထားသည်။ ဒရိုင်ဘာသည် အခြားမှ၊ ရွာမှ၊ မြို့မှ ခွဲခြားပါ။ ရွာမှ ဆိုလျှင် ရွာမှ မြို့လာပြီး လိုင်းဆွဲသော ကားဆရာဟု ရေးသင့်ပါသည်။

စာမျက်နှာ(၂) ကြောင်းရေ(၁၀/၁၁)
ပြုံးစစမျက်နှာနှင့် အလုပ်တွင် မခိုမကပ် မဟုတ်မခံ ဆတ်ဆတ်ကြဲ အသားညိုညိုအရပ်ပုကွကွ ဟုရေးထားသည်။ ငဖုန်းဟာ စိတ်ကောင်းရှိပြီး မဟုတ်မခံ လူစားမျိုးဆိုသည်ကို ပေါ်လွင်စေသည်။ ဆတ်ဆတ်ကြဲဆိုသည်မှာ မိန်းမအတွက် သုံးသော စကားဖြစ်သည်။ အရပ်ပုကွကွ ရေးထားသဖြင့် စိတ်ကောင်းရှိသော ငဖုန်း၏ အတွင်းစိတ်ကို အရုပ်ဆိုးသွားစေသည်။

စာမျက်နှာ(၃)၊ ကြောင်းရေ(၉/၁၀)
(ရှင်လိင်ပြန်တော့ သူငယ်ချင်း ခင်ဝင်းမက ပြေးလို့ ကြိုခဲ့တာ) သီးချင်းလား၊ ဒိုင်ယာလော့လား မကွဲပြား။

စာမျက်နှာ(၄)၊ ကြောင်းရေ(၇)
လိမ္မာယဉ်ကျေးစွာဖြင့် ရသမျှငွေကို စုလာခဲ့၏ အစား ယဉ်ကျေးစွာကို ဖြုတ်ပြီး လိမ္မာစွာဖြင့် ရသမျှငွေကို လို့ ရေးသင့်ပါသည်။

စာမျက်နှာ(၅)
ဘုန်းမောင်၏ ဆရာ နိုင်ငံခြား မသွားမီ ခင်ပပမြိုင်နှင့် မကင်းရာ မကင်းကြောင်း ဖြစ်နေသည်ကို ပုံရိပ်ဖြင့် ဖော်ပြက ပိုကောင်းမည်။

ကြောင်းရေ(၁၀)
သမီးရဲ့ တတိယနှစ် မွေးနေ့မှာ အစား သမီးရဲ့(၃)နှစ် မြောက် မွေးနေ့ဟု ရေးရပါမည်။

စာမျက်နှာ(၆) ကြောင်းရေ (၁)
ခင်ပပမြိုင်၏ (ဒိုင်ယာလော့)ဖြစ်သောကြောင့် အို မောင်ကလဲ ဖြစ်သည်။ အို မြိုင်ကလည်း မှားရေးထားသည်။

ကြောင်းေ၇(၇)၊ ကြောင်းရေ(၆)
ဆရာရဲ့ ရန်ကုန်ဇနီးကြီးအစား ရန်ကုန်မှာနေတဲ့ ဆရာရဲ့ ဇနီးဆိုလျှင် ကောင်းမည်။ ဒါဆိုလျှင် ၀ါကျထားသိုမှု မှန်သွားမည်။

အငယ်လေးကို ချစ်ခဲ့မိလို့(၁)
ဇာတ်အဖွင့်၊ ကြောင်းရေ(၄)
ဦးရွှေဝင်းမှာ ပထမ ဇနီး ဒေါ်ဌေးကြည်နှင့် ရေးထားသည်ကို ဦးရွှေဝင်း ဒုတိယဇနီးမရသေးသောကြောင့် ဦးရွှေဝင်းမှာ ဇနီး ဒေါ်ဌေးကြည်နှင့် ရေးသင့်သည်။

စာမျက်နှာ(၁၃)၊ ကြောင်းရေ(၁၀)
ဒေါ်ဌေးကြည်၏ သဘောထားကို ပုံဖော်ရာ၌ ကျွန်တော့်ဇနီးသည် ငယ်လင် ငယ်မယားဖြစ်၍ ကျွန်တော် ဆိုးသမျှ ညှာခဲ့ရသည်ချည့် ဖြစ်၏။ သခင်နှင့်တူသော ဇနီးသည်ကို လို့ရေးလျှင် လှသွားမှာ ဖြစ်ပြီး စကားပြောရာတွင်လည်း တိုတိုရှင်းရှင်း ပြောတတ်သူပီပီ ဟန်လုပ် ပြောရမည့် စကားကိုပင် အပိုအလုပ်ဟု သဘောထားသူ ဖြစ်သည်။ အစရှိသဖြင့် ဒေါ်ဌေးကြည်ကို ပုံဖော်သင့်သည်။

စာမျက်နှာ(၁၄) ကြောင်းရေ(၂)
ကျွန်တော် သူယောကျာ်းကိုတော ဟုအစားဇနီးသည် မှာ အသက်အားဖြင့် ကျွန်တော့်ထက်ကြီးသော်လည်း ကျွန်တော်ကို ခေါ်ရာတွင် ကိုတပ်ခေါ်မြဲဖြစ်၏ လို့ ရေးသင့်ပါသည်။

စာမျက်နှာ(၁၅)၊ ကြောင်းရေ(၇)
စက်ရုံမှာ (၁၀)တန်းကျောင်းတစ်ခါကျပြီး ဖြစ်နေသည်။ ၎င်းအစား (၁၀) တန်း တစ်ခါကျပြီး ဆို၍ ကျောင်းဆိုသော စကားလုံးကို ဖျောက်ရပါမည်။

စာမျက်နှာ(၁၆) ကြောင်းရေ(၅)
မင်းသမီး ဇင်ဇင်ဇော်မြင့်နှင့် တူသည်ဆိုသည်ထက် ချစ်စုမ၏ အလှကို အခြားနည်းဖြင့် အလှအပပုံဖော်လျှင် ပိုကောင်းသည်။

စာမျက်နှာ(၁၈)၊ ကြောင်းရေ(၁၅)
သူငယ်ပြန်အချစ်နဲ့ ယင်းစကားရပ်သည် ပေါ့ပျက်ပျက်ဖြစ်သွားသဖြင့် အချစ်ရသပေါ်လွင်မှုကို ပျက်သွားစေသည်။

စာမျက်နှာ(၂၂)၊ ကြောင်းရေ(၇)
ချစ်စုကလဲ ရွယ်တူကောင်လေးတွေနဲ့ တစ်ယောက်ပြီး တစ်ယောက်ရေးထားသည့် စကားပြေနှင့် စာရော နေ၍ လဲကို (လည်း) နဲ့ကို (နှင့်) ဟု ကွဲအောင် ရေးစေချင်သည်။

စာမျက်နှာ(၂၃)၊ ကြောင်းရေ(၂/၃)
ခင်ဗျားကိုထားပြီး ကျုပ်ကို ဇွတ်အတွင်း ဆွဲခေါ်ပြီး ပြီးထပ်နေသည်။
ချစ်စုမ ၀င်းမင်းနဲ့ စက်ဘီးအတူစီးလာပါလျှက် ၀င်းမင်းမှ တွေ့ချင်တယ်၊ ချစ်စုမကို တွေ့ခွင့်ပေးပါလို့ ဦးရွှေဝင်းထံမှ ခွင့်တောင်းနေသည်မှာ သဘာဝ မကျ ဖြစ်နေပါသည်။

ကြောင်းရေ(၁၃)
“ကျွန်တော် ပြောပြီးနောက် ၀င်းမင်း ပျောက်သွားပေပြီ ” အစား “၀င်းမင်းသည် စက်ဘီးဆွဲလျှင် ခပ်သွက်သွက် ထွက်သွားတော့သည်” ဟု ကောင်းမည်။

စာမျက်နှာ(၂၇) ကြောင်းရေ (၆)
မိုးတိမ်တွေထဲမျာဖြစ်နေသည်။ မှာ ဖြစ်ရမည်။

စာမျက်နှာ(၃၀)၊ ကြောင်းရေ (၄ မှ ၉)
ကားဘရိတ်ဆောင့်တာနဲ့ သံဘောင်နှင့် ခေါင်းရိုက်မိပြီး ချစ်စုမ မူးသွား၊ ကားမောင်းသူ လွင့်ကျ၊ ဒါလေးနဲ့များ ဒီလောက်မဖြစ်သင့်၊ ရှေ့က မန်ကျည်းပင်နှင့် အရှိန်ပြင်းပြင်း ၀င်တိုက်လိုက်ပါ။ ဒါမှ မောင်းသူလွင့်ကျလို့ သဘာဝ ကျမည်။ လွင့်မကျစေလိုလျှင် မိုးကာအင်္ကျီနှင့်လူမှ ကားပေါ်မှ ဆွဲချလိုက်ပါ။

စာမျက်နှာ(၃၅)၊ ကြောင်းရေ(၂)
မျက်နှာ ရှေ့သို့ တိုးပေးလိုက်သည် အစား ချစ်စုမ မမြင်အောင် ပြလိုက်သည် ဆိုလျှင် ကောင်းမည်။

စာမျက်နှာ(၃၆)၊ ကြောင်းရေ (၅)
သမီးကို ခွင့်မလွှတ်နိုင် ဆိုခြင်းထက် သမီးကိုယ့်ကိုယ် ကိုယ် ခွင့်မလွှတ်နိုင်ဆိုပါက သင့်မည်။ ရည်းစားထက် ချစ်သူလို့ သုံးစေချင်သည်။


စာမျက်နှာ(၅၅)၊ ဇာတ်သိမ်း
(၄၉) နှစ်ပြည့် ဦးရွှေဝင်း၏ မွေးနေ့မှာ စိတ်ကြောင့် ဖြစ်ရသော အာရုံကြောင့် ဖြစ်ရသော အာရုံကြောင့် အလိုက်မှားပြီး မမှားသင့်သည်ကို မမှားကြစေရန် သံဝေဂတရားဖြင့် အသိပေးခဲ့သော ဇာတ်ကောင်းပါသည်။

မုန်းလို့ ခေါ်ပါ ကိုကို၇ယ်

စာမျက်နှာ(၅၉)၊ ကြောင်းရေ(၆)
မုန်းလို့ ခေါ်ပါ ကိုကိုရယ် ဇာတ်အဖွင့်မှာ စေတုတ္ထရာ တည်နေရာနှင့် မုန်းချောင်းပတ်ဝန်းကျင်ရှိ ချင်းတိုင်းရင်းသားတို့ ရွာကလေးကို လှလှပပဖွဲ့ဆိုရေးသားလျှင် အဖွင့်ဇာတ်လှ သွားမည်။ ချင်းမလေး ခင်ဖုန်းက မြန်မာနာမည် ဖြစ်နေ၍ ချင်းနာမည် ပေးသင့်ပါသည်။ ဥပမာ(ခေါင်ဇီး)
ရေအားလျှပ်စစ်ဓါတ်အားထုတ်မယ် စကားရပ်အစား မုန်းချောင်းရေနဲ့ လျှပ်စစ်ဓါတ်အား ထုတ်ပြီးရင် ခင်ဖုန်းတို့ရွာ လျှပ်စစ်မီး ရတော့မယ်ဆိုလို့ ဆို ပိုကောင်းမယ်။ ခင်ဖုန်းနဲ့ တန်းတူ လူပျိုကြီး ထင်ခဲ့မိတာပေါ့ အပျိုကြီးတွေဆိုတဲ့ စာလုံးပိုနေသည်။

စာမျက်နှာ(၆၀)၊ ကြောင်းရေ(၁၁)
လက်မသင့်ဘဲ စကားလုံးကို စာဖတ်သူနားမလည်ပါ။


ဇာတ်သိမ်း
ကောင်းပါတယ်။ ကာမပိုင် တစ်ယောက်ဖြစ်နေကြောင်း သိသွားသော ခင်ဖုန်းက ကိုမျိုးချစ်ကို ရှောင်လိုက်သည်မှာ တိုင်းရင်းသားဖြစ်သော်လည်း ဗုဒ္ဓ၏ အဆုံးအမကို မပယ်ရှားသဖြင့် မိန်းကလေးများ စံထားရမည့်သူ အဖြစ် သိမ်းလိုက်သည်။


ပန်ချင်ပါလျှက် မခူးရက်ပါ
ဇာတ်အဖွင့်၊ ကြောင်းရေ(၇)
တန်ခူးလပိတောက်ပန်းနှင့် သင်္ကြန်ရနံ့နှင့် ဖွင့်စေချင်သည်။

စာမျက်နှာ(၆၇)၊ ကြောင်းရေ(၃)
ဦးရေချမ်းနှင့် ချစ်နွယ် သမီးနှင့် အဖေ အရွယ် အငယ်လေးကို ချစ်ခဲ့မိလို့နှင့် တူနေသည်။ ခွဲထုတ်လိုက်ပါ။

စာမျက်နှာ(၆၉)၊ ကြောင်းရေ(၄)
ဦးရေချမ်းက ချစ်နွယ်ပုံ ရသည်။ ချစ်နွယ်လည်း ချစ်နေသည်။ ချစ်နွယ်က လူငယ်တွေကို ကစားစရာ လုပ်ပြီး ဦးရေချမ်းရဲ့ ဓန (သို့မဟုတ်) အနုပညာကြောင့် အသက်ကြီးသူကို ရွေးချစ်သည်ကို အသိပေးသင့်သည်။ ဒါမှ စာဖတ်တော့ ရှင်းမှာ ဖြစ်ပါသည်။

စာမျက်နှာ(၇၂)
ချစ်နွယ်က ဆေးရုံတက်နေတဲ့ ဦးရေချမ်းကို ဘာကြောင့် ရန်တွေ့တာလဲ။ နည်းနည်း အသိပေးလိုက်ပါ။

စာမျက်နှာ(၇၆)
စံပယ်ပန်းခြောက်ထုပ်နှင့်စာကို ဦးရေချမ်းမှ ဆေးရုံပေါ်မှာ မထားသင့်။ ဆေးရုံဆိုတာက လူစုံနေရာဖြစ်လို့ တစ်ယောက်ယောက်နှင့် ချစ်နွယ်ဆီ အရောက်ပို့စေချင်သည်။

စာမျက်နှာ(၇၇) ဒုတိယစာ
ဦးရေချမ်းသည် ၎င်း၏ ရောဂါမှာ HIV မှန်းသိရှိသွားပြီး ချစ်သော ချစ်နွယ်ကို ထားရစ်ခဲ့သည်။ တစ်နှစ်ပြည့်လို့ သင်္ကြန်ကျပြသည်။ ဆရာ့ကို သတိရသဖြင့် ဘ၀ဆက်တိုင်း ပြန်ဆုံကြဖို့ ဆုတောင်းရင်း ချစ်နွယ် လမ်းကျန်ပုံနှင့် ဇာတ်သိမ်းထားပါသည်။ ကောင်းပါသည်။

စာမျက်နှာ(၈၄)၊ စာကြောင်းရေ (၁၁)မှ (၁၅)
ကိုဘမြင့်သည် ပထမတွင် စိတ်ဆိုးတော့မလို ဖြစ်၏။ ဘယ်နှယ့်ဗျာ သူတို့တိုက်ရဲ့ ခြံစည်းရိုးရှေ့က ဥပစာက ရေမြောင်းကို အစွန်းထွက်ပြီး ခင်းမိတာ ဘယ်သူ့မှ ဘယ်သူ့မှ မထိခိုက် မနစ်နာစေပါဘူး” ရင်ထဲမှ ဘ၀မကျ စိတ်တိုမိ၏။ သို့သော် သူဌေးမကြီး ဒေါ်ခင်မမကြီး ဆိုသော အရှိန်အ၀ါနှင့် သူမ၏ ချိုသာသော လေသံကြောင့် ဒေါသ ချက်ချင်းပျောက်ကွယ်သွား၏။ (ဒေါသမပျောက်လိုက်နဲ့။ နည်းနည်းဖြင့် နေပါဦး)
ဒေါ်မမကြီးဟာ သူဌေး။ မာနကြီးပုံရမည်။ အရှိန်အ၀ါဆိုသည်မှာ မာနကြောင့် ဖြစ်သည်။ ဒေါ်မမကြီး စကားက လည်း မာနေရမည်။ ကိုဘမြင့် စိတ်တိုနေပါမှ ဒါမှ သဘာဝကျမည်ဖြစ်သည်။

စာမျက်နှာ(၈၅) ကြောင်းရေ( ၅ မှ ၇)
ညှော်နံ့ကြောင့် အမှိုက်မီးငြိမ်းဖို့ နောက်တစ်ခါ လာပြန်သည်။ (သူဌေးမကြီး စိတ်တိုနေရမည်။)

စာမျက်နှာ(၈၆)၊ ကြောင်းရေ(၂)
ဘမြင့် အဖြေကြောင့် သူဌေးမကြီး အားနားသွားသည်။ သို့သော် ၎င်းစိတ်ထဲတွင် အညှိုးရှိတန်ကောင်းမည်။ ဘမြင့်လည်း သူဌေးမကြီးကို အညှိုး အတေးထားရမည်။

စာမျက်နှာ(၈၇)
မပဋာဇာတ်သည် (မုန်းချောင်းရေနှင့် ဆေးပါ့မယ်) ၀တ္ထုတွင် ဥပမာပေးထားပြီး ဖြစ်၍ ယခု လေလုပွဲတွင် ထပ်မံ မထည့်သင့်ဘဲ နောက်ငိုချင်းတစ်ခု သူဌေးမကြီးကို ရွဲ့စောင်းတဲ့ ဇာတ်လမ်းဆိုရင် ကောင်းမည်။ အပေါ်ထပ်နဲ့ အောက်ထပ် ဇာတ်လမ်း သီချင်းမျိုး။


ဇာတ်သိမ်း
ကိုဘမြင့် ကက်ဆက်မပိတ်ဘဲ ၎င်းတို့ထက် ကျယ်လောင်အောင်ဖွင့်။ သူဌေးမကြီး ဒေါသနဲ့ ထွက်လာပြော။ ဘမြင့်မှ လွှနှင့်လည်း ဖြတ်ပြီးပြီး၊ ရေနဲ့လည်း ငြိမ်းပြီး အသံကတော့ ဘာနဲ့မှ ဖြတ်လို့ ငြိမ်းလို့ မရဘူးဆိုပြီ။ နှလုံးသားကို အလှဆင်ပါ သီချင်း အကျယ်ကြီးဖွင့်လျှက် ဇာတ်သိမ်း၊ သူဌေးမကြီး ထမီ စွန်တောင်စွဲကာ တိုက်ပွဲဝင်ပြီး ဂျိမ်းဂျိမ်းတံခါးများပိတ်။ ဒီလို သိမ်းသင့်ပါသည်။


ရင်နာစရာ စကားတွေကို အကြင်နာ နားနဲ့ ကြားပါရစေ။
သုံးသပ်ချက်စာတမ်းတွင် ပြည့်စုံလုံလောက်သွားပြီ ဖြစ်လို့ ဒီနေရာမှ အကြံပြုဆွေးနွေးခြင်း မလိုအပ်တော့ပါခင်ဗျား။ စာမျိုးတူများကို ပေါင်းပြီး ရှေ့ဇာတ်တွေမှာ ဆွေးနွေးလာပြီး ဖြစ်ပါသည်။



လေးစားစွာနှင့်


စာဖတ်ပရိတ်သတ် တစ်ဦး

ဦးမြင့်သူ
အိုင်တီ- စာပေ
သင်္ဂါရပ်၊ မကွေးမြို့




ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊ဇူလိုင်လ(၃၁)ရက်၊ ည(၉)နာရီ ကူးယူဖေါ်ပြသည်။
READMORE
 

ဝေဖန်ရေး ဒုတိယဆုရစာမူ-ဆရာ ထက်ကောင်းလတ်(မင်းဘူး)

ဝေဖန်ရေး ဒုတိယဆုရ စာမူ

ဆရာ ထက်ကောင်းလတ်(မင်းဘူး)
ဦးခင်လတ် ၊သင်းချိုလတ်စာပေ။ မင်းဘူးမြို့။

ဆရာရွှေလမ်းငွေလမ်းဝင်းကြည်၏ အငယ်လေးကို ချစ်ခဲ့မိလို့နှင့်
အခြားဝတ္ထုတိုများအား သုံးသပ်ခံစားမိခြင်း

၁။ ကြိုဆိုချီးကြူးခြင်း
ဆရာရွှေလမ်းငွေလမ်းဝင်းကြည်သည် သူ၏ ၀တ္ထုတို(၁၀)ပုဒ်အားစုစည်း၍ ပထမ ခြေလှမ်းအဖြစ် ရဲဝံ့စွာ လှမ်းလိုက်ခြင်း ဖြစ်ပါသည်။ ပထမ ခြေလှမ်းသည် ခရီးမိုင် ထောင်သောင်းပေါင်းများစွာအတွက် ဖြစ်ရာ ဆရာ၏ စတင်ကြိုးပမ်းအားထုတ်မှုကို ကြိုဆိုချီးကျူးမိပါသည်။

၂။ အားပြုပေးခြင်း
ခရီးလမ်းဆိုသည်မှာ ချောမွေ့ဖြောင့်တန်းမှု မရှိကြပါ။ ဆရာရွှေလမ်းငွေလမ်းဝင်းကြည်သည် အတွေ့အကြုံများစွာဖြင့် ခရီးလမ်းတွင် တွေ့ကြုံရမည့် အခက်အခဲများအား၊ ဇွဲ-လုံ့လ ခိုင်ကျည်မှု၊ ကြိုးစားမှု၊ မဆုတ်မနစ်သော စာပေ၏ အားမာန်ဖြင့် ဆက်လက်ချီတက်ရင်း အောင်မြင်မှု ပန်းတိုင်သို့ ရောက်ရှိပါစေဟု ဆုမွန်ခြွေလိုက်ရပါသည်။

၃။ ၀တ္ထုတိုပေါင်းချုပ်စာအုပ်ပြင်ဆင်မှုအပေါ် သုံးသပ်ခံစားမိခြင်း
“ အငယ်လေးကို ချစ်ခဲ့မိလို့နှင့် အခြားဝတ္ထုတိုများ” စာအုပ်သည် ၀တ္ထုတို(၁၀)ပုဒ်အား အခန်းစဉ်အလိုက်ထားပြီး အဆင့်မြင့် စက္ကူအရည်အသွေး၊ ပန်းချီဆရာ အကျော်အမော်တို့၏ မြူးကြွဖွယ်၊ လွမ်းဆွယ်ဖွယ်၊ တမ်းတဖွယ်၊ အောက်မေ့ဖွယ်၊ ရယ်မောဖွယ်၊ နောင်တရဖွယ်၊ ပန်းချီရောင်စုံပုံရိပ်အတွင်းအပြင်တို့ဖြင့် ၀တ္ထုတိုလေးများကို ပုံရိပ်အဓိပ္ပါယ် ပိုမိုထင်ဟပ်စေပါသည်။

၎။ စာရေးဆရာ၏ “ အဖွင့် ” ပန်ကြားစကားကို ခံစားမိခြင်း
ကျေးဇူးရှိသူ ကျေးဇူးတင်ထိုက်သူအားလုံးအတွက် စာရေးဆရာက စကားဦးထုတ်ဖော် ကျေးဇူးတင်ဆိုပြခြင်းနှင့် ဆုတောင်း မေတ္တာပို့သပြီး “ ဗုဒ္ဓ၏” မြွက်ဟ ဆုံးမချက်ကို နှလုံးသားခံစားပန်ကြားလိုက်သည်မှာ ကြည်နူးနွယ် ဖြစ်ရပါသည်။

(၅) စာရေးဆရာ၏ “ နိဂုံး ” ပိုင်းကို ကျေနပ်မှုကို ခံစားမိခြင်း
အရင်က စာရေးဆရာ၏ ကိုယ်ရေးအထုပ္ပတ္တိအကျဉ်းကို ၀တ္ထုစာအုပ်အဖွင့်တွင် ဖော်ပြလေ့ရှိပါသည်။ နောက်ပိုင်းမှ စာအုပ်နိဂုံးပိုင်း စာအုပ်ကျောဖုံးတို့တွင် ပြောင်းဖော်ပြကြပါသည်။ ဤသည်မှာ အကြောင်း မဟုတ်ပါ။ ဆရာ၏ ကိုယ်ရေးအကျဉ်းနှင့် စာဖတ်သူများအား ဆရာ့ဝတ္ထုများ ဖတ်ရှုအပြီး “ သိရှိခံစား”၊ “ အချစ်-အမှား-အမှန်” အပေါ် “ အသိအမြင်အမှန်” ဖြစ် ကျင့်ကြံလိုက်နာမှု ဖြစ်သည်။ “ ရရှိ” ရယူ” ပါလျှင် စာရေးဆရာတို့သည် အကျိုးပြု အသိပေးခြင်းအတွက် ကျေနပ်တာဝန်ကျေခြင်း ဖြစ်မိပါကြောင်း နှလုံးသားစကားဆိုခြင်း အားလည်း လေးစားမိပါကြောင်းပဏာမ အဆင့်အလိုက်ခံစားရရှိမှုအား တင်ပြလိုက်ရပါသတည်း။ ။

ထက်ကောင်းလတ်(မင်းဘူး)


ဆရာရွှေလမ်းငွေလမ်းဝင်းကြည်အား သုံးသပ်ခံစားခြင်း

ဝတ္ထုတို(၁) “ မုန်းချောင်းရေနဲ့ ဆေးပါ့မယ်”
ဝတ္ထုအစမှာပင် နောက်ကြောင်းပြန်ဖြင့် စာဖတ်သူအား အလွမ်းပုံရိပ်ဆိုပြီး ဇာတ်ကောင်ငဘုန်း၏ ငယ်ဘ၀ နာကျည်းသနားစဖွယ်ခေါင်းစဉ်ဖြင့် ဆင့်လိုက်ပါသည်။ ငယ်ဘ၀ ငဘုန်းမှ ကိုဘုန်းမောင် အရွယ်လတ်ရောက်လာခဲ့သည်။ ထိုဘ၀ အရွယ်မှာပင် ပျော်ရွှင်ကြည်နူး အချစ်ဦး ခင်ဝင်းမနှင့် တွေ့ကြုံဆုံစည်းလိုက်ရပြီးမှ အချစ်ဦး ခင်ဝင်းမ မိဘများက ဂုဏ်အဆင့်ခွဲခြားမှုကြောင့် ချစ်အသည်းကွဲကာ မယှဉ်နိုင်သော ဓနဂုဏ်ကို တစ်ကောင်ကြွက် ကိုဘုန်းမောင် လက်မြောက် အရှုံးပေးလိုက်ရသည်။ နာကြည်းချစ်အလွမ်းကြားမှ ကိုဘုန်းမောင်ဘ၀တစ်ဆစ်ချိုးပြောင်းလဲခဲ့သည်။ မြို့မှ ဌာန၀န်ထမ်း အထက်တန်း စာရေး ခင်ပပမြိုင်နှင့်တွေ့။ ချစ်ကြိုက်ပေါင်းသင်းခဲ့သည်။ အချစ်နာကျည်းအလွမ်းနှင့် ကိုဘုန်းမောင်ဘ၀၊ပြန်လည် စိုပြေလန်းဆန်းလာခဲ့သည်။ထိုမှ (၂) နှစ်ပြည့်မြောက်၍ (၁)နှစ်အရွယ် သမီးလေး ခင်ဘုန်းမြိုင်ကို တစ်နှစ်ပြည့်မွေးနေ့ပွဲ ကျင်းပနိုင်ခဲ့သည်။ ထို့နောက် ဌာန အထက်အရာရှိ ကိုဘုန်းမောင်ဆရာ နိုင်ငံခြားထွက်သွားသည်။ကိုဘုန်းမောင်လည်း နယ်စီမံကိန်းတစ်ခုတွင် ယာဉ်မောင်းတာဝန်ဖြင့် သွားရောက်နေရသည်။ စာရေးဆရာက ကာလယန္တရားရွေ့လားမှုကို ထိုနေ့မှာပင် ဇနီးခင်ပပမြိုင်နှင့် စာရင်းရှင်း လမ်းခွဲခဲ့ကြသည်။ ဇနီးခင်ပပမြိုင် နိုင်ငံခြားသွား အလုပ်လုပ်ဖို့ပြော၊ ကိုဘုန်းမောင် ခွင့် မပြ၊ ထိုမှ ခင်ပပမြိုင်က ကိုဘုန်းမောင်ဆရာ၊ နိုင်ငံခြားမှ ရေးပို့သော စာကိုပြ။ အကြောင်းစုံသိရ။ ကိုဘုန်းမောင် ဆရာ့စာအရ ဇနီး ခင်ပပမြိုင်နှင့် သမီးလေး ခင်ဘုန်းမြိုင်ကို လက်လွှတ်ပေးခဲ့ရသည်။ ဤနေရာ၌ စာရေးဆရာသည် အထက်အရာရှိ ဆရာနှင့် ခင်ပပမြိုင်တို့ တိတ်တိတ်ပုန်းဇာတ်လမ်းကို မြှုပ်ကွက်လုပ်ထားခဲ့ပြီး မသိသော ကိုဘုန်းမောင်(၃)နှစ်မြောက် သမီးလေး မွေးနေ့ ရောက်မှ ဖော်ပြလိုက်သည်။
ပထမတစ်ချက်က ကိုဘုန်းမောင်နှင့် ခင်ပပမြိုင်တို့ ပေါင်းသင်းကြပြီး (၂)နှစ်အရောက် သမီးလေး ခင်ဘုန်းမြိုင်(၁)နှစ်ပြည့် မွေးနေ့ ကျင်းပခဲ့သည်ဆိုရာ ရှုပ်ထွေးသွားရသည်။ စာရေးဆရာက ရှေ့ဇာတ်လမ်းအတွက် မြှုပ်ကွက်လုပ်ပြီးမှ ဇာတ်ရှိန်အမြင့် နေရာထား ဖွင့်ပြလိုက်ခြင်းသည် ဇာတ်လမ်းအား “ ပေါ့” သွားသည့် လုပ်ကွက်ဖြစ်သွားစေပါသည်။ မြုပ်ကွက်ကို ဖော်ပြခြင်း“ခိုင်မာမှု” မရှိသလို ဖြစ်နေပါသည်။ ကိုဘုန်းမောင် ခင်ပပမြိုင်နှင့် တွေ့ရစဉ်က သမီးလေးခင်ဘုန်းမြိုင်မရှိသေး။ သို့မဟုတ် မရသေး။ ကိုဘုန်းမောင်နှင့် ခင်ပပမြိုင်ရပြီး(၂)နှစ်ပြည့်မှ (၁)နှစ်ပြည့် သမီးလေးကို ဖော်ပြလိုက်ခြင်း၌ ကိုဘုန်းမောင်နှင့် ခင်ပပမြိုင်ရသည့် သမီးလေးဆိုပါက အရိပ်အမြွက်ဖော်ပြခြင်း သို့မဟုတ် ကိုဘုန်းမောင်မသိအောင် တစ်နေရာတွင် ထားပေးထားခြင်း၊ နောက်တစ်ချက် ဆေးပညာသွေးသားအရ ခင်ပပမြိုင်သည် ကိုဘုန်းမောင်နှင့်အတူ ပေါင်းသင်းသော်လည်း ကလေးမရဘဲ တိတ်တိတ်ပုန်းဖောက်ပြန်သောကိုဘုန်းမောင် ဆရာနှင့်မှ ကလေးရခြင်းဆိုလျှင် ကိုဘုန်းမောင် လုံးဝ မသိခြင်းလား၊ သို့မဟုတ် ခင်ပပမြိုင်ကို ချစ်လွန်း၍ အလိုလိုက်ပြီး ဖောက်ပြန်မှုကို ခွင့်ပြုပေးထားခြင်းလား။ သို့ မဟုတ် ဇနီးဖြစ်သူ တစ်ပါးသူနှင့် ဖောက်ပြန်ရာမှ ရသောကလေးကို သိပါလျှက် အမည်ကို ဖခင် မိခင်အမည်ပါ ထည့်၍ ခင်ဘုန်းမြိုင်ဟု ပေးထားခြင်းသည် စဉ်းစားစရာ ဖြစ်ရသည်။သို့မဟုတ် ပြယုဂ်လုပ်“ မြုပ်ကွက်” အတွက် “ ဒေါက်” လုပ်ထားခြင်းလား။ ဤသို့ဆိုလျှင် ကိုဘုန်းမောင် ခင်ပပမြိုင်ကို ဖြူစင်သော အချစ်နှင့် စွဲချစ်သည်ဟု ယူဆနိုင်ပါမည်လား။ နောက်တစ်ချက် ကိုဘုန်းမြိုင်သည် အထက်အရာရှိဆရာနှင့် မိမိ ချစ်ဇနီး တိတ်တိတ်ပုန်းဖောက်ပြန်နေမှုကို ရိုးအ လွန်းသော၊ ဘာမှ မသိနားလည်သော အခြေအနေပြထားခြင်းသည် ဇာတ်မြှုပ်ကွက်အတွက် ဖန်တီးထားသည့်အကွက်အဖြစ် ပေါ့ရှပ်ရှပ် မြင်နေရခြင်း၊ ထို့အပြင် မြှုပ်ကွက်အားလုံးကို ကိုဘုန်းမောင်ဆရာ အမေရိကန်မှ ရေးပေးလိုက်သော စာပါ
(၁) “ ခင်ဘုန်းမြိုင်ဟာ ဆရာ့ ရင်သွေးလေးပါ၊ အခုထိ မောင်ဘုန်းမောင်နဲ့ မြိုင် သားသမီး မရဘူး မဟုတ်လား” ဆိုခြင်း
(၂) “ သမီးလေးနဲ့ မြိုင်ကိုလည်း အချိန်တန်ပြီဖြစ်လို့ ဆရာ့ထံ ပြန်ပေးပါတော့ကွယ်” ဆိုခြင်းတို့သည် မြှုပ်ကွက်ဇာတ်ရှိန်အမြင်အား “ ဟာ” ခနဲ ဖြစ်ဖြစ်စေသော စာရေးဆရာ ဆင်ကွက်အစား “ရိုးအ” သည်ထက် “ အပေါစား” ဖြစ်ရတော့သည်။ နောက်တစ်ချက် ကိုဘုန်းမောင်သည် မူလ ခင်ပပမြိုင်ကို ရယူစဉ် သူ့အထက်အရာရှိ ဆရာ့ထံမှ အကန့်အသတ် ခွင့်ပြုချက်ဖြင့် ရယူထားသည့်သဘော။ ဤသို့ဆိုလျှင် တကယ်ချစ်မိပြီး ခင်ပပမြိုင်ကို ကိုဘုန်းမောင် ရယူခဲ့ခြင်းဟု စာရေး ဆရာ ပထမ ရေးသားချက်သည် “ အားပျက်” စေရပါသည်။ ဤသို့ ဆိုလျှင် ကိုဘုန်းမောင် ဇာတ်လိုက်ခမျာ “ အပေါစား” ဆန်ရပြန်လေသည်။ နောက်နံပါတ်(၃) အချက် “ မောင်ဘုန်းမောင်ရဲ့ မြိုင်ကို သဘောထားကြီးကြီးနဲ့ ဆရာ ပြန်လက်ခံမှာပါ” ဟု ဆိုသည်တွင်လည်း ဤနေရာ၌ ကိုဘုန်းမောင် ခင်ပပမြိုင် အထက်အရာရှိ ဆရာဆိုသူတို့သည် အချစ်ကာမကို သဘောထားကြီးခြင်း အနေမျိုးထက် ၊ အနိုင်အထက်၊ တန်ဖိုးမဲ့ သစ္စာမဲ့ပေးကာ၊ ယူကြ၊ ပြန်ပေး၊ ပြန်ယူ သဘောမျိုးဖြစ်နေသည်။ ကိုဘုန်းမောင် အချစ်ကို တန်ဖိုးထား ၊ ခင်ပပမြိုင်ကို ယူခဲ့သည်။(၂)နှစ်ကြာမှ နောက်ကြောင်းစုံ နောက်မှ သိရပြီး ဆရာ့လက်ထဲ ချစ်သူဇနီး သမီးလေးတို့ကို နာကျည်း အလွမ်းရင်မှာပိုက် ၀ ကွက်ပြန်ပေးခဲ့ရင်း “ ရက်စက်ကြပါပေ့ ခင်ပမြိုင်မြိုင်နှင့် ဆရာတို့ရယ်”။ ရိုးသားလှသော ဘုန်းမောင် တစ်ကောင်ကြွက်၊ ပစ်တိုင်းထောင်အရုပ်၊ ကြိုးရှုပ်အောင် လုပ်သွားနိုင်ရက်ကြပါသည်။” ဟူသော ညည်းခြင်းလွမ်းနာသည် ဇာတ်လိုက် ကိုဘုန်းမောင်အား စာရေးဆရာက ညည်း ပြပေးလိုက်သည်မှာလည်း အမှန်တော့ သဘောထားကြီး အပေါစားမဆန်စေဘဲ ကိုဘုန်းမောင်ကို သနားလွမ်းနာကျည်းအားတွေပိုစေဖို့ ရည်ရွယ်ဟန်ရှိပါသည်။ သည့်ထက်လွမ်းပြပြီး စာဖတ်သူရင်ရိုက်ခတ်စေဖို့ စာရေးဆရာက ကိုဘုန်းမောင်ကို ဟိုးရိုးမအနီး မုန်းချောင်းရေစပ်ဆီသို့ အလွမ်းတွေဖွဲ့၊ အသည်းနှလုံးတစ်စစီ ကြွေခိုင်း၊ အလွမ်းဓါတ်ခံ၊ အလွမ်းအဆွေးတွေအပြည့်ဖြည့် ဇာတ်လိုက်၊ ကိုဘုန်းမောင်အား အလွမ်းအဆွေးတွေ တနင့်တပိုး အလွမ်းစကားတွေ ဆိုခိုင်းခြင်းအား ကျွန်တော်တို့ စာဖတ်သူများ “ ဤမျှလောက်အပေါစားဆန်သော ကိုဘုန်းမောင်ကိုပဲ ဒေါပွရပါမည်လား” စာရေးဆရာကိုပဲ အပြစ်ဖို့ရပါမည်လား၊ တစ်ခုခုတော့ တစ်ခုခုဟု သံသယနှင့် ခံစားရမိ“ ပါသတည်း။

ဝတ္ထုတို(၂) “ အငယ်လေးကို ချစ်ခဲ့မိလို့(၁)”
အနှောင်အဖွဲ့ မိသားစုနှင့် ဇရာအို အသက်ကြီးမှ ကညာပျို အချစ်ငယ်လေးနှင့်တွေ့၊ အချစ်စန်းပွင့်ရာမှ မြက်နု ရွှမ်းရွှမ်းကို အသာငမ်းငမ်း စားမိသော နွားအိုကြီး မြက်နုလည်ပင်းနင်ရသော ဇာတ်လမ်းဖြစ်သည်။ ဤဇာတ်လမ်းမှာ အချစ်မီးမွှေးမိသည်က ဇရာအို၊ အချစ်မီးတောက်စေသူက ကညာပျိုလေး ချစ်စုမ။ အလုပ်ဌာန၊ ကုမ္ပဏီ၊ ကိုယ်ပိုင်လုပ်ငန်းကြီးများ၌ ပျိုရွယ်ကညာလေးများ ခန့်ထား၊ အထက်၊ ဇရာအို မြက်နုကြိုက်များက အနှောင်အဖွဲ့ ဇနီး သားသမီးများ ရှိသည့်ကြားမှ တွေ့မြင် နီးစပ်ထိတွေ့မှုများဖြင့် ပေါက်ကွဲပေါ်ထွက်လာသော အချစ်မီးတောက် ဇာတ်လမ်းဖြစ်သည်။ ထိုဇာတ်လမ်းမှ အချစ်မိုက်မှားမှု၊ဖြစ်ရပ်များ၊ တန်ပြန်ခံစားရမှုများ၊ အကျိုးယုတ်သိက္ခာမဲ့ ဆုံးရှုံးမှုများ၊ နောင်မှ တသော နောင်တများကို ဒဿန သဘောတရားများဖြင့် ဖော်ကျူးပြထားသည်။ စာရေးဆရာက ငယ်ရွယ်စဉ် မြီးကောင်ပေါက်၊ မိုက်ရူးရဲအချစ်ထက် ကြီးမှ မှားသည့် ကြီးမိုက်ကြီး အချစ်ရောဂါသည် သိလျှက်နှင့် တိုး၍ အဆထောင်သောင်းပိုသည်” ဟု ဆိုသည့်အတိုင်း “ မသိလို့” ဆိုးသော လူမိုက်ကို သနားညှာတာ၊ ခွင့်လွှတ်တတ်ကြသော်လည်း သိလျှက်နှင့်ဆိုးသော လူမိုက်ကိုတော့ ခွင့်မလွှတ်ကြရုံမက အားလုံးက နှာခေါင်းရှုံ့ကြရ၊ ခွင့်မလွှတ်ကြမည်မှာ ဓမ္မတာ” ဟူသော ဒဿန တရားနှင့် ယှဉ်တွဲပြီးး ထားပါသည်။ အချစ်ရူး ဇရာအိုကို ချစ်ပရိယာယ်မာယာ၊ အချို၊ အပို၊ အငိုအချွဲ၊ အပြစ်ကလေးများနှင့် ဖမ်းစားခဲ့သော ကညာပျို ချစ်စုမ ၊ လှည့်စားပရိယာယ်များအကြား၊ အချစ်စစ်ပြိုင်လူလည်၊ လူငယ်လေး ၀င်းမင်းနှင့် အချစ်စစ်ပြိုင်ခင်း၊ ယှဉ်နွှဲခဲ့သော ဇရာအို ဦးရွှေဝင်း။ “ အစ” ပန်းအထွက်မှာပင် အရှုံးက ကညာပျိုလေးနှင့် ချစ်ခြင်း။ မိသားစု သိပြီး အရှက်ရ၊ သိက္ခာကျ၊ အယုံအကြည် ကင်းမဲ့ခံရခြင်း၊ နောက် ဒုတိယအချက်က ချစ်ကညာပျို၊အငယ်လေး ချစ်စုမလှည့်စားအချစ်ကြောင့် အချစ်စစ်ပြိုင် လူလည် လူငယ် ၀င်းမင်း ပဏာ မ အချစ်အသာစီးရသွားလို့ ဇရာအိုကြီး အချစ်အသည်းကွဲ အချစ်ရူးကြီးအဖြစ် အလွမ်းမိုးတွေရွာ ၊ “ အချစ်လိပ်ကလေးနဲ့အချစ်ကိုရွှေယုံ ၊ ဂန္တ၀င် အချစ်ပြေးသမား” မော်ဒန်ကဗျာလေးရွတ်၊ ကျမျက်ရည် ၀ဲ - ၀ဲ ဖြင့် အလွမ်းခံစား နိဂုံးပြထားပါသည်။
ဤ၀တ္ထုလေးသည် လောက လူမှု နယ်ပယ်မှာ စောင့်စည်းမျိုသိပ်မှု မရှိ၊ ဖောက်ပြန်ဖြစ်ပျက်တတ်မှုကို အချစ်တဏှာ ရာဂ၊ ဆားငံရေ သောက်သုံးမိကြသလို သောက်လေ၊ သောက်လေ ငတ်မပြေ ဘ၀ ဖြစ်စဉ် ပြယုဂ် ဖြစ်ပါသည်။ ဇရာအို အချစ်ရူးကြီး ဦးရွှေဝင်း ကျမျက်ရည်ဝဲ အလွမ်းဖြင့် နောင်တကို ခ၀ါ ချထားပုံ။ စာရေးဆရာက အဆုံးလေးသတ်ထားသည်မှာ အငယ်လေးကို ချစ်ခဲ့မိလို့(၁)မှာ မပြီးပြတ်သေးသော အဆက်အညွှန်းဆီ ရည်ရွယ်ထားပေးလိုက်ခြင်းဖြစ်သည်။ အရေးအသား ဇာတ်လမ်းဖွဲ့ထားခြင်း ကြိုက်ပါသည်။

ဝတ္ထုတို(၃) “ အငယ်လေးကို ချစ်ခဲ့မိလို့(၃) ”
အငယ်လေးကို ချစ်ခဲ့မိလို့ (၁) အဆက် အငယ်လေးကိုချစ်ခဲ့မိလို့(၂) ဖြစ်ရမည်။ ယခုတော့ (၁)အပြီး (၃)ဖြစ်နေ၍ ကြောင်သွားမိပါသည်။ ၀တ္ထု စာမျက်နှာ မှားချုပ်သည်ထင်၍ သေချာ စစ်ကြည့်သည်။ မမှားပါ။ (၁) အဆက်(၂) မပါ။(၃) သာဖြစ်နေပါသည်။ စာရေးဆရာ မူလအစီအစဉ်သည် (၂) ဖြစ်မည်။ အကြောင်းကြောင်းများကြောင့် (၂) မဖြစ်ခဲ့ရခြင်းအား သို့ မဟုတ် လှုပ်ရှားရိုက်ခတ်မှု အပေါ် ၀တ္ထုပေါ် ဖန်တီးသည်လားမသိ။ သို့သော် အငယ်လေးကို ချစ်ခဲ့မိလို့ (၃)သည်လည်း (၂) ဖြစ်နေပါလားဟု ရိပ်စားမိလိုက်ပါသည်။
ဝတ္ထုအစမှာပင် ဦးရွှေဝင်းတစ်ယောက် ဇရာ၏ ကျဆင်းနေမှုကို ကိုယ့်ရုပ်သွင်ပြင်အား မှန်ထဲပြန်ကြည့်ရင်း “ မုတ်ဆိတ်မွေးလည်းဖြူပြီ၊ င့ါစိတ်တွေဘာကြောင့် မဖြူသေးတာလဲ” ဟူသော အသိတရားရဖွယ်၊ စဉ်းစားသံဝေဂသုံးသပ်ချက်မှာ ဖတ်ရှုရသူများအတွက် နက်ရှိုင်းစွာ ရစေသော အသိတရားပင် ဖြစ်စေပါသည်။ ဇရာအို ဦးရွှေဝင်း မှန်ထဲကြည့်မြင်ပြီး အသိတရား စကားဆိုသော်လည်း သူ့ရင်ခွင်ထက်က ပြေးထွက်သွားသည့် ချစ်အငယ်ကညာပျိုလေး၊ ချစ်စုမကို အခဲမကျေ သုံ့ပြန်လေဦးမည့် “ ချစ်စုမရေ မင်းဘာတတ်နိုင်သေးလဲ။ ငါ့ကို လိမ်ညာလို့ ရမယ် ထင်သလား မင်းလက်ထပ်ယူမယ့် ၀င်းမင်းဆိုတဲ့ ကောင်လေးဆီကို နင်နဲ့ငါတို့ရဲ့ ၀တ္ထုဇာတ်လမ်း စာမူတစ်စောင် မိတ္တူကူးပို့လိုက်ပြီ။ ဒီနှစ် နောက်ဆုံးစာမေးပွဲ ဖြေပြီးတာနဲ့ ၀င်းမင်းကောင်လေး လာခေါ်ပြီး ထွက်ပြေးမယ်ပေါ့။ အခုတော့ မင်းဘာတတ်နိုင်သေးလဲ။ ဦးက ကြိုတင်ပြီး အချစ်ကြော်ငြာစာတမ်းနဲ့ ပျံလေတဲ့ ငှက်ခါး နားကာမှ သိမယ်” လို့ ဦးရွှေဝင်း စိန်ခေါ်ကြွေးကြော်သံသည် အငယ်လေးကို ချစ်ခဲ့မိလို့(၃) အစဖြစ်သလို အငယ်လေးကို ချစ်ခဲ့မိလို့(၁)၏ အဆက်လည်း ဖြစ်နိုင်သည်ဟု ခံစားမိရပါသည်။
သည်မှာ ဦးရွှေဝင်းတစ်ယောက် ချစ်စုမ စာမေးပွဲ ဖြေအပြီး ပုံမှားရိုက် ဂျစ်ကားဖြင့် တင်ခိုးပြေးခဲ့သည်။ ဒါကို နောက်မှ ချစ်စုမ အကြောင်းစုံသိရသည်။ ချစ်သူဝင်းမင်းက ဦးရွှေဝင်းပို့ပေးခဲ့သော ၀တ္ထုစာမူဖတ်ပြီး ချစ်စုမကို အထင်လွဲ ဒေါသဖြင့်၊ နာကျည်းစွာ ဖြတ်စာရေး၊ စာကို ဦးရွှေဝင်းထံမှ တဆင့် ချစ်စုမကို ပေးစေခဲ့သည်။ ၀င်းမင်းက ချစ်စုမဆီ ဖြတ်စာမရေးခင် ချစ်စုမ စာမေးပွဲအပြီး ခိုးပြေးကြရန် ချိန်းစာကို ချစ်စုမထံ ကြိုပေးခဲ့၍ ဦးရွှေဝင်းတစ်နည်းနည်းဖြင့် သိသည်ကိုတော့ စာရေးဆရာက ဖွင့်ပြမထား။ ၀င်းမင်း နာကျည်းဒေါသဖြတ်စာ ဦးရွှေဝင်းပါ သိစေဖို့ ဦးရွှေဝင်းမှ တစ်ဆင့်ပေးစေခြင်းသည် ဇာတ်လမ်းအကွက် ဆက်မိပါသည်။ ထိုစာပါအရ ဦးရွှေဝင်းက အကွက်ဆင်၊ ၀င်းမင်းပေးခိုင်းသော စာကို သူ့ဂျစ်ကား ဒရိုင်ဘာနှင့် ချစ်စုမစာမေးပွဲပြီးထွက်အလာ ချစ်စုမကိုပေး၊ ဒရိုင်ဘာက ရှေ့နားမှာ ချစ်စုမကို လူတစ်ယောက်စောင့်နေသည် ပြောခေါ်။ ချစ်စုမ မဖိတ်ဘဲ လာခေါ်သော ဒရိုင်ဘာကို မယုံမရဲနှင့် လိုက်လာ။ မြို့ပြင်ရောက်၊ ဂျစ်ကားကို အရှိန်ပြင်းပြင်းနှင့် မောင်းလာနောက် ရုတ်တရက် အရှိန်လျှော့် ဘရိတ်ဆောင့်နင်း ချစ်စုမ ယိုင်သွားပြီး ဂျစ်ကားသံဘောင်နှင့် ရိုက်မိ၊ ကားသမားအပြင် လွင့်ကျ။ ခဏအတွင်း မိုးကာအင်္ကျီနှင့် လူတစ်ယောက် ဆိုင်ကယ်စီးလာ။ ဂျစ်ကားဘေးထိုးရပ်၊ နောက်ဂျစ်ကားပေါ် လွှားကနဲ ခုန်တက်၊ ဂျစ်ကားကို ဒလကြမ်းမောင်းထွက်သွား၊ တစ်ဖက်က စီရာတိုင် ကိုင်ကားမောင်း၊ လက်တစ်ဖက်က ထိခိုက်မိပြီး မူးနေသော ချစ်စုမခါးကို တအားဖက်ထား၊ ပါးစပ်ကလည်း တဟားဟားရယ်ရင်း-
“င့ါအချစ်ဆုံးလေး မင်းဘယ်ကို ပြေးအုံးမှာလဲ။ အချစ်ဆိုတာ စွန့်လွှတ်ခြင်း မဟုတ်ဘူးလို့ ငါပြောထားတာ၊ မင်းမေ့သွားတာလား၊ သနားစရာမရှိဘူးကွမှတ်ထား၊ ချစ်စုမကို ငါလုံးဝ လက်လွှတ်မခံနိုင်ဘူး၊ အသည်းလေး ချစ်စုမရေ ဦးအချစ်ရူးကြီး ကြီးမိုက်ကြီးကို ခွင့်လွှတ်ပေးပါ ကလေးရယ်” စာရေးဆရာ ရုပ်ရှင်ဆန်ဆန် ဇာတ်လမ်းမျိုး ဆင်ရေးပြလိုက်ပုံကတော့ ဇရာအိုကြီး အချစ်မှာ မျက်စိမရှိဆိုသည့် စကားရပ်နှင့် အံကိုက်ပါလား။ “ ထားပါတော့” “ ထားပါတော့” ပြောရမည့်အတွက် တစ်ကွက်ဖြစ်ပါသည်။
ဤလိုဖြင့် ဇရာအို ဦးရွှေဝင်းနှင့် ကညာပျိုမာယာရှင်မလေး ချစ်စုမတို့ သရက်မြို့သွား၊ ဦးရွှေဝင်း သူငယ်ချင်းလူပျိုကြီး ခင်မောင်ကြည်အကူအညီနှင့် အခြေချစည်းပွားရေးလုပ်၊ စီးပွားရေးကို ချစ်စုမ ချုပ်ကိုင်၊ ဦးရွှေဝင်းသူငယ်ချင်း ခင်မောင်ကြည်က ကြီးကြပ်လုပ်ကိုင်၊ ကြာလာတော့လည်း တိုးတက်မှု မရှိ၊စီးပွားရေးကျလာ၊ ထိုအချိန်မှာ ဦးရွှေဝင်းသားကြီးနှင့် ဖုန်းအဆက်အသွယ်ရ၊ ကျန်ရှိသော ဇနီးကြီးနှင့် မိသားစု အခြေအနေဒုက္ခရောက်နေပုံ အစ်မအကြီးဆုံး ဘွဲ့ယူပြီး ယောက်ျားယူတော့မည်။ အမိအဖဖြစ်ခဲ့ရခြင်းမှ ခံစားရမှုအပြည့်ဖြင့် ပြောလိုက်သော ရင်နင့်ဖွယ်စကားမှာ “ အဖေဆိုတာ လူမှုနယ်ပယ်ထဲမှာ ဘာနဲ့မှ အစားထိုးလို့မရပါဘူးအဖေရယ်” ဆိုသော စကားရပ်ကလေးမှာ ခံစားရသူတို့အဖို့ မျက်ရည်ကျ၊ ရင်နင့်စရာမို့ ပြောင်မြောင်လှပါသည်။ သားကြီးဖုန်းဆက်ပြီး ပြောလိုက်သော စကားနှင့် ဇနီးကြီး အိပ်ယာထည်းလည်း၊ မိသားစုတွေ ကသီလင်တာ ဒုက္ခရောက်အသိတို့ ပေါင်းစပ်ပြီး ဦးရွှေဝင်းနှလုံးသားထိခိုက်ခဲ့ရသည်။ ထိုထိခိုက်ချက်နှင့် အကြောင်းပြတွေဝေခဲ့ရသော ဦးရွှေဝင်းကို ချစ်ဇနီးငယ်လေး ချစ်စုမခေါ်သည်ကို မကြားရကောင်းလား၊ အတွေးလွန်နေရသလား၊ အလိုမကျမှုဖြင့် ချစ်စုမက ဦးရွှေဝင်းကို ရင့်သီးအခေါ်ကြောင့် ဦးရွှေဝင်း ဒေါသဖြစ်၊ စိတ်ပျက်ပျက်ဖြင့် အပြင်ထွက်ခဲ့သည့် ဦးရွှေဝင်း အပြင်သွား လက်ဘက်ရည်ဆိုင်မှာ ထိုင်ခဲ့သည်။ စိတ်ပြေပျောက်အောင် လက်ဖက်ရည်ဆိုင် ထိုင်လိုက်ခါမှ ၀ိုင်းတစ်ဝိုင်းဆီးက သူ့ချစ်အငယ်လေးချစ်စုမ ဖောက်ပြန်သတင်းကြားလိုက်ရသည်။ ချစ်စုမသည် ချစ်သူဟောင်း ထောင်ကျဝင်းမင်းနှင့်တွေ့၊ ထောက်ပံ့မှုတွေပေး၊ ဖောက်ပြန်နေခြင်း အကြောင်း ဖြစ်သည်။ ထိုအခါ ဦးရွှေဝင်းထက် ဒေါသထက် “ အသိနောင်တ” ရမိလိုက်ပြီး ဘုရားကျောင်းဆီ ထွက်လာခဲ့သည်။ ဘုရားရောက်တော့ ဘုရားကန်တော့။ ထိုမှ သူ့မယားအငယ်လေးယူခဲ့ပြီး ကိုယ်ကျင့်တရားပျက်ခဲ့ရသည့် ၀ဋ်ကြွေးပေးဆပ်ရခြင်းကျေရန် လျှောက်ထားသည်။ အသိနောင်တလေးနှင့် အိမ်ပြန်လာခဲ့သော ဦးရွှေဝင်း၊ တိုက်ဆိုင်စွာပင် အိမ်ရောက်နေကြသော ချစ်စုမ အဖေနှင့်အမေကို တွေ့လိုက်ရသည်။ ဦးရွှေဝင်း ရောက်လာလာခြင်း ချစ်စုမ အမေက သူ့သမီးလေးကို မတရားခိုးယူပေါင်းသင်းခြိမ်းခြောက် ပေါင်းသင်း၍ အဖေ၊ အမေတို့ လာခေါ်ကြပါဆိုသည့် စာပြသည်။ ဦးရွှေဝင်း ဒေါသဖြစ်ဖြစ်နှင့် ချစ်စုမကို လှမ်းခေါ်သည်။ ချစ်စုမ မရှိ။ ထိုအခါကျမှ အိမ်ဖော်ကောင်မလေးက ချစ်စုမ မရှိတော့ကြောင်းနှင့် ဖြစ်ရပ်အကြောင်းတွေ ပြောပြတော့သည်။ ဗီဇ၀ါသနာကိုယ့်ကျင့်ဖောက်ပြန်သော ချစ်ဇနီးငယ်လေး ချစ်စုမ ဦးရွှေဝင်းယုံကြည် စိတ်ချရသည့် သူ့သူငယ်ချင်းအရင်း ခင်မောင်ကြည်နှင့် တိတ်တိတ်ပုန်းဖောက်ပြန်ရာမှ အခုတော့ သိသိသာသာ သူ့ဂျစ်ကားရော ရှိသမျှ ပစ္စည်းအကုန်ယူ အပိုင်ကြံ ထွက်ပြေးသွားသည်ကို သိလိုက်ရ။ ချစ်စုမ အဖေ ၊ အမေသည်လည်း သမီးဇာတ်သိပြီး ဘာမှ မတတ်နိုင်တော့။ ဦးရွှေဝင်းသည်လည်း နောင်တကြီးစွာရ။
ထိုရေးကွက်သည် စာရေးဆရာ၏ ပိုင်နိုင်သော ကွင်းဆက်အရှိန်မြင့်ကွက် ဖြစ်ပါသည်။ ဤရေးကွက်ပြယုဂ်သည် ဘ၀ သင်ခန်းစာများ၊ အချစ်ဖောက်ပြန်မှုအမှား၏ နောင်တများ၊ အတုံ့အလှည့်များ၊ ကျေးဇူးသစ္စာမဲ့ခြင်းများ၊ အချစ်သစ္စာမဲ့မှုများ၊ ဖောက်ပြန်မှုများကို“ တထွေးကြီး” ဖော်ကျူးစေပြီး ထိုမှ ဦးရွှေဝင်း(၄၉)နှစ်မြောက် ဘ၀သံဝေဂ(၇)ချက်နှင့် အချစ်ဆိုတာ စိတ်ကူးယဉ်လို့ ကောင်းပေမယ့် လက်တွေ့ဘ၀မှာ စိတ်ကူးယဉ် ဆန်လို့ မရ” ဆိုသော ဖော်ကျူးပြသွားပုံမှ ဒဿန မြောက်လှပါသည်။

၎။ ၀တ္ထုတို(၄) “ မုန်းလို့ခေါ်ပါ ကိုကိုရယ်”
လွမ်းစရာ တမ်းတစရာ ၀တ္ထုလေးဖြစ်ပါသည်။ တစ်ဝေးတစ်လံမြို့ကြီးမှ မိသားစုမပါဘဲ တစ်ကိုယ်တည်း တာဝန်ဖြင့် လာရောက်နေသော ကိုမျိုးချစ်ဆိုသူကို ရိုးမအနီး ချင်းရွာလေး က ရိုးသားဖြူစင်လှသည့် ချင်းမပျိုဖြူလေး ခင်ဖုန်း တိတ်တခိုးတ စွဲလမ်းချစ်မိနေခြင်း၊ မြို့ကြီးသားကိုမျိုးချစ်ကလည်း မြို့မှာ ကျန်ခဲ့သည့် ဇနီးကြီးနှင့် မိသားစုကိုမေ့၊ အနီးကပ်တွေ့နေရသော ချင်းမ ပျိုဖြူလေး ခင်ဖုန်းကို ချစ်သည်။ ချင်းမလေး ခင်ဖုန်းမှာလည်း အချစ်ကိုသာ ဦးစားပေး လူပျို၊ လူလွတ်၊ အနှောင်အဖွဲ့ ရှိမရှိ မဆန်းစစ် တုန့်ပြန်ချစ် ချစ်မိလို့ ကိုမျိုးချစ် နာမည်အစား “ ကိုကို” လို့ပင် ချစ်သညာနှင့် ခေါ်ခဲ့သည်။
ကိုကိုဆိုတဲ့ ကိုမျိုးချစ်ကလည်း ကိုယ့်မလွတ်လပ်မှုကို ဖုံးကွယ်ရင်း ကိုယ့်ဘ၀အမှန်ကို မပွင့်မလင်း ဆင်ဝှေ့ရန်ရှောင် သဘောမျိုးနဲ့ ချစ်အငယ်လေး ခင်ဖုန်းကို သွေးတိုးစမ်းရင်း မေးသည်က “ ကိုကို့မှာ တစ်ခြားချစ်ပြီးသား တစ်ယောက်ရှိနေရင် ခင်ဖုန်းက ကိုကို့ကို ချစ်ဦးမှာလား” ဆိုသည်ပင်။ ဤအချက်သည် အချစ်သစ္စာမထားသော၊ ဖောက်ပြန်သော၊ မရိုးသားသော လူတစ်ယောက်၏ ရုပ်လုံးကို ဖော်ပြကွက်ဖြစ်ပါသည်။ ဤတွင် ရိုးသားဖြူစင်သော ချင်းမလေး ခင်ဖုန်း သူ့အချစ် ကိုကိုတစ်ယောက် နောက်ကြောင်းမရှင်း မလွတ်လပ်သော မယားကြီးသားကြီးတွေ ရှိမှန်းသိလိုက်ရသည့်အခါ သူတစ်ပါး မိသားစု ဘ၀ပျက် ဒုက္ခမရောက်စေလိုသော၊ မြင့်မြတ်ပြတ်သားသည့် စိတ်ဖြင့် ကိုယ့်နှလုံးသား အချစ်မိုက်မှားမှုကြောင့် မိရိုးဖလာ အမျိုးအနွယ်ကို ဖျက်သည့် မျိုးဖျက်မ အဖြစ်လည်း မခံလို။ အသိအမြင်မှန်ဖြင့်- “ တစ်ခါက ချစ်ခဲ့ရတဲ့ ကိုကိုရေ။ ခင်ဖုန်းကို မုန်းမေ့ပြီး မုန်းချောင်းရေထဲ မျှောလိုက်ပါတော့။ ဒီအချစ်မျိုး အဖြစ်ဆိုး ဘယ်သောအခါမှ ဘ၀ဆက်တိုင်း မကြုံပါရစေနဲ့” ဆိုသော ချင်းမလေး ခင်ဖုန်း လွမ်းတချစ်အသည်း နာညည်းသံလေးပြု၊ ရှောင်ခွာသွားပုံလေးသည် ချီးကျူးစရာ ကောင်းလှသလို“ ခင်ဖုန်းချင်းမလေးနှင့် အတူရော၍ လွမ်းတ ခံစားမိပါသည်” နောက်ဆုံး ဇာတ်သိမ်း၊မျိုးချစ်တစ်ယောက် သူ့ဇနီးကြီးနှင့် မိသားစု ရောက်လာခဲ့ရာမှ သူ့တိတ်တိတ်ပုန်း အချစ်ခံစားရခြင်းကို ညီညာမှု၊ မညီညာမှု၊ တိုင်းတာဥပမာပြုပြီး တိတ်တိတ် ပုန်းအချစ်အသည်းကွဲခံစားဖောက်ပြန် အလွမ်းအား “ မုန်းချောင်း ရေစီးသံ တဝေါဝေါက လှောင်ပြောင်နေလေပြီ” ဟု တင်စားပေးချက်သည်လည်း “ ထိမိသော တင်စားသရော်ကွက်မို့ ကောင်းပါသည်။ ဆိုရပါလျှင် သနားစရာ ရိုးသားဖြူစင်လှသော အချစ်သစ္စာရှင် ချင်းမလေး ခင်ဖုန်း၏ အလွမ်းဘွဲ့ ဟု ဆိုရနိုင်ခြင်းနှင့် အငယ်လေးကို ဖောက်ပြန်ချစ်သော အငယ်လေးချစ်ခဲ့မိသော ဇာတ်လမ်းဟုလည်း ဆိုရနိုင်ပါသည်။

ဝတ္ထုတို(၅) “ ပန်ချင်ပါလျှက် မခူးရက်ပါ”
အသက်ကြီး လူပျိုကြိး ဆရာ ဦးရေချမ်း အသက်ငယ်ငယ်ရွယ်ရွယ် တပည့်မကလေး ကညာပျို ချစ်နွယ်တို့ တစ်ဦးနှင့် တစ်ဦး အချစ်ကို ဖွင့်မပြောရဲကြဘဲ တိတ်တခိုးနှင့် နှလုံးသားထဲမှ ချစ်နေကြ။ ထိုမှ ဖြစ်ရပ်စုံ၊ ဇာတ်လမ်းကို သင်္ကြန်အကြိုနေ့ ဧပြီ(၁၃)ရက်၊ သင်္ကြန်အကြိုသီချင်းထံမှ အတိတ်ကို ပြန်တူးဖော်တမ်းတလွမ်းရသော ချစ်နွယ်၏ ဇာတ်လမ်း အစလေးဖြင့် ဖွင့်ပြထားသည်။ အသက်ကြီးဆရာ ဦးရေချမ်း တပည့်မ အငယ်လေးချစ်နွယ်ကို တိတ်တခိုးအချစ်။ တပည့်မလေး ချစ်နွယ်ကလည်း တိတ်တခိုးပြန်ချစ်။ အချစ်ကို ဆရာဦးရေချမ်း ဖွင့်ပြောနိုးဖွင့်ပြောနိုးစောင့်စား။ ဖွင့်မပြောတော့ ဖွင့်ပြောဖို့ မာယာပရိယာယ်ဖြင့် လူငယ် အောင်မိုး၊ ၀င်းမြတ်၊ ယောက်ျားရှာ မလေး လင်းလင်းနှင့် အရွဲ့တိုက်တွဲပြသည်။ ချစ်နွယ်တွဲပြသည့် အောင်မိုးမှာ ချစ်နွယ်ကို ချစ်ပြီး စိတ်မချဘဲ အမြဲစောင့်ကြည့်နေသူ။ နောက် ၀င်းမြတ်။ ၀င်းမြတ်ကလည်း ချစ်နွယ်ကို ချစ်၍ အရအပိုင်ချိုင်ယူဖို့ စောင့်နေသော လူလည်။ နောက်ယောက်ျားရှာမလေး လင်းလင်းကလည်း ဘ၀တူဖြစ်သော်လည်း ချစ်နွယ်ကို အချစ်ကြီးချစ်၊ စောင့်ရှောက်သူ။ ငါးပွင့်ဆိုင် အချစ်ဇာတ်လမ်းဖြစ်သည်။ ချစ်နွယ် တကယ် အချစ်ကြီး ချစ်မိသူမှာ ဆရာ ဦးရေချမ်းဖြစ်သည်။ ဆရာ ဦးရေချမ်းကလည်း ဆရာနှင့် တပည့်မငယ် အဖြစ်မို့ ဖွင့်မပြောဘဲ နှလုံးသားထဲ မျိုသိပ် အချစ်နှင့် နေသည်။ ချစ်နွယ်ကို ဖွင့်ပြောရမည့် အချစ်စကားအစား ချစ်နွယ် မမိုက်မှားဖို့ ဆုံးမ စကားများသာ ဖြစ်ခဲ့သည်။သည်တွင် ချစ်နွယ်က အောင်မိုး၊ ၀င်းမြတ်၊ ယောက်ျားရှာမလေး လင်းလင်းတို့နှင့် ပိုတွဲပြသည်။ ယောက်ျားရှာမလေး လင်းလင်းနှင့် တွဲခြင်းကို ဦးရေချမ်း မစိုးရိမ်။ ကျန်နှစ်ယောက်နှင့် တွဲနေခြင်းကိုတော့ စိုးရိမ်သည်။ အောင်မိုးက ရိုးသားချစ်နှင့် ချစ်သော်လည်း ချစ်နွယ်က တွဲရုံတွဲပြ၊ ချစ်အဖြေမပေး။ ဒါ့ကြောင့် အောင်မိုးက ချစ်နွယ်ပိုတွဲနေသော ၀င်းမြတ်နှင့် စိတ်မချနိုင်။ စိုးရိမ်ပြီး ချစ်နွယ် လှုပ်ရှားသမျှ စောင့်ကြည့်ဂရုစိုက်နေသည်။ ၀င်းမြတ်က ချစ်နွယ်လှုပ်ရှားသမျှ စောင့်ကြည့်ဂရုစိုက်နေသည်။ ၀င်းမြတ်က ချစ်နွယ်ကို ချစ်သည်ဆိုသော်လည်း အပိုင်ချိုင်၊ ကိုယ့်လိုဘအတွက်အခွင့်ကောင်း ချောင်းနေသူဖြစ်သည်။ သည်တွင် ချစ်နွယ်က ၀င်းမြတ်ကို ညအချိန်မတော် ဧရာဝတီမြစ်ကမ်းနား ချိန်းလိုက်သည်။ ဤအချက်သည် စာရေးဆရာက သူ့ဇာတ်လမ်း ရှေ့ဆက်ဖို့ ပြလိုက်ခြင်း။ တကယ်တော့ ဆရာ ဦးရေချမ်းကို ချစ်လွန်းသော ချစ်နွယ် လုပ်သင့်ပါသလား၊ နည်းနည်းပဲ ချစ်စိတ်ထားခဲ့သော ၀င်းမြတ်ကို ချစ်နွယ် ညအချိန်မတော် တိတ်ဆိတ်လူပြတ်သည့် နေရာ ချိန်းမည့်အစား သူတကယ်ချစ်နေသော ဆရာ ဦးရေချမ်းကို ချစ်နေကြောင်း ပွင့်ပွင့်လင်းလင်း ဖွင့်ပြောပြခြင်းက မှန်နိုင်သည်။ သို့သော် စာရေးဆရာ စဉ်ထားသော ဇာတ်ကွက်အရ ချစ်နွယ်က ၀င်းမြတ်ကို ချိန်း။ ချစ်နွယ် ၀င်းမြတ်ကို ချိန်းသည့်အကြောင်း အောင်မိုးသူငယ်ချင်းဖုန်းမှ တဆင့်သိ၊ အောင်မိုးက ယောက်ျားရှာမလေး လင်းလင်းကို တဆင့်ထပ်ပြော။ ဒါကို လင်းလင်းက ချစ်နွယ်ဆီသွား။ သူ့အချစ်ရင်ဖွင့်ပြောရင်း ၀င်းမြတ်ဆီ မသွားဖို့နှင့် ချစ်နွယ်အစား ၀င်းမြတ်ချိန်းသည့်နေရာသူသွားပြီး အပြတ်ပြောမည့် အကြောင်း ပြောခဲ့။
စာရေးဆရာက ဤနေရာတွင် အခန်းဖြတ်ပြီး ယောက်ျားရှာမလေး လင်လင်း စာမေးပွဲ အပြီးး အဆိပ်သောက် သေခဲ့ခြင်းနှင့် ဤဖြစ်ရပ်ဇာတ်လမ်းကို နောက်ကြောင်းပြန်နှင့် အောင်မိုးမြင်ခဲ့ပုံ ပြပေးသည်။ ဇာတ်လမ်း အချိတ်အဆက်မိဖို့ ချစ်နွယ်အစား ၀င်းမြတ်ဆီ လင်းလင်းသွားခဲ့။ ညအမှောင် အရက်ရဲဆေး တင်ပြီး ချစ်နွယ်အလာ ကာမ ရယူ အပိုင်ချိုင်ဖို့ စောင့်နေသော ၀င်းမြတ်။ လင်းလင်းကို ချစ်နွယ်ထင် ကြံစည်လိုက်သည်။ ချစ်နွယ်ကို စိုးရိမ်ပြီး တစ်နေရာက စောင့်ကြည့်နေသော အောင်မိုးက ပထမ လင်းလင်းကို ချစ်နွယ်လို့ ထင်ပြီး စိတ်ပျက် ဒေါသထွက်ပြန်လာ။ ထိုစဉ် လင်းလင်းမှာ ကြံစည်ခံလိုက်ရ၍ ငိုယိုပြီး စက်ဘီးကို အတင်းပြန်နင်းလာရာမှ အောင်မိုးမှာ ချစ်နွယ်မဟုတ်မှန်းသိ။ ဤအဖြစ်ကြောင့် လင်းလင်း အဆိပ်သောက်သေရခြင်း။ ဖြစ်စဉ် တရားခံမှာ ချစ်နွယ်ကြောင့် ဟု နာကြည်းစွာ ပြောပြီး အောင်မိုး ချစ်နွယ်ကို လမ်းခွဲခဲ့သည်။ ၀င်းမြတ်ကို ချစ်နွယ်ချိန်းခဲ့သည်။ စာရေးဆရာဆင်ထားသော ဇာတ်ကွက်ဖြစ်၍ ချစ်နွယ်က ၀င်းမြတ်ကို ချိန်းသည့် အကြောင်း ရှင်းမပြ၊ သို့သော် စာဖတ်ခံစားသူများက အတွေးစုံ တွေးကြရတော့သည်။ဖြစ်သင့်တာက အပိုင်ကြံချင်သော ၀င်းမြတ်ကသာ ချစ်နွယ်ကို တနည်းနည်းဖြင့် ရအောင်ချိန်းရမည်။ ၀င်းမြတ်ချိန်း၍ ချစ်နွယ်လာမည်ကို ကတိပေး၊ ထိုအကြောင်း ဖုန်းနှင့်ပြော၍ အောင်မိုးသူငယ်ချင်းမှ တဆင့်သိ။ လင်းလင်းကို ပြောဆိုလျှင် ဇာတ်လမ်းပိုချောပါသည်။ ထိုအခါက လင်းလင်းက ၀င်းမြတ်ချိန်းသည့်နေရာ ချစ်နွယ်မသွားဖို့ သွားပြော။ ချစ်နွယ်ကို မတွေ့ရ။ လင်းလင်းအထင်က ချစ်နွယ်တော့ ၀င်းမြတ်ချိန်းသည့် နေရာ သွားသည်ထင်ပြီး လိုက်သွား။ ၀င်းမြတ်က ချိန်းထားသည့်နေရာကစောင့်။ လင်းလင်းရောက်လာတော့ မူးနေတဲ့ ၀င်းမြတ် ကာမဘီလူးစီးပြီး ချစ်နွယ်အမှတ်နှင့် လင်းလင်းကို ကြံစည်။ ချစ်နွယ်ဆီ လင်းလင်း တားဖို့ သွားသည့်အချိန် ဆရာ ဦးရေချမ်း တစ်ယောက် ရုတ်တရက် ဆေးရုံတင်ရ၍ ချစ်နွယ်သိပြီး ဆေးရုံလိုက်သွားပြုစုနေရ၍ ၀င်းမြတ်ချိန်းသည့်နေရာ မသွားနိုင်ခဲ့ဆိုပါက ဆီလျော်မှု ပိုရှိပါမည်။ ထိုမှ ဆရာ ဦးရေချမ်း ဆေးရုံရောက်၊ ချစ်နွယ်က သူ့အချစ်ကို စံပယ်ပန်းလေးတွေနှင့် ဖွင့်ပြ။ ဆရာဦးရေချမ်းက တုံ့ပြန်မှု မသိရသေးခင်။အောင်မိုးက လင်းလင်း သေခဲ့ရခြင်းမှာ ချစ်နွယ်ကြောင့်ဟုပြောပြီး အပြတ်လမ်းခွဲသွား။ ဤအခါ ချစ်နွယ်ပယောဂကြောင့် လင်းလင်း သေခဲ့ရခြင်းသိရ၍ ရင်ထုမနာနာကျည်း။ နောက်ဆရာဦးရေချမ်း ဆေးရုံဆင်းမည့်ရက် ချစ်နွယ်မျှော်လင့်မှုများဖြင့် ဆေးရုံသွား ဆေးရုံရောက် ဆရာဦးရေချမ်း ဆေးရုံဆင်းသွား။မတွေ့။ ဆရာဦးရေချမ်းအခန်းမှာ သံဘီရိုအဆင့်လေးပေါ် တင်ထားခဲ့သည့် ချစ်နွယ်ပေးခဲ့သော စံပယ်ပန်းခြောက်ကလေးနှင့် စာနှစ်စောင်တွေ့။ ဤအခါ ဆရာဦးရေချမ်းကိုချစ်တယ်။ သို့ပေမယ့် သူ့မှာ ဖြစ်နေတဲ့ ရောဂါကြောင့် သူချစ်သော ချစ်နွယ်ကို သူ့အချစ်မပေးရက်နိုင်လို့ အခုလို ရှောင်ပြေးရခြင်း၊ လွမ်းစာနှင့် ချစ်နွယ်တစ်ယောက် ချစ်သောက ဗျာပါဒ အလွမ်းတွေ တမ်းတ နာကျည်းမှုတွေပြညပီး ချစ်နွယ်အတွေးစဉ်မှာ သူ့ကို ချစ်ရှာလွန်းသော ဘ၀တူ ယောက်ျားရှာမလေး သူ့ကို ချစ်လွန်းလို့ ဘ၀ဆုံးခဲ့ရခြင်း၊ သူ့ကို ချစ်သော အောင်မိုး ခွဲခွာသွားခြင်း၊ သူတိတ်တခိုး စွဲချစ်ရသော ဆရာက သူ့ကို ချစ်ကြောင်း ရဲဝံ့စွာ ဖွင့်ပြောပြီးမှ ဆရာက သူမအချစ်ကို အချစ်နှင့် တုန့်ပြန်ချင်သော်လည်း ဆရာ့ A ရောဂါကြောင့် ရှောင်ပြေးသွားခဲ့၍ အလွမ်းအဆွေးဒဏ်ခံစားရခြင်း။ ဤအခါမှ တစ်နှစ်ပြည့် သင်္ကြန်အကြိုနေ့ ဆရာ ဦးရေချမ်းဆိုခဲ့သည့် သင်္ကြန်အကြို “ ရှာပုံတော် မင်းသားကြီး ” သီချင်းသံလေး ကြားယောင်ပြီး “ နောင်ဘ၀များ ရှိခဲ့ရင်“ ဆိုသော ငြီးတ ဆုတောင်းလေးနှင့် ချစ်နွယ်ကို အလွမ်လေးပြု ဇာတ်သိမ်းပေးထားခြင်းကား “ ပန်ချင်ပါလျှက် မခူး၇က်ပါ” ခေါင်းစဉ်လေးနှင့် လိုက်ဖက်သည်ဟု ဆိုရပါမည်။

ဝတ္ထု(၆) လေလုပွဲ
ဝတ္ထုတိုလေး၏ အဓိပ္ပါယ်သက်ရောက်ထိခတ်မှု များစွာ ရှိလှပါသည်။ အဆင့်အတန်း၊ အနိမ့်အမြင့်၊ လွတ်လပ်မှု စိတ်သဘောထားစီးပိုးမှု၊ ခွင့်မလွှတ် ခွင့်လွှတ်မှု၊ ထိုမှ ရရှိစေသော အသိတရားတို့ကို ရိုးရိုးရှင်းရှင်း ဇာတ်အိမ်လေးဖွဲ့ ပညာပေးပြဆိုထားသည့် “ လေလုပွဲ” ၀တ္ထု ဖြစ်စဉ်မျိုးကို စိတ်ကူးကောင်းကောင်းနှင့် ဖွဲ့ပြမှုကား စာရေးဆရာ၏ ကောင်းလှသော စိတ်ကူးပင် ဖြစ်ပါသည်။

ဝတ္ထုတို(၇) ရင်နာစရာ စကားကို အကြင်နာနားနှင့် ကြားပါရစေ
ဝတ္ထုတို အခန်း(၁)ကို လူ့ဘ၀ဖြစ်ခြင်း၊ ပျက်ခြင်း တရားသဘောနှင့် အစချီပြီး “ မျိုးစေ့မမှန် ပင်မသန်၊ ဖူတံငုံကင်း၊ အသီးဖျင်း၏” ဟု ဆိုသော ရှေးပညာရှိများ စကားဖြင့် ဇာတ်လမ်းဖွင့်ထားပါသည်။
ကိုကျော်ငွေ တစ်ယောက် သားဝင်းထွန်း အကြောင်းပြုခံစား။ ဒေါသထွက်နေခြင်းက ကိုကျော်ငွေ လူပျိုပေါက် ငယ်ချစ်ဦးနှင့် လက်ထပ်ဖို့ ချစ်သူဖခင်ထံ ခွင့်ပန်သည်။ ချစ်သူ ဖခင်က အကျင့်စာရိတ္တ မကောင်းတဲ့ မျိုးရိုး၊ သူ့အဖေကလည်း မိန်းမ လေးငါးယောက် ယူခဲ့တာ၊ ဖအေ့ ဗီဇမပါမှာ မပေးစားနိုင်ဘူး” ရင့်သီးစကားဖြင့် ချစ်သူ နှစ်ဦးနှင့် လွဲခဲ့ရသည့် အတိတ်အကြောင်းပြုပြီး အိမ်ထောင်ရေး တစ်လင် တစ်မယားစနစ် ကျင့်သုံး။ “ မာန” ထားပြခဲ့သည်။ ထိုမှ စာရေးဆရာက “ ငရဲအပ ၀ဋ်အမြဲ” ဆိုရိုးအခြေပြနှင့် ကိုကျော်ငွေ ထားရှိချက်နှင့်မညီ။ ၀ဋ်လည် တန်ပြန်ခဲ့ရပုံ။ ကိုကျော်ငွေ လက်ရှိ ရောက်နေသော ဘ၀နှင့် နောက်အတိတ်က ဖောက်ပြန်ဇာတ်လမ်းအမှားကို ဖော်ပြပြန်သည်။ မုန်းဆည် စီမံကိန်းဖြင့် စလင်းအနောက်ဘက် ဆည်မြောင်းကြားစခန်းတွင် ယာဉ်မောင်းတာဝန်ဖြင့် မိသားစုမပါ ရောက်နေရသည့် ကိုကျော်ငွေ၊ မြောင်ဦးရွာ ထမင်းဆိုင်ရှင် ညီမနှင့်သိရာက ရင်းနှီး။ ရင်းနှီးရာက ငြိစွန်းလျှက် ချစ်အငယ်လေး ဇာတ်လမ်းဖြစ်ခဲ့သည်။သို့သော် ချစ်အငယ်လေး ချင်းမက ကိုကျော်ငွေ နောက်ကြောင်း မလွတ်လပ် ဇနီးကြီးသားသမီးကြီးများရှိသည်ကို သိခဲ့၍ ရန်ကုန် ရှောင်ထွက်သွားသည်။ ထိုအချိန်မှာပင် ကိုကျော်ငွေ ဇနီးကြီးကလည်း ကိုကျော်ငွေ ဖောက်ပြန်မှု သိပြီးလိုက်လာက မိသားစု အတူ နေလိုက်သည်။ ကိုကျော်ငွေ အချစ်ငယ်လေးအတွက် ခံစားလွမ်းရင်း ချစ်အငယ်လေးကို ရှာခဲ့သည်။ ကိုကျော်ငွေ ရင်သွေးလွယ်ထားရသည့် ချစ်အငယ်လေးချင်းမကို ရန်ကုန်တွင် ပြန်တွေ့။ စက်ရုံ စက်ချုပ်သမလေး ဘ၀ဖြင့် ရင်သွေးကိုလွယ် ဘ၀ကို ရုန်းကန်နေသော ချစ်အငယ်လေးအား ကိုကျော်ငွေ ချော့မြူသော်လည်း ဘ၀အမှားသိခဲ့သည့် ချစ်အငယ်လေး ချင်းမ လုံးဝ လက်မခံ၊ သို့သော် လွယ်ထားသော ရင်သွေး အဖေပေါ်ရုံမျှ ခွင့်ပြုပေးသည်။ ချင်းမလေး သမီးမီးဖွား။ ကိုကျော်ငွေ သမီးလေးကို တာဝန်ယူဖို့ ပြောလည်း အငယ်လေး ချင်းမ လက်မခံ။ နောက်ဆက်မှားလာနိုင်သော လမ်းစကို လုံးဝ မလိုလား။ အသိမာန နောင်တ အပြည့်အ၀ဖြင့် ကိုကျော်ငွေ ငြင်းပယ်ခဲ့သည် မကြာခင် အငယ်ချင်းမလေး ကိုကျော်ငွေနှင့်ရခဲ့သည့် သမီးလေး သေဆုံးသွားခဲ့သည်။ ဤနေရာတွင် စာရေးဆရာက မလွတ်လပ်ဇနီးသားကြီးမယားကြီးရှိပြီး အဝေးအလံ သွားရောက်နေကြရသော ယောက်ျားများ“ မီးဝေးချိတ်မာ” ဆိုစကားအတိုင်း အိမ်ထောင်ရေး၊ လူမှုရေး ဖောက်ပြန်မှု၊ အသောက်အစား၊ လောင်းကစား ဖောက်ပြန်မှု ရှိတတ်ကြပုံ၊ မိန်းကလေးတစ်ယောက်အနေနှင့်ကလည်း မစူးစမ်းမဆင်ခြင်ဘဲ အလိုလိုက်မှားခဲ့ရခြင်း အမှားကို သိပြီး နောင်တ ရခဲ့သော်လည်း အမှားဒဏ်ခံခဲ့ရပုံ၊ ထိုအမှားဒဏ် အကြောင်းပြုလျှက် ရှေ့ဆက်မမှားအောင် အသိ-သတိ ခိုင်ကျည်မှုဖြင့် ရုန်းကန်ပုံ ပြသပေးခဲ့သည်။
အတိတ်အကြောင်း ပြန်စဉ်းစားခဲ့သော် ကိုကျော်ငွေ အခု လက်ငင်း သားဝင်းထွန်း ပြဿနာအရေးကို ကြားလိုက်ရလေသည်။ စာရေးဆရာက အိမ်ထောင်ရေးဖောက်ပြန်မှုမျိုးဆက် အနွယ်ကို ဆက်ပြပေးသည်။ အခုသားဖြစ်သူ ၀င်းထွန်း စာရေးမလေးတစ်ဦးနှင့် ဖုံးမနိုင်၊ ဖိမရ ဖြစ်နေခြင်းကိစ္စ၊ ကိုကျော်ငွေ ချာချာလည် ရှုပ်ထွေး ဦးနှောက်ခြောက်သွားရသည်။ လွန်ခဲ့သော တစ်နှစ်ကလည်း သားဝင်းထွန်း ချစ်သူ ကောင်မလေး တစ်ယောက်နှင့် ရန်ကုန်ထွက်ပြေး၊ ရန်ကုန် တရားရုံးတွင် လက်မှတ်ထိုးပေါင်းသင်း၊ နောက် နေရပ် ပြန်လာ၊ ကောင်လေး မိဘများက သူတို့သမီး ပြန်အပ် ရက်(၂၀)ကြာလျှင် မင်္ဂလာဆောင်ပေးမည် ပြောပြီးမှ ၀င်းထွန်းဗီဇမျိုးရိုးမကောင်းဟု အကြောင်းပြဖြင့် လက်ထက်မပေးဘဲ ထားသည်။ သည်ကြားက အခု စာရေးမလေးနှင့် ဖြစ်ပျက်ခဲ့သည်။ စာရေးမလေးမိဖများက သူတို့သမီးကို လက်မှတ်ထိုးအတည်ပြုရမည်။ အကြပ်ကိုင်ပြော ဤတွင် ကိုကျော်ငွေ ဇနီးက စာရေးမလေး မိခင်မှာ ကိုယ်ရေမသန့်၊ ဒုက္ခိတမျိုးရိုးမသန့်အကြောင်းပြပြီး လုံးဝ သဘောမတူ။ ကိုကျော်ငွေမှာ ပြဿနာနှစ်ရပ်ကြား ဦးနှောက်ခြောက် နေခုနှစ်စင်းထွက် အပူမျိုးစုံခံစားမိရင်း ငြီးလိုက်သော။
“ ငါကတော့ လူသူမသိဘဲ မျိုးရိုးဗီဇ မကောင်းတဲ့ အချစ်တဏှာရူးကြီး” ပြောကွက်မှာ စာရေးဆရာ၏ ထိမိစေသော ရေးကွက် ဖြစ်ပါသည်။ ဤလို ငြီးပြရင်း သိပ်မကြာမတင် ကိုကျော်ငွေ ၀န်ထမ်းကောင်မလေးတစ်ယောက်နှင့် မှောက်မှားပြီး ဇနီး မရွှေပိုက ကြိတ်ဖြေရှင်းပေးလိုက်ရပုံကိုပါ အဆစ်ထည့်ပြလိုက်သည်။ ကိုကျော်ငွေ ကိုယ်မှောက်မှားခဲ့သမျှနှင့် သားအမှားများပေါင်းစပ်ခံစားရင်း “ ထမင်းရေပူလျှာလွှဲ” အတ္တ အမြင်အဆိုးမှားဖြင့် သွားလေသူ ဖခင်ကြီးကို - “ ခေါင်းကစားမိုးမလုံခဲ့လို့” ဟူသော ပြစ်မှားစော်ကားစကားဆိုခဲ့သည်။ ဤလိုပြစ်မှားစကားနှင့် ပြစ်မှားခဲ့ခြင်းသည် အနန္တငါးပါးဂိုဏ်းဝင် ဖခင်အား ပြစ်မှားစော်ကားခြင်း ဖြစ်၍ သံသရာအထိ ဆိုးဝါးစေမည်ဟူသည်နှင့် “ ဗုဒ္ဓ” အဆုံးအဖြစ်သည့် “ ကိုယ်ကျင့်တရားနှင့်တူသော အားကိုးရာမည်သည်မရှိ” ဟူသော မှတ်ချက်ကို စာရေးဆရာက ဂွင်ကျကျ ဖော်ကြူးပြသည်။ နောက်ဆုံး ကိုကျော်ငွေတစ်ယောက် တစ်နှစ်အကြာမှာပင် အကောင်းပကတိကြီးမှ ရူးသွားရပုံဖြင့် ဇာတ်သိမ်းပေးထားသည်။ အနန္တဂိုဏ်းဝင် မွေးသခင်အား နှုတ်ဖြင့် ပြစ်မှားခဲ့ရုံဖြင့် စူးရှသော တန်ပြန်ဒဏ်ဒုက္ခဖြစ်ခြင်း၊ အဆုံးအမကို ထိမိစွာ ပြပေးခြင်း ဖြစ်ပါသည်။ ခြုံ၍ ဆိုရပါလျှင် မိန်းမငါးယောက်ယူခဲ့သော အဖိုးနှင့် အငယ်အနှောင်း သုံးလေးယောက်ထားခဲ့သည့် အဖိုးသား ဖခင်နှင့် မြေးမျိုးဆက်သား။ ထိုမှ မစူးစမ်းမဆင်ခြင်အချော့အမြူအပေးအကမ်းပရိယာယ်များကြားဆင်ကန်းတောတိုး အချစ်ကိုပုံအပ် မှားခဲ့ကြသော မိန်းကလေးများ “ သတိနှင့် အသိ ကိုယ်ကျင့်” ပညာပေးကို စာရေးဆရာသည် သူ၏ အရင်းနှီးနှင့် ထုံမွှမ်းပေးလိုက်သည်ဟု ဆိုရမည်လား။

ဝတ္ထုတို(၈) “ ပုဂ္ဂိုလ်မ၍ စားရသည်”
ထိမိသော ရှားရှားပါးပါး ဥာဏ်ကွန့်ရိုက်ချက်ကလေး ဖြစ်ပါသည်။ (၆)နှစ်အရွယ် သမီးငယ်လေးက သူ့အမြင် သူ့အသိဖြင့် ဖခင်ဖြစ်သူ ရရှိသည့် လခကို မေးလိုက်ခြင်းအား ဖခင်ဖြစ်သူက အိမ်ကန်တော့ပွဲနောက်မှ ဘိုးတော်ပုံထဲပါ“ ၀ ” တစ်လုံးက နှစ်လုံး သုံးလုံးလေးလုံး ဆတိုး ပြောပြလိုက်ရုံဖြင့် သမီးလေး ဥာဏ်ထက်ထက်ဖြင့် ဖခင်ရသည့် လခ ၈၀၀ိ/- တွင် ၀လုံးအစား သုညအဖြစ် ပြောင်းလျှက် ဖခင်လခ သုည နှစ်လုံးနောက်မှ သုညနှစ်လုံးထပ်တိုးပေးလိုက်၍ လခ၈၀၀ိ/- အစား ၈၀၀၀၀ိ/- ဖြစ်သွားရခြင်းပင်။ သမီးလေး ဥာဏ်သွား တွက်ပြပေးသည်ကို ဖခင်ဖြစ်သူ အဖြစ်မှန်အံကိုက်နေ၍ သမီးလေးကို ချီးကြူးရင်း “ မြန်မာ့တန်ခိုးနဲ့ နှစ်ဆတိုး” ဘိုးဘိုးအောင် သီချင်းသံ ကြားယောင်လိုက်မိခြင်း၊ ဆက်စပ် ပေးလိုက်ပုံကား “ ပုဂ္ဂိုလ်မ၍ စားရသည်” ခေါင်းစီး အဓိပ္ပါယ် ထိမိသလို “ လိုအပ်” “ ဖြစ်နေမှု” “ အခြေအနေ” ကိုလည်း ရိုက်ချက်လှပါပေသည်ဟု ဆိုချင်ပါသည်။

ဝတ္ထု(၉) အဖြူရောင် ခြားနားချက်
ဖြစ်ရပ်မှန်ပေါ် အခြေခံ၍ “ အမှန်နှင့်အမှား” ရလိုမှု၊ အတ္တလောဘတို့အား ကာလအခြေအနေ၊ အချိန်အခါ အပေါ် “ အဖြူ” ရောင်မှန်သော်လည်း ဆေးဗူး ကုတ်နံပါတ်ချင်းမတူ ညီပါက အဖြူရောင်နှင့် ပွတ်ခါသီခါ ခြားသွားစေသော အရောင်ပျက်အား နှိုင်းပြတင်စားထားပါသည်။ စာရေးဆရာ တင်စားနှိုင်းပြ အတွေ့အကြုံအရ ဘယ်သို့ ငြင်းနိုင်ပါမည်နည်း။

ဝတ္ထု(၁၀) “ ဆရာတော်ပေးသော ကလောင်လက်”
စာရေးဆရာ ကိုယ်တွေ့ခံစားရရှိ“ အသိ-သတိ” တရားများကို ဖွင့်ဆိုပြရင်း တိုင်တည် အဓိဠာန်ဖြစ်သည်။ စာရေးဆရာ ရရှိခဲ့သော အသိ-သတိတရားများကို စာဖတ်သူများအား မျှဝေပေးလိုက်ခြင်းလည်း ဖြစ်ပါသည်။
သောက်သောက်စားစားမိုက်မှားနေသော စာရေးဆရာကို သားအရွယ် ကလေးငယ်လေးက သူဖတ်မိသော စာရေးဆရာ ပညာရှင် ဒေါက်တာ မင်းတင်မွန်၏ “ ဘ၀အောင်မြင်ရေး ကို ရှေ့ရှုကြ” ကျမ်းစာအုပ်ကလေး ဖတ်ကြည့်စမ်းပါ၊ ပြောရင်း စာအုပ်ကလေး ပေးသည်။ စာရေးဆရာ အရူးသမား ဖတ်ကြည့်မိသည့်အခါ ညအမှောင် ကမ်းမမြင် လမ်းမမြင် ပင်လယ်ပြင် လှိုင်းလေတွေကြား ဒုက္ခရောက်သေပွဲဝင်ရတော့မည်ကို တံငါ “ သတိ၊ အသိ အမှတ်တရား” ရ ဘုရား၊ တရား၊ သံဃာ သရဏဂုဏ်တော် ရွတ်ဖတ်ပူဇော် သမ္မာဒေ၀ နတ်များအား တိုင်တည်သည်။ ထိုအခါမှ သေတွင်း ဒုက္ခမှ လွတ်မြောက်ခဲ့ရသည်။ ကိုယ့်ဘ၀လမ်းကြောင်းမှန်သိ ကျင့်ကြံအားထုတ်မှု ပြုကျွတ်လွတ်မှု ရစေခြင်း၊ လမ်းညွှန်ပမာပြဖြစ်သည်။ ထို့ကြောင့် စာရေးဆရာသည် သားအရွယ်ကလေးကပင် ဤလိုပညာရှင်၏ ပညာပေးကျမ်းစာပေး ဖတ်ရှုအသိရဖတ်စေဖို့ပြောခြင်းသည်
(၁) အသိတရားရှိဖြင့် မိုက်မှားနေသော ကြီးမိုက်(လူကြီးမိုက်)ကြီးကို အသိတရား နည်းသေးသော၊ သားအရွယ် ကလေးငယ်သည် သူဖတ်ရှုမိသော ပညာရှိ စာပေကျမ်းလေးဖြင့် အမှားအမှန်မိုက်မဲမှု၊ လိမ်မှာမှု၊ အသိရခဲ့ခြင်း ပေးနိုင်ခဲ့ပုံ။
(၂) စာပေပညာအကျိုးသည် အသိအလိမ္မာကိုလည်းကောင်း၊ ဆင်ခြင် စောင့်စည်းမှု အသိအမြင်တို့ကို ပေးခြင်းဖြစ်သည်ကို လည်းကောင်း။
(၃) ငယ်ပင်ငယ်ငြား အသိကြွယ်၍ နှိုင်းဆနိုင်မှု ရှိခဲ့၍ ကြီးပင်ကြီးငြား မိုက်နေသော လူမိုက်ကြီးများအတွက် လမ်းညွှန်တစ်ရပ်၊ သို့မဟုတ် ပညာပေး“ လှောင်ပြောင်” ပြကွက် ဖြစ်ပါသည်။
ဤ(၃)ချက်ကို စာရေးဆရာ ကိုယ်တိုင် ခံယူကျင့်သုံးဘ၀အပြောင်းအလဲ ဖြစ်လာရပုံမျိုးဖြင့် သူ၏ အတ္တလောဘမောဟ အမှားနှင့် ညာဘက်လက်ကောက်ဝတ်ကို အိပ်မက်ထဲ အဖြတ်ခံရပုံ၊ ဆရာတော် တစ်ပါးက အတ္တလောဘ မောဟ နည်းသော၊ သာသနာပြုလက်သစ်ကို ပြန်တပ်ပေးလိုက်ပုံ။ ထိုညာဘက် လက်သစ်ဖြင့် ဘုရား၊ တရား၊ သံဃာ သရဏဂုံ အမြဲတည်စေလျှက် မွန်မြတ်စိတ်ထားလက်မှ ကလောင်တွင် တည်စေပြီး အကျိုးပြုဘာသာ၊ သာသနာပြု စာပေများ ရေးသားသွားရန် သစ္စာပြုသည်။ ထိုသစ္စာပြုမှုကို ဘ၀နတ်ထံ ပျံလွန်တော်မူသွားခဲ့သည့် ရွှေပေါ်ကျွန်းစေတီတော်ဝင်ကျောင်းဇေယျသိဒ္ဓိဓမ္မ ဥာဏိက ဆရာတော်ကြီးအား ရည်မှန်းတိုင်တည်ခဲ့ပြန်သည်။ ဤသည်ကား စာရေးဆရာ၏ စာပေ ကလောင်အတွက် သစ္စာပြုခြင်းအား “ ဆရာတော်ပေးသော ကလောင်လက်” ၀တ္ထုတိုလေးဖြင့် စာဖတ်သူများ သိစေ မျှဝေပေးလိုက်ခြင်းဖြစ်ပါသည်။
ဤသို့ဖြင့် ကျွန်တော်တို့သည်လည်း ဆရာရွှေလမ်းငွေလမ်း ၀င်းကြည်၏ ညာဘက်လက်သစ်ကလောင်မှ စာကောင်းပေမွန်များအား စောင့်မျှော်ကြိုဆိုရင်း ဆရာ၏ အငယ်လေးကို ချစ်ခဲ့မိလို့နှင့် အခြားဝတ္ထုတိုများ” (၁၀)ပုဒ် ခံစားရရှိမှုကို သုံးသပ် တင်ပြလိုက်ရပါသတည်း။ ။



ထက်ကောင်းလတ်(မင်းဘူး)

ဦးခင်လတ်(သင်းချိုလတ် စာပေ)
မင်းဘူးမြို့

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊ဇူလိုင်လ(၃၀)ရက်၊ ည(၁၀)နာရီ ကူးယူတင်ပြပေးပါသည်။
READMORE
 

ဝေဖန်ရေး ပထမဆုရ စာမူ-ဆရာလူဇော်

ဝေဖန်ရေး ပထမဆုရ စာမူ

ဆရာ လူဇော်
ဦးမြင့်သိန်း(ဟိုင်းကြီးကျွန်းမြို့။)



၁။ မုန်းချောင်းရေနဲ့ဆေးပါ့မယ်
မင်းကန်ဘိုရွာသား ငအုန်းခေါ် ဘုန်းမောင်သည် မိဘမဲ့တစ်ကောင်ကြွက်ဖြစ်သည်။ ဘကြီး၊ ဘဒွေး၊ ဒေါ်ကြီး၊ ဒေါ်လေးများအိမ်တွင် လှည့်လည်ကြီးပြင်းနေထိုင်ခဲ့ရသည်။ အလယ်တန်းအဆင့်ထိမျှသာ ပညာသင်ခဲ့ရရှာသည်။ ဆွေမျိုးတကာ့ဘုံကျွန်ငဘုန်းရှင်ပြုတော့ ဟိုဆွေမျိုးက၊ ဟုတ်နိုးနိုး၊ သည်ဆွေမျိုးက ဟုတ်နိုးနိုးနှင့် နောက်ဆုံ ကျောင်းထိုင်ဆရာတော်ထံ ငွေဝတ္ထုကပ်ပြီး သင်္ကန်းပရိက္ခရာ တစ်စုံတည်းဖြင့် ကိုရင်ဖြစ်ခဲ့ရသည်။ ရှင်လိင်ပြန်တော့ မင်းကန်ဘိုရွာနှင့် မြို့လိုင်းဆွဲသော ကားစပယ်ယာဖြစ်လာသည်။ ခင်ဝင်းမက မြို့တက်ဈေးဝယ်သည်။ ငဘုန်းနှင့် ချစ်သူသဖြစ်သွားသည်။ ခင်ဝင်းမဘက်က ငဖုန်းနှင့် သဘောမတူ။ သူဌေးသားနှင့် ပေးစားရန် စီစဉ်သည်။ ခင်ဝင်းမ သီလရှင် ၀တ်သွားသည် ငဘုန်းရွာမှ ထွက်လာသည်။
ဌာနတစ်ခုမှ အရာရှိတစ်ဦး၏ ဒရိုင်ဘာ ဖြစ်လာသည်။ ခင်ပပမြိုင်နှင့် ဖူးစာဆုံသည်။ သမီး ခင်ဘုန်းမြိုင် မွေးသည်။ သူ့ဆရာ နိုင်ငံခြား ထွက်သွား၍ ငဘုန်း နယ်စီမံကိန်း တစ်ခုတွင် ၀င်လုပ်ရသည်။ ခင်ဘုန်းမြိုင် သုံးနှစ်မြောက်မွေးနေ့တွင် ခင်ပပမြိုင်နှင့် ကွာရှင်းခွင့် တောင်းသည်။ ဆရာနှင့် သူမဇာတ်လမ်းကို ပြောပြသည်။ အမေရိကန်မှ ဆရာရေးလိုက်သည့် စာကို ပြသည်။ ခင်ဘုန်းမြိုင်မှာ ငဘုန်းသမီးမဟုတ်။ ဆရာ့သမီး၊ ခင်ပပမြိုင်တို့ အမေရိကား လိုက်သွားသည်။ ငဘုန်း အရက်နွံနစ်သည်။
ငဘုန်း(ခ) ဘုန်းမောင်၏ အလွမ်းဇာတ် ဖြစ်သည်။ ဘာမှ မထူးခြား။ အဆိုးဆုံးမှာ မုန်းချောင်းရေနှင့် ဆေးပါ့မယ်ဆိုသော ခေါင်းစဉ်ဖြစ်သည်။ ထိုခေါင်းစဉ်သည် ဟိုလူသုံး၊ ဒီလူသုံးနှင့် ဖန်တစ်ရာ တေနေပြီ ဖြစ်သည်။ ခေါင်းစဉ် အသစ်ပေးသင့်သည်။ ပေးနိုင်အောင် ကြိုးစားရမည် ဖြစ်သည်။
မုန်းချောင်းရေနှင့် ဆေးပါ့မယ် သည် ၀တ္ထု မဖြစ်၊ ဇာတ်လမ်း အကျဉ်းမျှသာ ဖြစ်သည်။ ၀တ္ထုအစတွင် ကိုဖုန်းမောင်ဟု ဖဖြင့် ဖုန်းထားပြီး နောက်ပိုင်းတွင် ဘုန်းမောင်ဟု ဘနှင့် ဘုန်းပြန်သည်။ ရှင်လိင်ပြန်ဟု လ လုံးကြီးတင် ငသတ်ဖြင့် ရေးရမည်ကို လလုံးကြီးတင် န သတ်ဖြင့် လိန်ဟု ရေးထားသည်။
သူကြီးထက် သူကြီးနောက်က ချစ်တင်ကို ကြောက်နေရတယ် ဆိုသော စကားကို သဘောကျသည် ခုလည်း သူဌေးထက် ထီးကိုင်၊ ဖိနပ်ကိုင်များကို ကြောက်နေရပါသည်။

၂။ အငယ်လေးကို ချစ်ခဲ့မိလို့(၁)
ဦးရွှေဝင်းသည် အထည်ချုပ်စက်ရုံပိုင်ရှင် သူဌေးဖြစ်သည်။ ဇနီး ဒေါ်ဌေးကြည်၊ သားကြီး မောင်ထိပ်တင်၊ သမီး ဂျမ်းထော်တို့ရှိသည်။ ဒေါ်ဌေးကြည်က ဦးရွှေဝင်းထက် ရှစ်နှစ်ကြီးသည်။ ရိုးရိုးအေးအေး မိန်းမကြီး။ တွတ်တီးတွတ်တာ မပြောတတ်။ ပွတ်သီးပွတ်သတ် မနေတတ်။ ဦးရွှေဝင်းက တီတီတာတာ၊ တွတ်တီးတွတ်တာ ကြားချင်သည်။ ပွတ်သီးပွတ်သတ်၊ ယုယုယယနေချင်သည်။ ဒေါ်ဌေးကြည်ဆီမှ မရသော တီတီတာတာ၊ တွတ်တီးတွတ်တာ၊ ပွတ်သီးပွတ်သပ်၊ အယုအယများကို စက်ချုပ်သမား ချစ်စမုဆီမှ ဦးရွှေဝင်းရသည်။ သို့သော ချစ်စုမက ဦးရွှေဝင်း တစ်ဦးတည်း မူပိုင်မဟုတ်။ ချစ်စုမက အတွဲများသည်။ ရည်းစားများသည်။ ဦးရွှေဝင်းက လက်စွပ်၊ လက်ကောက်၊ ဆွဲကြိုးများဖြင့် ချစ်စုမကို သိမ်းသွင်းထားသည်။ စာပေးစာယူ သင်တန်းကြေးတွေ ထောက်သည်။ သို့သော် ချစ်စုမက ဦးရွှေဝင်းပေးသော စာများကို မောင်ထိပ်တင်နှင့် အခြားအလုပ်သမားများကို ပြသည်။ အလုပ်ထွက်သွားသည်။ ဦးရွှေဝင်း လုပ်ပိုင်ခွင့်များကို ဒေါ်ဌေးကြည် ပြန်လည်သိမ်းလိုက်သည်။ ရာဇမုနိ ဘုရားမှာ ချစ်စုမကို ဦးရွှေဝင်း သွားစောင့်သည်။ ချစ်စုမ မလာ။ ၀င်းမင်းသာ ရောက်လာသည်။ ချစ်စုမ သူ့လက်ထဲ ရောက်နေပြီဟု ပြောသည်။ ဦးရွှေဝင်း လွမ်းနာကျသည်။
ဇရာအိုနှင့် ကညာပျို ဇာတ်လမ်းဖြစ်သည်။ မြက်နု ကြိုက်နွားအိုများကို သတိပေးထားသည်။ စကားပြောနှင့် စာရောနေသည်။ စကားပြောများက စကားပြောနှင့်မတူ။ စာရွတ်သလို ဖြစ်နေသည်။ အချို့အရေးအသားများ မရှင်းလင်း။ ဥပမာ- အိပ်၍ မပျော်သူသည် ညတာရှည်လျား၏။ မျှော်လွန်းရသောသူသည်လည်း အချိန်တွေက မြန်သည်ဟု ထင်ရပါသည်( စာ-၂၄)

၃။ အငယ်လေးကို ချစ်ခဲ့မိလို့(၃)
ချစ်စုမ စာမေးပွဲ နောက်ဆုံးနေ့တွင် ၀င်းမင်းနှင့် ခိုးရာ လိုက်ရန် စီစဉ်ထားသည်။ ဦးရွှေဝင်းက သူနှင့် ချစ်စုမအကြောင်း ရေးပြီး ၀င်းမင်းဆီ ကိုယ်တိုင် သွားပေးသည်။ ၀င်းမင်းခံစားသွားရသည်။ ချစ်စုမကို ဖြတ်စာ ရေးသည်။ ချစ်စုမကို ဦးရွှေဝင်း ကြားဖြတ်ခိုးသည်။ သရက်မြို့တွင် ထွက်ပြေးသည်။ ခင်မောင်ကြည် အကူအညီဖြင့် ၀ါး၊ ဓနိပွဲရုံ ထောင်သည်။ ချစ်စုမက ရည်းစားဟောင်းများနှင့် ပြန်ဆက်သည်။ ၀င်မင်းဆီ ငွေပို့သည်။ လောင်းကစားမှုဖြင့် ၀င်းမင်း ထောင် ၂ နှစ်ကျသည်။ သရက်ထောင် ရောက်လာသည်။ ချစ်စုမ ထောင်ဝင်စာသွားသည်။ ချစ်စုမက သူ့မိဘများဆီ ဦးရွှေဝင်းနှင့် မပေါင်းနိုင်တော့ကြောင်း၊ အမြန်လာခေါ်ရန် စာရေးလိုက်သည်။ ချစ်စုမ မိဘများ သရက်လိုက်လာသည်။ ဦးရွှေဝင်းကို ချစ်စုမ စာပြသည်။ သို့သော်ချစ်စုမက အိမ်တွင် မရှိ၊ ဦးရွှေဝင်း သူငယ်ချင်း ဦးခင်မောင်ကြည်နှင့် ထွက်ပြေးသွားသည်။
အငယ်လေးကို ချစ်ခဲ့မိလို့(၁)၏ အဆက်ဖြစ်သည်။ (၂) မပါ။ ဦးရွှေဝင်း ပြန်ပြောသည့်အနေဖြင့် ရေးထားခြင်း ဖြစ်သည်။ ကျွန်တော်၊ ကျွန်မ ဟူသော ပထမနာမ်စား သုံးမထားသော်လည်း(၁)ရော (၃)ပါ ဦးရွှေဝင်းဘက်မှ တစ်ဦးတည်းပြောနေခြင်း ဖြစ်သည်။ ပထမလူပြန်ပြောသော ၀တ္ထုများတွင် လိုက်နာရမည့် စည်းကမ်းများကို ဖောက်ဖျက်ထားသည်။စည်းကျော်ထားသည်။ ပထမနေရာမှ လူသည် ဒုတိယ၊ တတိယလူများ၏ စိတ်ကို မသိနိုင်ပါ။ မသိပါ။ မိမိမျက်ကွယ်ရာ အရပ်မှ လှုပ်ရှားမှု များကို မသိနိုင်ပါ။ မိမိနှင့် ပတ်သက်သည်ကိုသာ သိနိုင်၊ သိခွင့်ရှိပါသည်။ ဆရာရွှေလမ်းငွေလမ်းဝင်းကြည်သည် ထိုအချက်များကို ဖောက်ဖျက်ထားပါသည်။
စာမေးပွဲ နောက်ဆုံးနေ့ ချစ်စုမ ကားနှင့် လိုက်သွားခန်းမှ ဇွတ်လုပ်ထားခြင်း ဖြစ်သည်။ မသိသူ လာခေါ်သည်ကို ဘယ်မိန်းမမှ အလွယ်တကူ လိုက်မည် မဟုတ်ပါ။ ၀င်းမင်း စာပြသည် ဆိုသော်လည်း လာခိုးမည့်သူက စာရေးပါဦးမည်လော။ ချစ်စုမသည် ပညာမဲ့ မဟုတ်။ တက္ကသိုလ် စာပေးစာယူ နောက်ဆုံးနှစ် ကျောင်းသူဖြစ်ရာ စဉ်းစားတတ်မည် ဖြစ်သည်။ အန္တရာယ်ရနံ့ကို ကြိုတင်ရရှိမည် ဖြစ်သည်။
ကားကလည်း ဦးရွှေဝင်း စီစဉ်လွှတ်လိုက်ခြင်းဖြစ်သည်ဆိုလျှင် ဘာကြောင့် ဒရိုင်ဘာ ကားပေါ်က လွင့်ကျပါသလဲ။ ဦးရွှေဝင်း ဆိုင်ကယ် ဘယ်ရောက်သွားပါသလဲ။ အဆိုးဆုံးမှာ ခင်မောင်ကြည်နှင့် ချစ်စုမ ပတ်သက်မည်ကို အစောကြီးကတည်းက သိနေခြင်း ဖြစ်သည်။ ချစ်စုမ ပျောက်နေသည်ဆိုသည်နှင့် (ဦးရွှေဝင်နှင့် ချစ်စုမ မိဘများ မသိခင်) ခင်မောင်ကြည့် နောက် လိုက်သွားပြီ ဆိုသည်ကို ကျွန်တော်တို့ သိနေပါသည်။
အငယ်လေးကို ချစ်ခဲ့မိလို့(၃)တွင် လှည့်ကွက်များ၊ မြှုပ်ကွက်များ မလုံခြုံ၊ မပိရိ။ ဇာတ်ကွက်များကလည်း ဟိုရောက်ရောက် ဒီရောက်ရောက်၊ အစီအစဉ်မကျ၊ ၀တ္ထု မပီ၊ အပြထက် အပြောများနေသည်။
ပေါင်းသင်းဆက်ဆံ၊ ကပြာကရာ၊ ဘုရားတန်စောင်၊ အသံကြယ်လောင်စွာ၊ တစ်ဆပ်ဆပ် တုန်ရီ---သတ်ပုံများ မှားနေသည်။ အမှန်မှာ ပေါင်းသင်းဆက်ဆံ၊ ကပျာကရာ၊ ဘုရားတန်ဆောင်း၊ အသံကျယ်လောင်စွာ၊ တစ်ဆတ်ဆတ် တုန်ရီ ဖြစ်သည်။ ထုံးစံအတိုင်း စကားပြောနှင့် စာ ရောနေသည်။ စကားက စကားနှင့် မတူ။ စာရွတ်သလို ဖြစ်နေသည်။
မုတ်ဆိတ်လည်းဖြူ၊ နှုတ်ခမ်းမွေးလည်း ဖြူပြီ င့ါစိတ်တွေ ဘာကြောင့် မဖြူသေးတာလဲကိုတော့ သဘောကျသည်။ ဦးရွှေဝင်း၊ ဦးခင်မောင်ကြည်၊ ၀င်းမင်း၊ ချစ်စုမတို့၏ စရိုက်ကို ပေါ်အောင် ဖော်ပြသင့်သည်။ သမီးပြောတဲ့ စိတ်နာ စကားတွေကလည်း ဘောင်ကျွံနေသည်။ သမီး စိတ်ထဲတွင် ဖြစ်နေသည်ကို ဦးရွှေဝင်းသိခွင့် မရှိပါ။

၎။ မုန်းလို့ ခေါ်ပါ ကိုကိုရယ်
မခင်ဖုန်းက သရက်ကိုင်းရွာသူ ချင်းမလေး၊ ကိုမျိုးခစ်က မုန်းချောင်းစီမံကိန်းမှ ယန္တရားမောင်း၊ မုန်းချောင်းကမ်းစပ်တွင် မခင်ဖုန်းနှင့် ကိုမျိုးချစ်တို့ ချစ်သူများ ဖြစ်သွားကြသည်။ ကိုမျိုးချစ်မှာ မိန်းမရှိကြောင်း မခင်ဖုန်း နောက်မှ သိသည်။ ကိုမျိုးချစ်တို့ မိသားစု မပြိုကွဲရေးအတွက် အမျိုးဖျက်မ မဖြစ်ရေးအတွက် မခင်ဖုန်း ရှောင်ပေးလိုက်သည်။
မခင်ဖုန်းက ကိုမျိုးချစ်ကို စာရေးပြောဟန်ဖြင့် ဖော်ပြထားသည်။ ဖတ်ခဲ့ရသော ၀တ္ထုလေးပုဒ်ထဲတွင် အဆင်အပြေဆုံး ဖြစ်သည်။ အချစ်ဝတ္ထု၊ စာမျက်နှာက (၇) မျက်နှာမျှသာ ရှိသော်လည်း အိမ်ထောင်ရေး သင်ခန်းစာပေးထားသည်။ အသိရှိသူများ ဆင်ခြင်နိုင်ရန် ဖြစ်သည်။ အသိတရား၊ မရှိသူများကတော့ ဘုရားကိုယ်တိုင်ချွတ်လည်း ကျွတ်မည် မဟုတ်။

၅။ ပန်ချင်ပါလျှက် မခူးရက်ပါ။
ချစ်နွယ်က အပျော်တမ်း တီးဝိုင်း တစ်ခုမှာ အဆိုတော်။ ဦးရေချမ်းက တီးဝိုင်း ခေါင်းဆောင်၊ ဦးရေချမ်းက ၄၅ နှစ်။ ချစ်နွယ်က ၁၈ နှစ်၊ ဦးရေချမ်းက ချစ်နွယ်ကို ချစ်သည်။ ချစ်နွယ်ကလည်း ဦးရေချမ်းကို ချစ်သည်။ သို့သော် ဦးရေချမ်းက မပြတ်သား၊ မပွင့်လင်း၊ သူ့ အချစ်ကို ရင်ထဲမှာပင် သိမ်းထားသည်။
ချစ်နွယ်သည် ဦးရေချမ်းကို ရွဲ့ပြီး အောင်စိုး၊ ၀င်းမြတ်ကို ည ၁၂ နာရီ တွေ့ရန် ဖုန်းဆက်ချိန်းသည် တယ်လီဖုန်းစာရေးမက အောင်စိုးနှင့် လင်းလင်းတို့ကို ပြန်ပြောသည်။ အောင်စိုးသွားချောင်းသည်။ ၀င်းမြတ်က အရက်မူးနေသည်။ ချစ်နွယ် စက်ဘီးဖြင့် ရောက်လာသည်။ ၀င်းမြတ်က လှေပေါ်ဆွဲတင်သည်။ အောင်စိုး ဆက်မကြည့်ရက်။ ပြန်လာသည်။ လမ်းတွင် အောင်စိုးနောက်မှ စက်ဘီး တစ်စီး ကျော်တက်သွားသည်။ ချစ်နွယ်မဟုတ်၊ လင်းလင်း၊ ၀င်းမြတ်ကျူးလွန်လိုက်သည်မှာ ချစ်နွယ်မဟုတ်၊ လင်းလင်း၊ လင်းလင်း အဆိပ်သောက် သေသွားသည်။
အဖြစ်မှန်မှာ ထိုနေ့ညက ဦးရေချမ်းကို အရေးပေါ် ဆေးရုံတင်ရသည့်အတွက် လိုက်သွားရသည်။ ၀င်းမြတ်နှင့် ချိန်းထားသော ဧရာဝတီတံတားသို့ မလာဖြစ်။ လင်းလင်းက ချစ်နွယ်ကို လိုက်ချောင်းခြင်း ဖြစ်သည်။
ချစ်နွယ်က စံပယ်ပန်းထုတ်ပေးပြီး ဦးရေချမ်းကို ရင်ဖွင့်သည်။ ဦးရေချမ်း ဆေးရုံမှ ဆင်းမည့်ရက် ချစ်နွယ်သွားကြိုသည်။ ဆေးရုံတွင် ဦးရေချမ်းမရှိတော့။ စံပယ်ထုပ်နှင့် စာတစ်စောင် ဦးရေချမ်းထားခဲ့သည်။ ပန်းထုပ်က ချစ်နွယ်ပေးခဲ့သော ပန်းထုပ်၊ စာက ဦးရေချမ်းရေးခဲ့သော စာ။ သူ့တွင် အိစ်ရောဂါရှိနေကြောင်း ရေးထားသည်။
ချစ်နွယ်၊ ဦးရေချမ်း၊ အောင်စိုး၊ ၀င်းမြတ်၊ လင်းလင်းတို့၏ လေးပွင့်ဆိုင် အချစ်ဇာတ်လမ်း၊ ပိပိရိရိ၊ သေသေသပ်သပ် ရေးထားသည်။ သို့သော် အေကိုက်၍ ရှောင်ပြေးသော ဇာတ်များက ရိုးနေပြီ ဖြစ်သည်။ အေကိုက်တာ ပြမည့် အစား သေလိုက်တာကမှ ပိုကောင်းဦးမည်။
ချစ်နွယ်က ည ၁၂ နာရီ ၀င်းမြတ်ကို ဧရာဝတီ တံတားအောက်မှ ချိန်းခြင်းမှာ ယုတ္တိ မရှိ၊ ညအချိန်မတော် တံတားအောက်မှာ ယောက်ျားတစ်ယောက်ကို ချိန်းတွေ့သည်ဆိုတော့ ချစ်နွယ် ဘာလဲ။ အမျိုးသမီးများ ညဘက် ရည်းစားနှင့် ချိန်းတွေ့ကြသည်မှာ အိမ်အနီးပတ်ဝန်းကျင်သာ ဖြစ်သည်။
နောက်တစ်ချက်က ဦးရေချမ်း အေကိုက်သည့် ကိစ္စဖြစ်သည်။ ရှေ့ပိုင်းတွင် ဘာအရိပ်အယောင်မှ မပြဘဲ ဗြုန်းစားကြီး ဦးရေချမ်း အေကိုက်ခံလိုက်ရသည်မှာ ဇွတ်ဖန်တီးထားခြင်းသာ ဖြစ်သည်။ အေကိုက်လျှင် ရောဂါ လက္ခဏာများ ပြတတ်သည်။ ရေယုန်များ ပေါက်တက်သည်။ အဖျားတက်တက်သည်။ ဘာမှ မပြထား၊ ဘယ်ကကူးကူး၊ ဘယ်လိုကူးကူး၊ ရောဂါလက္ခဏာ ပြသည်။ ပန်းထုတ်၊ အင်္ကျီအိပ် သတ်ပုံ နှစ်လုံး မှားနေသည်။
အဆိုးဆုံးမှာ လင်းလင်း တန်ဆာခံ ဖြစ်မည်ကို ရိပ်မိနေသည်။ ဧရာဝတီ တံတားတွင် ဆုံစဉ်က အောင်စိုး ၀င်ဆွဲရမည် ဖြစ်သည်။ ၀င်းမြတ်က မူးနေသည် မဟုတ်လား။ ဘာလို့ မဆွဲပါသလဲ။ လမ်းကျမှ ဆွဲသည်။ အမှုက လွန်နေပြီ။ ၀င်းမြတ်ကို အလိုမတူ ကျူးလွန်မှုဖြင့် ဘာလို့ တရားမစွဲပါသလဲ။

၆။ လေလုပွဲ
ကိုဘမြင့်သည် တီဗွီ၊ ဗွီဒီယို၊ အသံချဲ့စက် ပြင်ဆရာဖြစ်သည်။ကိုဘမြင့်၏ အိမ်နီးခြင်းမှာ သားသမီး ငါးယောက်နှင့် စတိုးဆိုင်ပိုင်ရှင် မုဆိုးမ ဒေါ်မမကြီး၊ ဒေါ်မမကြီး၏ သုံးထပ်တိုက်ကြီးမှာ ဟီးနေသည်။ ကိုဘမြင့် အိမ်ကလေးပင် ပျဉ်ထောင် အိမ်အိုဟောင်းလေးဖြစ်သည်။ ကိုဘမြင့် နှင့် ဒေါ်မမကြီးတို့သည် အိမ်နီးချင်းဖြစ်သော်လည်း ဘ၀ချင်းက မနီး၊ မိုးနှင့် မြေမက ကွာခြားသည်။
ကိုဘမြင့် အမှိုက်များ မီးရှို့နေစဉ် ဒေါ်မမကြီးလာတားသည်။ အကြောင်းက သူ့တိုက်ထဲ အညှော်ဝင်လို့။ ကိုဘမြင့် အံ့အားသင့်သွားသည်။ အိမ်ရှေ့မြောင်းထဲမှ အပုပ်နံ့များ မထွက်အောင် ၀ါးကပ်ကင်းစဉ်က တံခါးပိတ်ထားလျှင် သူ့တိုက်ထဲ ဘာအနံ့မှ မ၀င်ဟု ပြောထား၍ ၀ါးလုံးစွန်းများ ဖြတ်ပေးခဲ့ရဘူးသည်။
အသံချဲ့စက်ဖွင့်၍ ပြင်စဉ်ကလည်း ဘုရားရှိခိုး၍ မရဟု လာတားသည်။ ကိုဘမြင့် ဆင်ခြင်ခဲ့ရပြန်သည်။ သို့သော် ဒေါ်မမကြီးတို့ကတော့ ပတ်ဝန်းကျင်ကို မမှု၊ ဘယ်သူ့ကိုမှ အားမနာ၊ ဟစ်ဟော့ပ် သီချင်း အကျယ်ကြီး ဖွင့်တတ်သည်။
ပြိုင်လာလျှင် အရှုံးပေး နှလုံးအေးသည့် ဆေးဖြစ်သည်။ လူအမျိုးမျိုး၊ စိတ်အထွေထွေကိုပြထားသည်။ ချမ်းသာသူများ၏ မောက်မာမှု၊ ဆင်းရဲသူများ၏ နှိမ့်ချမှု ပေါ်လွင်သည်။ ကိုဘမြင့်နှင့် ဒေါ်မမကြီးတို့ စရိုက်ပေါ်သည်။
စာမျက်နှာ ၈၃ တွင် ရေးဆိုးပုပ်ဟု ရေးပြီး ၈၄ တွင် ရေးမြောင်း ပုတ်စော်ဟု နှစ်မျိုးရေးထားသည်။ ကွန်ပျူတာကြောင့် မှားမှား၊ ဘာကြောင့်မှားမှား စာရေးဆရာတွင် အဓိက တာဝန်ရှိသည်။ အကြောင်းအရာ ရိုးသော်လည်း ဖတ်ပျော်သည်။

၇။ ရင်နာစရာစကားကို အကြင်နာနားနဲ့ ကြားပါရစေ။
ကိုကျော်ငွေက ဆီစက်ပိုင်။ ဇနီး မရွှေပို၊သားဝင်းထွန်းနှင့် သမီးရှိသည်။ မရွှေပိုက ကိုကျော်ငွေ့ အချစ်ဦး မဟုတ်။ အချစ်ဦးနှင့် ကိုကျော်ငွေ ဖူးစားမဆုံ။ သူ့အဖေ မိန်းမများခဲ့၍ မိန်းကလေးဘက်မှ သဘောမတူ။ မိန်းကလေးကလည်း ခေါ်ရာမလိုက်။ ကိုကျော်ငွေ ဒေါ်ရွှေပိုတို့ မြို့ ရောက်သွားသည်။ ဒေါ်ရွှေပိုတို့ ဘက်ကလည်း သဘောမတူ။ ကလေးရမှ ပြန်ခေါ်သည်။ နောက်မိန်းမ ယူသူများကို ကိုကျော်ငွေ ကဲ့ရဲ့တတ်သည်။
သို့သော် ကိုကျော်ငွေ ကိုယ်တိုင်လည်း အပြစ်မကင်း။ ဆီစက်ပိုင် မဖြစ်ခင်က ဆည်မြောင်းစီမံကိန်း တစ်ခုတွင် ကိုကျော်ငွေ ယာဉ်မောင်းလုပ်ခဲ့ရသည်။ မြောင်ဦးရွာမှ ချင်းမ တစ်ဦးနှင့် ငြိစွန်းဖူးသည်း။ အိအိဝင်းဆိုသော သမီးတစ်ယောက်ရသည်။ ချင်းမ ထွက်ပြေးသည်။ အိအိဝင်း သေသွားသည်။
ဝင်းထွန်း မိန်းမ ခိုးပြေးသည်။ မိန်းကလေးဘက်မှ သဘောမတူ၍ ပြန်ခွဲသည်။ စက်ရုံမှ စာရေးမနှင့် ၀င်းထွန်း ငြိစွန်းသည်။ ကိုယ်ဝန်ရသည်။ ပြဿနာဖြစ်သည်။ ကိုကျော်ငွေက သူ့ဒဏ် သူ့သားခံရသည်ဟု ခံစားပြီး ရူးသွားသည်။
ဝင်းထွန်းနှင့် ထွက်ပြေးသော မိန်းကလေးသည် တရားရုံးတွင် လက်မှတ်ရေးထိုးထားသည့် အတွက် ၀င်းထွန်း၏ တရားဝင် ဇနီးဖြစ်သည်။ မိန်းကလေးဘက်မှ မမှန်မကန်လုပ်သည်ကို ဇနီးပြန်ခေါ်လိုမှုနှင့် တရားစွဲနိုင်သည်။ ကိုကျော်ငွေလည်း ချင်းမနှင့် တရားရုံးတွင် လက်မှတ်ထိုးထားသည့်အတွက် တရားဝင် ပေါင်းသင်းနေထိုင်ခွင့်ရှိသည်။ ကိုကျော်ငွေ ရူးသွားသည်မှာ ဇွတ်ကြီး ဖြစ်သည်။ ရူးလောက်စရာ ပြဿနာ ကိုကျော်ငွေ့ တွင် ဘာမျှ မရှိ။ မရွှေပိုကလည်း ဘာမှ ပြဿနာ ရှာသည်မဟုတ်။
သမီးတစ်ယောက်ရှိသည်ဆိုပြီး သမီး အကြောင်းဘာမှ ဖော်ပြမထား။ မပြထားသည်မှ နည်းနည်းနောနော မဟုတ်။ နာမည်ပင် ပြမထား။ ချင်းမ( မယားငယ်) ၏ သမီးကို အိအိဝင်း ဟု ပြထားသည်။ သမီး၏ အကောင်းအဆိုးများ ဖော်ပြသင့်သည်။ ဒါမှ ရူးသွပ်ရသည့် အကြောင်း ခိုင်လုံမည်။ ဥပမာ- သမီး လင်ကောင်မပေါ်ဘဲ ကလေးမွေးခြင်းမျိုး။
ဖခင်ကို စော်ကား၍ ၀ဋ်လည်သည်ဟု ပြေားထားသော်လည်း ကိုကျော်ငွေ အဖေ့ကို စော်ကားမှုများ မပါ။ စိတ်ဖြင့် ပစ်မှားမိသည်ပင် အပြစ်ဖြစ်သည်ကို ပြသည်ဆိုလျှင်လည်း ကိုကျော်ငွေ့ စိတ်ကို ပေါ်လွင်အောင် ပြသင့်သည်။ ဖခင်၏ ကျူးလွန်မှုများကို မနှစ်မျို့သော ကိုကျော်ငွေ ချင်းမနှင့် ငြိစွန်းစရာ ဘာအကြောင်းမှ မရှိ။ မိမိမုန်းသော။ မနှစ်မျို့သော အလုပ်ကို ဘယ်သူမှ မလုပ်။


၈။ ပုဂ္ဂိုလ်မ၍ စားရသည်။
လခ ၈၀၀ သာရသော ဒရိုင်ဘာ တစ်ဦး၏ ဘ၀။ အောက်ဆိုဒ် ရှာဖွေသည်ကို အသက်(၅)နှစ်အရွယ် သမီး နားလည်အောင် ရှင်းပြခြင်း ဖြစ်သည်။ သင်္ချာတော်သော သမီးကလည်း ၀ တစ်လုံးတည်း နှစ်လုံးဖြစ်၊ နှစ်လုံးက လေးလုံးဖြစ်သည်ကို နားလည်သည်။ တစ်မျက်နှာ ၀တ္ထုတိုဖြစ်သည်။
၉။ အဖြူရောင် ခြားနားချက်
အဖြူရောင်ခြားနားချက်ကို စက်ဘီးနှင့် ကားတိုက်မှု ကားကားခြင်း တိုက်မှု များဖြင့် ဖော်ပြထားသည်။ လေလုပွဲ ၀တ္ထုတိုနှင့်ဆင်သည်။ လူအမျိုးမျိုး စိတ်အထွေအထွေ။ တစ်မျက်နှာ ၀တ္ထုပင်ဖြစ်သည်။ အပေါင်းကြောင့် ဂုဏ်တက် စီးပွား တက်သတဲ့(စာ ၁၂၀) ကို နားမလည်ပါ။

၁၀။ ဆရာတော်ပေးသော ကလောင်လက်
သောက်စားမူးယစ်နေသူ တစ်ယောက် သားအရွယ် လူငယ် တစ်ဦးပေးသော ဒေါက်တာ မင်းတင်မွန်၏ ဘ၀ အောင်မြင်မှုကို ရှေ့ရှုကြမယ် စာအုပ်ဖတ်ပြီး အသိတရားဝင်လာသည်။ ဘုရားမှန်း၊ တရားမှန်း သိသွားသည်။ ရွှေပေါ်ကျွန်း ဘုရားဖူးရန် ထိပ်တန်း ကားဖြင့် လိုက်သွားသည်။ ရွှေပေါ်ကျွန်းတွင် သက်သက်လွတ်စားရမည် ဖြစ်၍ လမ်းတွင် အသားများ တနင့်တပိုးစားသည်။ မလှိုင်မြို့အရောက်တွင် အထက်လှန်အောက်လျှော်ဖြစ်သည်။
ဘုရားပေါ်တွင် ည ၁ နာရီ ခေါင်းဆေးမင်္ဂလာပြုပြီး အိပ်သည်။ ညာဘက်လက် လေဖြတ်ပြီး သေသွားသည်။ သေသွားသော ညာဘက်လက် လက်ကောက်ဝတ်ကို တိခနဲ အဖြတ်ခံလိုက်ရသည်။ လက်ပြတ်ကြီးကို ကြည့်နေစဉ် ဆရားတော် တစ်ပါးကြွလာပြီး လက်တစ်ဖက်အစား ပြန်တပ်ပေးသည်။ လက်အသစ်လက်တပ်ပေးသော ဆရာတော်မှာ ရွှေပေါ်ကျွန်းစေတီဝင်ကျောင်းဆရာတော် ဇေယျသိဒ္ဓိဥာဏိက ဆရာတော်။ အဖြစ်က တကယ်မဟုတ်။ အိပ်မက်။
စာရေးဆရာ ကိုယ်တိုင် ဇာတ်ကောင်အဖြစ် ပါဝင်ထားသည်။ ကိုယ်တွေ့အဖြစ်ကို မှတ်တမ်းထင်ထားခြင်းမျှသာ ဖြစ်သည်။ ဒိုင်ယာရီတွင် ထားရမည့် အကြောင်းအရာများဖြစ်သည်။
ဆရာရွှေလမ်းငွေလမ်းဝင်းကြည်၏ အငယ်လေးကို ချစ်ခဲ့မိလို့နှင့် အခြားဝတ္ထုတိုများ ၀တ္ထုတိုပေါင်းချုပ်တွင် ၀တ္ထုတို ၁၁ ပုဒ် ပါဝင်သည်။ ပုဂ္ဂိုလ်မ၍ စားရသည်နှင့် အဖြူရောင်ခြားနားချက်များမှာ တစ်မျက်နှာဝတ္ထုတိုများဖြစ်သည်။ မုန်းချောင်းရေနဲ့ ဆေးပါးမယ်က ၁၉၉၇ ခုနှစ်က ရုပ်ရှင်စတားရသစုံ မဂ္ဂဇင်းပါ ၀တ္ထုတို ဖြစ်သည်။
ဆရာရွှေလမ်းငွေလမ်းဝင်းကြည်၏ ၀တ္ထုတိုများသည် ဇာတ်ကောင် ဗဟိုပြုဝတ္ထုတိုများ မဟုတ်။ စာရေးဆရာ ဗဟိုပြုဝတ္ထုများဖြစ်သည်။ ဇာတ်ကောင်များ၏ သရုပ်ဆောင်မှု ပြကွက်များဖြင့် ၀တ္ထုများကို သရုပ်မဖော်၊ ဦးတည်ချက်ကို ဇာတ်ကောင်များကိုယ်တိုင် ဖော်ဆောင်ခွင့်မရ။ ဇာတ်ကောင်များမှာ စာရေးဆရာ၏ ထားရာနေ၊ စေရာသွား၊ ခိုင်းတာလုပ် စရိုက်သေ ဇာတ်ရုပ်များ ဖြစ်ကြသည်။ ပီပြင်ထားရှားသော ဇာတ်ကောင်စရိုက်များ မရှိ။
စာရေးဆရာ၏ အပြောများဖြင့် ဦးတည်ချက်ကို မရောက်ရောက်အောင် အတင်းသွားနေသည်။ ဇာတ်ကောင်များ၏ အစား စာရေးဆရာက ၀င်ဝင်ပြောနေသည်။ ၀တ္ထုထဲတွင် စာရေးဆရာက တရားဝင် ၀င်ဟောနေသည်။ တစ်ချို့နေရာများမှာ ၀တ္ထုနှင့် ဘာမှ မဆိုင်။ မဆိုင်သူများပါ၍ ၀တ္ထုရသ ပျက်သွားသည်။ ၀တ္ထုစာရေးဆရာ၏ တာဝန်မှာ ၀တ္ထုကို ၀တ္ထုပီပီ သသရေးရန်နှင့် ရသမြောက်အောင် ရေးရန် ဖြစ်သည်။ တရားဟောရန် မဟုတ်ပါ။
ဆရာရွှေလမ်းငွေလမ်းဝင်းကြည်သည် ဇာတ်ကောင် စရိုက်ကို ပေါ်လွင်အောင် မဖော်နိုင်ခဲ့ပါ။ ၀တ္ထုတိုများသည် ၀တ္ထုရသ မပေးစွမ်းနိုင်ဘဲ ဆောင်းပါး အသွင်သဏ္ဍာန်သာ ဖြစ်ပါသည်။ ဆရာတော်ပေးသော ကလောင်မှာ ကိုယ်ရေးကိုယ်တာ သက်သက်မျှသာ ဖြစ်ပါသည်။ ၀တ္ထုတိုမဟုတ်ပါ။
အငယ်လေးကို ချစ်ခဲ့မိလို့နှင့် အခြားဝတ္ထုတိုများသည် ဇာတ်ကောင် ဗဟိုပြုဝတ္ထုများ မဟုတ်။ စာရေးဆရာ ဗဟိုပြုဝတ္ထုများဟု ကျွန်တော် အထက်တွင် ဆိုခဲ့ပါသည်။ ထိုဝတ္ထုနှစ်မျိုးတွင် ဘယ်ဝတ္ထုအမျိုးအစားက ပို၍ ကောင်းသည်ကို မိမိဘာသာ ဆုံးဖြတ်ရန် ဖြစ်ပါသည်။ ထို့အတူ စရိုက်ရှင်နှင့် စရိုက်သေဇာတ်ကောင်များတွင်လည်း ဘယ်ဇာတ်ကောင်က ကောင်းသည်ကို မိမိဥာဏ်ဖြင့် ဆုံးဖြတ်ရန် ဖြစ်ပါသည်။ ၀တ္ထုထဲတွင် ၀င်ဝင်ပြီး တရားဟောသင့်၊ မဟောသင့်ကိုလည်း မိမိအတွေ့အကြုံ၊ အလေ့အလာ၊ ဗဟုသုတဖြင့် ဆုံးဖြတ်ရန် ဖြစ်ပါသည်။
အငယ်လေးကို ချစ်ခဲ့မိလို့နှင့် အခြားဝတ္ထုတိုများထဲမှ အကြိုက်ဆုံးကို ရွေးရလျှင် မုန်းလို့ ခေါ်ပါ ကိုကိုရယ်---ကို အကြိုက်ဆုံး ဖြစ်ပါသည်။ မိန်းမတစ်ယောက်၏ အချစ်ကို ပေါ်လွင်အောင် ပြထားသည်။ အခန်း(၆)က အပိုဖြစ်ပါသည်။ မပါလျှင် ပိုကောင်းသည်။ အခန်း(၆)က စာရေး ဆရာ ၀င်ပြောခြင်းဖြစ်သည်။
နောက်ဆုံးအနေနှင့် ပြောရမည် ဆိုလျှင် အငယ်လေးကို ချစ်ခဲ့မိလို့ ---၀တ္ထုတိုများသည် ၁၉၉၇ ခုနှစ် ၀န်းကျင်မှ ရေးခဲ့သော ၀တ္ထုတိုများ ဖြစ်ဟန်တူပါသည်။ ဖော်ပြမထား၍ အတိအကျ မသိရပါ။ ကျွန်တော် ၂၀၀၇ ခုနှစ်၊ ဖတ်ရခြင်းဖြစ်၍ ရိုးနေပြီ။ တူနေတယ် စသည်ဖြင့် ဆွေးနွေးထားပါသည်။ ရေးပြီးနှစ် ဖော်ပြထားလျှင် ပို၍ ကောင်းမည် ဖြစ်ပါသည်။

စာပေသစ္စာဖြင့်
လူဇော်
ဦးမြင့်သိန်း
၁၄/ငပတ(နိုင်)၁၀၇၁၀၇
အထက၊ ဟိုင်းကြီးကျွန်းမြို့၊ ငပုတောမြို့နယ်၊ ဧရာဝတီတိုင်း


ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊ဇူလိုင်လ(၂၉)ရက်၊ နေ့၂း၃၀ နာရီတွင် ကူးယူဖေါ်ပြပါသည်။
READMORE